• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးနေဝင်း မိသားစုနှင့် ဦးတေဇ မိသားစုတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ

by ရန်ပိုင်
14 August 2014
in ဆောင်းပါး
A A
ဦးနေဝင်း, ဦးတေဇ

(ဦးတေဇ ဖခင်) ဦးမြင့်ဆွေသည် မြန်မာ့တပ်မတော်အတွင်း “ရှမ်းကြီးမြင့်ဆွေ” ဟု လူသိများသူ ဖြစ်သည်

27.6k
VIEWS
Share on FacebookShare on Twitter

ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ် ရှယ်ယာများကို အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများက ဝယ်ယူမည့် ကိစ္စကို လူအများက စိတ်ဝင်စားခဲ့ကြသည်။ ဦးတေဇ၏ ဖခင် ဦးမြင့်ဆွေနှင့် ဦးနေဝင်းတို့၏ အတိတ်မှ ဆက်ဆံရေးကို ဖော်ပြလိုက်ပါသည်။

ဦးမြင့်ဆွေသည် ပြင်ဦးလွင် (မေမြို့) ဇာတိဖြစ်ပြီး မြန်မာ့တပ်မတော်အတွင်း “ရှမ်းကြီးမြင့်ဆွေ” ဟု လူသိများသူ ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့တပ်မတော် ပြန်လည်ထူထောင်ရာ ပြည်မြိုအခြေစိုက် ဗမာ့သေနတ်ကိုင် တပ်ရင်း (၄) တွင် မြန့်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရ ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် (ကချင် ထွန်းတင်)၊ သပြေမဂ္ဂဇင်းကို တည်ထောင်ခဲ့သူ ဗိုလ်မှူးကြီး သန်းညွန့် (အရမ်းသန်းညွန့်) တို့နှင့်အတူ စတင် အမှုထမ်းခဲ့သူဖြစ်သည်။

ထိုစဉ်က ဗမာ့သေနတ်ကိုင် တပ်ရင်း (၄) ၏ ဒုတပ်ရင်းမှူးမှာ ဗိုလ်နေဝင်း (နောင် ဗိုလ်ချုပ်ကြီး) ဖြစ်သည်။

ဗမာ့သေနတ်ကိုင်တပ်ရင်း (၄) ၏ သမိုင်းကို ပြန်ကြည့်လိုက်ပါက၊ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ လက်သပ်မွေး၊ ယုံကြည်အားထားရသည့် တပ်ဟု နာမည်ကြီးခဲ့ပြီး ထိုစဉ်ကတည်းက ဦးနေဝင်းနှင့် ဦးတေဇ၏ဖခင် ဦးမြင့်ဆွေတို့ ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဦးနေဝင်းအနေဖြင့် ဗမာ့သေနတ်ကိုင် တပ်ရင်း (၄)၏ တပ်ရင်းမှူး ဖြစ်လာခဲ့သလို ဦးတေဇ၏ ဖခင် ဦးမြင့်ဆွေလည်း တနင်္သာရီဒေသ မြိတ်မြို့ရှိ စစ်ဝန်ထမ်းတပ်သို့ ရောက်ရှိ တာဝန်ယူခဲ့သည်။

ပြည်တွင်းစစ်ကြောင့် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော ဗိုလ်ချုပ် နေဝင်းသည် မေယုစစ် သင်္ဘောဖြင့် ဦးမြင့်ဆွေ တာဝန်ကျရာ မြိတ်ဒေသသို့ ရောက်ရှိစဉ်က အတူတကွ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် နေဝင်းနှင့် ဗိုလ်ကြီး မြင့်ဆွေတို့အကြား ခင်မင်ရင်းနှီးမှု အတိုင်းအတာကို တွေ့နိုင်သည်။

ဦးနေဝင်း မိသားစုနှင့် ဦးတေဇ မိသားစုတို့၏ ပတ်သက်ရာ ပတ်သက်ကြောင်းများ
(ဦးတေဇ ဖခင်) ဦးမြင့်ဆွေသည် မြန်မာ့တပ်မတော်အတွင်း “ရှမ်းကြီးမြင့်ဆွေ” ဟု လူသိများသူ ဖြစ်သည်

၁၉၅၅ ခုနှစ်တွင် ဦးမြင့်ဆွေသည် ဒုဗိုလ်မှူးကြီး ရာထူး တိုးမြှင့်ခံရပြီး မန္တလေးအခြေစိုက် အမှတ် ၁၀၄ အထူးတိုက်ခိုက်ရေးတပ် (Special Force Air Borne) တွင် တပ်ရင်းမှူး ဖြစ်လာသည်။

သူ၏ အထူးတိုက်ခိုက်ရေးတပ်သည် အထက် မြန်မာပြည် မသုံးလုံး နယ်မြေ၊ ပျဉ်းမနား-တောင်ညို ဒေသရှိ ကွန်မြူနစ် အခြေခံစခန်းများနှင့် ကရင်ပြည် နယ်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) စခန်းများကို တိုက်ခိုက်ခဲ့ရာ ကြမ်းရမ်းခဲ့ကြောင်း နာမည်ကြီးခဲ့သည်။

အမှတ် ၁၀၄ အထူးတိုက်ခိုက်ရေးတပ်သည် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်သန်းထွန်း၏ စခန်းကိုပင် သိမ်းပိုက်နိုင်ခဲ့၏။

၁၉၅၈ ခုနှစ် တပ်မတော် ခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင် လက်ထက် အမေရိကန် စစ်တပ်နှင့် အနီးကပ် ဆက်ဆံလာရာ ဦးတေဇ ဖခင် ဒုဗိုလ်မှူးကြီး မြင့်ဆွေလည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်ရှိ United States Army Infantry တွင် သင်တန်းသားတဦးအဖြစ် သွားရောက် တက်ခွင့်ရရှိခဲ့သည်။

သင်တန်းက ပြန်လာသည့်အခါ မြန်မာ့တပ်မတော် စစ်ဘက် သုတေသနတပ်တွင် တပ်မှူးတဦးအဖြစ် တာဝန်ယူရခဲ့ပြီး နောက်ပိုင်းတွင် ကချင် သေနတ်ကိုင် တပ်ရင်း (၅) တပ်ရင်းမှူး၊ ထိုမှတဆင့် ကျိုင်းတုံဒေသ ဗျူဟာမှူး ဖြစ်လာခဲ့သည်။

ကျိုင်းတုံ၌ ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဒေသအကျိုးကို လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံများ၏ ချစ်ခင်မှုကိုရရှိပြီး “ဗိုလ်မှူးလုံ” ဟုခေါ်ကြောင်း သူ၏ အထုပ္ပတ္တိစာအုပ်တွင် ဖော်ပြထားသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
478
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
593

ဒုဗိုလ်မှူးကြီး မြင့်ဆွေသည် ၁၉၆၃ ခုနှစ် တပ်မတော်မှ အငြိမ်းစားယူခဲ့ရသော်လည်း တော်လှန်ရေး ကောင်စီ၏ အထူး စီမံကိန်းများဖြစ်သည့် စစ်တောင်းစက္ကူစက်နှင့် BPI ဆေးဝါးထုတ်လုပ်ရေး စသော စီမံကိန်းများနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာနတို့တွင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သွက်လက်ချက်ချာပုံရသည် ဒုဗိုလ်မှူးကြီး မြင့်ဆွေသည် ဦးနေဝင်း အပါအဝင် ထိုစဉ်က ထိပ်တန်း စစ်ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်ချုပ် အောင်ကြီး၊ ဗိုလ်မှူးချုပ် မောင်ရွှေ၊ ဗိုလ်မှူးကြီး စောမြင့် စသူများနှင့် ရင်းနှီးသူဖြစ်သည်။

၁၉၇၈ ခုနှစ်ခန့်က ဒုဗိုလ်မှူးကြီး မြင့်ဆွေ မျက်စိဝေဒနာကြောင့် ဆေးရုံတက်ခဲ့စဉ် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် တင်ဦး (မျက်မှန် တင်ဦး) ကိုယ်တိုင် လာရောက်ကြည့်ရှု့ကြောင်း သိရသည်။

Your Thoughts …
Tags: Profile
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

by ကျော်စွာမိုး
3 June 2016
14.5k

ဦးခန်းဟာ အတိတ်ဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်ပြီး သူ့ဆီ လာလည်တဲ့ ဧည့်သည်တွေကို သူ့အိမ် နံရံမှာ ချိတ်ဆွဲထားတဲ့ သမိုင်းဝင် ဓာတ်ပုံတွေကို ဝမ်းသာအားရနဲ့ လိုက်ပြလေ့ရှိပါတယ်

ပဒိုမန်းရှာ, ကရင်

ပဒို မန်းရှာ (သို့မဟုတ်) အကြွေစောတဲ့ ကြယ်တပွင့်

by ကျော်ခ
14 February 2015
27.1k

အဲဒီနေ့မနက်မှာဘဲ NCUB အစည်းအဝေး သွားတက်လိုက် သေးတယ်။ အစည်း အဝေးက ပြန်လာပြီး အိမ်မှာ နားနေရင်း ဝရံတာမှာ ထိုင်ခုံတလုံးပေါ်မှာ ထိုင်နေရင်း သစ်သီးလှီးစားနေတုန်း သေနတ်သမားတွေက ဝင်ပစ်သွားတာ။

ကချင်, ဗိုလ်ချုပ်အောင်ဆန်း, တိုင်းရင်းသူ

သမိုင်းဝင်ဓာတ်ပုံထဲက ကချင် တိုင်းရင်းသူ လဖိုင်နဲမ်ရာ

by လင်းသန့်
24 January 2015
6.7k

ပြုံးရွှင် ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဓာတ်ပုံထဲမှာ တွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု၊ နန်စဲန်း၊ အင်ခွန်ဘောက်၊ ခေါန် ရော်မခေါင်၊၊ ကော လင်းဂျာဘောက်၊ လဖိုင်နဲမ်ရာ တို့ ဖြစ်ပြီး...

မင်းကွန်းတိပိဋက ဆရာတော

ကမ္ဘာသိ အရှင်သူမြတ် မင်းကွန်း ဆရာတော်ကြီးရဲ့ ကျောင်းတိုက်

by အေးမွန်ရာပြည့်
7 June 2016
14.1k

မင်းကွန်းဆရာတော်ဘုရားကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင်နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာပါ။

သခင်အောင်ဆန်း အမွိုင်သို့ လျှို့ဝှက်ထွက်ခွာခြင်း

သခင်အောင်ဆန်း အမွိုင်သို့ လျှို့ဝှက်ထွက်ခွာခြင်း

by သုတေသီ မြင့်ထွန်း
25 January 2016
21.6k

တရုတ်လူမျိုးကဲ့သို့ ဟန်ဆောင်သည့်အခါ သခင်အောင်ဆန်းသည် “တန်လူရှောင်” ဟူသော တရုတ်နာမည်ကို ပြောင်းလဲခံယူထားသည်။ သခင်လှမြိုင်မှာမူ “တန်ဆူတောင်” ဟူသော အမည်ကို ခံယူထားရလေ၏

ထူးအိမ်သင်, ဂီတပွဲ

စိတ်ပျက်ရတဲ့ ထူးအိမ်သင် ဂီတပွဲ (သို့မဟုတ်) ပြန်ဆို ယဉ်ကျေးမှု စနစ်တကျ ထွန်းကားသင့်ပြီ

by ငြိမ်းချမ်းအေး
25 August 2014
20.8k

“အမှား ပါရင် ခွှင့်လွှတ်ပေးပါ” ဆိုတာ အပျော်တမ်း သမား စကားပါ။ ရပ်ကွက် သီတင်းကျွတ် ပွဲ မှာပဲ အသုံးဝင်ပါတယ်။ လုပ်နေတဲ့ အလုပ်က ပရို အလုပ်၊ ပြီးတော့ မှ ထူးအိမ်သင် ကို...

Next Post
ကူညီပါရစေ (ကာတွန်း - မောင်မောင်ဖောင်တိန်/ဧရာဝတီ)

ကူညီပါရစေ

အစိုးရလည်း လာဦးမယ် (ကာတွန်း - ATH /ဧရာဝတီ)

အစိုးရလည်း လာဦးမယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved