• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ

by ဧရာဝတီ
15 April 2024
in သတင်း
A A
ပြင်ဦးလွင် ရှော့တိုက်ဒုံး ပစ်ခတ်ခံရမှု အရပ်သား ထိခိုက်သေဆုံးမှု ရှိ

မေမြို့ စစ်တက္ကသိုလ်အဝင်ဂိတ်ရှိ မြန်မာ ပဒေသရာဇ် ဘုရင်များ ရုပ်တု

4.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်နှင့် မြို့တွင်းသို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုတွင် ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၁၄ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်မှစတင်ကာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို ဦး တည်၍ ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခံရပြီး ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပိုင် Luxury Hotel အနီးနှင့် ကြယ်စင်ကိုယ်ပိုင် အထက်တန်း ကျောင်းနား အပါအဝင် ပြည်သူ့ဆေးရုံနှင့် အောင်မြေဇေယျ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့ခံတဦးက “ရှော့တိုက်ဒုံးတွေက DSA ထဲလည်း ကျတယ်။ DSA ထဲက သတင်းကတော့ ဖုံးထားလို့ မသိရဘူး။ အောင်မြေဇေယျာဘုန်းကြီးကျောင်းရယ်၊ နောက်ပြည်သူ့ဆေးရုံက ခွဲစိတ်ဆောင်ရယ် အဲဒီနေရာတွေ ကျတယ်။ ဘုန်းကြီးတွေလည်း ပျံလွန်တော်မူသွားတယ်” ဟု ပြောသည်။

ယင်းရှော့တိုက်ဒုံးမှာ အောင်မြေဇေယျာဘုန်းကြီးကျောင်းအတွင်းကျရောက်ရာ ကျောင်းဝင်းထဲရှိသံဃာ၂ ပါး ပျံလွန်တော် မူခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးခဲ့ရသလို ၂ ဦးလည်း ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရခဲ့ကြောင်း သိရသည်။

ရှော့တိုက်ဒုံးကျရောက်မှုကြောင့် ပျက်စီးသွားသည့် အရိုးကုသဆောင်

ပြင်ဦးလွင်မြို့ခံ ပရဟိတအသင်းသားတဦးက “အောင်မြေဇေယျာကျောင်းထဲမှာက သင်္ကြန်ဒုလ္လဘဝတ်တဲ့သူတွေလို့ သိရတယ်။ ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ပေါ်ကျတာမှာ တဦးသေဆုံးပြီး လူနာ ၆ ဦး ဒဏ်ရာရတဲ့အထဲမှာ ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ သိရတယ်။ ဒီနေ့မနက်တော့ မြို့ထဲနဲ့ မြို့ဝင်မြို့ထွက်တွေမှာ အစစ်အဆေးတွေ တင်းကျပ်ထားတာကိုလည်း တွေ့ရတယ်” ဟု ပြောသည်။

ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုမှာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၊ ကန်တော်ကြီးအနီးရှိ စစ်ကောင်စီရုံးများ၊ နည်းပညာ စစ်တက္ကသိုလ်တို့ကို ဆက်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်တက္ကသိုလ်အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်သေဆုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လားရှိုးအထွက်လမ်းဘက်သို့ စစ်ယာဉ်တန်း ထွက်ခွာ သွားသလို အပြန်အလှန်ပစ်ခတ်မှုများလည်းဖြစ်ခဲ့ကြောင်း၊ မြို့ထဲတွင်လည်း စစ်ကားများနှင့် ကင်းလှည့်ခဲ့သလို စစ်တပ်ဘက်မှ သံဘိုကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တက္ကသိုလ်အနီးတွင် နေထိုင်သူတဦးက “ညကအသံတွေ ကြားရတော့ ကျမတို့လည်း ကြောက်လန့်သွားကြတယ်၊ ဒီဘက်က ပြန်ထုတဲ့အသံတွေလို့တော့ ထင်တာပဲ၊ အချက် ၃၀ လောက်ရှိမယ်၊ စစချင်း ပေါက်ကွဲသံကြီး အကျယ်ကြီးပဲ အိမ်တွေတောင်တုန်တယ်။ ပေါက်ကွဲပြီးတော့ စစ်တက္ကသိုလ်ဘက်ကို လူနာတင်ကားတွေ ဝင်သွားတာကိုလည်း တွေ့ လိုက်ရတယ်”ဟု ပြောသည်။

ရှော့တိုက်ဒုံးကျရောက်မှုကြောင့် ပျက်စီးသွားသည့် အရိုးကုသဆောင်

ထို့အတူ ပြင်ဦးလွင်မြို့ပေါ်တွင် ကင်းပတ်နေသည့် စစ်ကားများမှ စစ်တက္ကသိုလ် ပတ်ဝန်းကျင်မှ လူနေအိမ်များအား အပြင် လုံးဝမထွက်ခိုင်းဘဲ ပြင်ဦးလွင်မြို့တခုလုံးကို လျှပ်စစ်မီးဖြတ်တောက်မှုများကိုလည်း ပြုလုပ်ခဲ့ကြသလို မြို့ဝင်မြို့ထွက်လမ်း များကိုလည်း ပိတ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင် ဒေသခံတဦးက “၉ နာရီခွဲလောက်မှ စဖြစ်တာ ၁၀ နာရီခွဲလောက်မှာ ရပ်သွားတယ်။ ပစ်တာခတ်တာတွေက သိပ် မကြာလိုက်ဘူး၊ ဆက်တိုက်ကြီးပစ်တာမျိုး မဟုတ်ဘူး။ ၂ မိနစ်လောက်ခြားလိုက် ပစ်လိုက်၊ ၅ မိနစ်လောက်ခြားလိုက် ပစ်လိုက်နဲ့ အဲဒီလိုပေါ့၊ ၄၅ မိနစ် တနာရီအတွင်းကို အလုံး ၂၅ လုံးလောက် ရှိမယ်” ဟု ပြောသည်။

ပြင်ဦးလွင်မြို့အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်မှုကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့က ပစ်ခတ်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များကို နယ်မြေခံ စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိသည်ဟု စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြ ထားကြသည်။

အဆိုပါ ဖြစ်စဉ်ကို မန္တလေး PDF နှင့် TNLA တို့ လုပ်ဆောင်ခဲ့ခြင်းဟု သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းအဖွဲ့များသို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသေးပေ။

ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်တွင် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်သင်္ကြန်မဏ္ဍပ်နှင့် အခြားသောဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များသို့ တက်ရောက်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေပြီး အခြားသော စစ်ဗိုလ်ချုပ်များနှင့်အတူ တပ်မတော် အုပ်ချုပ်မှုသင်တန်းကျောင်း၌ နေထိုင်လျက်ရှိသည်ဟုလည်း သတင်းများ ထွက် ပေါ်နေသည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဘယ်မှာလဲ

အာရက္ခပြည်သူတွေရဲ့ ကံကြမ္မာကို တခြားလူမျိုးတမျိုးက ဆုံးဖြတ်တာ လုံးဝလက်မခံဘူး

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

Your Thoughts …
Tags: စစ်တက္ကသိုလ်ပြင်ဦးလွင်ရှော့တိုက်ဒုံးအောင်မြေဇေယျာဘုန်းကြီးကျောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.6k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

ပြင်ဦးလွင်က စစ်တက္ကသိုလ်တွေ ရွှေ့မည်

by ဧရာဝတီ
27 January 2025
18.1k

နောက်ပိုင်းတွင် စစ်တက္ကသိုလ်ကို သူ၏ အင်္ဂလိပ်အမည် အတိုကောက်ဖြင့် ဒေါ်စိန်အေးဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

စစ်တိုက်ကောင်းဖို့ မလို၊ လူကြီးကတော်နဲ့ ပိုင်ဖို့သာ လိုတယ်

စစ်တိုက်ကောင်းဖို့ မလို၊ လူကြီးကတော်နဲ့ ပိုင်ဖို့သာ လိုတယ်

by စွယ်တော်
22 May 2024
13.3k

စစ်တပ်တွင် “လူကြီးနဲ့ပိုင်ဖို့ မလိုဘူး၊ လူကြီးကတော်နဲ့ ပိုင်ဖို့လိုတယ်” ဆိုသည့် စကားရှိပါသည်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
11.4k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

သတင်းပို့ရန် စစ်တိုင်းဌာနချုပ် ပျောက်ကြမည့် DSA ကျောင်းဆင်းပွဲ

သတင်းပို့ရန် စစ်တိုင်းဌာနချုပ် ပျောက်ကြမည့် DSA ကျောင်းဆင်းပွဲ

by စွယ်တော်
10 December 2024
11.2k

၂၀၂၄ ခုနှစ်တွင် ဗိုလ်လောင်းဝင်ရောက်သူများသာမက ဗိုလ်လောင်းဝင်ခွင့် စာစစ်ဌာနများလည်း လျော့နည်းလာခဲ့ကြောင်း တွေ့ရသည်။

Next Post
မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

ဇွတ်သင်္ကြန်

ဇွတ်သင်္ကြန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved