• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
in Military, သူ့အတွေး သူ့အမြင်
A A
စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲတခုသို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်စဉ်

12.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်ရှိ စစ်ဘက်အရာရှိများကို ခွဲခြားကြည့်ပါက အခြေခံအားဖြင့် အရာရှိကြီးများနှင့် အရာရှိငယ်များဟု ခွဲခြားရမည်ဖြစ်၏။ ဒုဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးများက စစ်ဖက်အရာရှိငယ်များ ဖြစ်ကြ၏။ ဗိုလ်မှူးကြီးနှင့်အထက်အား အရာရှိကြီးများဟု သတ်မှတ်ထား၏။

အရာရှိကြီးများတွင် နှစ်ပိုင်းခွဲခြားတွေ့မြင်နိုင်သည်။ ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်ချုပ်မှူးကြီးနှင့် ဗိုလ်ချုပ်မှူးကြီးအဆင့် အရာရှိကြီးများသည် ပထမတန်း စစ်ဗိုလ်ချုပ်များ၊ ထိပ်တန်း စစ်ဘက်အရာရှိကြီးများ ဖြစ်ကြပြီး ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့် အရာရှိကြီးများအား ဒုတိယတန်း စစ်ဗိုလ်ချုပ်များ၊ စစ်ဘက်အရာရှိကြီးများဟု ဆိုရပါမည်။

ပထမတန်း ဗိုလ်ချုပ်အများစု လက်ထဲတွင် အမိန့်ပေး၍ရသည့် တပ်ဖွဲ့ လက်ဆုပ်လက်ကိုင် မရှိသည်က များ၏။ ပထမတန်း ဗိုလ်ချုပ်များထဲတွင် တပ်အမိန့်ပေးနိုင်သူမှာ ကာကွယ်ရေးဦးစီးချုပ်နှင့် သူ့လက်ရင်း ဗိုလ်ချုပ်အနည်းစုသာ ရှိ၏။

ပထမတန်း စစ်ဗိုလ်ချုပ်များက စစ်တပ်ကို ထိပ်ဆုံးက ကွပ်ကဲကြသူများဟု ဆိုနိုင်ပြီး ပထမတန်း စစ်ဗိုလ်ချုပ်များမှာ အရေအတွက်အားဖြင့် ၃၀ ဝန်းကျင်ခန့်ရှိ၏။ ထိုသူအားလုံးသည် ထိပ်ဆုံးနေရာတွင် ရှိနေကြသော်လည်း လက်တွေ့တွင် ဗိုလ်ချုပ်မှူးကြီး၏ အမိန့်ပေးခိုင်းစေသည်များကို ဝိုင်းဝန်း အကောင်အထည် ဖော်ရသူများဖြစ်သည်။

ထိုအထဲတွင် လက်ချိုးရေတွက်၍ရသူ အနည်းစုသာ မင်းအောင်လှိုင်၏ အတွင်းစည်းတွင်ရှိပြီး အများစုမှာ အပြင်စည်းတွင် ရှိကြသည်။ ထို့ပြင် ပထမတန်း ဗိုလ်ချုပ်အများစု လက်ထဲတွင် အမိန့်ပေး၍ရသည့် တပ်ဖွဲ့ လက်ဆုပ်လက်ကိုင် မရှိသည်က များ၏။ ပထမတန်း ဗိုလ်ချုပ်များထဲတွင် တပ်အမိန့်ပေးနိုင်သူမှာ ကာကွယ်ရေးဦးစီးချုပ်နှင့် သူ့လက်ရင်း ဗိုလ်ချုပ်အနည်းစုသာ ရှိ၏။

ဒုတိယတန်း စစ်ဗိုလ်ချုပ်အများစုက ‌စစ်မြေပြင်တွင် ဦးစီးတိုက်ကြရသူများဖြစ်ပြီး အရေအတွက် ရာဂဏန်းရှိ၏။ ဗိုလ်မှူးကြီးများသည် ဗျူဟာမှူး၊ ဒုတပ်မမှူး၊ စစ်ဦးစီးပထမတန်း တာဝန်များယူ၍လည်းကောင်း၊ ဗိုလ်မှူးချုပ်များသည် တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး၊ ဒုတိုင်းမှူး၊ တိုင်းစစ်ဦးစီးအရာရှိချုပ် တာဝန်များယူ၍လည်းကောင်း၊ ဗိုလ်ချုပ်များသည် တိုင်းမှူးတာဝန်ယူ၍လည်းကောင်း ယခုစစ်ပွဲတွင် ကွပ်ကဲနေသည့် စစ်မြေပြင်တပ်မှူးများ ဖြစ်နေကို တွေ့ရ၏။ ဒုဗိုလ်မှ ဒုဗိုလ်မှူးကြီးအထိ အောက်ခြေအရာရှိများကမူ စစ်မြေပြင်တပ်မှူးများ၊ ညွှန်ကြားမှုများကို လက်တွေ့ အကောင်အထည်ဖော်ရသည့် အောက်ခြေအရာရှိများ ဖြစ်ကြသည်။

သို့ဖြစ်ရာ လက်ရှိမြန်မာပြည် ပြည်တွင်းစစ်တွင် ဒုတိယတန်း စစ်ဗိုလ်များသည် စစ်မြေပြင်တွင် လက်တွေ့စစ်ပွဲကို ဦးစီးနေရသကဲ့သို့ စစ်မြေပြင်တွင်လည်း ရောက်ရှိနေကြသူများ ဖြစ်သည်။ အောက်ခြေအရာရှိများနှင့်လည်း အတူတကွ အလုပ်လုပ်နေကြရသူများ ဖြစ်ကြ၏။

အထူးသဖြင့် လက်ရှိစစ်ပွဲတွင် ဗျူဟာမှူး တာဝန်ယူရသည့် ဗိုလ်မှူးကြီးများ၊ တပ်မ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှူး တာဝန်ယူရသည့် ဗိုလ်မှူးချုပ်များသာမက တိုင်းမှူးတာဝန်ယူသည့် စစ်ဗိုလ်ချုပ်များ၊ တိုင်းဌာနချုပ်မှ ဦးစီးအရာရှိများပါ စစ်မြေပြင်တွင် ပါဝင်ကွပ်ကဲရသည့် ကာလဖြစ်၏။ အောက်ခြေအရာရှိများနှင့် ထိတွေ့နေသူ၊ အမိန့်ပေးနေသူများ ဖြစ်ကြ၏။ သို့ဖြစ်ရာ လက်တွေ့မြန်မာစစ်ပွဲနှင့် ပဋိပက္ခဖြေရှင်းရေးတွင် အဆိုပါ ဒုတိယတန်း စစ်ဗိုလ်ချုပ်များသည် အရေးပါသော နေရာတွင်ရှိကြသည်ဟု ဆိုရမည်။

ထို့ပြင် ပြည်တွင်းစစ်တွင် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ လက်နက်ချစာရင်းတွင် ယခင် အရာရှိငယ်များသာ ပါဝင်သော်လည်း ယခုအခါ ဒုတိယတန်း စစ်ဗိုလ်ချုပ်များလည်း ပါဝင်လာပြီဖြစ်သည်။ စစ်သား၏ တာဝန်သည် စစ်တိုက်ရမည် မှန်သော်လည်း စစ်တိုက်လျှင် စစ်နိုင်ဖို့ လိုသည်။ စစ်နည်းဗျူဟာမြောက်ဖို့ လိုသည်။ ပြည်သူလူထုထောက်ခံဖို့ လိုအပ်သည်။

ယနေ့ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းက ချမှတ်ထားသည့် စစ်ရေးလမ်းညွှန်ချက်မှာ မဆုတ်တမ်းခံစစ် ဖြစ်၏။ ထိုသို့ လမ်းညွှန်အမိန့်ပေးထားသော်လည်း တပ်အင်အား မလုံလောက်သဖြင့် အပြည့်အဝ အင်အား မဖြည့်တင်းနိုင်။ ခံစစ်ဗျူဟာအရ ပင်မခံစစ်စခန်းကို အထောက်အကူပြုသည့် ကာကင်းများ လုံလောက်စွာ မချထားနိုင်သည့်အပြင် လှုပ်ရှားစစ်ကြောင်းများ ထုတ်၍ ခံစစ်စခန်းကို ထောက်ကူမပြုပေးနိုင်ပေ။ ဤသို့သော အခြေအနေတွင် ခံစစ်သေသက်သက်နှင့် ဆက်၍ စစ်တိုက်နေလျှင် နိုင်ခြေရှိပါ၏လော ဆိုသည်ကို လက်တွေ့စစ်တိုက်နေသော စစ်‌ဗိုလ်ချုပ်များ စဉ်းစားကြရန်လို၏။

ဒုတိယတန်း စစ်ဗိုလ်ချုပ်များအနေဖြင့် စစ်မြေပြင်တွင် အသေခံဖို့သာရှိ၏။ အသေမခံနိုင်ဘဲ လက်နက်ချပါကလည်း လက်နက်ချသူများကို သေဒဏ်၊ ထောင်ဒဏ်များ ချမှတ်နေသည်။ ထို့ပြင် ခံစစ်ကို လွတ်လပ်စွာ ကျင့်သုံးသည်ကိုလည်း မင်းအောင်လှိုင်က လက်မခံပေ။

ထို့သို့သော အခြေအနေအောက်တွင် ဒုတိယတန်း စစ်ဗိုလ်ချုပ်များအနေဖြင့် စစ်မြေပြင်တွင် အသေခံဖို့သာရှိ၏။ အသေမခံနိုင်ဘဲ လက်နက်ချပါကလည်း လက်နက်ချသူများကို သေဒဏ်၊ ထောင်ဒဏ်များ ချမှတ်နေသည်။ ထို့ပြင် ခံစစ်ကို လွတ်လပ်စွာ ကျင့်သုံးသည်ကိုလည်း မင်းအောင်လှိုင်က လက်မခံပေ။ မြဝတီတိုက်ပွဲတွင် တပ်မ ၄၄ တပ်မမှူးက တပ်ရင်းဌာနချုပ်ကို စွန့်လွှတ်၍ မြဝတီ-မဲဆောက် တံတားအောက်သို့ ပြောင်း၍ ခံစစ်ဆင်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်များ တိုက်ရခက်ပြီး မသိမ်းပိုက်နိုင်ခဲ့ပေ။ သို့သော်လည်း ခွင့်ပြုချက်မရှိဘဲ စခန်းကို စွန့်လွှတ်၍ဟုဆိုခါ တပ်မ ၄၄ တပ်မမှူး အရေးယူခံရသည်။

လားရှိုးမြို့တိုက်ပွဲတွင် လက်နက်ချသော စစ်ကောင်စီတပ်သားများ

တဖန် လောက်ကိုင်တွင် တပ်ရော၊ မိသားစုများပါ ပိတ်မိနေချိန်၌ အလဟဿ အသက်များ မဆုံးရှုံးစေရန် လက်နက်ချခဲ့သည်ကို တာဝန်ရှိသည့် ဗိုလ်မှူးချုပ်များ သေဒဏ်ပေးသည်အထိ အရေးယူခံခဲ့ရသည်။ မင်းအောင်လှိုင်၏ သဘောမှာ စစ်မြေပြင်တွင် မနိုင်ပါက အားလုံး အသေခံရမည်ဟူသည့် သဘောဖြစ်၏။

မိုးကုတ်ကို ကွပ်ကဲသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဒုတိုင်းမှူးလည်း စစ်အင်အား မလုံလောက်၍ ဆုတ်ခွာသဖြင့် စစ်ခုံရုံးတင်ခံရ၏။ စစ်အင်အား မလုံလောက်သည်ဖြစ်စေ တိုက်ရမည်။ သေချာပေါက် ရှုံးနိမ့်မည့် ခံစစ်ကိုလည်း အသေခံတိုက်ရမည်၊၊ မတိုက်ပါက ထောင်ဒဏ်၊ သေဒဏ်ပေးမည်။ ဤသို့သော အခြေအနေများအောက်တွင် ဒုတိယတန်း စစ်ဗိုလ်ချုပ်များသည် မည်သို့ စစ်ပွဲကို ဦးစီးမည်နည်း။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မြေပြင်မှ ဆုတ်ခွာသူ၊ စစ်ရှုံးသူများကို သေဒဏ်ပေး၍ အရေးယူနေသည်။ အကယ်၍ ကျန်သည့် စစ်မြေပြင်များတွင် စစ်နိုင်နေပြီး တနေရာတည်းတွင်သာ စစ်ရှုံးနေပါက ထိုနေရာရှိ စစ်မြေပြင်တပ်မှူးကို အရေးယူပါက သဘာဝကျသည်ဟု ဆိုနိုင်သည်။ ယခုအခြေအနေက တနိုင်ငံလုံးအနှံ့ စစ်ရှုံးနေ၏။ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ ရခိုင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် နေရာအနှံ့ဖြစ်ပွားနေသော စစ်မျက်နှာတိုင်းတွင် နိုင်ပွဲမရှိ။ မြို့ပေါင်း ၈၀ ခန့် လက်လွှတ်ခဲ့ရပြီ ဖြစ်၏။

သို့ဖြစ်ရာ စစ်မြေပြင်တပ်မှူးတဦး၏ ပြဿနာ မဟုတ်တော့ပေ။ စစ်မြေပြင်အားလုံးကို ကွပ်ကဲနေသော မင်းအောင်လှိုင်၏ ပြဿနာဖြစ်နေပြီဖြစ်၏။

ငွေတန်ဖိုးကျလျှင် ငွေလဲသူများကို ဖမ်းသည်။ ဘဏ်လုပ်ငန်းလုပ်သူများကို ဖမ်းသည်။ ဆန်ဈေးတက်လျှင် ဆန်ကုန်သည်ကို ဖမ်းသည်။ ဆီဈေးတက်လျင် ဆီကုန်သည်ကို ဖမ်းသည်။ ကျနေသည့် စီးပွားရေးကို ပြန်တက်အောင် လုပ်နိုင်စွမ်းမရှိဘဲ လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဘဏ်သူဌေးများ အားလုံးကို ဖမ်း၍ အပြစ်ဖို့နေ၏။

ယခု စစ်ပွဲရှုံးလျှင် စစ်မြေပြင်‌ ဗိုလ်ချုပ်များကို ဖမ်းသည်။ မင်းအောင်လှိုင်ကလွဲလျှင် ကျန်သူအားလုံးက မှားနေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များစွာ ဖြုတ်ထုတ် ဖယ်ရှား အရေးယူခံခဲ့ရပြီ ဖြစ်၏။

ယခု စစ်ပွဲရှုံးလျှင် စစ်မြေပြင်‌ ဗိုလ်ချုပ်များကို ဖမ်းသည်။ မင်းအောင်လှိုင်ကလွဲလျှင် ကျန်သူအားလုံးက မှားနေသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များစွာ ဖြုတ်ထုတ် ဖယ်ရှား အရေးယူခံခဲ့ရပြီ ဖြစ်၏။

တဖန် လက်ရှိအချိန်တွင် စစ်တိုင်းဌာနချုပ်တခု ကျဆုံးသွားသည့်အပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စကခ ဌာနချုပ် လေးခု၊ ခြေလျင်၊ ခြေမြန်၊ အမြောက်၊ သံချပ်ကာ၊ လေကြောင်းရန်တပ်ရင်းဌာနချုပ် ၁၀၀ ကျော် စစ်အင်္ဂါစဉ်ထဲမှ လုံးဝ ပျောက်ကွယ်သွားသည့်အပြင် ကျန်တပ်ရင်း၊ တပ်မ အားလုံးလိုလို အထိနာနေပြီး စစ်အင်အား လျော့ကျနေသည်။

စစ်မတိုက်ရသေးသည့် တပ်မဆို၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် စကခ ၁၈ တခုသာ ကျန်တော့၏။ လက်ရှိ တလ ၅,၀၀၀ နှုန်း ဖြည့်တင်းနေသည့် တပ်သားသစ်များနှင့် စစ်မြေပြင်တွင် ချက်ချင်း စစ်တိုက်၍ မရနိုင်ပေ။ လက်ရှိ ဗိုလ်သင်တန်းပင် တက်ရောက်မည့်သူ မရှိ၍ ရေရှည်တွင် စစ်တပ်ကို အရာရှိအင်အား ဖြည့်တင်းရန်ပင် ခက်ခဲနေပြီ ဖြစ်၏။

လက်ရှိ စစ်ကောင်စီတပ်၏ အခြေအနေမှာ စိတ်ဓာတ်ရေးရာအရ ပြိုကွဲနေပြီး စစ်တိုက်နိုင်သည့် အခြေအနေ မရှိပေ။ ပြည်သူလူထုထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု လုံးဝ မရသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ လက်ရှိ စစ်တပ်အခြေအနေမှာ အချိန်ယူ ပြန်လည် စုဖွဲ့တည်ဆောက်မှသာ စစ်တိုက်နိုင်မည့် အခြေအနေဖြစ်သည်။

သို့သော် လက်ရှိစစ်တပ်၏ ပကတိအခြေအနေမှာ ဆုံးရှုံးသွားသော တပ်ရင်း၊ တပ်မများကို ပြန်လည် ဖြည့်တင်းနိုင်မည့် အခြေအနေ မရှိပါ။ ဆုံးရှုံးသွားသည့် နယ်မြေများအား ပြန်လည် ထိုးစစ်ဆင်နိုင်သည့် အခြေအနေ မရှိပါ။

ယခု တိုင်းနှင့်ပြည်နယ် အားလုံး၌ ဧရာဝတီတိုင်း၊ စစ်တိုင်းအရဆိုလျှင် အနောက်တောင်တိုင်း (နတခ) တွင် တိုက်ပွဲမရှိသလောက် နည်းပါးပြီး အတည်ငြိမ်ဆုံးသော၊ တခုတည်းသော တိုင်းဖြစ်သည်ဟု ယူဆထားကြ၏။ ထိုတိုင်းသည်ပင်လျှင် ရခိုင်တောင်ပိုင်း ကျသွားပါက ရှေ့တန်းစစ်မျက်နှာအဖြစ် ချက်ချင်း ပြောင်းသွားမည်ဖြစ်၏။ ယခုအခါ သံတွဲကျပြီး ကျိန္တလီနှင့် ဂွသို့ စစ်ဦးလှည့်လာပေပြီ။

လက်ရှိ ပြင်ဦးလွင်က စစ်ရှောင်နေကြရပြီဖြစ်သည့်အပြင် မန္တလေးမြို့လည်း ခြိမ်းခြောက်ခံနေရပြီဖြစ်ရာ မန္တလေးရှိ အစိုးရရုံးများ၊ ဝန်ထမ်းများအား အရေးပေါ်ပြောင်းရွှေ့ရန် စီမံချက်ရေးဆွဲနေရပြီ ဖြစ်၏။

ထို့ပြင် မင်းအောင်လှိုင်၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်စီးပွားရေး ကောင်းလာဖွယ် မရှိပေ။ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုများ တနေ့တခြား ပိုဆိုးလာနေသည်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။

ထို့ပြင် မင်းအောင်လှိုင်၏ အုပ်စိုးမှုအောက်တွင် တိုင်းပြည်စီးပွားရေး ကောင်းလာဖွယ် မရှိပေ။ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုများ တနေ့တခြား ပိုဆိုးလာနေသည်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။

ရုန်းထွက်ရန် လိုသည်

ဤသို့သော အခြေအနေတွင် ဒုတိယတန်း စစ်ဗိုလ်ချုပ်များအနေဖြင့် မင်းအောင်လှိုင်အမိန့်ကို ဆက်လက် နာခံနေပါက သေလမ်းသာရှိသည်။ လက်နက်ချ အညံ့ခံပါကလည်း မိသားစုပါ ဘဝပျက်မည်။ ပိုင်ဆိုင်မှုများပါ ဆုံးရှုံးမည်။ ထို့ပြင် လက်အောက် အရာရှိ၊ အကြပ်စစ်သည်များ၏ အသက်များ စတေးခံရမည်ဖြစ်ပြီး ထိုသူတို့၏ မိသားစုဝင်များ ဘဝပျက်နိုင်သည်။ ထို့ပြင် ဂုဏ်သိက္ခာပိုင်းပါ ထိခိုက်မည်။

ဤသို့သော အခြေအနေတွင် အသားလွတ် အသေခံခြင်းမှလွတ်ရန်၊ ဂုဏ်သိက္ခာ မရှိသည့် လက်နက်ချခြင်းမျိုးလည်း မဖြစ်ရန် ဒုတိယတန်း စစ်ဗိုလ်ချုပ်များအနေဖြင့် ဂုဏ်သိက္ခာရှိသည့်လမ်းကို ရွေးချယ်၍ ရုန်းထွက်ကြရန်လို၏။

နေပြည်တော်ရှိ မင်းအောင်လှိုင်အား ပြန်လည် အာဏာသိမ်းရန် ခက်ခဲနိုင်သည်။ သို့သော် စစ်နယ်မြေအလိုက် စစ်တိုင်းအလိုက်၊ တပ်မ/စကခ အလိုက် မင်းအောင်လှိုင် အမိန့်ကို မနာခံဘဲ ပုန်ကန်ခွဲထွက်နိုင်သည့် အခွင့်အလမ်း ရှိပါသည်။ ပုန်ကန်ခွဲထွက်သည့် စစ်တိုင်း တပ်မကို နှိမ်နင်းရန် မင်းအောင်လှိုင်တွင် အရန်တပ် မရှိ၍ စိုးရိမ်ရန် မလိုပေ။ မင်းအောင်လှိုင်၏လူယုံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) များကို ဦးစွာ ဖမ်းဆီးရှင်းလင်းလိုက်ပါက ပုန်ကန်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်သည်။

လက်ရှိစစ်တပ်၏ ပကတိအခြေအနေမှာ ဆုံးရှုံးသွားသော တပ်ရင်း၊ တပ်မများကို ပြန်လည် ဖြည့်တင်းနိုင်မည့် အခြေအနေ မရှိပါ

ပုန်ကန်သည့် ဗိုလ်ချုပ်များအနေဖြင့် မိမိတိုင်း၊ စစ်နယ်မြေအတွင်းရှိ လူထု၏ ဝမ်းပန်းတသာ ပူးပေါင်းထောက်ခံမှုကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ ဒေသတွင်း တော်လှန်နေကြသည့် အဖွဲ့များနှင့် အပစ်ရပ်ပြီး တန်းတူရည်တူ ဆက်ဆံကာ မင်းအောင်လှိုင် သစ္စာခံများကို ကောင်းစွာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ပြင် စစ်တိုင်းအလိုက် ပုန်ကန်မှုများ ပြုလုပ်လာပါက နေပြည်တော်ရှိ မင်းအောင်လှိုင်သည်လည်း နောက်လိုက် မရှိဘဲ ဗုံးဗုံးလဲ ကျသွားပေလိမ့်မည်။

မင်းအောင်လှိုင် လက်အောက်မှ ရုန်းထွက်ပြီးပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အောက်သို့လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တခုခုအောက်သို့လည်းကောင်း ဝင်ရောက်ရန် မလိုပါ။

ထိုဗိုလ်ချုပ်များသည် မိမိတပ်ဖွဲ့၊ မိမိနယ်မြေကို ထိန်းသိမ်းပြီး အခြား နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့်အတူ မြန်မာပြည် ပြည်ထောင်စုကို ပြန်လည် တည်ဆောက်ရာတွင် အင်အားစုတစုအဖြစ် တန်းတူရည်တူ ပါဝင်နိုင်သည့်၊ ဆွေးနွေးနိုင်သည့် အခွင့်အလမ်းရှိမည် ဖြစ်ပါသည်။

ထိုဗိုလ်ချုပ်များသည် မိမိတပ်ဖွဲ့၊ မိမိနယ်မြေကို ထိန်းသိမ်းပြီး အခြား နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား အင်အားစုများနှင့်အတူ မြန်မာပြည် ပြည်ထောင်စုကို ပြန်လည် တည်ဆောက်ရာတွင် အင်အားစုတစုအဖြစ် တန်းတူရည်တူ ပါဝင်နိုင်သည့်၊ ဆွေးနွေးနိုင်သည့် အခွင့်အလမ်းရှိမည် ဖြစ်ပါသည်။

ဤအချက်ကို စစ်နယ်မြေအလိုက် တာဝန်ယူထားသည့် ဒုတိယတန်း ဗိုလ်ချုပ်များ ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်သည့်ကိစ္စ ဖြစ်၏။ ဒုတိယတန်း စစ်ဗိုလ်ချုပ်များအနေဖြင့် မြုပ်တော့မည့်လှေပေါ်တွင် ဆက်ထိုင်နေပြီး မင်းအောင်လှိုင်နှင့်အတူ အမြုပ်ခံမည်လော။ သို့မဟုတ် ထိုလှေပေါ်မှ ခုန်ဆင်းကျန်ခဲ့မည်လော ရွေးချယ်ရမည်ဖြစ်၏။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျပြီးနောက် ပြင်ဦးလွင်၌ ဝရုန်းသုန်းကားဖြစ်နေသည့် အခြေအနေကို ကြည့်ပါက စစ်ကောင်စီတပ် စိတ်ဓာတ်ရေးရာအရ ပြိုကွဲနေကြောင်း၊ လူထုက အယုံအကြည်မဲ့နေကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

သို့ဖြစ်ရာ မင်းအောင်လှိုင် လက်အောက်မှ ရုန်းထွက်ပုန်ကန်လိုက်ပါက မိမိ မိသားစုအပါအဝင် လက်အောက်ရှိ အရာရှိစစ်သည်များ၊ မိသားစုဘဝများကို ကယ်တင်နိုင်ပေလိမ့်မည်။ ထို့ပြင် လူထု၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှု၊ ထောက်ခံမှု၊ ပူးပေါင်းမှုကို ရရှိလိမ့်မည်။ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ချက်ချင်း အပစ်ရပ်နိုင်လိမ့်မည်။ အနာဂတ်ပြည်ထောင်စုတွင် အင်အားစုတစုအနေဖြင့် ပါဝင်ခွင့်ရမည်။ ထို့ပြင် ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပြီး မြန်မာပြည်ပြဿနာကို အားလုံးအတူတကွ တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ပေလိမ့်မည်။

ဒုတိယတန်း ဗိုလ်ချုပ်များအနေနှင့် မင်းအောင်လှိုင်၏ ညံ့ဖျင်းလှသည့် ခေါင်းဆောင်မှုအောက်တွင် အသေခံရမည့်၊ စစ်ခုံရုံးတင် အပြစ်ပေးခံရမည့်၊ မိသားစုဘဝပျက်မည့် အခြေအနေများအောက်မှ ရုန်းထွက်၍ မိမိနှင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဘဝများကို ကယ်တင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး အမြန်ရမည့်လမ်းကြောင်းသို့ ရုန်းထွက်လျှောက်လှမ်းကြရန် လိုအပ်နေပြီဖြစ်ပါသည်။

သို့ဖြစ်ရာ မြန်မာ့ ပြည်တွင်းစစ် အမြန်ရပ်တန့်ပြီး မြန်မာပြည် တည်ငြိမ်ရေးအတွက် စစ်တပ်မှ ဒုတိယတန်း ဗိုလ်ချုပ်များ၏ အဆုံးအဖြတ်သည် အရေးပါသည်။ ဒုတိယတန်း ဗိုလ်ချုပ်များအနေနှင့် မင်းအောင်လှိုင်၏ ညံ့ဖျင်းလှသည့် ခေါင်းဆောင်မှုအောက်တွင် အသေခံရမည့်၊ စစ်ခုံရုံးတင် အပြစ်ပေးခံရမည့်၊ မိသားစုဘဝပျက်မည့် အခြေအနေများအောက်မှ ရုန်းထွက်၍ မိမိနှင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဘဝများကို ကယ်တင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး အမြန်ရမည့်လမ်းကြောင်းသို့ ရုန်းထွက်လျှောက်လှမ်းကြရန် လိုအပ်နေပြီဖြစ်ပါသည်။

ဤလမ်းကြောင်းသည် မြန်မာပြည်ပြည်တွင်းစစ်အား အမြန်ရပ်တန့်နိုင်မည့် လမ်းကြောင်းဖြစ်၏။ ဤလမ်းကြောင်းသည် တိုင်းပြည် လျင်မြန်စွာ နလံထူမည့်လမ်းကြောင်း ဖြစ်၏။ ဤလမ်းကြောင်းသည် ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုမည့်လမ်းကြောင်း ဖြစ်၏။ ထို့အတူ ဤလမ်းကြောင်းသည် စစ်ဗိုလ်ချုပ်များအတွက်လည်း ဂုဏ်သိက္ခာရှိသည့် လမ်းကြောင်းလည်း ဖြစ်ပါသည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

စစ်ကောင်စီနဲ့ မြန်မာလူထုတွေကြားက သေရေးရှင်ရေးတိုက်ပွဲ

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

Your Thoughts …
Tags: NUGPDFSliderစစ်ကောင်စီစစ်ခုံရုံးစစ်မှုထမ်းဥပဒေစစ်အင်္ဂါစဉ်စစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးပြည်တွင်းစစ်ပြည်သူလူထုထောက်ခံမှုမဆုတ်တမ်းခံစစ်သေဒဏ်အမျိုးသားညီညွတ်ရေးအစိုးရ
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေပါ စိတ်ပျက်နေ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေပါ စိတ်ပျက်နေ (ရုပ်/သံ)

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved