နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) ကျောင်းဆင်း ဗိုလ်မှူးကြီးများကြား အပြိုင်အဆိုင် ဆုတောင်းတခု ရှိလာသည်။ ရာထူးတိုးအဆင့်မြင့်ဘုတ်တွင် မိမိနာမည် မပါရေး အပြိုင်အဆိုင် ဆုတောင်းကြခြင်း ဖြစ်သည်။ ထို့ဖြစ်ရပ်မှာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ပြောင်းပြန်ဖြစ်သွားသော ဖြစ်ရပ်တခုဖြစ်သည်။
အာဏာမသိမ်းခင်နှင့် အာဏာသိမ်းပြီး နှစ်နှစ်ကျော်အထိ NDC ကျောင်းဆင်း ဗိုလ်မှူးကြီးများ၏ အိပ်မက်မှာ တပ်မမှူးဖြစ်ရေး ဖြစ်သည်။ ကျောင်းဆင်းသည့်အခါ အဆင့်ကောင်းကောင်းရရန် ကျောင်းအုပ်ကြီးအား သူ့ထက်ငါ အပြိုင် ဂါ (လာဘ်ထိုး) ကြသည်။ NDC ကျောင်းဆင်းများထဲတွင် အဆင့် ၁ မှ ၁၀ ဝင်သူများမှာ တပ်မမှူးဖြစ်ရန် သေချာသလောက် ဖြစ်သည်။
သို့သော် ယခုအခါ တပ်မမှူးဖြစ်ရန် အကျုံးဝင်သည့် NDC ဆင်း ဗိုလ်မှူးကြီးအဆင့်များပင် တပ်မမှူး မလုပ်ပါရစေနှင့် ဆိုသည်အထိ ဖြစ်သွားခဲ့ကြသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်တွင် အာဏာမသိမ်းခင်အထိ စစ်တပ်၌ တပ်မမှူးတယောက် တိုက်ပွဲကျသည့်ဆိုသည့် ဖြစ်ရပ်မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ သို့သော် နွေဦးတော်လှန်ရေး၏ ၁၀၂၇ စစ်ဆင်ရေးမှစ၍ တပ်မမှူးနှင့် ဗျူဟာမှူးများ တိုက်ပွဲကျသည့်သတင်းများ ခပ်စိပ်စိပ် ဖတ်လာရသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်တွင် အာဏာမသိမ်းခင်အထိ စစ်တပ်၌ တပ်မမှူးတယောက် တိုက်ပွဲကျသည့်ဆိုသည့် ဖြစ်ရပ်မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ သို့သော် နွေဦးတော်လှန်ရေး၏ ၁၀၂၇ စစ်ဆင်ရေးမှစ၍ တပ်မမှူးနှင့် ဗျူဟာမှူးများ တိုက်ပွဲကျသည့်သတင်းများ ခပ်စိပ်စိပ် ဖတ်လာရသည်။
မိတ္ထီလာအခြေစိုက် တပ်မ ၉၉ တပ်မမှူး မုံးကိုးတွင် သေဆုံးသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်မမှူး နမ့်စန်တွင် အရှင် ဖမ်းဆီးခံရသည်။ လောက်ကိုင်ဒေသတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဒု တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် (လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဥက္ကဋ္ဌ) နှင့် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစ) ဗိုလ်မှူးချုပ် မိုးကျော်သူ အပါအဝင် ဗိုလ်မှူးချုပ် ခြောက်ယောက် လက်နက်ချ အညံ့ခံသည်။
၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်သည့် အာရက္ခတပ်တော် (AA) ၏ စစ်ဆင်ရေးအတွင်း ပလက်ဝနယ်မြေတွင်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၉ တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ပျောက်ဆုံးခဲ့သည်။
ထို့အတူ ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၂၀၂၄ ခုနှစ်၊ မတ်လတွင် စတင်သည့် ၀၃၀၇ စစ်ဆင်ရေးတွင်လည်း တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည် မိုးမောက်၊ မန်လုံရွာအနီးတွင် သေဆုံးခဲ့သည်။
ထိုဖြစ်စဉ်များသည် စစ်ကောင်စီတပ်တွင်း၌ ကြုံတောင့်ကြုံခဲ အခြေအနေများ ဖြစ်သည်။ တနည်း ဆိုရပါက မြောက်ပိုင်းမဟာမိတ်တို့၏ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် KIA ၏ ၀၃၀၇ စစ်ဆင်ရေးများသည် တပ်မမှူး၊ စကခမှူး ရာထူးနှင့် ဗိုလ်မှူးချုပ် အဆင့်ရှိသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းသည် ထိုဖြစ်စဉ်များကြောင့်လည်း အရွေ့တခုကို ဖြစ်စေခဲ့သည်။

ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း တပ်မမှူးဖြစ်ရန် အခွင့်အလမ်းကြုံသည့် NDC သင်တန်းဆင်း ဗိုလ်မှူးကြီးအဆင့် ရှိသူများ မျက်ခုံးလှုပ်လာကြသည်။ နောင်တော် စီနီယာ တပ်မမှူးများ သေဆုံးမှု၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုနှင့် ထိုနှစ်ခုက လွတ်ကင်းသည့်တိုင် အရေးယူခံရသည့်အဖြစ်ကို ကြည့်ကာ တုန်လှုပ်နေကြ၏။
NDC တွင် ယခင်က သူ့ထက်ငါ သင်တန်းဆင်း အဆင့်ကောင်းအောင် ကြိုးစားကြသည်။ အဆင့်ကောင်းမှ တပ်မမှူးဖြစ်ရန် အခွင့်အရေး ကောင်းမည်ဖြစ်သည်။
သင်တန်းဆင်းသည်နှင့် ဒုတပ်မမှူး / စစ်ဗျူဟာမှူး ခေတ္တလုပ်ပြီး တပ်မမှူး ဖြစ်ဖို့ စောင့်ရန်သာ ရှိတော့သည်။ ကျောင်းအုပ်နှင့် နည်းပြများကို ဂါ (လာဘ်ထိုး) ပြီး အချင်းချင်း နင်းတက်ကြသည်။ ယခုတွင်မူ ချောင်ကပ်၍ ရာထူး မပြုတ်ရန်သာ မျှော်လင့်ကြတော့သည်။
သင်တန်းဆင်းသည်နှင့် ဒုတပ်မမှူး / စစ်ဗျူဟာမှူး ခေတ္တလုပ်ပြီး တပ်မမှူး ဖြစ်ဖို့ စောင့်ရန်သာ ရှိတော့သည်။ ကျောင်းအုပ်နှင့် နည်းပြများကို ဂါ (လာဘ်ထိုး) ပြီး အချင်းချင်း နင်းတက်ကြသည်။ ယခုတွင်မူ ချောင်ကပ်၍ ရာထူး မပြုတ်ရန်သာ မျှော်လင့်ကြတော့သည်။
သူ့ထက်ငါ အပြိုင်နင်းတက်ပြီး ရာထူးယူချင်ကြသော အခြေအနေမှ အတွင်းကျပြီး အခြေအနေ မဆိုးသော တပ်များနှင့် နေပြည်တော်တဝိုက်တွင် စစ်ရေး / စစ်ထောက်ဌာနများတွင် ခိုဖို့သာ လုပ်လာကြသည်။
တဆင့်မြင့် ရာထူးတိုးမြှင့်ဘုတ်အပြီး အမိန့်ထွက်ပါက မိမိနာမည် မပါ၍ သောကရောက်ရသည့် အဆင့်မှ မိမိနာမည် မပါပါစေနဲ့ဟု ကြိတ်ဆုတောင်းရသည့် အနေအထား ရောက်လာသည်။
နေပြည်တော်စစ်ရုံးနှင့် စစ်ရေး မပြင်းထန်သော တိုင်းစစ်ဌာနချုပ်များတွင် စစ်ရေး၊ စစ်ထောက်ဆိုင်ရာနှင့် စစ်ဆေးရေး နေရာများကို ပြုံတိုးနေကြသည်။ တနည်းဆိုရပါက စစ်တပ်တွင်း ရာထူးရယူလိုမှု အညွှန်းကိန်းသည် သူ မတူအောင် ထိုးကျနေကြ၏။
စစ်ဆင်ရေးတွင် မလွှဲမရှောင်သာ တာဝန်ထမ်းဆောင်ရပါကလည်း ယခင်ကလို အသက်စွန့်ပြီး တိုင်းပြည်အတွက် ပေးဆပ်မည်ဆိုသည့်စကားမှာ အရာရှိကြီးများ အသိုင်းအဝိုင်းတွင် ပျောက်သွားသည်။ “အသက်ရှင်အောင် လုပ်နော်၊ မိသားစုတွေက အထုပ်ပိုက်ပြီး ပြေးဖို့ စောင့်နေမယ်” ဆိုသည့်စကား တပ်တွင်း၌ ခေတ်စားလာသည်။ ယောကျ်ားဖြစ်သူ အရာရှိကြီးများ လက်နက်ချသည်၊ ပြေးသည်ဆိုသည့် သတင်းစကား ကြားရသည်နှင့် မိသားစုက ပြေးဖို့ပြင်နေကြသည်။
စစ်တပ်၏နံပါတ်ဝမ်း ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင် အာဏာရူး၍ စစ်တပ်အတွင်းက အရာရှိ၊ စစ်သည်များ မလူးသာမလွန့်သာ အခြေအနေကြုံရသည်ကို မြင်လာကြသည်။ မင်းအောင်လှိုင် ကိုယ်ကျိုးရှာတာ လွန်ကြောင်း၊ လက်အောက်မှ အရာရှိ၊ စစ်သည်များ၏ ဘဝကို ချနင်းနေကြောင်း တပ်တွင်းမိသားစု စကားဝိုင်းများတွင် အသံတိုးတိုးမှ မကျယ်တကျယ်ဖြင့် ဆွေးနွေးလာနေကြပြီ ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ရှမ်းမြောက်နှင့်ရခိုင်ဒေသ၌ စစ်ကောင်စီရာထူးကြီးပိုင်းများကို ဖိအားပေးနိုင်လာသည်။ တပ်မမှူး၊ စကခမှူးရာထူးရှိ ဗိုလ်မှူးချုပ်အဆင့်မှ ကျော်လွန်၍ တိုင်းမှူးရာထူး ဗိုလ်ချုပ်အဆင့်အထိ ခြိမ်းခြောက်နေပြီ ဖြစ်သည်။
ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖမ်းလိုက်သည်။ စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် နိုင်နိုင်ဦးကို ပြန်ဆဲသဖြင့် အကျယ်ချုပ်နှင့် ထားသောသူသာဖြစ်ကြောင်း၊ တိုင်းမှူးအဟောင်းဟု စစ်လော်ဘီများက ဝါဒဖြန့်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းမှူးရာထူး ရယူခဲ့ဖူးပြီး ရမခ၏ခံစစ်ကို ဦးဆောင်နေသည့် ဗိုလ်ချုပ်အဆင့်ဖြစ်သည်။
ရမခ မကျခင် စစ်ကူလိုက်ခိုင်းသဖြင့် စစ်ကူလိုက်ရသည့် စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း လမ်းတွင် မိမိကိုယ်ကို ပစ်သတ်၍ သေဆုံးသည်။ သိပ်မကြာခင် မူဆယ်တွင် ရှိပါသည်ဆိုသည့်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် (တပ်ချုပ်နှင့် အနီးကပ်နေဖူးသူ) ထွက်ပြေးသည်။ မပြေးခင် မဟာမိတ်အဖွဲ့က လက်နက်ချ အလင်းဝင်ရန် စည်းရုံးပြောဆိုမှုရှိခဲ့ကြောင်း သိရသည်။
မူဆယ်မြို့နှင့်ပြည်သူကို ငဲ့ကာ အလင်းဝင်သည် ဆိုပါက သူ့လုပ်ဆောင်ချက်ကို အသိအမှတ်ပြုရမည် ဖြစ်သည်။ သတင်းမတိကျပါဆိုပြီး စစ်တပ်လော်ဘီများ ဖြေရှင်းနေကြသော်လည်း သူ့နေရာကို တိုင်းမှူးအသစ် ခန့်လိုက်ခြင်းမူ ငြင်းမရပေ။ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယ လေ့ကျင့်ရေးအရာရှိချုပ် မြင့်ထွန်းကျော်ကို တိုင်းစစ်ဌာနချုပ်ရုံးရော အောက်ကရုံးအဖွဲ့ပါ မရှိပါဘဲ တိုင်းမှူးရာထူး ပေးလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြောဖူးသည့် ‘လေလှိုင်းကြားက အစိုးရ’ ဆိုသည့် စကားအတိုင်း ပြန်ပြောရမည်ဆိုပါက ‘လေလှိုင်းကြားက တိုင်းမှူး’ အဖြစ် မှတ်တမ်းဝင်ဖွယ် ရှိသည်။ ရုံးနေရာမရှိ၊ ရုံးအဖွဲ့မရှိဘဲ ကွပ်ကဲမှုနယ်မြေ အများစု ဆုံးရှုံးထားချိန် တိုင်းမှူးလုပ်ရသူအဖြစ် မှတ်တမ်းဝင်သွားသည်။
ရမခကို စစ်ကောင်စီဘက်က စွန့်လွှတ်လိုက်ရသည့် ဖြစ်စဉ်ကြောင့် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အပြင် မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မြင်းခြံနှင့် နွားထိုးကြီးအထိ တော်လှန်ရေးဘက်က တိုက်စစ်မြင့်လာသည့် မန္တလေး နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က တိုင်းမှူးများပါ မျက်ခုံးလှုပ်လာသည်။
အတည်မပြုနိုင်သော သတင်းတချို့အရ တိုင်းစစ်ဌာနချုပ်အဆင့်များတွင် ရုံးထိုင်ရန် နေပြည်တော်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများ စေလွှတ်သည်ဟု ကြားသိရသည်။ တိုင်းမှူးအဆင့်များ ဘက်ပြောင်းခိုလှုံသွားမည်၊ အမိန့်မနာခံတော့မည်ကို စိုးရိမ်၍ စောင့်ကြည့်ရန် လူချင်းထပ်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု သိရသည်။
အတည်မပြုနိုင်သော သတင်းတချို့အရ တိုင်းစစ်ဌာနချုပ်အဆင့်များတွင် ရုံးထိုင်ရန် နေပြည်တော်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးများ စေလွှတ်သည်ဟု ကြားသိရသည်။ တိုင်းမှူးအဆင့်များ ဘက်ပြောင်းခိုလှုံသွားမည်၊ အမိန့်မနာခံတော့မည်ကို စိုးရိမ်၍ စောင့်ကြည့်ရန် လူချင်းထပ်ထားခြင်းလည်း ဖြစ်နိုင်သည်ဟု သိရသည်။
တိုင်းမှူး ဗိုလ်ချုပ်အဆင့်တူများ အနေဖြင့် သူ့ငါမယုံ ငါ့သူမယုံအဆင့်နှင့် ဖြတ်သန်းနေကြသည်။ ပဲခူးက ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ပျံလွန်တော်မူသည့်ဖြစ်စဉ်ကို ပြန်ကြည့်လျှင် အဆင့်ဆင့် တင်ပြထားပြီး ဖြစ်စဉ်ဖြစ်သော်လည်း တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် အရေးယူခံလိုက်ရသည်။ ထို့ကြောင့် တိုင်းမှူးနေရာ ရမည်ထက် စစ်ရုံးတွင် ခိုချင်သည့်ဗိုလ်ချုပ် များနေခြင်းဖြစ်သည်။
မင်းအောင်လှိုင်ကလည်း ဤသို့သော အခြေအနေကို သိသဖြင့် လေလှိုင်းထဲက ရမခ တိုင်းမှူးသစ်နေရာတွင် စစ်ရုံးကလူကို ခန့်လိုက်သည်။ နောက်တက် မျိုးဆက်များကို နေရာပေးသည်ထက် အနားမှာရှိပြီး ခိုင်းသမျှ မျက်စိမှိတ် နားပိတ်လူကို ရွေးလာရသည်။
ဒုတိယ လေ့ကျင့်ရေးအရာရှိချုပ်မှ တိုင်းမှူးဖြစ်၍ ပျော်မည်ဟုတော့မထင်၊ ကြေကွဲနေမည်သာဖြစ်သည်။ သူ့ရှေ့က မင်းအောင်လှိုင်ကို ထီးမိုး အိတ်ဆွဲ တံခါးဖွင့် တပည့်ပင် ပြေးသွားခြင်း၊ နိုင်နိုင်ဦးကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် ရမခ တိုင်းမှူးကနေ ကစထမှူးရာထူး တိုးပေးခဲ့သော်လည်း စစ်ဆင်ရေး ဒုတိယပိုင်းတွင် အရေးယူလိုက်ခြင်းများကို တွေးပြီး ကြောက်ရွံ့နေမည်သာ ဖြစ်သည်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြောလာသည့်စကား ရှိသည်။
“ဒီရက်ပိုင်းကိုဆိုရင် တိုင်းစစ်ဌာနချုပ်တခု ကျဆုံးသွားခဲ့ပြီ။ ဒီတိုင်း စစ်ဌာနချုပ်ဆိုရင်လည်း စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေထဲမှာ အားအကောင်းဆုံး၊ အကြီးဆုံး ရမခ ဌာနချုပ် ဖြစ်တယ်။ ရမခ ကျသွားပြီဆိုတဲ့ အဓိပ္ပာယ်က နောက်ထပ် ဘယ်လို စစ်ဌာနချုပ်ကမှ တော်လှန်ရေးရဲ့ အားကို ခံနိုင်တော့မယ့် အနေအထား မရှိတော့ဘူး ဆိုတာကိုလည်းပဲ ဖော်ပြနေတယ်လို့ ဒီလိုနားလည်တယ်။ ပြည်သူအပေါ် ဗိုလ်ကျခဲ့တဲ့ လက်နက်ကိုင်အဖွဲ့၊ မထီမဲ့မြင်ပြုခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ဒီကနေ့ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မရှုမလှ ခံနေရတယ်လို့ ပြောရမှာပေါ့။ သို့သော် စစ်ခေါင်းဆောင်တွေကတော့ ယနေ့အထိ အသိတရား မဝင်သေးဘူး။ အမြင်မှန် မရသေးဘူး။ အခုထိ မိုက်လုံးကြီးနေဆဲဆိုတာလည်း ကျနော်တို့ တွေ့ရတယ်” ဟု ဖြစ်သည်။
ထို့ကြောင့် အတွေးအခေါ် ကောင်းကောင်းရှိပြီး အများအကျိူးအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ရှိသူ စစ်ဗိုလ်ချုပ်များအတွက် အကောင်းဆုံး အချိန်ပင်ဖြစ်သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ
ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့
ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ
စဉ့်ကူးမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သားတွေ အရှင်ဖမ်းမိ (ရုပ်/သံ)
စစ်ဗိုလ်ချုပ်တွေ ဘယ်လို ထွက်ပေါက် ရှာနေသလဲ (ရုပ်/သံ)
စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင်ကို ထောင် ၁၀ နှစ်ချ
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ














