• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

by ဧရာဝတီ
14 April 2024
in သတင်း
A A
စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

မတ်လအတွင်း အောင်ပန်းမြို့ရှိ စစ်ဆေးရုံတရုံသို့ ဒုတပ်ချုပ် စိုးဝင်း သွားရောက်စဉ်

24.5k
VIEWS
Share on FacebookShare on Twitter

နေပြည်တော်မှ စစ်ကောင်စီပစ်မှတ်များကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်မတိုက်မီ ၂ ရက် အလိုတွင် စစ်ကောင်စီဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရှမ်းပြည်တောင်ပိုင်း ဗထူးရှိ စစ်သင်တန်းကျောင်းတွင် အရာရှိများ စစ်သားများနှင့် တွေ့ဆုံသည်။

ကြည်းတပ်ဦးစီးချုပ်အဖြစ် သူသည် စိတ်ဓာတ်မြှင့်တင်ပေးရန် စစ်ဌာနချုပ်များ စစ်ကျောင်းများသို့ ပုံမှန်သွားရောက်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
78
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
92

စစ်ကောင်စီ ဒုဥက္ကဌ စစ်တပ် ဒုဦးစီးချုပ် ကြည်းတပ်ဦးစီးချုပ်သည် ခြေလျင်တပ်စုမှူးသင်တန်းသားများ၊ ဗိုလ်လောင်းများနှင့် ကြည်းတပ်တိုက်ခိုက်ရေးသင်တန်းကျောင်း (ဗထူး) ရှိ အောင်ဆန်းခန်းမတွင် ဧပြီလ ၂ ရက်နေ့ တွင် တွေ့ဆုံမိန့်ခွန်းပြောသည်ဟု စစ်ကောင်စီမီဒီယာများ၏ ဖေါ်ပြချက်အရ သိရသည်။

ဧပြီလ ၄ ရက်နေ့တွင် စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများသည် နေပြည်တော်မှ စစ်ရေးပစ်မှတ်များကို ဒရုန်းများဖြင့် မကြုံစဖူးတိုက်ခိုက်မှုပြုလုပ်သည်။ တော်လှန်ရေး ဒရုန်းတပ်များသည် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ နေအိမ်၊ စစ်ကောင်စီ စစ်ဌာနချုပ်နှင့် အဓိကလေတပ်စခန်းတခုကို အလစ်ဝင်ရောက် တိုက်ခိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့၏ ပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ခံတပ် နေပြည်တော်မှ အဓိကပစ်မှတ်များကို ချိန်ညှိတိုက်ခိုက်ကြောင်း ကြေညာသည်။ ထိုတိုက်ခိုက်မှုတွင် ပစ်မှတ် ၃ ခုကို ဒရုန်း ၂၈ ဖြင့်တိုက်ခိုက်ပြီး ထိုစစ်ဆင်ရေအတွက် ကြိုတင်ပြင်ဆင်ရန် အချိန် ၅ လ ယူရသည်ဟုလည်း NUG ပြောသည်။

ထိုတိုက်ခိုက်မှုများကြောင့် နေပြည်တော် နိုင်ငံတကာလေဆိပ်နှင့်ကပ်လျက် တည်ရှိသော အေလာ လေတပ်စခန်းပျက်စီးပြီး စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့သည် ဗထူးမှ နေပြည်တော်သို့ အလျင်အမြန်ပြန်သွားသည်။

ခုခံတော်လှန်ရေးသတင်းများ မှန်ကန်ပါက စိုးဝင်းသည် ရက်အနည်းငယ်အကြာတွင် ဒရုန်းဖြင့် တိုက်ခိုက်မှု ကိုယ်တိုင်ကြုံရသည်။ ဧပြီလ ၈ ရက်နေ့တွင် ခုခံတော်လှန်ရေး အင်အားစုများသည် မွန်ပြည်နယ် မော်လမြိုင်မှ မြန်မာစစ်တပ် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ စိုးဝင်းရောက်နေစဉ် ထိုစစ်ဌာချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်သည်။ ထိုသို့ သွားရောက်ခြင်းကို စစ်ကောင်စီသတင်းစာများနှင့် ရုပ်သံက ထုတ်ပြန်ကြေညာခြင်း မရှိပေ။

ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ထိုစစ်ဌာနချုပ်တွင် စိုးဝင်း၊ အခြားဝါရင့်အရာရှိများ စစ်ဆင်ရေးအစည်းအဝေး ကျင်းပနေစဉ် အသေခံဒရုန်းဖြင့် တိုက်ခိုက်သည်ဟု တော်လှန်ရေး အင်အားစုများပြောသည်။

ထိုအချိန်မှစတင်ပြီး ကောလာဟလများနှင့် အတည်မပြုနိုင်သော သတင်းများ ဆက်တိုက်ထွက်ပေါ် နေပြီး ထိုတိုက်ခိုက်မှုတွင် စိုးဝင်းနှင့် အခြားအရာရှိများ ဒဏ်ရာရသည်ဟု ဖေါ်ပြသည်။ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများက ထိုသတင်းကို ဝမ်းသာအားရမျှဝေသော်လည်း အဆင့်မြင့် အတိုက်အခံ အသိုက်အဝန်းက အခိုင်အမာ အတည်ပြုခြင်း မရှိပေ။ ထိုတိုက်ခိုက်မှုတွင် စိုးဝင်း ဒဏ်ရာရသွားပါသလား။ သို့မဟုတ် အတိုက်အခံအင်အားစုများသည် ဝါဒဖြန့် သတင်းမှားကို ဖြန်ချိနေခြင်းလား။

စစ်ကောင်စီဒုခေါင်းဆောင်သည် ကာကွယ်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက နောက် ၂ ရက်ကြာသောအခါ BBC မြန်မာပိုင်းသို့ပြောသည်။

သို့သော် ထိုကြည်းတပ်ခေါင်းဆောင် မည်သည့်နေရာတွင် ရှိနေသည် သို့မဟုတ် သူ မွန်ပြည်နယ်မှ နေပြည်တော်သို့ ပြန်ရောက်မရောက်ကို မပြောပေ။ မနေ့က ပြုလုပ်ကျင်းပသော စစ်တပ်မိသားစုသင်္ကြန်ပွဲသို့လည်း စိုးဝင်း မလာရောက်ပေ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သင်္ကြန်အကြိုနေ့တွင် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်းရေလေ) မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထိုသို့ အများပြည်သူမြင်ကွင်းမှ စိုးဝင်း ပျောက်ကွယ်နေခြင်းက သို့လောသို့လော သံသယ ပိုဖြစ်စေသည်။ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ ပြောသလို ဒဏ်ရာအပြင်းအထန် ရနေခဲ့သလော။ အချို့ကလည်း လတ်တလော မြဝတီမြို့ ပြန်ရရန် စစ်ဆင်ရေးကို မော်လမြိုင်မှာပင် ဆက်လက်ဦးစီးကွပ်ကဲနေကြောင်း ပြောသည်။ စိုးဝင်း ဒဏ်ရာ သို့မဟုတ် သတ်ဖြတ်ခံရပါက ကောလာဟလ အတင်းအဖျင်းဖြစ်စေ သတင်းဖြစ်စေ အလျင်အမြန်မျှဝေတတ်သော မြန်မာတွင် ထိုသတင်းကို ဖုံးကွယ်ထားရန် ခက်ခဲသည်။

သို့သော် ကောလာဟလများသည် ထိုနေရာတွင် ရပ်မနေပေ။ စိုးဝင်းသစ္စာခံများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အတွင်းစည်းမှ လူများနှင့် အပြင်းအထန် သဘောထားကွဲလွဲနေသည်ဆိုသည့် သတင်းပျံ့နေသည်မှာ ကြာပြီဖြစ်သည်။ ထိုသို့သော ကောလာဟလကို ကြားရသောအခါ စိုးဝင်းအတွက် အန္တရာယ်အများဆုံးရန်သူသည် “အတွင်းရန်” ဖြစ်သည်ဆိုသည့်အချက်ကိုလည်း မစဉ်းစားဘဲ မနေနိုင်ပေ။

You may also like these stories:

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မြဝတီ မြေပြင် အခြေအနေ

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

ထိုင်းကိုကျောပေးပြီး ခံစစ်ပြင်နေတဲ့ ထွက်ပြေး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ

စစ်ကောင်စီ၏ အကျပ်အတည်း တဖြည်းဖြည်း ကြီးထွားလာ

Your Thoughts …
Tags: Sliderစစ်ကောင်စီ ဒုခေါင်းဆောင်ဒုတပ်ချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

ဇင်းမယ်သင်္ကြန် ပွဲတော်က မြန်မာ့ယိမ်း

ဇင်းမယ်သင်္ကြန် ပွဲတော်က မြန်မာ့ယိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved