မန္တလေးတိုင်း စဥ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် စစ်ကောင်စီတပ်သား (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြောပါတယ်။
မန္တလေး မြို့နဲ့ နာရီအနည်ငယ်သာ ကွာဝေးတဲ့ စဉ့်ကူးစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး ကို ဖမ်းမိခဲ့တာက ပထမဦးဆုံး ဖြစ်စဉ်ပါ။ စခန်း ၅ ခုကို ထပ်မံ သိမ်းမိခဲ့တာကြောင့် စဥ့်ကူးမြို့နယ်အတွင်းမှာ တပ်စခန်းသိမ်းပိုက်မှု ၁၁ ခုအထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
စဥ့်ကူးမြို့နယ်ဟာ အရှေ့ဘက် နောင်ချို၊ တောင်ဘက်မှာ မတ္တရာမြို့နယ်၊ မြောက်ဘက်မှာ သပိတ်ကျင်းတို့ရှိပြီး စစ်ရေးအရ အရေးပါတဲ့ ဒေသဖြစ်တာကြောင့် အခုလို ထိုးစစ်ဆင် တိုက်ခိုက်တာလို့ MDY-PDF က ပြောပါတယ်။
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR