ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တော်တခုဖြစ်တဲ့ ဇင်းမယ်မြို့လို့ခေါ်တဲ့ ချင်းမိုင် မြို့ရဲ့ ဆုန်ခရန် သင်္ကြန်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာတွေ ဝင်ရောက်ပါဝင်ပြီး ကပြလေ့ရှိတဲ့ သင်္ကြန်ယိမ်းဟာ အိမ်ရဲ့ အဝေးကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အလွမ်းတွေ သယ်ဆောင်ထားသလို၊ နိုင်ငံတကာ ခရီးသွားတွေရဲ့ အာရုံစိုက်မှုကိုလည်း ခံနေရပါတယ်။
သင်္ကြန်မိုး သီချင်းသံနဲ့အတူ ကနေကြတဲ့ ယိမ်းသမတွေကို ရေပက်ရင်း စိတ်ဝင်တစား ကြည့်နေ၊ အားပေးနေကြတဲ့ မြင်ကွင်းဟာ၊ အဝေးရောက် မြန်မာတွေအတွက်တော့ မန္တလေးမြို့ သင်္ကြန်ကို ပြန်သတိရစေမယ့် မြင်ကွင်းပုံရိပ်တွေပဲ ဖြစ်ပါတယ်။
ဆုန်ခရန် ပွဲမှာ မြန်မာယိမ်း အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ ပြသခဲ့ကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












