• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှမ်း-ကယား နယ်စပ်မှာ ဘာသာရေးမီး ဘယ်သူတွေ မွှေးနေလဲ

by စောလွင်
25 October 2024
in ဆောင်းပါး
A A
ရှမ်း-ကယား နယ်စပ်မှာ ဘာသာရေးမီး ဘယ်သူတွေ မွှေးနေလဲ

စစ်ကောင်စီသည် ကရင်နီတော်လှန်ရေးကို ချေမှုန်းနေသလို ရေမြေဆက်စပ်နေသည့် ပအိုဝ်တိုင်းရင်းသားများ ကိုလည်း ဘာသာရေးဗန်းပြကာ ဖဲ့ထုတ်စည်းရုံးနေသည်(ဧရာဝတီ)

3.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ရှမ်း-ကယား နယ်စပ်၌ စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာ၍ ပင်လောင်း၊ ဖယ်ခုံ မြို့နယ်များ၌ တိုက်ပွဲများဖြစ်နေချိန် ယခုလဆန်းပိုင်းက ဖယ်ခုံမြို့နယ် လအိရွာ၌ လူမျိုးရေး၊ ဘာသာရေး အဓိအရုဏ်းများ ဖြစ်နိုင်သည့် ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ် ပေါက်ပေါက်ခဲ့သည်။

ထိုဒေသက ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှု အားကောင်းသော ပအိုဝ်တိုင်ရင်းသားများသာမက ခရစ်ယာန်ဘာသာ ကိုး ကွယ်သူများလည်း နေထိုင်ကြရာ ဤဖြစ်ရပ်က ဒေသတွင်း ရှေးဦးမဆွ တဦးနှင့် တဦး ချစ်ကြည်စွာ နေထိုင်ကြသည့် လူအဖွဲ့ အစည်းကြား သွေးကွဲစေရန် လုပ်ဆောင်သည့် ဘာသာရေးမီးမွှေးမှု တခုပင် ယူဆရမည်။

ဖယ်ခုံသည် တောင်ကြီးခရိုင်တွင် ပါဝင်ပြီး ကယား၊ ကယန်း၊ ရှမ်း၊ ဗမာ၊ ပအိုဝ်၊ ဓနု၊ ချင်း၊ မွန်၊ ရခိုင်၊ အင်းသား၊ အခါ စသည့် လူမျိုးများနေထိုင်ကြလျှက် ၂၀၁၉ ခုနှစ် ကောက်ယူရရှိသည့် စာရင်းအရ ဗုဒ္ဓဘာသာဝင် ၅၆၂၂၁ ဦး၊ ခရစ်ယာန် ဘာသာဝင် ၅၁၆၀၉ ဦး၊ အစ္စလာမ်ဘာသာဝင် ၁၁ဦး ရှိကြောင်း သိရသည်။

ဆင်းတုများ ခေါင်းဖြတ်ခံရသည်ဆိုသော လအိရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိကာ ဗုဒ္ဓဘာသာ၊ ကက်သလစ် ခရစ်ယာန် ဘာသာနှင့် နတ်ကိုးကွယ်မှုတို့ အပါအဝင် ဘာသာပေါင်းစုံ ယုံကြည်ကိုးကွယ်သူများဖြင့် နှစ်ပေါင်းကြာရှည် ဘာသာရေး ပြဿနာ မရှိခဲ့သလို ဘုရား၊ ကျောင်း စေတီများ တည်ဆောက်ချိန်၌လည်း ဘာသာမခွဲ ရိုင်းပင်းကူညီသည့် အစဉ်အလာ ကောင်းသော ကျေးရွာဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။

သို့သော် ထူးဆန်းသည်က အောက်တိုဘာ ၂ရက် ဘုရားဆင်းတုများ ဖျက်ဆီးခံရသည့် ရုပ်သံလူမှုကွန်ရက်၌ ပေါ်လာချိန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်၊ တစ်တော့၊ ယူကျု့ ဖေ့ဘွခ်တို့၌ အမျိုးသားရေး၊ ဘာသာရေးအစွန်းရောက်တို့၏ သွေးထိုး လှုံ့ဆော်မှုများ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရသလို ထိုဖြစ်ရပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆီဆိုင်၊ လွိုင်ကော်သို့ လာပြီး တလပင်မပြည့်ခင်ဖြစ်သဖြင့် မပြေးသော်လည်း ကန်ရာရှိဆိုသလို ဘာသာရေးကို ခုတုံးလုပ်တတ်သည့် စစ်တပ်လက်ချက် ဟု ပင် မုချတွေးထင်ရမည်မှာ မလွဲပင်ဖြစ်သည်။

ဘုရားဆင်းတုများအား ခေါင်းဖြတ်ကာ ဘာသာရေးမီးမွှေးသည့် ဖြစ်စဉ်ဖြစ်ခဲ့သည့် လအိရွာပြ မြေပုံ (ဧရာဝတီ)

မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ၂ ၏ ထုတ်ပြန်ချက်အရဆိုလျှင် အောက်တိုဘာ ၁ရက်က ဒေသခံအမျိုးသမီးကြီ ၂ဦး လအိ ရွာ တောင်ပေါ်စေတီသို့ ဘုရားပန်းလဲရန် လာစဉ် ဘုရားဆင်းတုတော် ၉ ဆူ ခေါင်းဖြတ်ခံထားရပြီး ကျန်ဆင်းတုတော်များ လည်း လက်ရိုက်ချိုးခံထားရသည်ကို စတင်တွေ့ရခြင်းဖြစ်ကြောင်းသိရသည်။

စေတီရှိရာ တောင်ခြေသည် အိမ်ခြေများနှင့် ဝေး၍ လူသူကင်းမဲ့သည့် ဘုရားရင်ပြင်ပေါ်သို့ မိနစ် ၂၀ ခန့် ခက်ခက် ခဲခဲ တက်ရသဖြင့် ဘုရားဆင်းတုတော်များကို ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ လာရောက် လုပ် ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတဦးက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
14
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
155
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.8k

ထိုဖြစ်ရပ်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ဗျူဟာ ၁ နှင့် ၈ အပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG ) ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁၀၀၇ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် ၂ (MOBYE PDF 2)တို့က သက်ဆိုင်ရာ အုပ်ချုပ်ရေးအပါအဝင် အဖွဲ့အစည်းအသီးသီး၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ကျူးလွန်သူများအား စုံစမ်းရှာဖွေကာ ပြင်းထန်သော အပြစ်ပေးမှုများ ချမှတ်ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

နိုင်ငံတဝှမ်း အရေးမလှဖြစ်နေသည့် စစ်ကောင်စီသည် ရခိုင်နှင့် ရိုဟင်ဂျာတို့အကြား ဘာသာရေး လူမျိုးရေး ပဋိပက္ခဖန်တီး သလို ရှမ်းမြောက်တွင်လည်း လူမျိုးရေးပဋိပက္ခများ ဖြစ်ရန်လှုံ့ဆော်ခဲ့သည်မှာ အထင်အရှားပင်၊ ထို့ကြောင့် ကရင်နီနှင့် ပအိုဝ်းဒေသတွင်လည်း ဤအတိုင်း လုပ်ဆောင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု အများက ယူဆသည်။

စစ်ကောင်စီသည် ရှမ်း-ကယားနယ်စပ်တွင် ဘာသာရေး လူမျိုးရေး ပဋိပက္ခဖန်တီးနေသည်မှာ ယခုမှမဟုတ်ပါ။

နေပြည်တော်ကို အနီးဆုံးမှနေ၍ တော်လှန်နေသော ကရင်နီပြည်အား ချေမှုန်းရန် အင်အားထောင်ချီရှိ စစ်ကြောင်းများ အကြိမ်ကြိမ် စေလွှတ်ခဲ့သလို ကရင်နီတို့နှင့် ရေမြေဆက်စပ်ကာ ရှေးကတည်း အတူနေကြသည့် ပအိုဝ်တိုင်းရင်းသား များကိုလည်း ဘာသာရေး ဗန်းပြ၍ အခွင့်အရေးများပေး ဖဲ့ထုတ်စည်းရုံးနေသည်များကိုလည်း တွေ့ရသည်။

၂၀၂၃ မတ်လ ၇ ရက်က စစ်ခေါင်းဆောင်၏ တောင်ကြီးခရီးစဉ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ PNO နာယကကြီး ဦးအောင်ခမ်းထီး၏ ကျောက်တလုံးကြီးနေအိမ်သို့ သွားခဲ့ပြီးနောက် တိုက်ဆိုင်စွာပင် မတ်လ ၁၁ ရက်၌ ပင်လောင်း မြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် သံဃာ၃ ပါး နှင့် ပအိုဝ်းပြည်သူ ၂၀ ကျော် အစုလိုက် သတ်ဖြတ်ခံခဲ့ရမှု ဖြစ်ခဲ့သည်။

အောက်တိုဘာ ၃ ရက်က ကျောက်တလုံးကြီးမြို့၌ ပြုလုပ်သော PNO အင်အား ၇၀၀၀ ဖြင့် စစ်သင်တန်းဆင်းပွဲ ပြုလုပ်ပုံ/ PNO

ထိုဖြစ်စဉ်အပေါ် စစ်ကောင်စီလော်ဘီများနှင့် ပအိုဝ်ပြည်သူ့စစ် (PNO) တို့က ကရင်နီတော်လှန်ရေးအင်အားစုများအပေါ် စွပ်စွဲပြောဆို ဝါဒဖြန့်ခဲ့ကြပြီး တောင်ကြီး၌လည်း အင်အား ၂ သောင်းခန့်ဖြင့် ကရင်နီတော်လှန်ရေးအဖွဲ့များကို ရှုတ်ချ ကြောင်း၊ ဆန့်ကျင်ကြောင်း၊ မလိုမရှိကြောင်း လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

သို့သော် NUG အပါအဝင် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက ဖြစ်စဉ်အကြောင်းအရာနှင့် စစ်ကောင်စီ၏ လက်ချက် ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသော သက်သေအထောက်အထားများကို သတင်းစာရှင်းလင်းပွဲလုပ်ဖြေရှင်းသဖြင့် လူမျိုးရေး၊ ဘာသာရေး ပဋိက္ခဖြစ်ပွားသည်အထိ ပြဿနာ မကြီးထွားခဲ့ပေ။

ထိုဖြစ်ရပ်က စစ်ကောင်စီနှင့် ပအိုဝ်းခေါင်းဆောင်များအတွက်မူ များစွာအမြတ်ထွက်စေခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုကာ စည်းရုံးမှုများနှင့်အတူ ဒေသကာကွယ်ရေး၊ လုံခြုံရေး အကြောင်းပြချက်များဖြင့် ပအိုဝ်းဒေသတွင်း စစ်အင်အား စုဆောင်းခြင်းများနှင့် မဖြစ်မနေ အခြေခံစစ်သင်တန်းတက်ခိုင်းခြင်းများကို PNO က ပိုမိုဖိအားပေး ပြုလုပ် လာခဲ့သည်။

ထို့ကြောင့်လည်း စစ်ကောင်စီသည် နိုင်ငံအနှံ့ မြို့ရွာတပ်စခန်းများစွာ ဆုံးရှုံးနေရသည့်တိုင် ပအိုဝ်းဒေသကို အခြေပြု၍ ကရင်နီပြည် လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို တောင်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ခဲ့သော ဆီဆိုင်မြို့ကို လည်း လပိုင်းအတွင်း ပြန်လည်ရယူနိုင်ခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာ ၄ ရက် ဆီဆိုင်မြို့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပင် ပအိုဝ်းပြည်သူစစ်တို့၏ အင်အားဖြင့် ဆီဆိုင်မြို့ကို ပြန်လည်ရယူ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဝံ့ကြွားပြောဆိုခဲ့သလို ဆီဆိုင်ဝန်ကျင်းရှိ ကျေးရွာများမှ ပအိုဝ်းတိုင်းရင်သားများက ရွာလုံးကျွတ်နီးပါး အင်အားစု၍ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း အသိအမှတ်ပြု ပြောဆိုခဲ့သည်။

ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA )နှင့် ပူးပေါင်းတပ်များက ယခုနှစ်ဆန်းက သိမ်းပိုက်နိုင် သော်လည်း စစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ်များကို လက်နက်ထောင် ချီပေး၍ ပြန်ထိုးစစ်ဆင်စေရာ မေလအတွင်း ပြန်ရ ပြီးနောက် ကရင်နီမြို့တေ် လွိုင်ကော်ကိုပင် ဆီဆိုင်လမ်း၊ ပင်လောင်း- ဖယ်ခုံလမ်းများကို သုံး၍ အင်အား အလုံးအရင်းဖြင့် စစ်ဆင်ခဲ့ရာ ဇွန်လက ပြန် ထိန်းချုပ်နိုင်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ဟိုပုန်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့တွင် ၂၀၁၉ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ လူဦးရေ ၃၄၁,၄၉၂ ဦးရှိပြီး ပအိုဝ်းတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းဝန်းကျင်ဖြင့် အများဆုံးနေထိုင်ကြသည်။

၂၀၂၃ မတ်လ ၇ ရက်နေ့က ရှမ်းပြည်နယ် ကျောက်တလုံးကြီးရှိ ဦးအောင်ခမ်းထီးနေအိမ်သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက် တွေ့ဆုံခဲ့စဉ် / MOI

လက်ရှိ ပအိုဝ်းနိုင်ငံရေးကို ဦးဆောင်နေသောအဖွဲ့အစည်းများအဖြစ် PNO ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့တွင် စစ်ကောင်စီလက်အောင်ခံ PNO က ပအိုဝ်းပြည်သူတို့ အပေါ် သြဇာအကြီးမားဆုံး ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဆီဆိုင်မြို့နယ်မှ စစ်ရှောင်များကို ကူညီနေသူတဦးက ” PNO နာယကကြီး ဦးအောင်ခမ်းထီးက ဘုန်းကြီးလူထွက် အပြော အဟောလည်း ကောင်းတယ်။ သြဇာလည်း အတော်ကြီးတယ် သူဟောပြောရင် တော်ရုံဘာမှမသိတဲ့ လူတွေက စိတ်လည် သွားကြမှာပဲ ဘယ်သူလုပ်မှန်းမသိတဲ့ နမ့်နိန်းလိုကိစ္စမျိုးမှာ PNO ခေါင်းဆောင်တွေ စည်းရုံးလို့ ကောင်းခဲ့တာပေါ့”ဟု ပြောသည်။

နမ့်နိန်းရွာဖြစ်စဉ်တွင် တော်လှန်ရေးအင်အားစုများအပေါ် ပအိုဝ်းပြည်သူများက ယုံမှားသံသယများရှိခဲ့သည်ထိ ဝါဒဖြန့်မှု အားကောင်းခဲ့ကြသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး ဒုဥက္ကဋ္ဌ ခွန်ဦးက ဆိုသည်။

ထို့အတွက် ပအိုဝ်းပြည်သူ့စစ်တို့ လူအများအပြား စုဆောင်းနိုင်ခြင်းသည် PNO ခေါင်းဆောင်များ၏ လူမျိုးရေး၊ ဘာသာရေး ကာကွယ် စောင့်ရှောက်ရမည်ဆိုသည့် စည်းရုံးမှုများအပြင် ၎င်းတို့၏ ကျေးရွာများအထိ သြဇာသက်ရောက် ထိန်းချုပ်ထား နိုင်သည့် အုပ်ချုပ်ရေးယန္တရားများကြောင့်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပအိုဝ်းတိုင်ရင်းသားများသည် ဗုဒ္ဓဘာသာကို ၉၉ ရာခိုင်နှုန်းအထိ ကိုးကွယ်ကြောင်း မှတ်တမ်းများအရသိရပြီး ဘာသာ တရားအပေါ် ကိုးကွယ်ယုံကြည်စိတ် ပြင်းထန်ကြသူများလည်း ဖြစ်ရာ ထိုအခြေအနေ၌ အာဏာသိမ်းကာလတလျောက် လုံး အင်အားကောင်းကောင်းဖြင့် တော်လှန်နေသော ကရင်နီဒေသသည် ခရစ်ယာန်ဘာသာအများဆုံးကိုးကွယ်ကြသည့် အတွက် စစ်ကောင်စီအဖို့ နယ်ခြင်းကပ်နေသော ပအိုဝ်းဒေသသည် လူမျိုးရေး၊ ဘာသာရေး သွေးခွဲလှုံ့ဆော်ရာ ပစ်မှတ် သဖွယ် အကောင်းဆုံး ရှိနေသည်။

ဘာသာရေး၊ လူမျိုးရေး အသုံးချမှုနည်းလမ်းများသည် ဟောင်းလွန်းနေပြီဖြစ်သော်လည်း စစ်ကောင်စီအတွက် အသုံးဝင်ဆဲ ဖြစ်ကို တွေ့ရှိရသည်ဟု လူမျိုးရေး၊ဘာသာရေး ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။

နိုင်ငံရေးနှင့် လူမှုဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသည့် သုတေသနအဖွဲ့တခုဖြစ်သော ဉာဏ်လင်းသစ်သုတေသနက အောက်တိုဘာ ၄ ရက်တွင်”လူမျိုးရေးပဋိပက္ခများ_စစ်အာဏာတည်မြဲရေးအတွက် မောင်းနှင်အားတရပ်”ဆိုသည့် စာတမ်းတခု ထုတ်ပြန်ခဲ့သည်။ စာတမ်းတွင် အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို အစဉ်တစိုက် အသုံးချနေသော စစ်အုပ်စုသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် ထိန်းချုပ်နယ်မြေများဆုံးရှုံးလာပြီးနောက်ပိုင်း အမုန်းစကားနှင့် ဝါဒဖြန့်ချိမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်း ပြောထားသည်။

၂၀၂၃ မတ်လအတွင်း နမ့်နိန်းဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လောင်းမြို့နယ် လွယ်အိုင်းကျေးရွာတွင် KNDFနှင့် PDF များအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ကြပုံ / CJ

လက်တွေ့အားဖြင့်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA )၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ကို လူမျိုးရေး၊ ဘာသာရေး အထင်အမြင်မှားစေသည့် သွေးထိုးလှုံ့ဆော်မှုများနှင့် လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်မှာ ထင်ရှား၏ ။

လက်ရှိ လအိရွာသည် တော်လှန်ရေးတပ်များ ထိန်းချုပ်မှု အောက်၍ စစ်ကောင်စီက ပစ်မှတ်ထားရာ နေရာဖြစ်နေပြီး ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်သလို လေကြောင်းကလည်းတိုက်ခိုက်သဖြင် သေဆုံးပျက်စီးမှုများ ကြုံနေရ၍ အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိစ္စများဆောင်ရွက်ရာ၌ အားနည်းချက်များရှိနေသည့်အတွက် လူအဝင်အထွက် စိစစ်မှုများ ကို လည်း သေချာမပြုလုပ်နိုင်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်သိန်းဦးက ပြော သည်။

၎င်းက “ရွာလည်းကြီးတယ်၊ လူဦးရေလည်းများတော့ လူပေါင်းစုံတော့ရှိပါတယ်။ တော်လှန်ရေးမတိုင်ခင်ကလည်း အနီ နဲ့ အစိမ်း အားပြိုင်တာရှိခဲ့တယ်။ နောက်ပိုင်းမှာကတော့ တော်လှန်ရေးဘက်တော်သားတွေက ပိုများ လာပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးအမာခံတွေရှိနိုင်တဲ့ အယူအဆတွေလည်း ရှိနေပါတယ်” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီက မကြာခဏတိုက်ခိုက်နေမှုနှင့်အတူ ဘုရားဆင်းတုတော်များ ဖျက်စီးခံရသည့် ဖြစ်စဉ် ပေါ်ပေါက် လာသောသဖြင့် ဘာသာရေးအသုံးချ ပဋိပက္ခလုပ်ဆောင်လာမည်ကို အလွန်စိုးရိမ်သည်ဟု ဖယ်ခုံဒေသခံ လူငယ် အမျိုးသမီးတဦးကပြောသည်။

၎င်းက “အခြားဘာသာတွေရဲ့ အဆောက်အဦ၊ ကျောင်းတွေကို ဗုံးကြဲတာတွေ၊ နေအိမ်တွေကို လေကြောင်းတိုက်ခိုက် ဖျက်ဆီးတာတွေ လုပ်မှာ စိုးရိမ်နေရတယ်”ဟု ပြောသည်။

You may also like these stories:

ပင်လောင်းမှာ လူ ၁သောင်းစုပြီး နေပြည်တော်ကို ကာကွယ်ဖို့ ပြင်နေသလား

အမုန်းစကားနှင့် သတင်းတုများ တိုက်ဖျက်ရေး နွေဦးတော်လှန်ရေးမှာ အရေးကြီး

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

အစုလိုက်သတ်ဖြတ်မှုဖြစ်ပွားရာ ဒေသများသို့ စစ်ခေါင်းဆောင်များ လှည့်လည်ဂုဏ်ပြု

Your Thoughts …
Tags: KNDFPNLAPNOကရင်နီစစ်ကောင်စီပအို့ဝ်ဘာသာရေး ပဋိပက္ခလူမျိုးရေး
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေး ကောင်စစ်ဝန်ရုံး ဗုံးပေါက်မှု တရုတ် အခက်တွေ့

မန္တလေး ကောင်စစ်ဝန်ရုံး ဗုံးပေါက်မှု တရုတ် အခက်တွေ့

ဦးတေဇခေတ် ကုန်သွားပြီလား

ဦးတေဇခေတ် ကုန်သွားပြီလား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved