• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ

by ဧရာဝတီ
27 November 2021
in ဆောင်းပါး
A A
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးဖြိုးဇေယျာသော်ကို မြင်တွေ့ရစဉ်

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးဖြိုးဇေယျာသော်ကို မြင်တွေ့ရစဉ်

17.8k
VIEWS
Share on FacebookShare on Twitter

ရက်ပ်ဂီတသမားတယောက်၏ ထုံးစံအတိုင်း စင်ပေါ်တွင် အားအင်အပြည့်အ၀ဖြင့် ဖျော်ဖြေတတ်သော သူ၏ ပရိသတ်များအတွက် လွန်ခဲ့သောရက်များအတွင်းက ဓါတ်ပုံတပုံသည် စိတ်နှလုံး ထိခိုက်ကြေကွဲစရာဖြစ်စေခဲ့သည်။ မြန်မာလွှတ်တော်အတွင်း သူနှင့်အတူ လုပ်ကိုင်ခဲ့သည့် လုပ်ဖေါ်ကိုင်ဘက်များကလည်း စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် ဓါတ်ပုံကြောင့် အလားတူစိတ်ထိခိုက်ကြရသည်။

ထိုဓါတ်ပုံတွင် သူတို့သိသည့် ဟစ်ဟော့စတားမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသော ဦးဖြိုးဇေယျာသော်ကို မမှတ်မိနိုင်တော့လောက်အောင် ဖြစ်နေသည်။ သူ၏မျက်နှာမှာ ညှင်းပမ်းနှိပ်စက်မှုများကြောင့် သိသိသာသာ ဖူးယောင်နေသည်။ သူ့ကို ဒူးထောက်ထိုင်ထားခိုင်ပြီး လက်ကိုနောက်ပြန်လက်ထိပ်ခတ်ထားသည်။ ပုံမှန်အားဖြင့် လွှတ်တော်တွင်းတွင် မြန်မာ့ရိုးရာ မောင့်ကျက်သရေခေါင်းပေါင်းဖြင့် ဖုံးအုပ်ထားလေ့ရှိသော သူ၏ဆံပင်များမှာ ရှုပ်ပွနေသည်။ ပုံမှန်အားဖြင့် ရှင်းလင်းနေအောင် ရိတ်ထားတတ်သည့် မုတ်ဆိတ်မွှေးနှင့် နှုတ်ခမ်းမွှေးများ ထိုးထောင်ထွက်နေသည်။ စစ်ကောင်စီက သူသည် ရန်ကုန်တွင် “အကြမ်းဖက်လုပ်ဆောင်မှုများ” (စစ်ကောင်စီဆန့်ကျင်သည့် လုပ်ရပ်အတွက် စစ်ကောင်စီက သုံးသောစကားလုံး) ဆောင်ရွက်သည့် အရပ်သားပြောက်ကျားခေါင်းဆောင်များတွင် ပါဝင်သည်ဟု စွပ်စွဲသည်။ အသက် ၄၀ ရှိပြီဖြစ်သော ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက်နေ့က စီးနင်းမှုတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတပ်များအပါအဝင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ရန် ခုခံရေးအင်အားစုများကို မေလမှ နိုဝင်ဘာလ အစောပ်ိုင်းအထိ သူက လက်နက်များထောက်ပံ့နေသည်ဟု စစ်ကောင်စီက စွပ်စွဲသည်။

ဦးဖြိုးဇေယျာသော်၏ ဟစ်ပ်ဟော့စတားတဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ်မှ မြို့ပြပြောက်ကျားခေါင်းဆောင် ဘဝသို့ အဆင့်ဆင့်ပြောင်းလဲမှုသည် လအနည်းငယ်သာ ကြာခဲ့သည်။ ထိုပြောင်းလဲမှုသည် ဖေဖေါ်ဝါရီလ ကံဆိုးမိုးမှောင်ကျသော စစ်အာဏာသိမ်းမှုက စတင်ခဲ့သည်။

အရေးတော်ပုံအောင်ရမည်

စတင်ခြင်း အမည်ရှိ ၎င်းတို့၏ ပထမဆုံး ဟစ်ပ်ဟော့ သီချင်းများဖြင့် မြန်မာနိုင်ငံကို စတင်မိတ်ဆက်ပေးပြီး နှစ်ပေါင်း ၂၀ ကျော်ကြာသောအခါ ACID အဖွဲ့သားများဖြစ်သော ဇေယျာသော် (ဦးဖြိုးဇေယျာသော်)၊ ရန်ရန်ချန်း၊ အနဂ္ဂနှင့် ကျော်ကြားပြီး အဆိုတော် R ဇာနည်တို့သည် ဖေဖေါ်ဝါရီလ ပထမပတ်အတွင်းက သီချင်းအယ်လ်ဘမ်သစ်ထုတ်ရန် အလုပ်များနေကြသည်။

၂၀၀၀ ပြည့်နှစ်များအတွင်း တွေ့ရသည့် Hip-hop ဂီတအဖွဲ့ ACID အဖွဲ့ဝင် အဆိုတော် R ဇာနည်(ဝဲ) ၊ Rapper များ ရန်ရန်ချမ်း (လယ်) နှင့် ဖြိုးဇေယျာသော် (ယာ)

မြန်မာနိုင်ငံမှ အခြားသူ အများအပြားကဲ့သို့ပင် ၎င်းတို့၏ အစီအစဉ်သည်လည်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဇောက်ထိုးပြောင်းပြန်ဖြစ်ကုန်သည်။

သီချင်းအယ်လ်ဘမ်သစ်ထုတ်ဝေရန် လုပ်ဆောင်ရမည်အစား သူနှင့် သူ့သူငယ်ချင်းများသည် လမ်းမပေါ်ထွက်ပြီး စစ်အုပ်စုဆန့်ကျင်ရေးတွင် ပါဝင်ကြရပြီး စစ်အာဏာသ်ိမ်းမှုကို ဆန့်ကျင်ကာ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးကို တောင်းဆိုကြသည်။ စစ်အာဏာသိမ်းမှုသည် လူတဦးချင်းစီ၏ အနာဂတ်ကိုသာမက တိုင်းပြည်အနာဂတ်ကိုပါ ဖျက်ဆီးလိုက်သောကြောင့် ပြည်သူများအနေဖြင့် တန်ဖိုးမည်မျှပေးဆပ်ရသည်ဖြစ်စေ စစ်ကောင်စီကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း ထိုစဉ်က သူပြောသည်။

ဦးဖြိုးဇေယျာသော်၏ ဟစ်ပ်ဟော့စတားတဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ်မှ မြို့ပြပြောက်ကျားခေါင်းဆောင် ဘဝသို့ အဆင့်ဆင့်ပြောင်းလဲမှုသည် လအနည်းငယ်သာ ကြာခဲ့သည်။ ထိုပြောင်းလဲမှုသည် ဖေဖေါ်ဝါရီလ ကံဆိုးမိုးမှောင်ကျသော စစ်အာဏာသိမ်းမှုက စတင်ခဲ့သည်။

“ကျနော်တို့က လမ်းမပေါ်ထွက်သင့်လို့ ထွက်လာတာ။ ကျနော်တို့အားလုံးညီညွတ်ရင် စစ်ကောင်စီဟာ မကြာခင် ကျဆုံးသွားမယ်။ အဲဒါကို ကျနော်ယုံကြည်တယ်၊ အရေးတော်ပုံအောင်ရမယ်” ဟု မတ်လအစောပိုင်းက ရန်ကုန်မြို့လယ်တွင် ပြုလုပ်သည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် သူပြောသည်။

ထိုစဉ်ကစပြီး စစ်ကောင်စီသည် ဆန္ဒပြသူများအား နှိမ်နင်းမှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့တော့သည်။ မကြာမီအချိန်အတွင်းမှာပင် ကိုယ့်ပြည်သူကိုယ် ပြန်လည်သတ်ဖြတ်သော ရက်စက်ကြမ်းကြုတ်မှုများဖြင့် စစ်ကောင်စီသည် တကမ္ဘာလုံးကို အံ့သြတုန်လှုပ်စေခဲ့တော့သည်။ ထို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖမ်းဆီးမှုများ ကြောင့်ပင် ဆန္ဒပြသူအများအပြားသည် လက်နက်စွဲကိုင်တော်လှန်ကြရသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သူအများအပြားနှင့်NLD လွှတ်တော်ကိုယ်စားလှယ်အများအပြားသည် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုနှစ်ဖွဲ့လုံးတွင်ပါဝင်သော ဦးဖြိုးဇေယျာသော်သည် မြေအောက်လောကသို့ ပြောင်းရွှေ့လျှိုးငုတ်သွားခဲ့သည်။

ထိုနောက် ဧပြီလတွင် စင်ပြိုင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းလိုက်သောအခါ ခေါင်းဆောင်ပိုင်းတွင် ပါဝင်နေသည့် လုပ်ဖေါ်ကိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်များကို သူဆက်သွယ်သည်။ သူသည် NUG ၏ ရန်ကုန်ကိုယ်စားလှယ်နှင့် စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင်ဖြစ်သည်ဟု စစ်ကောင်စီက ပြောသည်။

ရန်ကုန်တွင် မြို့ပြပြောက်ကျားခေတ်တခေတ် အာရုဏ်တက်လာခဲ့ပြီဖြစ်သည်။

အပြောင်းအလဲ၏တမန်တော်

ဦးဖြိုးဇေယျာသော်သည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပါဝင်သူဖြစ်သည်။

ရက်ပ် ဂီတသမား၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ယခုအခါ စစ်ကောင်စီက ပြောသကဲ့သို့ ခုခံရေးလှုပ်ရှားမှု ခေါင်းဆောင်အပြင် သူသည် လူမှုတက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ခဲ့သည်။

ရန်ကုန်တွင်မွေးဖွားပြီး တက္ကသိုလ်တွင် အင်္ဂလိပ်စာလေ့လာခဲ့သည်။

နေ့စွဲ အတိအကျ မသိသည့် ဖြိုးဇေယျာသော် ဓာတ်ပုံ

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် သူသည် ထိုစဉ်က စစ်အုပ်စုကို ဆန့်ကျင်သည့် အစိုးရဆန့်ကျင်ရေးများကို ဖြန့်ချိရန် ပြောက်ကျားနည်းများ အသုံးပြုသည့် လူငယ်မြေအောက်အဖွဲ့အစည်းဖြစ်သည့် Generation Wave ကို ထူထောင်ခဲ့သည်။ နောက်တနှစ်ကြာသောအခါ သူသည် တရားမဝင်အသင်း ဖွဲ့စည်းခြင်းနှင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၂၀ ပိုင်ဆိုင်ခြင်းအတွက် အဖမ်းခံရသည်။ သူ ထောင် ၆ နှစ်ချခံရပြီး ထိုအတွေ့အကြုံသည် သူ့ဘဝ၏ ဦးတည်ချက်ကို ရှာဖွေသောကာလဖြစ်သည်ဟု သူပြောသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖမ်းဆီးမှုများ ကြောင့်ပင် ဆန္ဒပြသူအများအပြားသည် လက်နက်စွဲကိုင်တော်လှန်ကြရသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သူအများအပြားနှင့်NLD လွှတ်တော်ကိုယ်စားလှယ်အများအပြားသည် ပုန်းအောင်းနေထိုင်ကြရသည်။ ထိုနှစ်ဖွဲ့လုံးတွင်ပါဝင်သော ဦးဖြိုးဇေယျာသော်သည် မြေအောက်လောကသို့ ပြောင်းရွှေ့လျှိုးငုတ်သွားခဲ့သည်။

“အဲဒီမတိုင်ခင်က ကျနော်က မတရားမှုကိုဆန့်ကျင်ပုန်ကန်တဲ့ တက်ကြွလှုပ်ရှားသူတယောက်သာဖြစ်သည်။ ကျနော်ထောင်ထဲရောက်နေတုန်းက ကျနော်ဘာဖြစ်ချင်တာလဲဆိုတာကို ကျနော်အလေးအနက်စဉ်းစားတယ်။ ကျနော်က မတရားမှုတွေကို အဆုံးသတ်ချင်တော့ ကျနော် ၂၀၁၁ ခုနှစ်မှာထောင်ကလွတ်တော့ NLD ကို ဝင်လိုက်တယ်” ဟု ၂၀၁၉ ခုနှစ်က လွတ်လပ်သောအာရှအသံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူပြောသည်။

ထိုစဉ်က ပါတီကို သွေးသစ်လောင်းနေသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ကြိုဆိုခဲ့ပြီး သူ၏ စွန့်လွှတ်အနစ်နာခံမှုများ အချည်းနှီးမဖြစ်စေရန် တိုက်တွန်းကာ နိုင်ငံနှင့် ပါတီသည် သူ့လို လူငယ်များကို လိုအပ်ကြောင်းပြောသည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင်ကို အနိုင်ရပြီး ရွေးချယ်ခံရသည်။

ထိုနှစ်တွင်ပင် သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဥရောပခရီးစဉ်တွင် နော်ဝေးအပါအဝင် နိုင်ငံပေါင်း ၅ နိုင်ငံသို့ လိုက်ပါသွားခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ် ထိုစဉ်က စစ်တပ်က ဖမ်းဆီးထားသောကြောင့် သွားရောက်လက်ခံနိုင်ခြင်း မရှိသည့် နိုဘယ်ဆုကို တရားဝင်သွားရောက် လက်ခံယူခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် နေပြည်တော် လွှတ်တော်အဆောက်အဦး၌ ဒေါ်အောင်ဆန်းစုကြည်အနီး တွေ့ရသော ဦးဖြိုးဇေယျာသော်

“သူက အလွန်စိတ်ရှည်၊ အသေးစိတ်ကျ၊ အလုပ်ကြိုးစားပြီး နိုင်ငံရေးအပြောင်းအလဲကို မမြဲစောင့်ကြည့်တယ်” ဟု ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ၂၀၁၈-၂၀ အတွင်း အတူလုပ်ကိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးပြောသည်။

ထိုရက်ပ်ဂီတသမားဟောင်းသည် ဂီတသမားဘဝသို့ ပြန်သွားရန် ၂၀၂၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်းမရှိပေ။

၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် နေပြည်တော်တွင် ကူညီ မဲဆွယ်ပေးပြီးနောက် သူသည် ဂီတအတွက် အချိန်ပေးသည်။

သူ၏ ရင်းနှီးသောမိတ်ဆွေနှင့် အက်စစ်အဖွဲ့ဝင် ရန်ရန်ချန်းက ဖေဖေါ်ဝါရီလအစောပိုင်း သူနှင့် သူ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း သူငယ်ချင်းသည် ထိုအချိန်က ထုတ်ဝေရန် စီစဉ်ထားသည့် အယ်လ်ဘမ်သစ်ကို အချောသတ်ရန် အလုပ်များနေခဲ့ကြောင်း ပြောသည်။ ထိုနောက် အာဏာသိမ်းပြီး သူ၏မိတ်ဆွေ အဖမ်းခံရသည်။

“သူက ဆုံးဖြတ်ချက်ပြတ်သားတယ်။ နိုင်ငံရေးအရ ပြတ်သားတယ်။ ဂီတအရ ပြတ်သားတယ်။ ဘာလုပ်လုပ် ပြတ်သားတယ်” ဟု ရန်ရန်ချန်းက ဧရာဝတီသတင်းဌာနသို့ပြောသည်။

ဦးဖြိုဇေယျာသော်သည် လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် အနစ်နာခံဆောင်ရွက်သူဖြစ်ကြောင်း အားလုံးသိသည်ဟု သူ၏မိတ်ဆွေရင်း တေးသံရှင် R ဇာနည်ကလည်း ပြောသည်။

“ကျနော်တို့ မိတ်ဆွေအကြောင်း ကျနော်တို့ပိုသိတယ်။ သူက လူကောင်းတယောက်။ သူ့ကိုလွတ်မြောက်စေချင်တယ်” ဟုလည်း ဦးဖြိုးဇေယျာသော် အဖမ်းခံရသော သတင်းထွက်လာအပြီး R ဇာနည်က ပြောသည်။

မိုးလုံးပြည့် ဝါဒဖြန့်ချိရေး

မေလအတွင်း ဒေသဆိုင်ရာအုပ်ချုပ်ရေး ရုံးများနှင့် လုံခြုံရေးစစ်ဆေးရေးစခန်းများကဲ့သို့သော စစ်ကောင်စီ ပစ်မှတ်များကို မီးရှို့တိုက်ခိုက်မှုများနှင့်ဖေါက်ခွဲတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလာသည်။ ထိုနောက်တွင် စစ်ကောင်စီခန့်အရာရှိများကို အနီးကပ်ပစ်သတ်ခြင်းနှင့် စစ်ကောင်စီ စစ်ဆေးရေးစခန်းများကို ပစ်ခတ် ထွက်ပြေးမှုများဖြစ်ပွားလာသည်။ ထိုတိုက်ခိုက်မှုများအနက် အချို့ကို ဒေသဆိုင်ရာ PDF များက တာဝန်ယူသည်။

၂၀၁၂ ဥရောပခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးဖြိုးဇေယျာသော်

စစ်ကောင်စီကလည်း ခုခံရေးအင်အားစုများကို ဖြိုခွဲပြီး ဖမ်းဆီးမှုအများအပြားလုပ်သည်။ ဖမ်းဆီးခံရသူများကို စစ်ဆေးသောအခါ ဦးဖြိုးဇေယျာသော်သည် တိုက်ခိုက်မှုအများအပြား၏ နောက်ကွယ်တွင် ပါဝင်နေကြောင်း စစ်ကောင်စီကပြောပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် သူ့ကို တရားစွဲဆိုသည်။ သူ အဖမ်းခံရပါက ညှင်းပမ်းနှိပ်စက်ခံရမည်ကို သိနေသောကြောင့် ပြည်သူများက သူ့အတွက် စိတ်ပူပြီး သူ၏ လုံခြုံရေးအတွက် ဆုတောင်းပေးကြသည်။

သို့သော် ပြည်သူများ၏ ထိုဆန္ဒသည် ပြည့်၀ခြင်း မရှိပေ။ လွန်ခဲ့သောအပတ်က ရန်ကုန်မြို့စွန်မှ အိမ်ရာတခုကို စီးနင်းသောအခါ ဦးဖြိုးဇေယျာသော်ကို ဖမ်းလိုက်သည်။

“သူက အလွန်စိတ်ရှည်၊ အသေးစိတ်ကျ၊ အလုပ်ကြိုးစားပြီး နိုင်ငံရေးအပြောင်းအလဲကို မမြဲစောင့်ကြည့်တယ်” ဟု ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် ၂၀၁၈-၂၀ အတွင်း အတူလုပ်ကိုင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးပြောသည်။

ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် အရပ်သားခုခံမှုကို အမြစ် ဖြတ်နိုင်ခဲ့ကြောင်း သရုပ်ဖေါ်သည့် အဓိကကျသော ဝါဒဖြန့်ချိရေး လှုပ်ရှားမှုကို ပြုလုပ်သည်။ လွန်ခဲ့သော လကလည်း စစ်ကောင်စိသည် အခြားကျော်ကြားသည့် ခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီကို ဖမ်းဆီးပြီး မြို့တွင်း လက်နက်ကိုင်ခုခံရေးလှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲသည်။ ယခုလည်း ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးလိုက်သည်။ လွတ်မြောက်နေဆဲဖြစ်သော ခုခံရေးအင်အားစုများ စိတ်ဓါတ်ကျဆင်းစေရန် အားထုတ်သည့်အနေဖြင့် စစ်ကောင်စီသည် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးပြီးနောက် သူ၏ ဓါတ်ပုံကို စစ်ကောင်စီ သတင်းစာများနှင့် ရုပ်သံလိုင်းများတွင် နေ့စဉ် နီးပါး ထည့်သွင်း ဖေါ်ပြပြီး ဖမ်းဆီးမှုနှင့် လက်နက်သိမ်းဆည်းမှုများကို ဖေါ်ပြသည်။

သူသည် ရန်ကုန်မှ တိုက်ခိုက်မှု ၁၅ ခုအတွက် လက်နက်ခဲယမ်းများ ထောက်ပံ့ခဲ့သည်ဟု စစ်ကောင်စီကပြောပြီး ထိုဖြစ်ရပ်များ၏ ရက်စွဲများနှင့်နေရာများကို အသေးစိတ်ဖေါ်ပြသည်။ထိုသတင်းကို စစ်ကောင်စီပိုင် မြဝတီ ရုပ်သံကဖေါ်ပြသောအခါ ၂၀၁၂ ခုနှစ်က ရိုက်ကူးထားခြင်းဖြစ်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးဇေယျာသော် အတူတကွ ရိုက်ကူးထားသော ဓါတ်ပုံကို ဖေါ်ပြသည်။ ထိုသို့လုပ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဖြိုးဇေယျာသော်တို့ နှစ်ဦးလုံးကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဖြစ်သည်ဟု မြင်ကြသည်။

ဖမ်းဆီးခံရသူများကို စစ်ဆေးသောအခါ ဦးဖြိုးဇေယျာသော်သည် တိုက်ခိုက်မှုအများအပြား၏ နောက်ကွယ်တွင် ပါဝင်နေကြောင်း စစ်ကောင်စီကပြောပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် သူ့ကို တရားစွဲဆိုသည်။ သူ အဖမ်းခံရပါက ညှင်းပမ်းနှိပ်စက်ခံရမည်ကို သိနေသောကြောင့် ပြည်သူများက သူ့အတွက် စိတ်ပူပြီး သူ၏ လုံခြုံရေးအတွက် ဆုတောင်းပေးကြသည်။

သတင်းစာများနှင့် ရုပ်သံများတွင် စစ်ကောင်စီသည် အောင်ပွဲခံနေသော်လည်း PDF များနှင့်ပတ်သက်သည့် စစ်ကောင်စီ၏ စိုးရိမ်ပူပန်မှုများကို ရန်ကုန်ရှိလမ်းမများက ဖေါ်ပြနေသည်။ လမ်းထောင့်များရှိ စစ်ဆေးရေး စခန်းများကို ယခင်ကထက် ပိုမိုများပြားသည့် သဲအိတ်များဖြင့် ကာကွယ်ထားသည်။ စိတ်ရှုပ်ထွေးနေသည့် မျက်နှာနှင့် လက်နက်ကိုင်စစ်သားများက လမ်းသွားလမ်းလာအားလုံးကို သံသယဖြင့် ကြည့်နေသည်။ အမ်-၁၆ သေနတ်ပြောင်းသည် ဖြတ်သန်းသွားသော ကားတစင်းမှ မည်သည့်အချိန်မဆို ရောက်လာနိုင်ကြောင်း ယခင်ဖြစ်ရပ်များကြောင်း သူတို့သိနေကြသည်။

၂၀၁၆ မတ်လ သမ္မတ ဦးထင်ကျော်နှင့် အတူ မြင်တွေ့ရသော ဦးဖြိုးဇေယျာသော်

ထိုထက် ပိုမိုအရေးကြီးသောကိစ္စမှာ မကြာသေးမီက ဖမ်းဆီးမှုများအပြီး စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှု အရေအတွက် ကျဆင်းသွားသော်လည်း ရန်ကုန်တွင် လှုပ်ရှားနေသည့် PDF များအားလုံးကို ခြေရာခံရန် မဖြစ်နိုင်ဟု အများအပြားက ယုံကြည်ကြသည်။ အချို့ PDF များသည် NUG ၏ ကွပ်ကဲမှုအောက်တွင် ရှိသော်လည်း အခြား PDF အများအပြားမှာ လျှော့တိလျှော့ရဲ ဖွဲ့စည်းထာခြင်းဖြစ်ပြီး တမြို့လုံးတွင် ပျံ့ကြဲနေကာ သီးခြားလွတ်လပ်စွာ လှုပ်ရှားနေကြသည်။ ၎င်းတို့သည် စစ်ကောင်စီအတွက် ခြိမ်းခြောက်မှု ဖြစ်နေဆဲဖြစ်ပြီး အခွင့်အရေးရသည်နှင့် အသေးစားတိုက်ခိုက်မှုများ လုပ်နိုင်သည်။

မကြာသေးမီက ဖမ်းဆီးမှုများအပြီး စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှု အရေအတွက် ကျဆင်းသွားသော်လည်း ရန်ကုန်တွင် ပျံ့ကြဲနေကာ သီးခြားလွတ်လပ်စွာ လှုပ်ရှားနေကြသော PDF တို့သည် စစ်ကောင်စီကို အခွင့်အရေးရသည်နှင့် အသေးစားတိုက်ခိုက်မှုများ လုပ်နိုင်သေးသည်။

တချိန်တည်းတွင် ဦးဖြိုးဇေယျာသော်သည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော စစ်ကြောမှုများကို ခံနေရပြီး စွဲချက်အများအပြားတင်ခံရပြီး ကာလကြာမြင့်စွာ ထောင်ချခံရမည်မှာ သေချာနေသည်။

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာကို အကြမ်းဖက်ကာ အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများ ဖြစ်ပွားနေသော နိုင်ငံတွင် ထိုသို့သော ဖမ်းဆီးမှုများ ကြားရသည်မှာ မထူးဆန်းတော့သော်လည်း သူ၏ လုပ်ဖေါ်ကိုင်ဖက် ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရသော သတင်းကြောင့် အထူးဝမ်းနည်းရကြောင်း ဦးဘိုဘိုဦး ပြောသည်။

“ကိုဇေယျာသော်က စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင်တဲ့ လူငယ်အများအပြားကို ကိုယ်စားပြုတယ်” ဟု သူပြောသည်။

ဦးဖြိုးဇေယျာသော် အဖမ်းခံရသောနေ့တွင် သူ၏ဂီတအဖွဲ့ဝင် ရန်ရန်ချမ်းကလည်း “ဒါ မင်းအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ဘူး။ မင်းဖြတ်သန်းနိုင်မယ်လို့ ယုံကြည်တယ် သူငယ်ချင်း” ဟု ရေးသားခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Metamorphosis of an Enemy of Myanmar’s Regime ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အဖေ အသက်ပေးခဲ့တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးတိုက်ပွဲ သမီး လွှတ်တော်အမတ် ဆက်လုပ်မည်

စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
473
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
486
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187

စုဖွဲ့ခေါင်းဆောင်မှုနှင့် NUCC ၏ ခြေလှမ်း

ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်

Your Thoughts …
Tags: AcidNLDစစ်ကောင်စီ၏ ရန်သူမြို့ပြပြောက်ကျားလှုပ်ရှားမှုရက်ပ်ဂီတသမားလွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
၂၀၁၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်တွင် ပြုလုပ်သည့်ညီလာခံကို ရောက်ရှိလာသည့် ဗိုလ်မှူးကြီး စောဆန်းအောင် / ဧရာဝတီ

စစ်တပ်ထံ လက်နက်ချထားသည့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို DKBA က ဗျူဟာမှူး ပြန်ခန့်

အိုမီခရွန်သည် လက်ရှိအချိန်အထိ စိုးရိမ်စရာဟု သတ်မှတ်ထားသောမျိုးကွဲများတွင် ပဉ္စမမြောက် ဖြစ်သည် / AFP

ကိုဗစ်ပိုးသစ် Omicron အကြောင်း သိရသမျှ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved