စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နိုင်ငံတဝန်းမှာ ပြည်သူလူထုက အသံတိတ်သပိတ် ဆင်နွှဲနေကြချိန် အင်းစိန် အကျဉ်းထောင်ထဲက အကျဉ်းသားတွေကလည်း အလားတူ ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် အကျဉ်းသား ၉၀ လောက် ရိုက်နှက်ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အတည်ပြုပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်အာဏာရှင်ကို လက်မခံကြောင်း နိုင်ငံတဝန်း တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ အထိ လူထုက ဆန္ဒပြခဲ့ကြသလို အကျဉ်းထောင်ထဲမှာ ရောက်နေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း ဆန္ဒဖော်ထုတ်ခဲ့ရာမှာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတွေက ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











