• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်

by Bertil Lintner
11 December 2021
in ဆောင်းပါး
A A
အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အဖွဲ့ဝင်များကို မြန်မာနယ်နိမိတ်အတွင်း စစ်ရေးလေ့နေသည်ကို တွေ့ရစဉ်  / PLA

အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အဖွဲ့ဝင်များကို မြန်မာနယ်နိမိတ်အတွင်း စစ်ရေးလေ့နေသည်ကို တွေ့ရစဉ် / PLA

13k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပြည်နယ်ဖြစ်သော မဏိပူရတွင် နိုဝင်ဘာလ ၁၃ ရက်နေ့၌ ခွဲထွက်ရေး သူပုန်များက အိန္ဒိယစစ်တပ်ကို အသေအပျောက်များသော ခြုံခိုတိုက်ခိုက်မှု ပြုလုပ်လိုက်သောအခါ အိန္ဒိယနှင့် မြန်မာတို့၏ အဆင်မပြေလှသော ဆက်ဆံရေးကို ပိုမိုဆိုးရွားသွားစေသည်။

အာသံရိုင်ဖယ် စစ်ရဲတပ်မှ တပ်မှူးနှင့် ဇနီး၊ ၎င်းတို့၏ ၆ နှစ်အရွယ်သားငယ်နှင့် စစ်သား လေးဦး အပါအဝင် လူ ခုနစ်ဦးတို့ပါဝင်သော ယာဉ်တန်းခရီးသွားနေစဉ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် မဏိပူရ နာဂပြည်သူ့တပ်ဦး (MNPF) သူပုန်တို့က ခြုံခိုတိုက်ခိုက်သောကြောင့် သေဆုံးရခြင်း ဖြစ်သည်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
697
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
350
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
3.3k

ထိုသူပုန်အဖွဲ့နှစ်ခုလုံးသည် မြန်မာနယ်စပ်အနီးတွင် ခိုလှုံစရာ နေရာများ ရှိနေသည်ဟု သိထားကြပြီး အထက်ပါ လူအသေအပျောက်များသော တိုက်ခိုက်မှုအပြီးတွင် နယ်စပ်ကိုဖြတ်ကျော် လွတ်မြောက်သွားနိုင်သည်ဟု သတင်းများက ဖော်ပြနေကြသည်။

အိန္ဒိယ-မြန်မာနှင့် မလုံခြုံသောနယ်စပ် ကီလိုမီတာ ၁၆၀၀ (မိုင် ၁,၀၀၀ နီးပါး) ကို ခွဲဝေပိုင်ဆိုင်ထားပြီး တောင်ထူထပ်သော ထိုဒေသတွင် သူပုန် တိုက်ခိုက်ရေးသမားများသည် အာဏာပိုင်များမသိဘဲ ဝင်ရောက်ပြီး ပြန်လည် ထွက်ခွာသွားနိုင်ကြသည်။

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသခံနာဂ၊ မဏိပူရပြည်သားများနှင့် အာသံသားသူပုန်များသည် မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းတွင် စခန်းများရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ထိုစခန်းများမှနေ၍ အိန္ဒိယ အစိုးရတပ်များကို မကြာခဏ တိုက်ခိုက်ပြီးနောက် နယ်စပ်ကို ပြန်လည်ဖြတ်ကျော်သွားကြသည်။

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသခံနာဂ၊ မဏိပူရပြည်သားများနှင့် အာသံသားသူပုန်များသည် မြန်မာနိုင်ငံရှိ စစ်ကိုင်းတိုင်းတွင် စခန်းများရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ထိုစခန်းများမှနေ၍ အိန္ဒိယ အစိုးရတပ်များကို မကြာခဏ တိုက်ခိုက်ပြီးနောက် နယ်စပ်ကို ပြန်လည်ဖြတ်ကျော်သွားကြသည်။

ထိုခိုလှုံရာနေရာများသည် နှစ်နိုင်ငံအကြား အပြင်းအထန် ဆွေးနွေးစရာဖြစ်ခဲ့သော်လည်း မြန်မာက လွန်ခဲ့သော နှစ်ပေါင်းများစွာကအတိုင်း မသိကျိုးကျွံပြုသည့် မူဝါဒကို ကျင့်သုံးသော်လည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာစစ်တပ်က သူပုန်တို့၏ စခန်းများအနက် တခုကို ဝင်ရောက်စီးနင်းခဲ့သောအခါ မူပြောင်းလာပုံရသည်။

စစ်ကိုင်းတိုင်းအတွင် ခိုလှုံနေသည့် နာဂ သူပုန်များကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ် / ဓာတ်ပုံ – IDRW

နာဂ၊ မဏိပူရပြည်နယ်သားနှင့် အာသံသားသူပုန်များ အခြေစိုက်သော စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ တာဂမှ အမည်မခံသော ဌာနချုပ်များကို မောင်းထုတ်သည့် ထိုနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကြောင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး သိသိသာသာ တိုးတက်လာသည်။

ထိုဆက်ဆံရေးများနှင့် မကြာသေးမီက လက်နက်ရောင်းချမှု သဘောတူညီချက်များကြောင့် အိန္ဒိယသည် မြန်မာစစ်တပ်၏ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို လူသိရှင်ကြား မဝေဖန်ခြင်းဖြစ်နိုင်သည်။

မြန်မာစစ်ကောင်စီသည် အိန္ဒိယသူပုန်အုပ်စုများ မြန်မာနိုင်ငံအတွင်း စခန်းချနေခြင်းကို လက်ခံရုံသာမက စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း ပေါ်ပေါက်လာသော စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ ကာကွယ်ရေးတပ်များ (PDFs)၊ ခုခံရေး အင်အားစုများကို တိုက်ခိုက်ရာတွင်ပင် အသုံးပြုနေသည်။

ယခုအခါ မြန်မာစစ်ကောင်စီသည် အိန္ဒိယသူပုန်အုပ်စုများ မြန်မာနိုင်ငံအတွင်း စခန်းချနေခြင်းကို လက်ခံရုံသာမက စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်း ပေါ်ပေါက်လာသော စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ ကာကွယ်ရေးတပ်များ (PDFs)၊ ခုခံရေး အင်အားစုများကို တိုက်ခိုက်ရာတွင်ပင် အသုံးပြုနေသည်။

မဏိပူရမှ လူများစုဖြစ်သော မီးဟိုက်သီဟိုင် Meitei သူပုန်များသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ မိုးရေးနှင့် မျက်နှာချင်းဆိုင်ရှိ စစ်ကိုင်းတိုင်း တမူးဒေသမှ PDF တပ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခြင်းအတွက် အပြန်အလှန်အနေဖြင့် ၎င်းတို့သည် နယ်စပ်တဘက်ခြမ်း မြန်မာနိုင်ငံတွင် ခိုလှုံခွင့်ပေးထားကြောင်း ထင်ရှားသည်။

ချင်း သို့မဟုတ် မီဇို အုပ်စုမှ လူသိနည်းသော ဇိုမီးတော်လှန်ရေး တပ်မတော်ကလည်း စက်တင်ဘာလ နှောင်းပိုင်းက ချင်းပြည်နယ်၊ တီးတိန်မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများက ထူထောင်ထားသည့် စခန်းတခုကို ဝင်တိုက်သည်။

ယခင်က ငြိမ်းချမ်းသော နိုင်ငံအလယ်ပိုင်းဒေသသည် စစ်မြေပြင်ဖြစ်လာပြီး မြန်မာစစ်ကောင်စီသည် အင်အား မလုံမလောက် ဖြစ်လာသောကြောင့် ထိုသို့ လက်ဝေခံတပ်များကို အသုံးချခြင်းသည် ပိုမို ပြင်းထန်လာမည်ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

တော်လှန်ရေး ပြည်သူ့တပ်ဦး (RPF) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည်လည်း မယ်တိုင်များနှင့်အတူ ရှိနေခဲ့သည်မှာ ၁၉၇၀ ခုနှစ်များကပင်ဖြစ်ပြီး ၎င်းတို့ကို တရုတ်နိုင်ငံက တိဘက်မြို့တော် လာဆာအနီး စစ်စခန်းတခုတွင် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း မဏိပူရတွင် ကင်းလှည့်နေသော အိန္ဒိယအစိုးရတပ်ဖွဲ့ဝင်များ / ဓာတ်ပုံ -The RADAR

PLA သည် မဏိပူရပြည်နယ်မှ မီးဟိုက်သီဟိုင်များ အများဆုံးနေထိုင်ရာ အင်ဖာတောင်ကြားတွင် တိုက်ခိုက်မှု အများအပြား ပြုလုပ်ပြီးနောက် အုပ်စုအမျိုးမျိုး ကွဲထွက်ကာ အကြွင်းအကျန်များ မြန်မာနယ်စပ်သို့ ဆုတ်ခွာကြသည်။

RPF/PLA အပြင် အခြား မီးဟိုက်သီဟိုင် သူပုန်အုပ်စု အများအပြားတွင် ကန်လိုင်ပက် ပြည်သူ့တော်လှန်ရေး ပါတီ (PREPAK)၊ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေးတပ်ဦးနှင့် ကန်လိုင်ပက် ကွန်မြူနစ်ပါတီတို့လည်း ပါဝင်သည်။

မဏိပူရ နာဂပြည်သူ့တပ်ဦး MNPF သည် အဓိက အဖွဲအစည်းဖြစ်သော ၎င်းတို့၏ခေါင်းဆောင် အမည်အမျိုးမျိုးသုံးသည့် နာဂပြည်အမျိုးသား ဆိုရှယ်လစ်ကောင်စီနှင့် ကင်းလွတ်နေသည့် သီးခြားသူပုန်အဖွဲ့ငယ် ဖြစ်သည်။ ထိုအုပ်စုများသည်လည်း နယ်စပ် မြန်မာဘက်ခြမ်းတွင် ခိုလှုံနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

၁၉၇၀ ပြည့်နှစ်များက အိန္ဒိယတပ်များက ၎င်းတို့ကို တိုက်ခိုက်စဉ်မှ စတင်ပြီး နာဂသူပုန်များသည် မြန်မာဘက်ခြမ်း နယ်စပ်တောင်တန်းများတွင် စခန်းများ ရှိနေကြသည်။ ထိုနာဂအုပ်စုများသည် ၁၉၈၀ ပြည့်နှစ်များတွင် တရုတ်က မူဝါဒပြောင်းသည်အထိ လက်နက်အထောက်အပံ့ ရခဲ့ကြသည်။

ထိုသူပုန်များကို မြန်မာက တိုက်ထုတ်နိုင်သည့် စွမ်းရည်မရှိခြင်း သို့မဟုတ် တိုက်ထုတ်ရန် စိတ်အားထက်သန်မှု မရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ဆူးတချောင်းဖြစ်နေခဲ့ပြီး တဘက်နှင့်တဘက် မယုံကြည်စရာ၊ သံသယဖြစ်စရာ အကြောင်းရင်းဖြစ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

နယူးဒေလီအတွက် လွန်စွာ စိတ်ပျက်စရာဖြစ်စေရသည်မှာ မြန်မာအာဏာပိုင်များသည် ထိုစခန်းများ မရှိကြောင်း မကြာခဏ ငြင်းဆိုနေခြင်းဖြစ်သည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် ပြန်လည် အထီးကျန်ဖြစ်ကာ ပြည်ပ မဟာမိတ် အနည်းငယ်သာ ရှိတော့သည်။ ရုရှားသည် ထိုမိတ်ဆွေ အနည်းငယ်တွင် ပါသော်လည်း မြန်မာသည် ရုရှားလက်နက်များကို အဓိက ဝယ်ယူသောကြောင့် စီးပွားရေး ရည်မှန်းချက်ဖြင့် ပါခြင်းဖြစ်သည်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသည် ပြန်လည် အထီးကျန်ဖြစ်ကာ ပြည်ပ မဟာမိတ် အနည်းငယ်သာ ရှိတော့သည်။ ရုရှားသည် ထိုမိတ်ဆွေ အနည်းငယ်တွင် ပါသော်လည်း မြန်မာသည် ရုရှားလက်နက်များကို အဓိက ဝယ်ယူသောကြောင့် စီးပွားရေး ရည်မှန်းချက်ဖြင့် ပါခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ရပ်ဝန်းနှင့်လမ်းမ အစီအစဉ် (BRI) အရ မြန်မာနိုင်ငံတွင် အရေးပါသော ပထဝီ သေနင်္ဂဗျူဟာ အကျိုးစီးပွားများ ရှိနေပြီး အိန္ဒိယက မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချရန် စိတ်အားထက်သန်မှု မရှိခြင်းမှာ တရုတ် ဘေဂျင်းအစိုးရက ၎င်းတို့၏ ဒေသတွင်း ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ယခုအကျပ်အတည်းအား အသုံးချမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပသည့် အရှေ့မြောက်အိန္ဒိယမှ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ အမည်ရှိ စစ်ဘက်အွန်လိုင်း ဆွေးနွေးပွဲတခုတွင် ကွယ်လွန်သူ အိန္ဒိယကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝတ်က လူသိရှင်ကြား ပြောကြားခဲ့သော အချက်တခုဖြစ်သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်ရန်လိုကြောင်း သူက ပြောသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ပြီးနောက် တရုတ်က ပိုမိုထိုးဖောက်လာသည့် သဘောဖြစ်သည်။ “မြန်မာကို အရေးယူ ပိတ်ဆို့လိုကတော့ တရုတ်ရဲ့ BRI က ပိုမို အရှိန်အဟုန် ရတော့မယ်” ဟု သူက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး မကြာမီ အိန္ဒိယ ကြည်းတပ်အကြီးအကဲ မနွတ် မူကွန် နာရာဗာနီက မြန်မာစစ်တပ်နှင့် ပူးတွဲစစ်ဆင်ရေးများသည် အောက်ခြေ စစ်သားများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းလိုက်သောကြောင့် ဖြစ်ပေါ်လာသော စွမ်းရည်တိုးတက်မှုကို ဖြစ်စေပြီး ထိုက်သင့်သော စစ်ဆင်ရေး အမြတ်အစွန်းရကြောင်း ပြောသည်။

အိန္ဒိယ – မြန်မာ နယ်စပ်မြေပုံ / ပုံ – Facebook

ထူးခြားသည်မှာ အိန္ဒိယသည် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲသို့ ကိုယ်စားလှယ် (စစ်သံမှူး) စေလွှတ်သည့် နိုင်ငံ ရှစ်နိုင်ငံတွင် ပါဝင်ခြင်းဖြစ်သည်။ အခြား ကိုယ်စားလှယ်များမှာ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းတို့ဖြစ်သည်။

အနာဂတ် အိန္ဒိယ-မြန်မာ ဆက်ဆံရေးတွင် မဏိပူရ ခြုံခိုတိုက်ခိုက်မှုကြောင့် မည်သို့သက်ရောက်မည်ကို စောင့်ကြည်ရဦးမည် ဖြစ်သည်။ အိန္ဒိယသည် ၂၀၁၉ ခုနှစ် မတိုင်မီက အပြန်အလှန် သံသယဝင်သော အခြေအနေသို့ ပြန်မသွားလိုသော်လည်း နယူးဒေလီအနေဖြင့် မြန်မာစစ်တပ်နှင့် အိန္ဒိယ အရှေ့မြောက် သူပုန်များအကြား မဟာမိတ်ဖွဲ့ခြင်းကို လျစ်လျူရှုရန် ခက်ခဲမည်ဟု သုတေသီများက ပြောသည်။

ထို့အပြင် အိန္ဒိယ လုံခြုံရေးတာဝန်ရှိသူများသည် ထိုသူပုန်များ တရုတ်တွင် ရှိနေသေးကြောင်း ကောင်းစွာသိနေသည်။ ၎င်းတို့သည် တရုတ်လုံခြုံရေးဌာနများမှ တိုက်ရိုက်အကူအညီ မရသော်လည်း PLA, PREPAK နှင့် အာဆွန် ညီညွတ်သော လွတ်လပ်ရေးတပ်ဦး (ULFA) တို့သည်ရွှေလီနှင့် အခြားအနောက်ဘက် နယ်စပ်မြို့များတွင် အလွတ်သဘော ကိုယ်စားလှယ်များ ရှိနေသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ရဲယာဉ်တန်းကို တိုက်ခိုက်ရန် PLA နှင့် MNPF တို့ကို တရုတ်က အားပေးခဲ့သည့် အထောက်အထား လုံးဝ မရှိသော်လည်း တရုတ်တို့သည် ထောက်လှမ်းရေး သတင်းယူရန် အိန္ဒိယ သူပုန်မိတ်ဆွေများနှင့် အနီးကပ် ဆက်ဆံနေမည်ဖြစ်သည်။ ယခင်ကပင် မတည်မငြိမ် ဖြစ်နေပြီးသော အရှေ့မြောက်အိန္ဒိယ၏ ထိခိုက်လွယ်မှုအသစ်များကို တရုတ်က ပိုမိုကျယ်ပြန့်သည့် သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် အသုံးချမည်ကို သံသယဖြစ်စရာမလိုပေ။

မြန်မာစစ်ကောင်စီသည် ပြည်တွင်း လုံခြုံရေးကိုသာ အာရုံစိုက်နေပြီး အိန္ဒိယသူပုန်များက PDF ကို တိုက်လျှင် လွတ်လပ်ရေး ပေးထားရသောကြောင့် အိန္ဒိယ – မြန်မာနယ်စပ်သည် ယခင်အခြေအနေသို့ ပြန်ရောက်သွားသော်လည်း အန္တရာယ်ကြီးမားသည့် လက္ခဏာဆောင်နေသည်။

ခြုံခိုတိုက်ခိုက်လိုက်ခြင်းအားဖြင့် အိန္ဒိယ အရှေ့မြောက်သူပုန်များ ပျားအုံကို တုတ်ဖြင့်ထိုးလိုက်ခြင်း ဖြစ်သည်။ သို့သော် မြန်မာစစ်ကောင်စီသည် ပြည်တွင်း လုံခြုံရေးကိုသာ အာရုံစိုက်နေပြီး အိန္ဒိယသူပုန်များက PDF ကို တိုက်လျှင် လွတ်လပ်ရေး ပေးထားရသောကြောင့် အိန္ဒိယ- မြန်မာနယ်စပ်သည် ယခင်အခြေအနေသို့ ပြန်ရောက်သွားနိုင်သော အန္တရာယ်ကြီးမားသည့် လက္ခဏာဆောင်နေသည်။

မြန်မာစစ်တပ်သည် ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယ အရှေ့မြောက် သူပုန်များနှင့် ဗြောင်ကျကျ ပူးပေါင်းခြင်းဖြစ်ပြီး အစဉ်အလာအားဖြင့် မတည်မငြိမ်ဖြစ်နေပြီးသော နယ်စပ်တွင် လုံးဝသစ်လွင်သော လုံခြုံရေးဆိုင်ရာ အယူအဆ အပြောင်းအလဲကို ဖြစ်စေသည့် အလှည့်အပြောင်းကို ဖြစ်စေနိုင်သည်။

(Asia Times တွင် ဖော်ပြထားသော မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လစ်တနာ၏ Myanmar military joining hands with Indian rebels ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

အိန္ဒိယကုမ္ပဏီ BEL က မြန်မာစစ်တပ်အား လက်နက်ဆက်ရောင်းနေ

Your Thoughts …
Tags: MNPFPLAစစ်ကောင်စီဇိုမီးတရုတ်နာဂမီဇိုရုရှားအိန္ဒိယ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ ခြိမ်းခြောက်ခံနေရသည့် မန္တလေးမြို့ပေါ်က ဈေးဆိုင်များ  / MDY CJ

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

အသံတိတ် သပိတ်ဆင်နွှဲတဲ့ အင်းစိန်ထောင်ထဲက အကျဉ်းသား ၉၀ ခန့် ရိုက်နှက်ခံထားရ(ရုပ်/သံ)

အသံတိတ် သပိတ်ဆင်နွှဲတဲ့ အင်းစိန်ထောင်ထဲက အကျဉ်းသား ၉၀ ခန့် ရိုက်နှက်ခံထားရ(ရုပ်/သံ)

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate