• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်း ပြောင်းရွှေ့ခံရ

by ဧရာဝတီ
19 August 2024
in Military, သတင်းတို
A A
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ရုံးခန်း ပြောင်းရွှေ့ခံရ

အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း

13.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုံး ရွှေ့ပြောင်းခံလိုက်ရကြောင်း နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်များအဆိုအရ သိရသည်။

နေပြည်တော် စစ်ရုံးရှိ ကြည်းစစ်ဆင်ရေးဌာန၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရုံးခန်းနှင့် တထပ်တည်းတွင် ရှိသော ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်းကို အောက်ထပ်သို့ နေရာရွှေ့ပြောင်းလိုက်သည်နှင့် တပြိုင်နက် သမ္မတအိမ်တော်ရှိ ယခင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းနေရာအား ယူထားသည့် ဒုစစ်ခေါင်းဆောင်၏ ရုံးခန်းကိုလည်း ဒုသမ္မတ ၂ ရုံးခန်း နေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

ယခုဖြစ်ရပ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ကို ဩဂုတ် ၁၅ ရက်တွင် ဗိုလ်ချုပ်ကြီးများအဖြစ် ရာထူးများ တိုးမြှင့်ပေးပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် စစ်အုပ်ချုပ်ရေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လူယုံများအား လုပ်ပိုင်ခွင့် ပိုပေးကာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ အခန်းကဏ္ဍကို လျော့ချလိုက်သလားဟု မေးခွန်းထုတ်စရာဖြစ်လာသည်။

စစ်အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်အင်အားစုများ၏ ထိုးစစ်များတွင် အရှက်ရစရာ ကောင်းအောင် ရှုံးနိမ့်နေမှုများကြောင့် တပ်ထောက်ခံသူများက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အပြင်းအထန် ဝေဖန်လာနေကြပြီး ကနဦးပိုင်းတွင် စစ်တပ်ထောက်ခံသူ ဘုန်းကြီး ပေါက်ကိုယ်တော် ဦးဆောင်သည့် ဆန္ဒပြပွဲ၌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား စစ်တပ်ခေါင်းဆောင်မှုတွင် အစားထိုး တာဝန်ယူရန်အထိ တောင်းဆိုခဲ့ကြသည်။

ထို့အပြင် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မင်းအောင်လှိုင်ကို အာဏာသိမ်းအပြီး တကြိမ်မှ မဖိတ်ကြားခဲ့သော်လည်း ၂၀၂၄ ဇူလိုင်လအတွင်း ရှန်ဟိုင်း ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (SCO) ကို တက်ရန် ဒုချုပ် စိုးဝင်းကို ဖိတ်ကြားခဲ့သည်။ သူ့မတိုင်မီ တပတ်က သမ္မတဟောင်း ဦးသိန်းစိန်ကိုလည်း တရုတ်က ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ကြေညာသည့် နှစ် ၇၀ ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရန် ဖိတ်ခဲ့ပြီး ကြားကာလ အစိုးရဖွဲ့စည်းရန် တွန်းအားပေးသည်ဟုလည်း သတင်းထွက်ခဲ့သည်။

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ရုံး ရွှေ့ပြောင်းခံလိုက်ရခြင်းသည် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များအကြား တန်ပြန်အာဏာသိမ်းမှုဖြစ်ခဲ့ကြောင်း ကောလာဟလသတင်းများ ပြန့်နှံ့ခဲ့အပြီး ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

You may also like these stories:

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
664
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.9k

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

Your Thoughts …
Tags: ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြားနေပြည်တော် စစ်ရုံးရုံးခန်း ပြောင်းရွှေ့ခံရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

by ဧရာဝတီ
14 April 2024
24.5k

အချို့ကလည်း လတ်တလော မြဝတီမြို့ ပြန်ရရန် စစ်ဆင်ရေးကို မော်လမြိုင်မှာပင် ဆက်လက်ဦးစီးကွပ်ကဲနေကြောင်း ပြောသည်။

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက PDFs များကို အမြစ်ဖြတ် ချေမှုန်းရန် သူ၏တပ်မှူးများနှင့် တပ်ဖွဲ့များအားလုံးကို အမိန့်ထုတ်ပြန်ကြောင်း သိရသည်

PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား

by ဧရာဝတီ
21 October 2021
19.8k

အမြစ်ဖြတ် ချေမှုန်းရန် အမိန့်နှင့်အတူ ရွာသားများနှင့် PDF များ ဆက်သွယ်ခြင်းကို တားမြစ်သည့် အမိန့်နှင့် ထိုအမိန့်ကို မလိုက်နာပါက ပြင်းထန်စွာ ဒဏ်ခတ်ရန်လည်း အမိန့်ပေးခဲ့သည်။

Next Post
လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

မြင်းခြံခရိုင်စစ်ဆင်ရေးက အလယ်ပိုင်းမြို့များအား ခြိမ်းခြောက်နိုင်မှုကို ပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved