ခရိုနီသူဌေးကြီး ဦးတေဇ၏ အိမ်နှင့် ရုံးချုပ် မြေကွက်ကို ရောင်းချလိုက်ပါပြီ။ သတင်းစာထဲတွင် ကြော်ငြာပါ၍သာ ဦးတေဇပိုင် ထူးကုမ္ပဏီရုံးချုပ်ကို ရောင်းချခြင်းအား အများပြည်သူ သိရှိသွားခဲ့သည်။ သို့သော် အင်းလျားလမ်း၏ လမ်းသွယ်တခုဖြစ်သော ခေမာရဌ်လမ်းထဲမှအိမ်အား ရောင်းချလိုက်သည့်သတင်းကိုမူ သိသူနည်းလှသည်။
ဦးတေဇ၏ အခြေအနေကို သိသောသူများကမူ “တေဇခေတ် ကုန်သွားပြီ” ဟု ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် တချိန်က “ဦးတေဇခေတ်” ဆိုတာမျိုး ရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်က ဖြစ်သည်။
မြန်မာနိုင်ငံတွင် တချိန်က “ဦးတေဇခေတ်” ဆိုတာမျိုး ရှိခဲ့သည်။ အထူးသဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်က ဖြစ်သည်။ စစ်တက္ကသိုလ်အပတ်စဉ် ၂၇ တက်ရောက်ခဲ့သော ဦးတေဇသည် ကျောင်းမပြီးခင် အိမ်ထောင်ကျ၍ ထွက်ခဲ့ရသည်။ ဦးတေဇ၏ဇနီး ဒေါ်သီတာဇော်သည်လည်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူဖြစ်သည်။
ထို့ကြောင့်လည်း နဝတခေတ် သစ်တောဝန်ကြီး ဦးအောင်ဖုန်း လက်ထက်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ပိုင်ခွင့်ရခဲ့သည်။ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ဒေါနတောင်နှင့် ကချင်ပြည်နယ် ဗန်းမော်၊ ကသာတို့တွင် သစ်ထုတ်လုပ်ခွင့် ရခဲ့သည်။ နဝတခေတ်က သစ်တောဝန်ကြီး ဦးအောင်ဖုန်း၏ သားဖြစ်သော ဦးစစ်တိုင်းအောင်နှင့် ဦးတေဇတို့သည် သစ်ထုတ်လုပ်ရေး၊ ပြည်ပသို့ သစ်တင်ပို့ရေး လုပ်ငန်းများအား အကျိုးတူ လုပ်ခဲ့ကြပြီး ကြီးပွားချမ်းသာလာခဲ့သည်။
ထို့နောက် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အား တည်ထောင်ပြီးနောက် ထိုအချိန်က ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ဝင်းလှိုင်နှင့်ပေါင်းကာ စစ်တပ်အတွက် ကုန်ပစ္စည်းတင်သွင်းခြင်း လုပ်ငန်းများ ဦးတေဇပိုင် ထူးကုမ္ပဏီမှ ရရှိခဲ့သည်။
တချိန်က နာမည်ကြီးခဲ့သော လန်ဒန်စီးကရက် ဖြန့်ဖြူးရေးလုပ်ငန်းကိုပင် လုပ်ပိုင်ခွင့်ရခဲ့သည်။ ချမ်းသာလာခဲ့သည်။

ဦးပိုင် ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တင်အေး လက်ထက်တွင်လည်း ဦးတင်အေး၏ သားများဖြစ်သော ဦးဥက္ကာအေး၊ ဦးဇော်မင်းအေးတို့နှင့် ပေါင်းကာ စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ လုပ်ပိုင်ခွင့်ရလာခဲ့သည်။
ဗိုလ်ချုပ် မောင်အေး ဒု တပ်ချုပ်ဖြစ်လာပြီး ကုန်သွယ်ရေးကောင်စီ တည်ထောင်ချိန်တွင် ဦးတေဇအတွက် လုပ်ပိုင်ခွင့် ပိုရလာခဲ့သည်။ အထူးသဖြင့် မိုးကုတ်နှင့်ဖားကန့်ဒေသတို့တွင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ရလာခဲ့ပြီး ပိုမိုချမ်းသာလာခဲ့သည်။
ဦးတေဇသည် ရုရှားနိုင်ငံနှင့် မြန်မာစစ်တပ်ကြား ဆက်ဆံရေးကောင်းများ တည်ဆောက်ပေးခဲ့ပြီး ရုရှားနိုင်ငံမှ ရဟတ်ယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းများ တင်သွင်းခွင့်ရခဲ့သည်။ ဗိုလ်ချုပ် မောင်အေးအား ရုရှားနိုင်ငံသို့ ခေါ်ဆောင်သွားသည်အထိ အောင်မြင်ခဲ့သည်။
ထို့ပြင် ဦးတေဇသည် ရုရှားနိုင်ငံနှင့် မြန်မာစစ်တပ်ကြား ဆက်ဆံရေးကောင်းများ တည်ဆောက်ပေးခဲ့ပြီး ရုရှားနိုင်ငံမှ ရဟတ်ယာဉ် အပါအဝင် စစ်လက်နက်ပစ္စည်းများ တင်သွင်းခွင့်ရခဲ့သည်။ ဗိုလ်ချုပ် မောင်အေးအား ရုရှားနိုင်ငံသို့ ခေါ်ဆောင်သွားသည်အထိ အောင်မြင်ခဲ့သည်။
ထိုအချိန်က လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်းတို့နှင့်ပေါင်းကာ လေတပ်နှင့်ဆိုင်သော ပစ္စည်းများ တင်သွင်းခွင့်ရခဲ့သည်။ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ် မြတ်ဟိန်း၏သားကို ထူးရုံးချုပ်တွင် အလုပ်ခန့်ထားပြီး လေတပ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ခွင့်ရခဲ့သည်။
ထိုအချိန်က စစ်တပ်၏ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးဒါရိုက်တာ ဗိုလ်ချုပ် ဇာနည်ဝင်းသည်လည်း ဦးတေဇနှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ခဲ့သည့် သူငယ်ချင်းဖြစ်သည်။ ထို့ကြောင့် နဝတခေတ် တလျှောက်လုံး စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးလုပ်ငန်းများအား ထူးကုမ္ပဏီများအုပ်စုက အများအပြား ရရှိခဲ့သည်။
ဗိုလ်ချုပ်ကြီး ရွှေမန်း ခေတ်ကောင်းသည့် အချိန်တွင်လည်း ဦးရွှေမန်း၏ သားကြီး ဦးအောင်သက်မန်းတို့နှင့် ပေါင်းကာ ပြည်ပသို့ ပဲတင်ပို့ခြင်း၊ စားအုန်းဆီ တင်သွင်းခြင်းများ လုပ်ကိုင်ခွင့်ရခဲ့သည်။
နေပြည်တော် တည်ဆောက်ရေးလုပ်ငန်းတွင်လည်း ဒုသမ္မတအိမ်နှင့် လွှတ်တော်ဥက္ကဋ္ဌများ၏ အိမ်များ၊ ဦးသန်းရွှေ အိမ်နှင့် ဦးမောင်အေး အိမ်တို့အား ဆောက်လုပ်ခွင့်ရခဲ့သည်။
နဝတခေတ် တလျှောက်လုံး သစ်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ ကျောက်မျက်တူးဖော်ရေး၊ ဆောက်လုပ်ရေးနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ပိုင်ခွင့်ရခဲ့ပြီး ဦးတေဇသည် မြန်မာပြည်၏ ထိပ်တန်းခရိုနီတဦး ဖြစ်လာခဲ့သည်။
ထိပ်တန်း စစ်ဗိုလ်ချုပ် သားသမီးများနှင့်ပေါင်းကာ ဆယ်စုနှစ် နှစ်ခုနီးပါး အကျိုးအမြတ်များသည့် လုပ်ငန်းများ လုပ်ပိုင်ခွင့်ရခဲ့ပြီး ထိပ်တန်းခရိုနီတဦး ဖြစ်လာခဲ့သည်။

သို့သော် နဝတခေတ်နှောင်းပိုင်း ဒုဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စစ်ထောက်ချုပ်နှင့် ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်တွင်မူ ဦးတေဇအတွက် လုပ်ပိုင်ခွင့်များ လျှော့ချခံလာရသည်။ နဝတခေတ် ထိပ်တန်းဗိုလ်ချုပ်များထဲတွင် ဦးတေဇနှင့် အဆင်မပြေသော ဗိုလ်ချုပ်မှာ သီဟသူရ တင်အောင်မြင့်ဦး တဦးသာရှိသည်။
သီဟသူရ တင်အောင်မြင့်ဦး လက်ထက်တွင် ဦးတေဇတဦးတည်း တင်သွင်းခွင့်ရသော စားအုန်းဆီလုပ်ငန်းအား ရပ်တန့်ခဲ့သည်။ ထို့ပြင် စားအုန်းဆီတင်သွင်းစဉ်က အခွန်ငွေများ ပြန်လည်ပေးဆပ်ရန် ညွှန်ကြားသည်အထိ ဖြစ်လာခဲ့သည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတေဇတို့ ဆက်ဆံရေး မကောင်းသည့်အတွက် နဝတခေတ်က လုပ်ပိုင်ခွင့်ရရှိထားသော လုပ်ငန်းအချို့၊ အဆောက်အဦးအချို့နှင့် မြေယာများ ပြန်လည် အသိမ်းခံခဲ့ရသည်။
တချိန်က စစ်ဗိုလ်ချုပ်သားသမီးများ၊ အကောင်းစားကားများဖြင့် စည်ကားခဲ့သော ထူးရုံးချုပ်တည်ရှိရာ ပြည်လမ်းမပေါ်ရှိ ခြံနံပါတ် ၅ ဝင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်သည့်အချိန်မှစ၍ ခြောက်ကပ်လာခဲ့သည်။ လုပ်ငန်းများရပ်ဆိုင်းခြင်း၊ ဝန်ထမ်းများ လျှော့ချခြင်းတို့ လုပ်လာရသည်။
တချိန်က စစ်ဗိုလ်ချုပ်သားသမီးများ၊ အကောင်းစားကားများဖြင့် စည်ကားခဲ့သော ထူးရုံးချုပ်တည်ရှိရာ ပြည်လမ်းမပေါ်ရှိ ခြံနံပါတ် ၅ ဝင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ဖြစ်သည့်အချိန်မှစ၍ ခြောက်ကပ်လာခဲ့သည်။ လုပ်ငန်းများရပ်ဆိုင်းခြင်း၊ ဝန်ထမ်းများ လျှော့ချခြင်းတို့ လုပ်လာရသည်။
နဝတခေတ်တွင် ဦးတေဇ၏ လက်အောက်တွင် လုပ်ခဲ့သော ဦးကျော်မင်းဦးသည် ကိုယ်ပိုင်ကုမ္ပဏီထောင်ကာ ရုရှားမှ လေယာဉ်နှင့်ပတ်သက်သော စစ်လက်နက်ပစ္စည်းများ တင်သွင်းခဲ့သည်။
နဝတခေတ် အစောပိုင်း ဗိုလ်ချုပ်များသည် သူတို့ကိုယ်တိုင် ကုမ္ပဏီထောင်ပြီး စီးပွားရေး မလုပ်ခဲ့ကြပေ။ သူတို့သားသမီးများသည်လည်း ဦးတေဇထံတွင် ရှယ်ယာဝင်သဘောမျိုးသာ လုပ်ခဲ့ကြသည်။
သို့သော် နဝတခေတ်နှောင်းပိုင်း ဗိုလ်ချုပ်များနှင့် မင်းအောင်လှိုင်ခေတ် ဗိုလ်ချုပ်များမှာမူ သူတို့ သားသမီးနာမည်ဖြင့် ကုမ္ပဏီများထောင်ကာ စီးပွားရေးလုပ်ငန်းများကို ပေါ်ပေါ်တင်တင် လက်ဝါးကြီးအုပ် လုပ်ကိုင်လာခဲ့ကြသည်။ ထို့ကြောင့်လည်း ဦးတေဇတို့လို ခရိုနီများမှာ လုပ်ပိုင်ခွင့် တဖြည်းဖြည်း ပျောက်လာခဲ့သည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဦးတေဇနှင့် သူ့သားသမီးများ မြန်မာနိုင်ငံတွင် မနေကြတော့ဘဲ ပြည်ပနိုင်ငံများတွင်သာ သွားရောက် နေထိုင်ကြတော့သည်။ ဦးတေဇသည်လည်း စင်ကာပူတွင်သာ နေထိုင်တော့သည်။ ထို့ကြောင့်လည်း မြန်မာပြည်တွင်ရှိသော သူ့ပိုင်ဆိုင်မှုများအား တဖြည်းဖြည်း ရောင်းချလာခဲ့ခြင်း ဖြစ်သည်။
အိမ်နှင့်ရုံးချုပ်အား ရောင်းချခဲ့သော်လည်း နဝတခေတ်က ရရှိခဲ့သော ပိုင်ဆိုင်မှုများမှာ သူ့ဘဝတသက် စားသောက်၍ ကုန်မည် မဟုတ်ပေ။
ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရိုနီအများစုမှာ စီးပွားရေးလုပ်တတ်၍ ချမ်းသာလူသူများမဟုတ်ပေ။ သယံဇာတတူးဖော်ခြင်း၊ အာဏာရှိသူများနှင့်ပေါင်း၍ ပါမစ်ရောင်းကာ ချမ်းသာလာသူများ ဖြစ်သည်။
သို့သော် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဗိုလ်ချုပ်အများစုသည် ခရိုနီများနှင့် ဝေစားမျှစား သိပ်မလုပ်တော့ပေ။ သူတို့ကိုယ်ပိုင် ကုမ္ပဏီထောင်ကာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်အားလုံး သူတို့ကိုယ်တိုင် မိသားစုနာမည်များနှင့် ကုမ္ပဏီထောင်ကာ လုပ်လာကြသည်။ ထို့ကြောင့်လည်း အချို့သောခရိုနီများမှာ လုပ်ပိုင်ခွင့် ပျောက်လာကြသည်။
လုပ်ပိုင်ခွင့် ပျောက်လာသူများထဲတွင် ဦးတေဇလည်း ပါဝင်လာခဲ့သည်။ ခုတ်စရာ သစ်လည်း မရှိသလို တူးစရာ ကျောက်မျက်ရတနာသည်လည်း နည်းပါးသွားခဲ့သည်။ ထို့ကြောင့် ဦးတေဇသည် ရုံးချုပ်နှင့် သူနေအိမ်တလုံးအား ရောင်းချလိုက်ခြင်း ဖြစ်ပေသည်။
သူ့အတွက် အိမ်နှင့်ရုံးချုပ်အား ရောင်းချခဲ့သော်လည်း နဝတခေတ်က ရရှိခဲ့သော ပိုင်ဆိုင်မှုများမှာ သူ့ဘဝတသက် စားသောက်၍ ကုန်မည် မဟုတ်ပေ။ ဦးသိန်းစိန်လက်ထက်မှ စတင်မှေးမှိန်လာခဲ့သော ဦးတေဇခေတ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း “တေဇခေတ်” သို့မဟုတ် “ထူးတခေတ်” ကုန်သွားခဲ့လေပြီ။
You may also like these stories:
သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ
မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ
ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို
ဦးနေဝင်း မိသားစုနှင့် ဦးတေဇ မိသားစုတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ
သစ်ခုတ်ခဲ့သည့် အမှား ပြန်လည်ပေးဆပ်မည်ဟု ဦးတေဇ ပြော