အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျသွားပြီးနောက် စစ်တပ်အသိုင်းအဝိုင်းတွင် တပ်ချုပ် မင်းအောင်လှိုင်အတွက် မေးခွန်း သုံးခုရှိလာသည်။ ထွက်ပြေးမလား၊ ၎င်းကိုယ်တိုင် သတ်သေမလား၊ ခံချရင်း အဖမ်းခံပြီး ပြည်သူ စီရင်တာ ခံယူမလား ဆိုသည့် မေးခွန်းများဖြစ်သည်။
အမှတ်ပေးစနစ်ပါသည့် လက်ဝှေ့ပွဲ စည်းမျဉ်းမျိုးနှင့်ဆိုလျှင် စစ်ကောင်စီ စစ်ရှုံးသွားလေပြီ။ သို့သော် စစ်ခေါင်းဆောင်ကမူ သူရှုံးသည်ဟု မထင်ပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပပြီး ထွက်တော်မူ နန်းကခွာရန် စီစဉ်နေသည်။ သို့သော် လက်တွေ့တွင် လုံးဝမဖြစ်နိုင်ပေ။
ကျနော် ဉာဏ်မီသလောက် တွေးရမည်ဆိုလျှင် နံပါတ် ၁ အနေဖြင့် မင်းအောင်လှိုင် ပြေးလိမ့်မည်ဟု အဖြေထွက်သည်။ အဘယ်ကြောင့်ဆိုသော် မင်းအောင်လှိုင်တွင် ညှာတာထောက်ထားသည့် စိတ်ဓာတ် မရှိပေ။ ကိုယ်လွတ်ရုန်းသည့်စိတ်သာ ရှိသည်။
ကျနော် ဉာဏ်မီသလောက် တွေးရမည်ဆိုလျှင် နံပါတ် ၁ အနေဖြင့် မင်းအောင်လှိုင် ပြေးလိမ့်မည်ဟု အဖြေထွက်သည်။ အဘယ်ကြောင့်ဆိုသော် မင်းအောင်လှိုင်တွင် ညှာတာထောက်ထားသည့် စိတ်ဓာတ် မရှိပေ။ ကိုယ်လွတ်ရုန်းသည့်စိတ်သာ ရှိသည်။
ညှာတာမှုရှိခဲ့လျှင် လက်အောက်က အရာရှိ၊ စစ်သည်၊ တပ်မိသားစုများ ယခုလို ကျဉ်းထဲကျပ်ထဲ ရောက်အောင်လည်း အာဏာသိမ်းမည် မဟုတ်ပေ။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းသည့်ဖြစ်စဉ်တွင် အဓိက ပါဝင်ခဲ့သူ နှစ်ဦးမှာ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် သူ၏ ညာလက်ရုံး ဖြစ်သော ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ဖြစ်သည်။
သို့သော် စစ်ခေါင်းဆောင်သည် သူနာမည်ရရေးနှင့် သူ့အကျိုးစီးပွားကာကွယ်ရေးအတွက် အဆိုပါ ဒု ဗိုလ်ချုပ်ကြီး နှစ်ဦးအား လာဘ်စားမူဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ပိုင်ဆိုင်မှု အချို့ကို သိမ်းဆည်းခဲ့သည်။
မင်းအောင်လှိုင်၏ ပုံစံအမှန်ပင် ဖြစ်သည်။ တပ်မမှူးဘဝ၊ စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်ကြီးဘဝတွင် လက်အောက်ကို ကွမ်းစား၊ ဆေးလိပ်သောက်သည့် ကိစ္စကအစ အရေးယူပြီး အာဏာတည်ဆောက်ခဲ့သူ ဖြစ်သည်။ သူ တပ်ရင်းမှူးဘဝက ရေးချင်ရာရေးထားသည့် အုတ်တံတိုင်းကို အထက်အမိန့်အရ ဖျက်မိသဖြင့် ဗိုလ်မှူးတယောက်မှာ စစ်တပ်မှ ထုတ်ပယ်ခြင်း ခံရသည်။
မြန်မာ့တပ်မတော်တွင် လာဘ်မစားသည့် ဗိုလ်ချုပ် မရှိပေ။ မင်းအောင်လှိုင် တိုင်းမှူးဘဝက ထင်သာမြင်သာသော လာဘ်စားမှုများစွာ ရှိသည်။ တြိဂံဒေသတိုင်းမှူးဖြစ်သဖြင့် ပြည်သူ့စစ်များ လာပေးသည့် ငွေစက္ကူအပြည့် ထည့်ထားသော ကျန်ကျောင်းအိတ်ကို တပ်စစ်ဆေးချိန်တွင် သူ့အခန်းထဲ အရောက်ပို့ရသည်။ တပ်ချုပ်ဖြစ်လာသည့်အခါ ဦးသိန်းစိန် လက်ထက်တွင် အင်းလျားရှိ နိုင်ငံပိုင် တပ်မတော်ဧည့်ဂေဟာကို သူ့အမည်ပေါက် ပြောင်းခဲ့သည်။
ကိုယ်တိုင်က လာဘ်စားသူဖြစ်သော်လည်း မင်းအောင်လှိုင်သည် သူ့အကျိုးစီးပွားအတွက်ဆိုလျှင် မည်သူ့ကိုမဆို ထိုးကျွေးသူဖြစ်သည်။ ကျားဖြန့်ကိစ္စနှင့်ပတ်သက်၍ တရုတ်အစိုးရက လိုလားသော မြန်မာနိုင်ငံသား အချို့ကို ဖမ်းဆီး၍ တရုတ်လက်သို့ အပ်သည်။
မင်းအောင်လှိုင် တရုတ်လက် အပ်ခဲ့သူများထဲတွင် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် မင်းအောင်လှိုင်နှင့် ရင်းနှီးသူများ ပါဝင်ခဲ့သည်။ တရုတ်ပေးသည့် စာရင်းတွင်ပါသည့် စစ်ဗိုလ်ချုပ်များကိုလည်း ထောင်ချပြသည်။
ပိုဆိုးသည်မှာက လက်အောက်ငယ်သားများ၏ အသက် အိုးအိမ် စည်းစိမ်ကို ငဲ့ကာ မတတ်သာသည့်အဆုံး လက်နက်ချခဲ့သည့် တပ်မမှူးများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချခဲ့ခြင်းဖြစ်သည်။
ပိုဆိုးသည်မှာက လက်အောက်ငယ်သားများ၏ အသက် အိုးအိမ် စည်းစိမ်ကို ငဲ့ကာ မတတ်သာသည့်အဆုံး လက်နက်ချခဲ့သည့် တပ်မမှူးများအား သေဒဏ်နှင့် ထောင်ဒဏ်များ ချခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ဖြစ်ခါစက စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း ကိုယ်တိုင် ထွက်ရှင်းသည်။
ဗိုလ်ချုပ်များသည် လက်အောက်က မိသားစုဘဝများကိုငဲ့ပြီး ဤကဲ့သို့ ဆုံးဖြတ်ချက်ချရပါသည်ဟု စီကာပတ်ကုံးပြောသည်။ သို့သော် ပြန်ရောက်လာကြသည့်အခါ ဗိုလ်ချုပ်များအား အချုပ်ထဲထည့်ကာ စစ်တရားရုံးဖြင့်စစ်၍ ပြစ်ဒဏ်များ ချမှတ်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်သည် လက်အောက်ငယ်သားများအပေါ် ညှာတာစိတ် လုံးဝမရှိသည်ကို တွေ့ရသည်။
ခေါင်းဆောင်ကိုယ်တိုင်က လက်အောက်ငယ်သားများအပေါ် ညှာတာထောက်ထားစိတ် မရှိဘဲ အာဏာရရေးသာ တစိုက်မတ်မတ် ဦးစားပေးဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် လက်အောက်ငယ်သားများကလည်း သူအပေါ် ငဲ့၍ နောက်ဆုံး အခြေအနေအထိ အသက်အသေခံပြီး သစ္စာစောင့်သိနေမည် မဟုတ်ပေ။ တော်လှန်ရေးအဖွဲ့များ အနေဖြင့် နေပြည်တော်သို့ ချီတက် တိုက်ခိုက်ပါက မင်းအောင်လှိုင်အတွက် အသေခံ တိုက်ပေးမည့်သူ ရှိမည် မထင်ပေ။
အခြေအနေ မကောင်းပါက ထွက်ပြေးကြမည့်သူက များမည် သေချာသည်။ တချို့ဆိုလျှင် ယခုကတည်းကပင် မိသားစုများကို နေရပ်ပြန်ပို့ထားကြသည်။ မင်းအောင်လှိုင်သည်လည်း သတ္တိရှိသူ မဟုတ်သည့်အတွက် ထွက်ပြေးမှာ သေချာသည်။
မင်းအောင်လှိုင်အနေဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်မှာ မဖြစ်နိုင်ချေ။ တရုတ်ဇာတ်ကားများထဲကလို နှစ် ထောင်ကျော် အသက်ရှည်မည့် ရေခဲတောင်ကြာပွင့် ဝယ်၍ရလျှင် စားထားသမျှ လာဘ်လာဘများနှင့် ဝယ်စားမည်သူ ဖြစ်သည်။
ဩဂုတ်လ ၁၃ ရက် အာဏာသိမ်း ကောလာဟလအပြီး အနီးကပ်လုံခြုံရေးပင် ထပ်တိုးထားလိုက်သေးသည်။ အထူးလုံခြုံရေးတပ်များအပြင် နေပြည်တော်အခြေစိုက် ခြေလျင်တပ်ရင်း တရင်းပါ သူသွားသမျှနေရာကို လိုက်နေရသည်။ မိမိ အသက်ဆက်ဖို့အတွက် ဟင်္သာ ၉ သောင်းဇာတ် ခင်းနေသည်မှာလည်း လက်တွေ့ ဖြစ်သည်။
အာဏာသိမ်းကာလတလျှောက် စစ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ ကျဆုံးသည့်အဆင့်မှ ယာယီ သမ္မတတာဝန် အတင်းယူပြီးနောက်တွင် တိုင်းစစ်ဌာနချုပ်အဆင့်အထိ ကျဆုံးလာနေသည်။ ဤကဲ့သို့ ရှုံးနိမ့်မှုများသည် စစ်တပ်တွင် ရာထူးအကြီးဆုံး ယူထားသည့် တပ်ချုပ် မင်းအောင်လှိုင် အနေဖြင့် တာဝန်ရှိပါသည်ဟု ပြောသည့်စကား ယနေ့တိုင် မကြားမိသေးပေ။
အာဏာသိမ်းကာလတလျှောက် စစ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ ကျဆုံးသည့်အဆင့်မှ ယာယီ သမ္မတတာဝန် အတင်းယူပြီးနောက်တွင် တိုင်းစစ်ဌာနချုပ်အဆင့်အထိ ကျဆုံးလာနေသည်။ ဤကဲ့သို့ ရှုံးနိမ့်မှုများသည် စစ်တပ်တွင် ရာထူးအကြီးဆုံး ယူထားသည့် တပ်ချုပ် မင်းအောင်လှိုင် အနေဖြင့် တာဝန်ရှိပါသည်ဟု ပြောသည့်စကား ယနေ့တိုင် မကြားမိသေးပေ။ ထို့အတူ မှားပါသည်ဟု ဝန်ခံသည်ကို မတွေ့ရဘဲ ရမခ ကျပြီး ရက်ပိုင်းအတွင်း ပြောသည့်မိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင်များက ဝိုင်းတိုက်နေကြပါသည်ဟုသာ ပြောသွားသည်။
ကျဆုံးခဲ့ရသည့် စစ်သားများနှင့် မိသားစုများအတွက် သူ့တွင် တာဝန်ရှိသည်ဆိုသည့်စကားကို မကြားခဲ့ရပေ။ ထိုမျှလောက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိနိုင်သူသည် ငါမှားပြီးဟုလည်း ဝန်ခံမည့်သူ မဟုတ်ပေ။ ဟစ်တလာလို မှားနေလည်း မှားနေတာကို ထပ်ကာထပ်ကာပြောရင်း အမှန်ဟု ထင်သွားစေသည့် ဝါဒဖြန့်နည်းတွင် မင်းအောင်လှိုင် တယောက် သူကိုယ်တိုင် ပိတ်မိချင်ယောင်ဆောင်နေသည်။
ထို့ကြောင့်လည်း အမှားဝန်ခံ၍ ပေးသမျှ ခံယူဖို့ဆိုသည်မှာ နောက်ဘုရားတဆူသာ ပွင့်ချင်ပွင့်သွားမည်၊ အပြစ်ကို ခံယူဖို့တော့ မဖြစ်နိုင်ချေ။ သတ္တိရှိသူသည် အမှားကို ဝန်ခံရဲသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ် ရှိသည်။
တချို့ကလည်း စစ်ရှုံးနေသည့် မင်းအောင်လှိုင် အနေဖြင့် နေပြည်တော်တွင် ခံစစ်ပြင်ပြီး ခုခံနိုင်သည်ဟု သုံးသပ်ကြသည်။ အထူး ဆောက်လုပ်ရေးတပ်များက ရုရှားပြန် အရာရှိများ တာဝန်ယူ ဆောက်လုပ်ထားသည့် ဥမင်လိုဏ်ခေါင်းများကို ရည်ညွှန်းကြသည်။ ဥမင်လိုဏ်ခေါင်းထဲ ဝင်နေလျှင်ပင် ပြန်ထွက်ဖို့ အခွင့်အရေး ရှိမည်မထင်ပေ။ ပေါင်းလောင်း ဆည်ကြီး ဖွင့်ချလို့ရသည်ဟုလည်း မိုက်မဲသော စီမံချက်ကလည်း ရှိနေသေးသည်။
မိမိအမြင်ဖြင့် ပြောရမည်ဆိုပါက အထက်ဖားအောက်ဖိနှင့် ရာထူးအာဏာရရှိရေး တည်ဆောက်လာသည့် မင်းအောင်လှိုင်သည် ဤမျှအထိ အပင်ပန်း ခံနေမည်ဟု မထင်မိပါ။ ယခုလည်း တရုတ်နိုင်ငံခြားရေး ဝမ်ယိ ခရီးစဉ်အပြီး နိုင်ငံရေးထွက်ပေါက်ရအောင် ကစားဖို့ပြင်လာသည်။
လတ်တလောအခြေအနေတွင် သူ အာဏာတည်မြဲရေးအတွက် သူ့လူယုံများဖြစ်သော စစ်ကောင်စီ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် စစ်ကောင်စီ အကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးများအဖြစ် အဆင့်တိုးပေးခဲ့သည်။ ဒု တပ်ချုပ် စိုးဝင်း၏ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ရန်အတွက်လည်း ဖြစ်နိုင်သည်။
လတ်တလောအခြေအနေတွင် သူ အာဏာတည်မြဲရေးအတွက် သူ့လူယုံများဖြစ်သော စစ်ကောင်စီ အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် စစ်ကောင်စီ အကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးများအဖြစ် အဆင့်တိုးပေးခဲ့သည်။ ဒု တပ်ချုပ် စိုးဝင်း၏ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ရန်အတွက်လည်း ဖြစ်နိုင်သည်။
ယခု ဗိုလ်ချုပ်ကြီး သုံးယောက်အား စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်နေရာများ လွှဲပေးဖွယ်ရှိနိုင်သည်။ အသက် ၅၀ ကျော်ရုံ စစ်ဗိုလ်ချုပ်များ ရှိသော်လည်း နေရာမပေးခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။ ယခု ရာထူးတိုးပေးခံရသူများတွင် ၅၈ နှစ်အရွယ် ရဲဝင်းဦးမှလွဲလျှင် ကျန် နှစ်ဦးမှာ အသက် ၆၀ ကျော်များ ဖြစ်ကြသည်။ သူတို့နှင့်အပတ်စဉ်တူသူများ စစ်တပ်တွင်းမရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းဂဏဖွဲ့၍ မင်းအောင်လှိုင်ကို ပြန်လည် ထိန်းချုပ်ရန် မလွယ်သည့်အနေအထား ဖြစ်သည်။
သို့သော် အဆိုပါ ဗိုလ်ချုပ်ကြီး သုံးဦးသည် စစ်ရုံးတဝိုက်တွင် ကျင်လည်နေရသူများ ဖြစ်သည်။ စစ်ရုံးများတွင် လှည့်ပတ်နေရင်း ရာထူးတိုးလာကြသူများ ဖြစ်သည်။ လက်ရှိ အခွင့်အရေး ရနေ၍သာ မင်းအောင်လှိုင်အပေါ် သစ္စာခံနေခြင်း ဖြစ်သည်။ တော်လှန်ရေးဘက်က နိုင်ငံ၏ နေရာအတော်များများကို ထိန်းချုပ်နိုင်ပြီး နေပြည်တော်ကို ခြိမ်းခြောက်လာသည့်အခါ ထွက်ပြေးခြင်းဖြင့် အဆုံးသတ်နိုင်သည်။
တော်လှန်ရေး အင်အားစုများဘက်က နိုင်ငံကို ခြုံငုံထိန်းချုပ်မိချိန်တွင် နိုင်ငံခြားခရီးစဉ် အကြောင်းပြပြီး ထွက်ခွာသွားနိုင်သည် (ဘင်္ဂလားဒေ့ရှ်မှ ရှိတ်ဟာစီနာလို အတင်းပြေးရသလိုလည်း ဖြစ်နိုင်သည်)။ သူနှင့် အကျင့်စရိုက်ချင်း ဆင်ပြီး အပြန်အလှန် ဂုဏ်ထူးဆောင် ဘွဲ့များပေးနေသည့် ပူတင်၏ ရုရှားနှင့် ရုရှားဩဇာခံနိုင်ငံ တခုခုတွင် ခိုလှုံသွားနိုင်သည်။
အာဏာသိမ်းမိတာ မှားပါသည်ဟု နောက်ဆုံး အခြေအနေအထိ ဝန်ခံသွားဖွယ် မရှိပေ။ မင်းအောင်လှိုင် အနေဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ ကျုးလွန်သမျှအပြစ် ခံယူခြင်းများကမူ ဖြစ်မလာနိုင်ပေ။ ပြေးဖို့သာ သေချာသည်။
အာဏာသိမ်းမိတာ မှားပါသည်ဟု နောက်ဆုံး အခြေအနေအထိ ဝန်ခံသွားဖွယ် မရှိပေ။ မင်းအောင်လှိုင် အနေဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ ကျုးလွန်သမျှအပြစ် ခံယူခြင်းများကမူ ဖြစ်မလာနိုင်ပေ။ ပြေးဖို့သာ သေချာသည်။
နောက်ထပ် တိုင်းစစ်ဌာနချုပ် နှစ်ခုခန့် ထပ်မံ ကျဆုံးလာပါ မင်းအောင်လှိုင်သည် သူ၏အခါတော်ပေး ဗေဒင်ဆရာထံ သွားရောက် မေးမြန်းမည်ဖြစ်သည်။ ထိုအချိန်တွင် အခြေအနေအရပ်ရပ်ကို သိနေသော ဗေဒင်ဆရာကလည်း ပေးစရာ ယတြာ မရှိတော့သည့်အတွက် ပြေးဖို့သာ ညွှန်ကြားပေလိမ့်မည်။ ဗေဒင်ယတြာကိုယုံသော မင်းအောင်လှိုင်သည်လည်း အခါတော်ပေး ပြောသည့်အတိုင်း အချိန်ကိုက် ထွက်ပြေးပါလိမ့်မည်ဟုသာ သုံးသပ်မိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်
ရမခ တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းက အဆုံးသတ်တိုက်ပွဲရဲ့ အစလား
ဗိုလ်မှူးကြီးများ ရာထူးမတိုးရေး ဆုတောင်းနေရပြီ
ဒုစစ်ခေါင်းဆောင်စိုးဝင်း ရုံးခန်းတွေ ရွှေ့ပြောင်းပြီးတဲ့နောက်