• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

တကောင်းကို သိမ်းခြင်းက ဧရာဝတီမြစ်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာ

by ဧရာဝတီ
13 August 2024
in Military, သတင်း
A A
တကောင်းကို သိမ်းခြင်းက ဧရာဝတီမြစ်အရှေ့ခြမ်း လွတ်မြောက်နယ်မြေ ကျယ်ပြန့်လာ

တကောင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်များ/ သပိတ်ကျင်း ပကဖ

2.9k
VIEWS
Share on FacebookShare on Twitter

ရှေးဟောင်း အမွေအနှစ်စာရင်းဝင် တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ် သိမ်းလိုက်ရာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဒေသများ လွတ်မြောက်နယ်မြေ ပိုမိုကျယ်ပြန့် လာသည်

တကောင်းမြို့သည် သပိတ်ကျင်းခရိုင်တွင် ပါရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ အသစ်ဖွဲ့စည်းလိုက်သည့် တပ်မဟာ ၁၁ ၏ ရွှေလီချိုင့်ဝှမ်းဒေသ မဘိမ်းနယ်နှင့်သာမက ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မန္တလေး PDF ပူးပေါင်းတပ်များ သိမ်းထားသည့် မိုးမိတ်၊ မိုးကုတ်ဒေသအပြင် မန္တလေး PDF တို့ သိမ်းထားသည့် စဉ့်ကူးနယ်နှင့်ပါ ဆက်စပ်နေသည်။

သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတဦးက “တကောင်းတိုက်နယ်ကတော့ စစ်ကောင်စီ ကင်းစင်သွားပါပြီ။ ပြည်သူတွေ အရင်ကလို ကြောက်ကြောက်လန့် လန့်၊ ထိတ်ထိတ်လန့်လန့်နဲ့ နေစရာ မလိုတော့ ပါဘူး။ ကြာညှပ်တိုက်နယ်လည်း စစ်ကောင်စီ ကင်းစင်သွားပါပြီ။ တွင်းငယ်နဲ့ သပိတ်ကျင်းဘက်ပဲ ကျန်ပါတယ်။ အဲဒီဘက်မှာ တပ်စခန်း အထိုင် ၂ ခု ၃ ခု ရှိနေပါသေးတယ်။ အဲဒီဘက်ကို လည်း မန္တလေး PDF ဝင်နေပါတယ်” ဟု ပြောသည်။

တကောင်းမြို့တွင် စစ်တပ်၏ တပ်ရင်းဌာနချုပ် မရှိသော်လည်း သပိတ်ကျင်းဘက်မှ စစ်ကြောင်းနှင့် ဒေသခံ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်က ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံးနှင့် တိုက်နယ်ဆေးရုံ၊ လေးမျက်နှာဘုရားကုန်းတို့ တွင် တပ်စွဲထားကြောင်း၊ ဩဂုတ် ၁၁ ရက် နံနက်က စတင် သိမ်းယူရာ တိုက်ပွဲ ၂ရက်အတွင်း စစ်တပ်မှ သေဆုံး မှုများပြားကာ စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းမိထားကြောင်းနှင့် လက်နက်ခဲ ယမ်း အများအပြားလည်း သိမ်းဆည်း ရရှိထားကြောင်း သိရသည်။

ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ တော်လှန်ရေးတပ်များ သိမ်းထားသည့် မြို့များအား ပြသည့် မြေပုံ(ဧရာဝတီ)

မန္တလေးတိုင်း မြောက်ဘက်အဆုံး သပိတ်ကျင်းမြို့နယ်အတွင်းပါဝင်သော တကောင်းတိုက်နယ်သည် စစ်ကိုင်းတိုင်း ထီးချိုင့်မြို့၊ ကချင်ပြည်နယ်ဒေသတို့နှင့် နယ်မြေ ဆက်စပ်နေသည့်အပြင် ရှမ်းပြည်မြောက်ပိုင်းသို့လည်း ဝင်ရောက်နိုင် သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။

သပိတ်ကျင်းနှင့် ထီးချိုင့်မြို့နယ်အစပ်ရှိ တရုတ်ရင်းနှီးမြှုပ်ပ်နှံဖြစ်သော တကောင်းနီကယ်စက်ရုံနှင့် စီမံကိန်းကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည့်အတွက် သပိတ်ကျင်းမြို့မြောက်ဘက် ဧရာဝတီမြစ်အရှေ့ခြမ်းဒေသအား PDF များ စိုးမိုးထိန်းချုပ်ထားနိုင်သည့် အခြေအနေ ဖြစ်သည်။

ထို့ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဦးဆောင်သည့် အမှတ် ၁ စစ်ဒေသအတွင်းရှိ ပူးပေါင်းတပ် များ အနေဖြင့် ဧရာဝတီမြစ်အရှေ့ကမ်းမှ အနောက်ဘက်ကမ်း ကန့်ဘလူ၊ ထီးချိုင့်နှင့် ကသာမြို့နယ်တို့၌ ထိုးစစ် ဆက်လက် အကောင်အထည်ဖော်လာနိုင်သည့် အခြေအနေမျိုးဖြစ်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

CDM ဗိုလ်ကြီး ဇင်ယော်က “တကောင်းက ကချင်၊ မန္တလေး၊ စစ်ကိုင်းအပြင် ရှမ်းမြောက်အထိပါ ပေါက်တဲ့ လမ်း ကြောင်းတခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဖော်ဆောင်နိုင်လိုက်ပြီလို့ ပြောလို့ရပါတယ်။ တကောင်းကို ရခြင်းအား ဖြင့် စစ်က ထီးချိုင့်ကို သွားမလား၊ ကန့်ဘလူကို သွားမလား၊ ကသာဘက်ကို ပြန်လှည့်မလားဆိုတော့ စောင့်ကြည့်ရ မယ်” ဟု ပြောသည်။

စစ်တပ်ဘက်ကလည်း ပျူစောထီတပ်ဖွဲ့ အားကောင်းသည့် ကန့်ဘလူမြို့နယ်အခြေစိုက် အမှတ် ၆၀၀၆ တင့်ကား တပ် ရင်းမှ အင်အား ၁၅၀ ဖြင့် PDF များ စိမ့်ဝင်မလာနိုင်စေရေး ခုခံရန် ပြင်ဆင်နေကြောင်လည်း ၎င်းက ဆိုသည်။

ထီးချိုင့်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက KIA၊ PDF နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ဧရာဝတီ အရှေ့ခြမ်းမှ လည်း စစ်ကူများစွာဖြင့် ခုခံခဲ့သည့်အတွက် မြို့အား သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် ထီးချိုင့်မြို့တဖက်ကမ်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းမြို့အပါအဝင် တပ်စခန်းနှင့် စစ်တပ် အထိုင်ချနေရာများအား PDF တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။

ထိုစခန်းများထဲတွင် ထီးချိုင့်မြို့တိုက်ပွဲအား စက်ရုံစီမံကိန်းအတွင်း လက်နက်ကြီးအထိုင်ချကာ ပစ်ကူပေးခဲ့သည့် တကောင်းနီကယ်စက်ရုံ စီမံကိန်းလည်း အပါအဝင် ဖြစ်သည်။

တကောင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်များ/ သပိတ်ကျင်း ပကဖ

သပိတ်ကျင်း ပကဖ အဖွဲ့ဝင်တဦးက “နီကယ်စက်ရုံကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတဲ့အနေအထားမှာ ကျနော် တို့ပဲ လုံခြုံရေးကအစ တာဝန်ယူထားပါတယ်” ဟု ပြောသည်။

တကောင်းနီကယ် စက်ရုံ၌ လုံခြုံရေးယူထားသည့် စစ်တပ်သည် ဇူလိုင်နောက်ဆုံးပတ်အတွင်း လက်နက်ချ ဆုတ်ခွာ သွားခြင်းဖြစ်ပြီး စက်ရုံအား PDF များ ထိန်းချုပ်နိုင်ချိန်တွင် တရုတ်ဘက်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထံ ဆက်သွယ်ကာ စက်ရုံလုံခြုံရေးကိစ္စရပ်များ ညှိနှိုင်းခဲ့ရသည်။

စက်ရုံလုံခြုံရေးအား တာဝန်ယူထားသည့် NUG အနေဖြင့် စက်ရုံကို ပုံမှန်အတိုင်း လည်ပတ်ရန်ပြောဆိုထားပြီး ရပ် ဆိုင်းရန်အမိန့်ပေးထားခြင်းမရှိသေးကြောင်း NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောထားသည်။

You may also like these stories:

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

မန္တလေးတိုင်းမှ တရုတ်ပိုက်လိုင်း အစောင့်တပ်စခန်းများကို PDF သိမ်းပိုက်

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ

Your Thoughts …
Tags: PDFတကောင်းထီးချိုင့်နီကယ်စက်ရုံသပိတ်ကျင်းမြို့နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းမှာ NUG က အထူးစစ်ဆင်ရေးဖော်ဆောင် (ရုပ်/သံ)

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved