• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

မန္တလေးနန်းမြို့ရိုးပေါ် ခံတပ်လုပ်မှု ရှေးသုပညာရှင်တို့ ဝေဖန်

by ဧရာဝတီ
17 August 2024
in Culture, သတင်း
A A
မန္တလေးနန်းမြို့ရိုးပေါ် ခံတပ်လုပ်မှု ရှေးသုပညာရှင်တို့ ဝေဖန်

မန္တလေး နန်းတွင်းကို တွေ့ရစဉ် (ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့ ပတ်လည် တိုက်ပွဲများ ပြင်းလာချိန် နန်းတွင်း၌ တပ်စွဲထားသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က မြို့ရိုးပြဿဒ် များပေါ်တွင် သဲအိတ်များတင်ကာ စစ်ပြင်နေသည်ကို တွေ့ရသည်။

မကြာသေးမီက ထွက်ပေါ်လာသည့် ဓာတ်ပုံများအရဆိုလျှင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နန်းဦးတွင် သဲအိတ်များ တင်၍ အကာအကွယ် ပြုလုပ်ထားပြီး နန်းတွင်းရှိ တိုင်းမှူးနေထိုင်ရာ အိမ်နှင့် နီးသည့် မြို့ရိုးတောင်ဘက်တွင်လည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။

မန္တလေးသည် မြန်မာမင်းတို့၏ နောက်ဆုံး မြို့တော်ဖြစ်ပြီး ယဉ်ကျေးမှု ဗဟိုချက်ကျသည့် သမိုင်းဝင်နေရာလည်း ဖြစ်သလို ယခုသဲအိတ်များနှင့် စစ်ပြင်ထားသည့် မန္တလေးနန်းတော်ဆိုလျှင်လည်း မြို့ရိုး ကျုးံတာနှင့် ယဉ်ကျေးမှု အမွေအနှစ်အရ အကောင်းဆုံး အနေအထားတွင် ရှိသည်။

မန္တလေးမြို့ခံတဦးက “နန်းမြို့ရိုးတပတ်လည်မှာ သူရဲခို ၅ ခုကြား တနေရာစီမှာ သဲအိတ်တွေ အဆင့်ဆင့်ကာထားတယ်။ နန်းတွင်းရဲ့ ဝင်ပေါက်ထွက်ပေါက် လူနေလို့ရတဲ့ သူရဲခိုတွေမှာ ကင်းစောင့်နေတဲ့ အခြေအနေတွေရှိတယ်။ ကျုံးနဲ့ နန်းမြို့ရိုး ကြားမှာ လုပ်ထားတဲ့ ရတနာပုံဥယျာဉ်ဆိုတာရှိတယ်။ ရတနာပုံဥယျာဉ်ကလည်း အခုချိန်ထိတော့ မနက်ပိုင်းရယ် ညနေပိုင်းမှာတော့ အားကစားလုပ်တဲ့သူတွေ အပန်းဖြေတဲ့လူတွေရှိနေသေးတယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ချိန်ကတည်းက မန္တလေးမြို့ပေါ်တွင် နည်းလမ်းမျိုးစုံဖြင့် ခံစစ်ပြင်နေသည့် စစ်တပ် သည် ဇူလိုင်လကုန်ပိုင်းမှစတင်ကာ ကျုံးမြို့ရိုးပတ်လည်တွင် သဲအိတ်များ နေရာအနှံ့ ကာရံကာ ခံစစ်ပြင်နေခြင်းဖြစ်သလို နန်းမြို့ရိုးအနီး ရတနာပုံဥယျာဉ်နေရာကိုလည်း လုံခြုံရေးကင်မရာတပ်ဆင်ထားကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့ခံ တဦးကလည်း “အရေးပေါ်ကာလ စစ်တွင်းဆိုတော့ သူတို့ကတော့ လုပ်မှာပါပဲ။ မထိခိုက်ရင်တော့ အကောင်း ဆုံးပေါ့ဗျာ။ ဘယ်လိုဖြစ်ဖြစ် ရှေးဟောင်းယဉ်ကျေးမှုကို မထိခိုက်ရင် အကောင်းဆုံးပေါ့။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အခြေအနေအရပ်ရပ်က ပြောရခက်တယ်။ ရှေးဟောင်းနေရာတွေလည်းရှိတယ်။ လူနေလည်းထူထပ်၊ ဘာသာပေါင်းစုံ လည်း ရှိနေတဲ့နေရာတွေ ဖြစ်တယ်။ ဒီနေရာတွေက စစ်ဒဏ်မသင့်ရင်တော့ အကောင်းဆုံးပဲ” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေထိုင်သည့် အိမ်နှင့်နီးစပ်ရာ နန်းမြို့၏ တောင်ဘက်ခြမ်း ဝင်ထွက် ပေါက်ဖြစ်သည့် ၇၃ လမ်းနှင့် ၂၆ လမ်းဝင်ပေါက်များကို ဖြတ်သန်းသွားလာခွင့်မပြုတော့သလို ၂၆ လမ်း ကျုံးမြို့ရိုးအနီး သွားလာနေသည့် ပြည်သူများကိုလည်း စစ်ဆေးပြီးမှသာ မြို့ရိုးအနီးထိ ဝင်ခွင့်ပေးကြောင်း သိရသည်။

မန္တလေး မြို့ရိုးအား သဲအိတ်တင်၍ ခံစစ်ပြင်နေပုံ (ဧရာဝတီ)

ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် သမိုင်းအရဖြစ်စေ၊ ယဉ်ကျေးမှုအရ ဖြစ်စေ၊ အနုပညာလက်ရာမြောက်မှု အရဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ၊ ဘူမိဗေဒအရဖြစ်စေ၊ ဇီ၀ဗေဒအရဖြစ်စေ၊ တန်ဖိုးကြီးများ သောကြောင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်း သို့မဟုတ် ရှေးဟောင်းအဆောက်အအုံကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။

ပြဋ္ဌာန်းထားသည့် ဥပဒေများအရ ရှေးမြို့ဟောင်း၊ နန်းတော်၊ မြို့ရိုး၊ ကျုံး၊ မြေကတုတ်၊ တံခါး၊ မုခ်ဝ၊ မြို့ဝင်ပေါက်၊ ခံတပ် စသည့် အကြွင်းအကျန်များကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ထားရာ သက်တမ်း ၁၆၅ နှစ်ကျော်ခဲ့ပြီဖြစ် သော မြန်မာမင်းတို့ နောက်ဆုံးစိုးစံခဲ့သည့် မန္တလေးနန်းတော်သည် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် နေရာဖြစ်သည်။

ထို့အပြင် တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းပေးထားသည့် ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီများက ယဉ်ကျေးမှု အမွေအနှစ် အခင်းအကျင်းကို အဟန့်အတား အနှောက်အယှက်ဖြစ်စေသည့် မည်သည့်အဆောက်အအုံမျှ ဆောက်လုပ် ခြင်း မပြုဖို့နှင့် မြင်ကွင်း ထိခိုက်စေမည့် ကိစ္စရပ်များ မပြုလုပ်ရန်လည်း တားမြစ်ထားသည်။

ယခု မန္တလေးနန်းတော်မြို့ရိုးပေါ် သဲအိတ်များတင်ကာ အကာအကွယ်လုပ်ထားမှုနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသန ပညာရှင်တဦးက သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်များ အကာအကွယ်မယူသင့်သကဲ့သို့ သမိုင်းဝင် အဆောက်အအုံများ အနီး စစ်ရေးမပြင်ဆင်သင့်ကြောင်း၊ ထို့အတွက် ရှေးဟောင်းအဆောက်အအုံများ၏ မြင်ကွင်းဆုံးရှုံးကြောင်း ထောက်ပြ သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

ရှေးဟောင်းသုတေသနပညာရှင် ဦးသူရအောင်က “မန္တလေးကို စစ်မီးရောက်တော့မယ်ဆိုတဲ့ အချိန်မှာလည်း ဒီမြို့ရိုးတွေ ကျုံးတွေ ရှေးဟောင်းနေရာတွေကို ခံစစ်သဖွယ်ပြင်တာတွေက စစ်ရာဇဝတ်မှုမြောက်တယ်။ လက်နက်ကိုင်ပဋိပက္ခတွေ ကြားမှာ စစ်တပ်တိုင်းက ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ချိုးဖောက်တယ်။ ဒါက ကျင့်ဝတ်အရလည်း ချိုးဖောက်တယ်။ ဥပဒေအရလည်း ချိုးဖောက်နေတဲ့အတွက် လုပ်ကိုမလုပ်သင့် တဲ့အရာလို့ သုံးသပ် ချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဂျီနီဗာကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားသည့်အတွက် မန္တလေးရတနာပုံမြို့ရိုးနှင့် ကျုံးသည် နိုင်ငံ၏ National Landmark ဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ်လည်းဖြစ်သောကြောင့် စစ်မက်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှု အမွေအနှစ်အား ဓားစာခံအဖြစ် အသုံးပြုခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်နက်ကိုင်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်သည့် ၁၉၅၄ Hague နိုင်ငံတကာသဘောတူညီချက် — (Convention for the Protection of Cultural Property in the event of Armed Conflict) ကို မြန်မာနိုင်ငံသည် ၁၉၅၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ရက်တွင် သဘောတူလက်မှတ် ရေးထိုးထားပြီး ယဉ်ကျေးမှုအမွေအနှစ်များတွင် စစ်အခြေစိုက်စခန်းပြုခြင်း၊ ခံတပ် ကတုတ်တည်ဆောက်ခြင်းများ နှင့် ယာယီစစ်ဆေးရုံပင် ဆောက်လုပ်ခွင့်မရှိကြောင်း ဖော်ပြပါရှိသည်။

၂၀၁၉ ခုနှစ်က တွေ့ရသည့် မန္တလေးကျူံးနှင့် မြို့ရိုး(ဧရာဝတီ)

“စစ်ဖြစ်တဲ့နေရာကို ၂ဖက်စလုံးက ရှောင်ရတယ်။ ဥပမာ လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ယဉ်ကျေးမှု အမွေအနှစ် နေရာတွေမှာ စစ်ပွဲမဖြစ်အောင်၊ အမွေအနှစ်ဇုန်တွေဟာ စစ်မဲ့ဇုန်တွေဆိုတာ သိရမယ်။ ဒါက ဘယ်ဥပဒေကို ကိုးကား ပြီးပြောလဲဆိုရင် ဂျနီဗာကွန်ဗန်းရှင်း ၄ ပေါ့။ နိုင်ငံတကာစစ်တပ်အားလုံးလိုက်နာရမယ့် ဥပဒေပေါ့။ ဒီဥပဒေကို မြန်မာပြည် ကလည်း လက်မှတ်ထိုးထားတယ်။ စစ်တပ်အနေနဲ့ ဒါတွေကို မလုပ်ရဘူးဆိုတာ သိကိုသိရမယ်။ ဒါပေမယ့် ဒါတွေကို ချိုးဖောက်ပြီးတော့ အမွေအနှစ်ဇုန်ထဲကို ခံတပ်ကတုတ်ကျင်းလုပ်ရုံမက စစ်ဌာနချုပ်ကြီးပါ ထိုင်ခဲ့တာကြာပြီ။ နှစ်တွေ အများ ကြီးကြာပြီ ဆယ်စုနှစ်များစွာကြာပြီ” ဟု ရှေးဟောင်းသုတေသန ပညာရှင် ဦးသူရအောင် ကထောက်ပြသည်။

မန္တလေးမြို့နှင့် နန်းတော်ကို မင်းတုန်းမင်းကြီးက ၁၈၅၇ခုနှစ်တွင် စတင်တည်ခဲ့ပြီး တောင်မှမြောက် အလျား ၆မိုင်ခွဲ အရှေ့ အနောက် အနံ ၄မိုင်ခန့် ရွှေကြိုးသတ်၍ မြေမြို့ရိုးကာရံကာ မန္တလေး နန်းတော်က ကျုံးလေးဘက်ရံ၍ အုတ်မြို့ ရိုးကြီးဖြင့် စတုရန်းကျကျ တည်ဆောက်ထားခဲ့သည်။

သီပေါမင်း ပါတော်မူပြီးနောက် နန်းတွင်း၌ ဗြိတိသျှတပ်များ ဝင်ရောက်တပ်စွဲကာ သီပေါမင်း၏ နွေရာသီ စံနန်းတော်ကို ဂျင်မခါနာကလပ် အဖြစ် ပြောင်းလဲခဲ့သလို ရွှေနန်းဆောင် ၇၀ခန့်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် မူ ဂျပန်တပ်များ မန္တလေးနန်းတော်တွင်းမှ အခိုင်အမာတပ်စွဲ ခုခံနေသဖြင့် အင်္ဂလိပ်တပ်များက အမြောက်များဖြင့် မြို့ရိုးကို ပစ်ဖောက်ခဲ့သလို လေယာဉ်မှလည်း ပေါင် ၂၀၀၀ ဗုံးများ ကြဲချခဲ့သဖြင့် မန္တလေးနန်းတော် ပျက်စီးခဲ့ရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ၁၉၅၈ခုနှစ်က စာရေးဆရာ သတင်းစာဆရာကြီး လူထုဦးလှ အင်္ဂလန်နိုင်ငံသို့ အစိုးရဧည့်သည် အဖြစ် ရောက်ရှိစဉ် ဒုတိယကမ္ဘာစစ်အတွင်းက မန္တလေးကို ပြန်လည်သိမ်းပိုက်ရာတွင် ဦးဆောင်ခဲ့သော ဗိုလ်ချုပ် ရီးစ် နှင့် တွေ့ဆုံခဲ့ရာ စစ်ဆင်ရေးအတွင်း မန္တလေးနန်းတော် အဆောက်အဦများ မီးလောင်ပျက်စီးသွားသည့်အတွက် ဝမ်းနည်း နှမြောမိကြောင်း ပြောဆိုခဲ့သည်ဟု မန္တလေး နှစ်၁၀၀ပြည့်စာအုပ်တွင် ရေးသားထားသည်။

လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲသည် ရှမ်းမြောက်ဒေသသာမက မြန်မာပြည်အလယ်ပိုင်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ ဒေသများအထိပါ ရောက်ရှိနေရာ သြဂုတ်လ ၁၅ရက် ညပိုင်းက နွားထိုးကြီးမြို့နယ် သူစိုးခေါ် တစိုးရွာမှ ရှေးဟောင်းဘုရား များ စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ထိမှန်ပျက်စီးခဲ့ရကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။

You may also like these stories:

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

တကောင်းကို သိမ်းခြင်းက ဧရာဝတီမြစ်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာ

မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်

ချမ်းသာရွာက နှစ် ၁၀၀ ကျော်သက်တမ်းရှိ ခရစ်ယာန် ဘုရားကျောင်း မီးရှို့ခံရ

Your Thoughts …
Tags: ကျုံးနန်းမြို့ရိုးမန္တလေးနန်းတော်၊ ရှေးဟောင်းအမွေအနှစ်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ဆင်ရေး အထူးအဖွဲ့မှူးနှင့် တိုင်းမှူးနေရာများ အပြောင်းအလဲလုပ်

စစ်ဆင်ရေး အထူးအဖွဲ့မှူးနှင့် တိုင်းမှူးနေရာများ အပြောင်းအလဲလုပ်

by ဧရာဝတီ
26 August 2023
7.5k

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများနှင့် ကချင်နှင့် ချင်းပြည်နယ်များကို ကွပ်ကဲရသည့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ( ကစထ - ၁) ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်ကို နေပြည်တိုင်း၏ အမှတ် (၆) စစ်ဆင်ရေး...

ပေါက်ဖော်တွေ ကြိုက်စျေးပေးဝယ်နေတဲ့ မန္တလေးမြို့ (ရုပ်/သံ)

ပေါက်ဖော်တွေ ကြိုက်စျေးပေးဝယ်နေတဲ့ မန္တလေးမြို့ (ရုပ်/သံ)

by ဧရာဝတီ
24 September 2025
669

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့၊ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်း ဒေသတွေရဲ့ အဓိကစီးပွားရေး အချက်အချာကျရာ နေရာဖြစ်တဲ့ မန္တလေးဟာ လက်ရှိမှာ တရားမဝင် လုပ်ငန်းတွေကနေ ရလာတဲ့ ငွေမည်းကို ငွေဖြူအဖြစ် ပြောင်းလဲလိုသူတွေရဲ့ ပစ်မှတ်ထားရာ မြို့ ဖြစ်နေတယ်လို့...

ငလျင်ဒဏ်သင့် မန္တလေး အခြေအနေ (ရုပ်/သံ)

ငလျင်ဒဏ်သင့် မန္တလေး အခြေအနေ (ရုပ်/သံ)

by ဧရာဝတီ
29 March 2025
200

မြန်မာနိုင်ငံ စစ်ကိုင်းအနီး ဗဟိုပြု၍ အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ပေါ် ရှိ အဆောက်အဦများ ပြိုကျပျက်စီးကာ ထိခိုက် သေဆုံးမှုများပြားသည်။

မန္တလေး နန်းမြို့ရိုးဘေး လူထုအပန်းဖြေ စီမံကိန်း ဆောင်ရွက်ရန် စစ်ကောင်စီ ကြိုးပမ်း  / CJ

မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်

by ဧရာဝတီ
13 October 2021
10.8k

ကားပါကင်တွေ လုပ်မယ်၊ အပင်တွေ၊ ဓာတ်တိုင်တွေ စိုက်တဲ့အခါမှာ အဲဒီ မြင်ကွင်းတွေက နန်းမြို့ရိုးမြင်ကွင်း ကို ပျောက်သွားတာပေါ့။ ဒါ Directly Impact (တိုက်ရိုက် အကျိုး သက်ရောက်မှု) ပေါ့။ ရှေးဟောင်းအမွေအနှစ် မြင်ကွင်း တွေ...

ဖျက်ဆီးခံထားရသည့် သရေခေတ္တရာရှေးဟောင်းဇုန်ရှိ အတွင်းနန်းမြို့ရိုး သံပန္နက်တိုင်များအားမြင်တွေ့ရစဉ်

သရေခေတ္တရာ အတွင်းနန်းမြို့ရိုးရှိ ရှေးဟောင်း သံပန္နက်တိုင်များ ဖျက်ဆီးခံရ

by ကောင်းမြတ်မင်း
19 June 2019
91.2k

အဆိုပါဖျက်ဆီးခံရသည့် သံပန္နက်တိုင်များအား အများပြည်သူ လာရောက် လေ့လာနိုင်ရန် တူးဖေါ် တွေ့ရှိသည့် နေရာမှာပင် ပြသထားခြင်းဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးအရ တန်းဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ပစ္စည်း ဖြစ်ကြောင်း လည်း ဆက်ပြောသည်။

Next Post
မလုပ်ရဲတာ ဘာမှမရှိဘူး

မလုပ်ရဲတာ ဘာမှမရှိဘူး

ထိုင်းကို လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ရေး AI နဲ့ ကူညီပေးမယ်

ထိုင်းကို လာတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ရေး AI နဲ့ ကူညီပေးမယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved