နိုင်ငံ၏ မွေးကင်းစ ဒီမိုကရေစီမှ ခေတ်နောက်ပြန်ဆွဲသွားသော မြန်မာစစ်ကောင်စီသည် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သေဒဏ်စီရင်ခြင်းကို ဆောင်ရွက်တော့မည်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် သေဆုံးပျက်ဆီးမှု အများအပြားကို ရင်ဆိုင်နေရသော နိုင်ငံတွင် အကျဉ်းသား ၄ ဦးကို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် ကြီးမားလှသည့် သတင်းမဟုတ်သကဲ့သို့ ဖြစ်နေသည်။
သို့သော် ထိုအကျဉ်းသား ၂ ဦး၏ ကိုယ်ရေးအချက်များနှင့် ယခင်စစ်အုပ်စု အဆက်ဆက် လုပ်ရဲသည့်ထက် ပိုမိုလုပ်ဆောင်လိုသော စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ထိုကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်ပါက နိုင်ငံတွင် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုသံသရာတွင် ပိုမိုအမြစ်တွယ်လာပြီး ပြန်လည် နာလန်ထလာမည့် အခြေအနေ မရှိတော့ပေ။
နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီသည် ထိုသေဒဏ်ကျ အကျဉ်းသား ၂ ဦးကို ကွပ်မျက်ရန် စီစဉ်နေသည်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းက နောက်ဆုံးအကြိမ် ကွပ်မျက်မှု နောက်ပိုင်းတွင် သေဒဏ်များကို အကြိမ်ကြိမ် ချမှတ်သော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။
နှစ်ပေါင်း ၃၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်ကောင်စီသည် ထိုသေဒဏ်ကျ အကျဉ်းသား ၂ ဦးကို ကွပ်မျက်ရန် စီစဉ်နေသည်။ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းက နောက်ဆုံးအကြိမ် ကွပ်မျက်မှု နောက်ပိုင်းတွင် သေဒဏ်များကို အကြိမ်ကြိမ် ချမှတ်သော်လည်း ကွပ်မျက်ခြင်း မပြုတော့ပေ။
တနိုင်ငံလုံးတွင် ပြည်တွင်းစစ်ဖြစ်ပွားနေပြီး ဒေသအလိုက်လှုပ်ရှားနေသည့် လက်နက်ကိုင် အတိုက်အခံများကို ရင်ဆိုင်နေရပြီး ပိုမိုကျယ်ပြန့်သည့် ပြည်သူလူထု၏ ထောက်ခံမှုလည်း မရတော့သောကြောင့် အာဏာခိုင်မာအောင် လုပ်ဆောင်နိုင်ခြင်းမရှိသော စစ်ကောင်စီသည် အတိုက်အခံများ အရှုံးပေးလာအောင် ခြိမ်းခြောက်ရန် အရာရာကို လုပ်ဆောင်နေသည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးချိန်မှစတင်ကာ ကိုယ့်ပြည်သူကို ကိုယ်ပြန်တိုက်နေသော စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ အယူခံကို ပယ်ချလိုက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ကြေညာသည်။
ယခင်စစ်အုပ်စုများသည် အယူခံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆိုင်းငံ့ထားသည့် အလေ့အထရှိပြီး နောင်တွင် သေဒဏ်မှ တသက်တကျွန်းသို့ ပြစ်ဒဏ်လျှော့ချပေးခြင်းကို ကျင့်ဝတ်တခုသဖွယ် အခိုင်အမာ ထူထောင်ခဲ့သည်။ ယခုမူ သေဒဏ်များကို မည်သည့်အချိန်တွင် စီရင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း အနှေးနှင့်အမြန်ဆိုသလို ဖြစ်လာတော့မည်မှာ သေချာသလောက် ဖြစ်နေသည်။
ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့သည် စစ်ကောင်စီဒလန်ဟု ၎င်းတို့ယူဆသည့် ကျောင်းဆရာမကို သတ်ဖြတ်သည်ဟုဆိုကာ သေဒဏ်ချမှတ်ခံရသော်လည်း ၎င်းတို့ကို မြန်မာတွင် လူသိနည်းသည်။
သို့သော် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့သည် စစ်ကောင်စီကို ဆန့်ကျင်ရာတွင် ထင်ရှားသော ခေါင်းဆောင်များ ဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ၏အကြီးမားဆုံးမြို့ဖြစ်သော ရန်ကုန်တွင် မြို့ပြပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ရန် ကြံစည်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၁၄၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော်လည်း ၎င်းတို့၏ အယူခံများကို ပယ်ချခြင်းမရှိသေးဘဲ ၄၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ သို့မဟုတ် အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံထားသည်။
ကွပ်မျက်ခံရမည့်သူများအပြင် ၎င်းတို့၏ မိတ်ဆွေများနှင့် မိသားစုများကလည်း ထိုတရားမျှတမှု ကင်းမဲ့စွာ စီရင်မှုကြောင့် နာကျင်ခံစားရမည်ဖြစ်ပြီး ထိုကွပ်မျက်မှုများသည် ဆိုးရွားလှသော ဥပမာများဖြစ်လာမည် ဖြစ်သည်။ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၁၄၄ ဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားသော်လည်း ၎င်းတို့၏ အယူခံများကို ပယ်ချခြင်းမရှိသေးဘဲ ၄၁ ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ သို့မဟုတ် အခြားနိုင်ငံများတွင် ခိုလှုံခွင့်တောင်းခံထားသည်။
စစ်ကောင်စီသည် အရပ်သားများနှင့် အတိုက်အခံများကို အကြောင်းမဲ့ သတ်ဖြတ်ရာတွင် ကျော်ကြားလှသည်။ နိုင်ငံရေးအကျဉ်းသားများ သတ်ဖြတ်ကွပ်မျက်မှုများကို ပြန်လည် အသက်သွင်းခြင်းသည် မြန်မာကို ၁၉၈၈ အရေးတော်ပုံနှင့် လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုကျော်ကြာသော ဒီမိုကရေစီတိုက်ပွဲ မတိုင်မီက အခြေအနေသို့ ပြန်လည်ပို့ဆောင်ပေးခြင်း တံတိုင်းတွင် နောက်ဆုံးအုတ်ချပ် ဖြစ်သည်။
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ကဲ့သို့သော သူများ၏ လုပ်ဆောင်မှုများကို စစ်ကောင်စီက ပယ်ဖျက်ရန် စိတ်ထက်သန်နေကြောင်း နောက်ဆုံး ပြသလိုက်ခြင်းလည်း ဖြစ်သည်။
တော်လှန်ရေးကို စိတ်နှစ်ထားသူနှင့် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း ကိုဖြိုးဇေယျာသော်သည် ရက်ပ်ဂီတသမားအဖြစ် စတင်ကျော်ကြားလာသူ ဖြစ်သည်။ ဟစ်ပ်ဟော့အဖွဲ့တခုဖြစ်သော အက်ဆစ်အဖွဲ့က ၎င်းတို့၏ ပထမဆုံး သီချင်းအယ်လ်ဘမ်ဖြစ်သော “စတင်ခြင်း” အယ်လ်ဘမ်ကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသောအခါ မြန်မာဂီတလောကကို ဒီရေအလား လွှမ်းမိုးနိုင်ခဲ့သည်။
ထိုဟစ်ပ်ဟော့ အဖွဲ့သည် မြန်မာအတွက် ဂီတစတိုင်အသစ်နှင့် အသိုင်းအဝိုင်းအသစ်တမျိုးကို ဆောင်ကျဉ်းပေးခဲ့ပြီး ထိုအယ်လ်ဘမ်သည် နိုင်ငံတဝှမ်း ရေပန်းအစားဆုံးဖြစ်ခဲ့ရသည်။
ထိုစဉ်ကာလက နိုင်ငံသည် တံခါးပိတ်ဖြစ်နေပြီး ခေါက်ရိုးကျိုး ပုံစံကျသွားနေသည်။ ၎င်းတို့၏ ဂီတသည် မြန်မာနိုင်ငံတွင် လူတိုင်း မခံစားဖူးသေးသော်လည်း ကမ္ဘာက ယဉ်ပါးနေသော ဂီတကို သိသည့် လူ့မလိုင်အဖွဲ့အစည်းအတွင်း ထိုးဖောက်ရာ လမ်းကြောင်းလေးတခု ဖြစ်ခဲ့သည်။
အက်စစ်အဖွဲ့၏ အောင်မြင်မှုနှင့်အတူ အတင်းအဖျင်းများလည်း ပူးတွဲလိုက်ပါလာပြီး ထိုရက်ပ်ဂီတ ပထမမျိုးဆက်သည် ၎င်းတို့၏ ကျော်ကြားမှု အသီးအပွင့်များကို မည်သို့အသုံးချမည်ကို ပြည်သူများက သိလိုကြသည်။
လုပ်ငန်းရှင် သူဌေးပေါက်စများဖြစ်လာပြီး စစ်အုပ်စု ဗိုလ်ချုပ်များ၏ သမီးများနှင့် ဇာတ်လမ်းများ ဖြစ်ကြမည်လား၊ မူးယစ်ဆေးစွဲပြီး ဆေးလွန်ကာ သေဆုံးမည်လား၊ ၎င်းတို့သည် ဖိုးယိုးဖားယား ဝတ်ဆင်ကြပြီး ၎င်းတို့၏ ဂီတလက်ရာများတွင် ယဉ်ကျေးမှုအရ မသင့်လျော်သော စကားလုံးများကို သုံးစွဲသောကြောင့် ရုပ်သံTV တွင် ပိတ်ပင်ခံရမည်လား စသည်ဖြင့် မေးခွန်းထုတ်ကြသည်။
အဖွဲ့ဝင် ၄ ဦးအနက် တဦးဖြစ်သော ကိုဖြိုးဇေယျာသော်သည့် သူ့ဘဝကိုသူ ဖျက်ဆီးရန် မတူညီသော နည်းလမ်းတခု တွေ့ရှိသွားသည်။ စစ်အုပ်စုကို ဝေဖန်ပြီး ထောင်ချခံရခြင်းပင် ဖြစ်သည်။
ကိုဇေယျာသော်၏ ရက်ပ်ဂီတသမားမှ တက်ကြွလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူဘဝမှ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာခြင်းသည် ပုံမှန်ပြောင်းလဲနေရာမှ အရှိန်ရလာည်။
ကိုဇေယျာသော်၏ ရက်ပ်ဂီတသမားမှ တက်ကြွလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူဘဝမှ နိုင်ငံရေးသမားအဖြစ် ပြောင်းလဲလာခြင်းသည် ပုံမှန်ပြောင်းလဲနေရာမှ အရှိန်ရလာည်။ သူသည် ရက်ပ်သီချင်းများတွင် စစ်အုပ်စုကို ဝေဖန်ပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းတွင် စစ်အုပ်စုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူ အဖွဲ့တခုဖြစ်သော မျိုးဆက်လှိုင်း (Generation Wave) ကို ပူးတွဲတည်ထောင်သည်။
၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးနှုန်းများ မကြုံစဖူးမြင့်မားလာသောအခါ Generation Wave အဖွဲ့သည် “အစိုးရသစ် ဖွဲ့စည်းပေး” ဆိုသည့် စတစ်ကာများကို ဝေငှသည်။
ကိုဇေယျာသော်ကို ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးပြီး ထောင် ၆ နှစ်ချသော်လည်း နောက်သုံးနှစ်ကြာသောအခါ အခြားနိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပွဲများကျင်းပပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။
ရက်ပ်တေးဂီတ၊ တက်ကြွလှုပ်ရှားမှုများနှင့် နောက်ပိုင်းတွင် နိုင်ငံရေးတို့ကို ဆယ်စုနှစ် ၂ ခုကြာ လုပ်ဆောင်ပြီးနောက် ယခုအခါ ကိုဇေယျာသော်သည် စစ်ကောင်စီက ကွပ်မျက်မည့် လူ ၄ ဦးအနက် တဦးဖြစ်လာသည်။
ကိုဇေယျာသော်၏ နိုင်ငံရေးလှုပ်ရှားမှုသည် မြန်မာ့နိုင်ငံရေး ပကတိအခြေအနေများကို တုံ့ပြန်မှုတခုသာ ဖြစ်သည်။ သူသည် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများတွင် အရေးပါသော ဆုံမှတ်တခုဖြစ်သည့် ရန်ကုန်ထွေထွေရောဂါကု ဆေးရုံကြီးရှေ့တွင် လူလားမြောက်ခဲ့သည်။
ထိုနေရာသည် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်းပြောသောနေရာလည်း ဖြစ်ပြီး စစ်သားများက ပစ်ခတ်သောကြောင့် ဒဏ်ရာရလာသူများကို ကုသပေးလိုသော သူနာပြုများအား စစ်တပ်က သိမ်းကြုံးပစ်ခတ်ခဲ့သော နေရာလည်း ဖြစ်သည်။
ကိုဇေယျာသော်သည် ထိုစဉ်က အသက် ၈ နှစ်သာ ရှိသေးသော်လည်း ထိုစဉ်က သူမြင်တွေ့ခဲ့ရသည့် မြင်ကွင်းများသည် သူ၏ရင်တွင် အမြဲရှိနေသည်။ သူ၏ နိုင်ငံရေးခံယူချက်ကို သူ့မတိုင်မီက အခြားလူများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးလုပ်ငန်း၊ ထိုသူများပြုလုပ်ခဲ့သည့် စံနမူနာများတွင် အခြေခံတည်ဆောက်ထားသည်။
ကိုဂျင်မီသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ထောင်ချခံရသော်လည်း ထောင်၏ ကြမ်းတမ်းသော အခြေအနေများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် သူ၏တိုက်ပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ထိုလမ်းကြောင်းကို ခင်းပေးသူများအနက်တဦးမှာ ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများအတွင်း ထင်ရှားကျော်ကြားသည့် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ဖြစ်သည်။ ကိုဂျင်မီသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ထောင်ချခံရသော်လည်း ထောင်၏ ကြမ်းတမ်းသော အခြေအနေများသည် စစ်ကောင်စီကို ဆန့်ကျင်သည့် သူ၏တိုက်ပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
၂၀၀၇ ခုနှစ်က မြန်မာတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲလှိုင်းများ ပေါ်ပေါက်လာသောအခါ ကိုဂျင်မီနှင့် ထင်ရှားသော တက်ကြွလှုပ်ရှားသူ ဇနီး မနီလာသိန်းသည် ၁၉၈၈ အရေးတော်ပုံမှ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများကို စုစည်းလှုပ်ရှားသည်။
၂၀၀၇ ခုနှစ်တွင်ပင် ကိုဂျင်မီ အဖမ်းခံရပြီး ထိုစဉ်က သူ၏ သမီးမှာ ၅ လ သမီးအရွယ်သာ ရှိသေးသည်။ မနီလာသိန်းကို နောက်တနှစ်တွင် ဖမ်းဆီးသည်။ သူတို့၏ ရဲစွမ်းသတ္တိသည် နောက်မျိုးဆက်သစ် တက်ကြွလှုပ်ရှားသူများအတွက် စိတ်ဓာတ်ခွန်အားရင်းမြစ်တခု ဖြစ်နေသည်။
၂၀၀၇ ခုနှစ်က ရန်ကုန်ရှိ လမ်းမတခုတွင် ဆန္ဒပြနေစဉ် ကိုဂျင်မီကို ဖမ်းဆီးသည့် ပုံများကို နော်ဝေရှိ မြန်မာအဝေးရောက်များ ထူထောင်ထားသည့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)က ထုတ်လွှင့်ခဲ့သည်။ DVB ကို ကြည့်ရှုခြင်းသည် ဥပဒေချိုးဖောက်သည့် လုပ်ရပ်ဖြစ်သော်လည်း လူတိုင်းလူတိုင်းက ထိုပုံများကို ကြည့်ကြသည်။
ကိုဂျင်မီကို ဖမ်းဆီးခြင်းသည် စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုမှ ခွဲထုတ်မရသည့် အစိတ်အပိုင်းဖြစ်သော ဂျန်ဇီး (Generation Z) တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများအတွက် မြန်မာ၏ နိုင်ငံရေး ပကတိတရားနှင့် ရင်ဆိုင်ရသော အချိန်ပင်ဖြစ်သည်။
ယင်းသည် ၁၉၈၈ အရေးတော်ပုံအတွင်း ကိုဇေယျာသော်ကဲ့သို့ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးရှေ့တွင် မြင်ခဲ့ရသည့် မြင်ကွင်းများကို မြင်ခဲ့ရသည့် ထောင်ပေါင်းများစွာသော လူငယ်များအတွက်လည်း ၎င်းတို့သည် မကြာမီ ကိုဂျင်မီ ရင်ဆိုင်ရမည့် ကံကြမ္မာကို ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း နှိုးဆော်လိုက်ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ကိုဂျင်မီနှင့် မနီလာသိန်း ပြန်လွှတ်ပေးစဉ်က အကြောင်းကိုလည်း မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် လူသိကြပြီး ၎င်းတို့၏ သမီးကလေးနှင့် မိသားစု ပြန်လည်စုံစည်းခြင်းသည် ဖိနှိပ်သော စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပေးဆပ်ရသည့် စွန့်လွှတ်အနစ်နာခံမှုများကို ပြသနေပေသည်။
ကိုဂျင်မီကဲ့သို့ပင် ကိုဇေယျာသော် ထောင်ထဲတွင် နေထိုင်ခဲ့ရသော ကာလများသည် သူ၏နိုင်ငံရေး ခံယူချက်ကို ချေဖျက်နိုင်ခြင်း မရှိပေ။ ထောင်ထဲတွင် နေထိုင်ရသော ကာလများသည် သူ မည်သည်ကို အမှန်တကယ် လုပ်ဆောင်လိုသည်အား ပြန်လည်သုံးသပ်ခဲ့သော ကာလများဖြစ်သည်
ကိုဂျင်မီကဲ့သို့ပင် ကိုဇေယျာသော် ထောင်ထဲတွင် နေထိုင်ခဲ့ရသော ကာလများသည် သူ၏နိုင်ငံရေး ခံယူချက်ကို ချေဖျက်နိုင်ခြင်း မရှိပေ။ ထောင်ထဲတွင် နေထိုင်ရသော ကာလများသည် သူ မည်သည်ကို အမှန်တကယ် လုပ်ဆောင်လိုသည်အား ပြန်လည်သုံးသပ်ခဲ့သော ကာလများဖြစ်ပြီး သူထောင်မှ လွတ်သောအခါ ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီရုံးသို့ သွားရောက်ပြီး ထိုပါတီအတွက် စတင်အလုပ်လုပ်သည်။
သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံကာလ ပထမဆုံး နိုင်ငံတကာခရီးစဉ်များအနက် အချို့တွင် လိုက်ပါရသည်။ ပါတီခေါင်းဆောင်ပိုင်းကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် သူ့ကိုရွေးချယ်သည်။
ကိုဇေယျာသော်သည် စစ်တပ်ကျောထောက်နောက်ခံပြု ဒုသမ္မတ၏ နေပြည်တော်မှ မဲဆန္ဒနယ်တွင် ဝင်ရောက်အရွေးခံသည်။ နေပြည်တော်ဆိုသည်မှာ တော်လှန်ရေးကို ကြောက်သောကြောင့် စစ်ကောင်စီက လွန်ခဲ့သော နှစ်အတန်ကြာက တည်ဆောက်ထားသော မြို့တော်သစ်ဖြစ်သည်။
ထိုရွေးကောက်ပွဲတွင် သူအနိုင်ရပြီးနောက် မြန်မာမှ အသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်များတွင် ပါဝင်လာသည်။ နောက် ၃ နှစ်ကြာသောအခါ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ထပ်မံ အနိုင်ရပြန်သည်။ ထိုရွေးကောက်ပွဲသည် NLD က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ရန် ပါတီကို ၁၉၈၈ ခုနှစ်တွင် တည်ထောင်ပြီးနောက် ပထမဆုံးအာဏာရစေသည့် ရွေးကောက်ပွဲဖြစ်သည်။
စာရေးသူတို့သည် NLD ပါတီကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရေး နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ဆုံမေးမြန်းမှုများ ရက်သတ္တပတ် အတန်ကြာ ပြုလုပ်ခဲ့သည့် ၂၀၁၉ ခုနှစ်က နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များနေထိုင်ရာမှ ကိုဇေယျာသော်၏ အိပ်ခန်းသို့ ရောက်ဖူးသည်။
ကိုဇေယျာသော် ထွက်လာသည်။ အထက်ပိုင်းအဝတ်ဗလာဖြင့် တံခါးဖွင့်သောကြောင့် သူ၏ ရော့ဂီတကြယ်ပွင့်ဆန်ဆန် ထိုးကွင်းမင်ကြောင်များကို မြင်နေရပြီး ကချင်လုံချည်တထည်ကိုသာ ဝတ်ဆင်ထားသည်။
မိနစ်အနည်းငယ်စောင့်ရန် စာရေးသူတို့ကို ပြောပြီးနောက် သူပြန်ထွက်လာသောအခါ ဝါရင့် ရက်ပ်တေးဂီတသမားသည် NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ဝတ်စုံဖြစ်သော ပင်နီတိုက်ပုံဖြင့် ပြန်ထွက်လာပြီး ပါတီ နိုင်ငံရေးသမား အသွင်ပြောင်းသွားသည်။
ကိုဇေယျာသော်သည် NLD ခေါင်းဆောင်မျိုးဆက်သစ်၏ အစိတ်အပိုင်းဖြစ်ပြီး ပါတီ၏ အာဏာဗဟိုချက်နှင့် နီးစပ်ကာ ပါတီအပေါ် နက်ရှိုင်းစွာ သစ္စာရှိသော်လည်း ပါတီ၏ ချို့ယွင်းချက်များကိုလည်း သိမြင်သူဖြစ်သည်။
သူသည် NLD ခေါင်းဆောင်မျိုးဆက်သစ်၏ အစိတ်အပိုင်းဖြစ်ပြီး ပါတီ၏ အာဏာဗဟိုချက်နှင့် နီးစပ်ကာ ပါတီအပေါ် နက်ရှိုင်းစွာ သစ္စာရှိသော်လည်း ပါတီ၏ ချို့ယွင်းချက်များကိုလည်း သိမြင်သူဖြစ်သည်။
“ကျနော်တို့ ပါတီမှာတောင်မှ ဒီမိုကရေစီ အပြည့်အဝမရှိဘူး။ ဒါပေမယ့် ကျနော်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လမ်းမပေါ်မှာ တိုက်ပွဲဝင်ခဲ့ဖူးတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ရလဒ် မရခဲ့ဘူး။ အခု ကျနော် လွှတ်တော်တွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်မယ်” ဟု သူက ပြောသည်။
ပါတီတွင်း၊ ပါတီပတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် မှားယွင်းသော နားလည်မှုများ ရှိနေကြောင်း သူသိပြီး “မြန်မာပြည်သူတွေ အပြည့်အဝ နားမလည်နိုင်သေးတဲ့ကိစ္စက ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ လူအခွင့်အရေးဆိုတာ ဘာလဲဆိုတာပဲ။ ကျနော် ဘယ်သူ့ကိုမှ သေးသိမ်အောင် လုပ်နေတာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေကို အထင်သေးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် မြန်မာပြည်သူတွေ အကြာကြီး ခံစားခဲ့ရတာက အကြောက်တရားပဲ။ အကြောက်တရားကို သူတို့ ခံစားရပြီး အဲဒီအကြောက်တရားကို သူတို့ မောင်းထုတ်ချင်ကြတယ်” ဟု သူကပြောသည်။
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အကန့်အသတ်ဖြင့် လစ်ဘရယ်လိုက်ဇေးရှင်း ပြုလုပ်သည့် ၂၀၁၀ နှစ်များအတွင်း ကိုဂျင်မီသည်လည်း ထိုအကြောက်တရားကို မောင်းထုတ်နေသည်။ ၂၀၁၂ ခုနှစ်တွင် ထောင်မှ လွတ်လာပြီးနောက် ကိုဂျင်မီသည် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကို ဦးဆောင်သည်။
ထိုအဖွဲ့သည် ၁၉၈၈ ခုနှစ် ဆန္ဒပြပွဲများအတွင်းက အရေးပါခဲ့သည့် နိုင်ငံရေးအဖွဲ့အစည်းများကို စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ ထိုဝါရင့် တက်ကြွလှုပ်ရှားသူများသည် အလုပ်သမား အခွင့်အရေးမှသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အထိ ကျယ်ပြန့်သော ပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်ပြီး နောက်မျိုးဆက် ကျောင်းသား တက်ကြွ လှုပ်ရှားသူများအတွက် အကြံဉာဏ်များလည်း ပေးသည်။ မနီလာသိန်းနှင့် ကိုဂျင်မီတို့သည် “ဒေါင်းတို့မျိုးဆက်” အမည်ရှိ သံချပ်အဖွဲ့တွင် ဦးဆောင်လမ်းညွှန်ပေးသူများလည်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကို ဝေဖန်သောကြောင့် ထိုသံချပ်အဖွဲ့ဝင် ၅ ဦးကို ထောင်ချလိုက်သောအခါ မနီလာသိန်းလည်း အဖမ်းခံရသည်။ လူငယ်မျိုးဆက်သစ်များနှင့် ကိုဂျင်မီနှင့် မနီလာသိန်းအကြား နီးကပ်သော သံယောဇဉ်ကို Generation Z မှ တက်ကြွလှုပ်ရှားသူတဦးက ပြန်ပြောပြသည်။
“ကျနော်တို့က ကိုဂျင်မီရဲ့ ဇာတိမြို့မှာ သူ့သမီးလေး နားသ မင်္ဂလာလုပ်တော့ သွားကြတယ်။ မနီလာက မိသားစုဘဝကို ပြန်ပြောပြရင်း သူတို့သမီးက မိဘဖြစ်တဲ့သူတို့တွေထက် အဘိုးအဘွားတွေကိုပဲ ပိုခင်တဲ့အကြောင်း ပြောရင်း ငိုတာကို ကိုဂျင်မီက နှစ်သိမ့်ပေးရတယ်”
“ကျနော်တို့က ကိုဂျင်မီရဲ့ ဇာတိမြို့မှာ သူ့သမီးလေး နားသ မင်္ဂလာလုပ်တော့ သွားကြတယ်။ မနီလာက မိသားစုဘဝကို ပြန်ပြောပြရင်း သူတို့သမီးက မိဘဖြစ်တဲ့သူတို့တွေထက် အဘိုးအဘွားတွေကိုပဲ ပိုခင်တဲ့အကြောင်း ပြောရင်း ငိုတာကို ကိုဂျင်မီက နှစ်သိမ့်ပေးရတယ်” ဟု သူပြောသည်။
ထိုတက်ကြွလှုပ်ရှားသူ လူငယ်က သူတို့ကျောင်းသားဘဝတွင် ထိုဇနီးမောင်နှံ၏ အိမ်သည် ပူနွေးသော အစားအသောက်နှင့် နွေးထွေးသောကြိုဆိုမှု အမြဲတမ်းရသော နေရာတခုဖြစ်ကြောင်း စာရေးသူတို့ကို ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ထိုအကြောက်တရားသည် အားအင်အပြည့်ဖြင့် ပြန်ရောက်လာသည်။ သို့သော် ယခုအကြိမ်တွင်မူ အခြေအနေများသည် ကွဲပြားခြားနားနေသည်။ ဆယ်စုနှစ် ၃ ခုကြာ နိုင်ငံရေးလှုပ်ရှားမှုကို ကျည်ဆံဖြင့် သတ်ဖြတ်မရကြောင်း အတိုက်အခံများက ပြသလိုက်သည်။
အတိုက်အခံများတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် ကော်မတီ၊ ထိုရွေးကောက်ပွဲရလဒ်အရ ဖွဲ့ထားသည့် အစိုးရ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများ၊ နယ်မြေပိုင်နက် စိုးမိုးနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော အမျိုးမျိုးသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် အခြေခံလူတန်းစား အဖွဲ့အစည်းများ၏ မဟာမိတ်အဖွဲ့ စသည်ဖြင့် ဘက်စုံမှပါဝင်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နေရာများသည် စစ်ကောင်စီ၏ ဖိနှိပ်မှုကို ရှောင်ရှားရန် အတိုက်အခံတို့ ခိုလှုံနေသော နေရာများလည်း ဖြစ်သည်။
စစ်ကောင်စီသည် ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဖြိုခွဲနေသောကြောင့် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်ခဲ့သည့် ကြီးမားသော ဆန္ဒပြပွဲများ ပြုလုပ်ရန် မဖြစ်နိုင်သော်လည်း နိုင်ငံတဝှမ်းတွင် ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပေါ်နေသေးသည်။
ဆန္ဒပြသူများသည် စစ်ကောင်စီကို ဆန့်ကျင်ရုံသာမက တိုက်ပွဲအောင်နိုင်ပါက ၎င်းတို့ တည်ဆောက်လိုသော မြန်မာနိုင်ငံသစ်ကိုပါ ထုတ်ဖော်ပြသကြသည်။ အများအပြားသည် လက်နက်စွဲကိုင်ပြီး ရုရှားမှ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် လက်နက် ပိုမိုကောင်းမွန်စွာ တပ်ဆင်ထားသော စစ်ကောင်စီတပ်၏ အန္တရာယ်မှ သူတို့ကိုယ်သူတို့ ကာကွယ်ကြသည်။
ရွာများကို ဆက်တိုက်မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်နေသည့် ကြားမှပင် စစ်ကောင်စီသည် ဖမ်းမိထားသော အတိုက်အခံအင်အားစုများကို ကွပ်မျက်ရန် ကြံစည်နေကြောင်း ထင်ရှားသည်။
စစ်ကောင်စီသည် ကိုယ့်ပြည်သူကို ကိုယ်တိုင်ပြန်လည်တိုက်ခိုက်ရာတွင် စက်ဆုပ်ဖွယ် အကြမ်းဖက် လုပ်ရပ်များကို အမြဲဖြစ်ပေါ်စေသည်။ ရွာများကို ဆက်တိုက်မီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်နေသည့် ကြားမှပင် စစ်ကောင်စီသည် ဖမ်းမိထားသော အတိုက်အခံအင်အားစုများကို ကွပ်မျက်ရန် ကြံစည်နေကြောင်း ထင်ရှားသည်။
လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း မြန်မာမှ နိုင်ငံရေးအကျဉ်းသားများသည် ထောင်များတွင် ဆယ်စုနှစ်များစွာ နေကြရသည်။ သို့သော် ၎င်းတို့ကို မေ့ပျောက်ထားခြင်း မရှိကြပေ။ ၎င်းတို့အနက် အများအပြားသည်လည်း လွတ်မြောက်ပြီးနောက် ၎င်းတို့လူ့အဖွဲ့အစည်းကို ပုံဖော်ရာတွင် တက်ကြွသောအခန်းမှ ပြန်လည်ပါဝင်ကြသည်။
NLD ၏ ရွေးကောက်ခံအစိုးရတွင် နိုင်ငံရေးအကျဉ်းသား အမြောက်အမြား ပါဝင်သည်။ ယခုအခါတွင် စစ်ကောင်စီသည် ထိုသို့သော အနာဂတ်ကို တားဆီးရန် ကြိုးစားနေပြီး မြန်မာမှ ထိုသို့သော သမိုင်းများနှင့် နိုင်ငံ၏ အနာဂတ်ကို အမြစ်ဖြတ်သုတ်သင်ရန် ကွပ်မျက်မှုများကို အသုံးပြုလာနေသည်။
ထို့ကြောင့် ကမ္ဘာတဝှမ်းမှ အစိုးရများနှင့် နိုင်ငံရေးသမားများအနေဖြင့် ထိုကျရောက်လာတော့မည့် ကွပ်မျက်မှုများကို ပြစ်တင်ရှုတ်ချရန်နှင့် ထိုပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်ရန်အတွက် စစ်ကောင်စီကို ဖိအားပေးရန် အရေးကြီးသည်။
ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့သည် စစ်အာဏာသိမ်းပြီးနောက် တွေဝေတုံ့ဆိုင်းမှု လုံးဝမရှိပေ။ သူတို့သည် ယခင်က ၎င်းတို့လုပ်ခဲ့သည့်အတိုင်းသာ လုပ်ခဲ့ပြီး အကြောက်တရားကို ဆန့်ကျင်တိုက်ခိုက်သည်။ ယခုအခါ ၎င်းတို့သည် ရနိုင်သမျှ အကူအညီအားလုံးကို လိုအပ်နေသည်။
(ဟန်ထူးခန့်ပိုင်သည် အောက်စဖို့ဒ် တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ရထားသူ ဖြစ်သည်။ သူသည် လူမှုကွန်ရက်၊ လူမျိုးစု၊ ဘာသာရေး သည်းခံမှုနှင့် မြန်မာမှ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများအကြောင်း သုတေသနများ ပြုလုပ်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ Richard Roewer သည် German Institute for Global and Area Studies တွင် သုတေသီအဖွဲ့ဝင်ဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ်တွင် ပါရဂူဘွဲ့ DPhil အတွက် သုတေသန ပြုနေသူဖြစ်သည်။ သူ၏ သုတေသနမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထူးပြုထားခြင်းဖြစ်သည်။)
(The Diplomat ပါ ဟန်ထူးခန့်ပိုင် နှင့် Richard Roewer တို့၏ Fighting the Fear: The Execution of Members of Myanmar’s Opposition Must be Stopped ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
ခွင့်မလွှတ်နိုင်တဲ့အမှားနဲ့ နောက်ဆက်တွဲ အမုန်းမီးတောက်များ
သေဒဏ်ချ ကွပ်မျက်မည့် စစ်ခေါင်းဆောင်ဆုံးဖြတ်ချက် ပြည်တွင်း/ ပြည်ပ ကန့်ကွက် ရှုတ်ချ
ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်ရန် စစ်ခေါင်းဆောင် ဆုံးဖြတ်
အာဏာသိမ်းမှုနောက်ပိုင်း သေဒဏ်ပေးမှု လွန်စွာမြင့်မား
စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ
ဦးဖြိုးဇေယျာသော်အား ဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်