• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

by ဧရာဝတီ
24 September 2021
in သတင်း
A A
ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

46.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ- အိန္ဒိယနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း အနောက်ဘက်ပိုင်းက တမူးမြို့လေးဟာ ကူးသန်းရောင်း ဝယ်မှုတွေနဲ့ စည်ကားခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ခုခံရင်း စစ်အာဏာရှင် တော်လှန်ရေး နယ်မြေတခု ဖြစ်လာခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ရရာ လက်နက်စွဲကိုင် ခုခံရာမှာ အစောဆုံး ပါဝင်ခဲ့တဲ့ တမူးဒေသမှာ ရံဖန်ရံခါ ဆိုသလို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေဟာ စစ်ကောင်စီတပ်တွေနဲ့ ပျူစော ထီးလို့ ခေါ်တဲ့ အရပ်ဝတ် လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ရုံသာမ သီးခြား ပြဿနာတရပ်ကိုလည်း ရင်ဆိုင်နေရပါသေး တယ်။

နယ်စပ်ဒေသတို့ ထုံးစံအတိုင်း နယ်မြေ ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အတွင်း ခိုလှုံပြီး အိန္ဒိယလုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ခွဲထွက်ရေး မဏိပူရ် ကသည်းသူပုန်အဖွဲ့ဝင် အချို့ ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူ တွေ အပေါ် ဖိနှိပ်တိုက်ခိုက်နေတာကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ တမူးဒေသ လုံခြုံရေးအဖွဲ့ (TSG) က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကသည်း (UG) တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေအပေါ် တိုက်ခိုက်နေတာတွေကို အမြန်ဆုံး ရပ်တန့်ဖို့ တရားဝင် ကြေညာချက်တစောင် ထုတ်ပြန် ပြီး သတိပေးခဲ့ပါတယ်။

မြန်မာပြည်သူတွေ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတာကို မရပ်တန့်ဘူးဆိုရင် ဒီမိုကရေစီမလို လားတဲ့သူတွေအဖြစ် သတ်မှတ်မှာ ဖြစ်သလို တော်လှန်ရေး ပြီးဆုံးချိန်မှာ မြန်မာနိုင်ငံထဲ ခိုလှုံခွင့်ပေးတော့မှာ မဟုတ်ဘူး လို့လည်း ဆိုထားပါတယ်။

တမူးဒေသ လုံခြုံရေးအဖွဲ့ (TSG) တာဝန်ရှိသူတဦးက “အာဏာသိမ်းလိုက်တော့ အမောက် ပြန်ထောင်လာတဲ့ သဘော ပေါ့။ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးတာ၊ PDF တွေကို တိုက်ခိုက်တဲ့ နေရာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေကြတာ။ ဒါကြောင့် တမူးမှာ ရှိနေတဲ့ ကသည်းUG တွေ စစ်ကောင်စီနဲ့ မပူးပေါင်းနဲ့၊ မကူညီနဲ့လို့ မေတ္တာရပ်ခံ၊ သတိပေးတာပါ” လို့ ပြောပါ တယ်။

ဒါ့ပေမယ့် ကြေညာချက်ဟာ ကသည်းလူမျိုးစု တခုလုံးအား ရည်ညွှန်းထားတာ မဟုတ်ဘဲ တမူးမြို့မှာ နေထိုင်ပြီး စစ်ကောင်စီ နဲ့ ပူးပေါင်းတဲ့ မြန်မာ့ဒီမိုကရေစီအရေး နှောင့်ယှက်တဲ့ (UG) အဖွဲ့အချို့ကိုသာ ဆိုလိုတာဖြစ်တယ်လို့လည်း စက်တင်ဘာ ၂၂ ရက်မှာ TSG က ထပ်မံ ထုတ်ပြန်ပါတယ်။

အိန္ဒိယခွဲထွက်ရေး မဏိပူရ် ကသည်းသူပုန်တွေ ဖြစ်တဲ့ PLA (People’s Liberation Army of Manipur) နဲ့ UNLF (United National Liberation Front) တို့ အပါအဝင် ကသည်းလက်နက်ကိုင် ၅ ဖွဲ့လောက်ဟာ ယခင်စစ်အစိုးရတွေ လက်ထက်ကတည်းက မြန်မာ- အိန္ဒိယ နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းမှာ ခိုလှုံရင်း အိန္ဒိယလုံခြုံရေး တပ်ဖွဲ့ကိုတွေ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

သူတို့ဟာ တမူးဒေသအပြင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နဲ့ နာဂဒေသဖြစ်တဲ့ လဟယ်၊ ခမ္မတီး၊ လေရှီး ဒေသတွေမှာလည်း လှုပ်ရှားမှုတွေရှိပြီး နာဂလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ- ကပ်ပလန် (NSCN-K) အဖွဲ့ နဲ့လည်း ပတ်သက် ဆက်နွယ်မှုတွေ ရှိသလို ကလေးနဲ့ မုံရွာ၊ စစ်ကိုင်းမြို့တွေအထိ အခြေချ စီးပွားရေး လုပ်ကိုင်တာတွေ လည်း ရှိပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ ဒေသတွင်း ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ခုခံတိုက်ခိုက်မှုတွေကို ချေမှုန်းဖို့ရာမှာ ကသည်းသူပုန်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်ဖို့နဲ့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ သူတွေကို မောင်းထုတ်ဖို့၊ သတင်းပေးဖို့တွေအတွက် စစ်တပ်ရဲ့ဖိအားပေး အသုံးချမှုကို ရင်ဆိုင်လာရတယ်လို့ ဒေသတွင်း လေ့လာသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်ကစလို့ ဆန္ဒပြပြည်သူတွေကို ဖိနှိပ်ဖြိုခွင်းတာတွေမှာ ကသည်းသူပုန်အချို့ထဲထဲဝင်ဝင်ပါဝင် လာတာကို မြင်တွေ့ကြရသလို မေလ ၁၁ ရက်နဲ့ ဇူလိုင် ၂၄ ရက်တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ မဏိပူရ် ကသည်း လက်နက်ကိုင် ၅ ဦး သေဆုံးခဲ့တယ်လို့ တမူးလုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယ ခွဲထွက်ရေး ကသည်းသူပုန်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အခြေအနေတွေကို ဧပြီလကတည်းက အိန္ဒိယ အခြေစိုက် သတင်းစာတွေက ဖော်ပြခဲ့ကြပြီး အရပ်သား ၁၂ ဦးအထိ သေဆုံးခဲ့တဲ့ ကလေး- တမူးဒေသ ဆန္ဒပြပွဲဖြိုခွင်းမှု တွေမှာ အိန္ဒိယ ခွဲထွက်ရေး လက်နက်ကိုင်တွေဖြစ်တဲ့ မဏိပူကသည်းသူပုန် PLA နဲ့ UNLF အဖွဲ့ဝင်တွေ ပါဝင်ခဲ့တယ်လို့ လည်း အိန္ဒိယ ထောက်လှန်းရေး အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

ဒီအတွက် မေလအတွင်းက ကသည်းလက်နက်ကိုင် ခေါင်းဆောင်အချို့နဲ့ အာဏာသိမ်းစစ်တပ်ကြား တွေ့ဆုံခဲ့ကြတာဖြစ် တယ်လို့ အိန္ဒိယ သတင်းစာတွေက ဆိုခဲ့ကြပြီး ငွေကြေး အပါအဝင် ကသည်းသူပုန်တွေကို စစ်ကိုင်းတိုင်းအတွင်း အခြေချ လှုပ်ရှား နေထိုင်ခွင့် အာမခံချက် အပေးအယူတွေနဲ့ သဘောတူညီပြီးတဲ့နောက် ကသည်းလက်နက်ကိုင်တွေကို စစ်တပ် ဝတ်စုံ ဝတ်ဆင်စေကာ ခေါ်သွင်းခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

တိုက်ဆိုင်စွာပဲ ယင်းကာလအတွင်း တမူးဒေသကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်သူ လာရောက်ခဲ့ တာရှိ တယ်လို့လည်း ဒေသခံတွေက ဧရာဝတီကို ပြောထားပါတယ်။

“ကသည်းUG တွေက တိုက်ပွဲတိုင်းမှာ ပါလာတယ်၊ စစ်ကောင်စီဘက်ကနေ သူတို့ကို နေ့စားလိုမျိုး ပေးပြီး ငှားတာတွေ လည်း ရှိတယ်၊ ဒီလူတွေ တိုက်ပွဲမှာ သေသွားရင် မဏိပူရ်ဘက်က လူတွေက ကာကွယ်ရေးတွေကို အပြစ်မတင်ပါဘူး”လို့ တမူးဒေသ ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အရင်ကတော့ ကသည်းလက်နက်ကိုင်တွေကို အိန္ဒိယအစိုးရ ဖိအားပေးမှုကြောင့် စစ်တပ်က မြန်မာမြေပေါ်ကနေ ဖယ်ရှား ခဲ့ဖူးပေမယ့်၊ စစ်ကောင်စီလက်ထက်မှာတော့ သူတို့ ပြန်လည် နေထိုင်ခွင့် ပြုထားတဲ့သဘောရှိကြောင်း၊ မဏိပူရ်ဘက်မှာ အခြေစိုက်တဲ့ ကသည်းလက်နက်ကိုင်တွေကတော့ ဒုက္ခပေးတာမျိုးမရှိပေမယ့် မြန်မာဘက်က ထွက်ပြေးလာတဲ့သူတွေကို တော့ မောင်းထုတ်တတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ကသည်းလက်နက် ကိုင် PLA နဲ့ UNLF တို့ ပါဝင်တဲ့ အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်တွေ ဖွဲ့စည်းထားတဲ့ ညှိုနှိုင်းရေး ကော်မတီဘက်ကတော့ ငြင်းဆိုခဲ့ပြီး ပြည်သူတွေ အထင်အမြင် လွဲအောင်လို့ အိန္ဒိယအစိုးရရဲ့ အမြဲတမ်းအသုံးပြုတဲ့ လုပ်ကြံသတင်းတွေသာ ဖြစ်တယ်လို့ လည်း အိန္ဒိယ အခြေစိုက် သတင်းစာတွေကို ပြောထားပါတယ်။

ကသည်းသူပုန်အဖွဲ့ဝင်တွေ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတဲ့လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတာနဲ့အတူ သူပုန်အဖွဲ့ဝင် လက်အောက် တပ်သားတွေဖြစ်တဲ့ ကသည်းလူငယ်တိုင်းက ဒီအပေါ် လက်ခံကျေနပ်တာ မဟုတ်ဘဲ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ဒေသတွင်း လေ့လာသူ နာဂလူငယ်တဦးဖြစ်တဲ့ ကိုအောင်ထွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ် ၁၆/၁၇ ရက်ကလည်း ဒေသတွင်း PDF တွေကို တိုက်ခိုက်ဖို့ ငြင်းဆန်ကာ ထွက်ပြေးတဲ့ ကသည်းသူ ပုန် အဖွဲ့ဝင် လူငယ် ၂ ဦးမှာ ပြန်လည် ဖမ်းဆီးခံရတဲ့အတွက် သတ်ဖြတ်ခံခဲ့ရပြီး အရိုးတွေကျိုးတဲ့အထိ နှိပ်စက်ခဲ့ကြတယ် လို့လည်း ၎င်းကဆိုပါတယ်။

“PLA (ကသည်းသူပုန်) တပ်ဖွဲ့ဝင် လူငယ်တော်တော်များများဟာ မြန်မာစစ်တပ်နဲ့ အတူတကွ တိုက်ခိုက်တာတွေ မလုပ် ချင်ကြဘူး။ မြန်မာစစ်တပ်ကတော့ PLA ကို သူတို့နဲ့ အတူ ပူးပေါင်းတိုက်ခိုက်တာ ဒါမဟုတ် ဆက်ကြေးပေးတာ ဒါမှမဟုတ် အိန္ဒိယဘက်ကို ပြန်စေတာ တခုခုလုပ်ဖို့ ဖိအားတွေ အမြဲပေးပါတယ်” လို့ ၎င်းပြောပါတယ်။

ဒါ့ပြင် မြန်မာဘက်ခြမ်းမှာ ခိုလှုံလှုပ်ရှားနေတဲ့ ကသည်းသူပုန်အဖွဲ့တွေထဲက လူငယ်တွေဟာလည်း ဖုန်းမရှိ၊ ဖျော်ဖြေရေး မရှိ၊ မိသားစုနဲ့ အဆက်အသွယ် မရှိဘဲ ဖိအားများစွာအောက်မှာ အိန္ဒိယဘက်ခြမ်းနဲ့ နယ်စပ်က စီးပွားရေးသမားတွေဆီမှာ ငွေညစ်ဖို့သာ အသုံးချခံဖြစ်နေရပေမယ့် မဏိပူရ်လူအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ နှုတ်ဆိတ်နေမှုကိုလည်း မေးခွန်းထုတ် မှု တွေ ရှိနေပါတယ်။

“PLA ကေဒါအချို့နဲ့ ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းမှာတော့ သူတို့ရဲ့ ဒုက္ခပုံပြင်များစွာနဲ့ စစ်အာဏာရှင်တို့ရဲ့ ဖိအားပေးမှု တွေက သူတို့ကို ကြောက်ရွံ့စေပုံတွေကို ကြားသိခဲ့ရပါတယ်” လို့လည်း ဒေသတွင်း လေ့လာသူတဦးက ပြောပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

အိန္ဒိယခွဲထွက်ရေး မဏိပူရ်ကသည်းသူပုန်တွေ ယခင် န.အ.ဖ စစ်အစိုးရလက်ထက်ကတည်းက မြန်မာ- အိန္ဒိယနယ်စပ် တလျှောက် မြန်မာဘက်ခြမ်းက နယ်မြေတွေမှာ ဝင်ရောက် လှုပ်ရှားနေကြတာဖြစ်ပြီး စစ်ခေါင်းဆောင်တွေနဲ့ ငွေကြေး အကျိုးစီးပွားတွေ အပေးအယူ ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ခိုလှုံ လှုပ်ရှားနေတဲ့ အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန်တွေနဲ့ ပတ်သက်လို့ အိန္ဒိယဘက်က ဖြေရှင်း ဆောင်ရွက်ဖို့ ပြောကြာတာတွေ ရှိခဲ့ပေမယ့် နိုင်ငံအတွင်း မည့်သည့် လက်နက်ကိုင်တပ်မှ အခြေချခွင့် မပြုထားဘူးလို့ ငြင်းဆို လျစ်လျူရှုခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရထက်လက် အိန္ဒိယနဲ့ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ လိုလားတဲ့အခါမှာတော့ ကသည်းသူပုန်တွေကို ဝင်ရောက်ခိုက်ခဲ့တာ ရှားရှားပါးပါးအနေနဲ့ တွေ့ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးဒေသထဲရှိ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) ဗဟိုဌာနချုပ် တကားစခန်းမှာ ခိုအောင်းနေတဲ့ အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန် PLA နဲ့ UNLF တပ်ဖွဲ့ကိုတွေ ကို စစ်တပ်က ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ယင်း တိုက်ခိုက်မှုမှာ ဖမ်းမိတဲ့ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အဖွဲ့ဝင် ၂၂ ဦးနဲ့ ခိုအောင်းခွင့် ပေးခဲ့တဲ့ NSCN-K ခေါင်း ဆောင် ၅ ဦးကို အပြစ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ပဲ ပြန်လွှတ်ပေးပြီး ကသည်း သူပုန်တွေကိုတော့ အိန္ဒိယ အစိုးရထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စစ်တပ်အနေနဲ့ ဒေသတွင်း ဆန့်ကျင်ဆန္ဒပြ ခုခံသူတွေကို နှိမ်နင်းဖို့ ကသည်းလက်နက်ကိုင်တွေကို ပြန်လည်ကာ ဖိအားပေး အသုံးချလာနေတာဖြစ်ပြီး အရပ်သား အစိုးရ လက်ထက် အနေအစား မချောင်ခဲ့တဲ့ ကသည်းသူပုန်အချို့ဟာလည်း စစ်တပ်နဲ့ပေါင်းပြီး ပြန်လည်ထောင်လွှားလာ ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလော တမူးဒေသမှာ ခုခံတိုက်ပွဲတွေ အတန်ငယ် ငြိမ်သက်နေပေမယ့် စစ်ရေးလှုပ်ရှားမှုတွေကတော့ ရှိနေပြီး စတင် ခုခံတဲ့အချိန်ကစလို့ စစ်ကောင်စီတပ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ၁၀ ကြိမ်ထက်မနည်း ရှိပြီး စစ်ကောင်စီ တပ်ဖွဲ ဝင် ၁၀၀နီးပါး ကျဆုံးအောင် တိုက်နိုင်လို့ တမူးလုံခြုံရေးအဖွဲ့က ဆိုပါတယ်။

ဒေသ ကာကွယ်ရေး အဖွဲ့တွေအနေနဲ့ တမူးဒေသအတွင်း တပ်ရင်း ၁၊ ၂၊ ၃ အနေနဲ့ စုဖွဲ့လှုပ်ရှားနေသလို စစ်ကောင်စီဘက် ကလည်း အင်အားတိုးချဲ့ကာ လက်နက်ကြီး အချို့ မြို့တွင်းမှာ တပ်ဆင်ထားတဲ့အပြင် ပျူစောထီးနဲ့ ကသည်းသူပုန် အချို့ ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးနေတာတွေ ရှိတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းကြ ဖို့ သတိပေးထားပြီး ပူးပေါင်း တိုက်ခိုက်လာပါက မည်သူကိုမဆို တုံ့ပြန်တိုက်ခိုက်မယ် လို့လည်း သတိပေးစာတွေ ထုတ်ပြန်ထားပါသေးတယ်။

“ဒီဒေသမှာ လှုပ်ရှားနေတဲ့ ကသည်းအဖွဲ့ တဖွဲ့ ရှိတယ်။ သူတို့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို တိုက်ခိုက် တယ်။ ဆက်ကြေး တောင်းတာတွေ လုပ်တယ်။ ဒီမိုကရေစီ ရရှိရေး ကြိုးစားပမ်းစား လုပ်နေတဲ့အချိန်မှာ မနှောင့်ယှက်ဖို့ ပေါ့။ မေတ္တာရပ်ခံ သတိပေးတာပါ၊ အဓိက ဒါပါပဲ” လို့ TSG တာဝန်ရှိသူတဦးက သတိပေးစကား ဆိုလိုက်ပါတယ်။

You may also like these stories:

သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

အိန္ဒိယအစိုးရကို တော်လှန်နေသည့် မြန်မာပြည်ထဲက ကသည်းသူပုန်များ

မြန်မာပြည်ထဲက ကသည်းသူပုန်ပြဿနာ

ကသည်းလူမျိုးတိုင်း သူပုန်မဟုတ်ပါ

Your Thoughts …
Tags: TSGကသည်းသူပုန်စစ်ကောင်စီတမူးအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
NUG လက်အောက်ခံ PDF အဖွဲ့ စစ်သင်တန်းဆင်းပွဲ

ဘယ်နိုင်ငံကမှ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ဘူး

ယခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်က ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု / CJ

စစ်ကောင်စီက ချင်းပြည်နယ်ရှိ ၈ မြို့နယ်ကို အင်တာနက် ဖြတ်တောက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved