• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ

by မိုင်းခြိူဝ်းဇာရ်
2 August 2024
in သတင်း
A A
လားရှိုးစစ်ဆေးရုံနှင့် ဗဟိုကင်း MNDAA စီးနင်း၊ စစ်သားတို့ လက်နက်ချ

ဩဂုတ်လ ၂ ရက်နေ့တွင် လက်နက်ချသော စစ်ဆေးရုံမှ တပ်မိသားစုဝင်များ/ CJ

3.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) က တိုက်ခိုက်နေရာ ယနေ့၌ စစ်ဆေးရုံနှင့် ဗဟိုကင်းကို စီးနင်းမိပြီး လူနာများအပါအဝင် တပ် မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင်၍ အညံ့ခံသည်။

လားရှိုးမြို့ နေရာအများစုကို MNDAA နှင့် ပူးပေါင်းတပ်များက ထိန်းထားပြီး အလုံးစုံသိမ်းပိုက်နိုင်ရေး ယခုလဆန်းမှစ၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို အပြင်းအထန်ထိုးစစ်ဆင်နေရာ လားရှိုးလေဆိပ်ကို သိမ်းလိုက်နိုင်သလို ကပ်လျှက်ရှိ သည့် ရမခတိုင်းဝန်းကို ကျော်ဖြတ်၍ အမှတ်( ၉ ) တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀)ကို ယနေ့ နံနက်က အပြင်းအထန် တိုက်ခိုက်နေရာ စစ်ကောင်စီက လေကြောင်းပစ်ကူဖြင့် ခုခံနေကြောင်း ထိုအနီးရှိ အမှတ် ၉ ရပ်ကွက်နေသူတဦးက ဧရာဝတီကိုပြောသည်။

“စစ်ဆေးရုံကို မနေ့ညကနေ ဒီနေ့ထိ ဝင်စီးနေတယ်။ စစ်ဆေးရုံထဲမှာ စစ်တပ်ရှိနေသေးတော့ ဂျက်ဖိုက်တာက ကိုးကန့် တွေရှိနိုင်တဲ့ ဆေးရုံအနီးကို ဗုံးတွေကြဲသွားတယ်။ ဆေးရုံအနီး ရပ်ကွက် ၉ က နေအိမ်တွေအများကြီး မီးလောင်ပျက်စီး ကုန်တယ်လို့ ဒီမနက်ပိုင်းကကြားတော့ တောင်ကြီးရောက်နေတဲ့ စစ်ရှောင်တွေ ငိုနေကြတယ် သူတို့အိမ်တွေ ပါသွားလို့ လေ” ဟု ပြောသည်။

ထိုစစ်ဆေးရုံသည် လားရှိုးတိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆေးကုသမှုခံယူနေသည့်နေရာ ဖြစ်ပြီး ယနေ့စီးနင်းမှုတွင် ဒဏ်ရာရစစ်သည်များ လက်နက်ကြီမှန်၍ သေဆုံးမှုများရှိကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ယနေ့မွန်းလွဲပိုင်းတွင် ရမခတိုင်းနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း (၂၀၀)ကျော် MNDAA ထံ လက်နက်ချခဲ့ကြောင်း လားရှိုးစစ်ရေးအခြေနေများကို လေ့လာနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီ သို့ ပြောသည်။

လက်နက်ချ အရေအတွက်နှင့် တပ်ရင်းများကို အတည်ပြု၍ မရသေးသော်လည်း တပ်ပေါင်းစုများ ဖြစ်နိုင်ကြောင်းနှင့် တိုက်ပွဲပြင်းထန်နေသည့် အမှတ်(၉) တပ်မတော်စစ်ဆေးရုံ ကုတင် (၁၀၀)မှ စစ်သည်နှင့် မိသားစုဝင်များလည်း ပါနိုင် ကြောင်း ၎င်းက ဆိုသည်။

အထက်ပါ စစ်ဆေးရုံအနီးရှိ ရမခတိုင်း၏ အချက်အချာကျသည့် ဗဟိုကင်းကိုလည်း MNDAA က ဆက်လက် တိုက်ခိုက် နေပြီး စစ်ကောင်စီဘက်က အပြင်းအထန်ခုခံနေကြောင်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်းက “ဗဟိုကင်းကို ရရင် ရမခတိုင်းစစ်ဌာနချုပ်ကြီးတခုလုံး ကျသွားနိုင်တဲ့အနေအထားရှိတယ်။ လက်ရှိတော့ MNDAA ဘက်က ဗဟိုကင်းကို ထွေးလုံးရစ်ပတ် တိုက်ခိုက်နေတဲ့ အနေအထားမှာ ရှိနေပါတယ် “ ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

လာမည့်ရက်အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်နက်မချခဲ့လျှင် MNDAA ပူးပေါင်းတပ်များ၏ ထိုးစစ်ကြီးနှင့် စစ်ကောင်စီ၏ ခုခံစစ်ကြီး အပြင်းအထန်ဖြစ်ပွားသည်ကို မြင်တွေ့ရနိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းက “မထင်မှတ်ဘဲ အခုလို လက်နက်ချမယ်ဆိုရင်တော့ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ရတာ မြန်မှာပေါ့၊ ဒါပေမယ့် လက်နက်မချဘူးဆိုရင် တိုက်သူရော၊ ခံသူပါ နှစ်ဖက်လုံးအပြင်းအထန်ဆုံးအဆင့် ဆက်ပြီးတော့ တိုက်ရမှာဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းတောင်ကနေလည်း စစ်ကောင်စီက ခဲယမ်းတွေရော၊ စစ်ကူတွေရော အင်အားသုံး ပြီးတော့ အချိန်ပြည့် ပို့နေလို့ပဲဖြစ်ပါတယ်” ဟု ပြောသည်။

တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများ ထိုးစစ်ဆင်တိုက်ခိုက်ခံရမှုကြောင့် အထိနာနေသည့် စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်း မှနေ၍ လားရှိုးမြို့သို့ တန့်ယန်းလမ်းကြောင်းအတိုင်း ခဲယမ်းနှင့် စစ်ကူများ ပို့ဆောင်လျက်ရှိကြောင်း သတင်းရင်းမြစ် များ ကပြောသည်။

ဇူလိုင် ၃၀ ရက်က စစ်တပ်ယာဉ်တန်းတခုကို MNDAA ပူးပေါင်းတပ်များက တန့်ယန်း-နမ့်ပေါင်လမ်းပိုင်း တနေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကား ၄ စီးထက်မနည်း မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တိုင်းစစ်ဌာနချုပ် ဗဟိုရုံးနှင့်အတူ အမှတ် ၃၄၆ အမြောက်တပ်ရင်း၊ အမှတ်(၈) တပ်မတော် ပညာရေးကျောင်း နှင့် အမှတ် ၆၂၆ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းများ ကျန်ရှိနေသေးပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန် နေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၏ တောင်ဘက်ကပ်နေသည့် လားရှိုးတက္ကသိုလ်ကိုလည်း MNDAA သိမ်းပိုက်ထားပြီး ဝိုင်းပတ်ပိတ်ဆို့ထားကာ ထိုနေရာမှ တိုက်စစ်ဖော်ဆောင်ရန် ပြင်ဆင်ထားကြောင်း မြို့ခံများထံက သိရသည်။

ဩဂုတ်လ ၂ ရက်နံနက်ပိုင်းက တွေ့ရသော လားရှိုး ရပ်ကွက်၅ အောင်မင်္ဂလာဈေး/ Lashio Media

လားရှိုးတက္ကသိုလ်အနီးရှိ “၀” တပ်ဖွဲ့ UWSA ဝင်ရောက်တပ်စွဲထားသည့် “၀” ပြည်နယ်ပြည်ပဆံဆက်ရေးရုံးအနီးကိုလည်း ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့သည်။

ယနေ့နံနက်အစောပိုင်းက မြို့ပေါ် အမှတ်(၅) ရက်ကွက်ရှိ အောင်မင်္ဂလာဈေးတွင် ဒေသခံများ အခြေခံစားသောက်ကုန် နှင့် ဟင်းသီးဟင်းရွက်ရောင်းဝယ်မှုရှိနေကြောင်း MNDAAနှင့် ဒေသခံများက ပုံနှင့်တကွ ရေးသားပြောဆိုနေကြသည်။

လတ်တလော မြို့ပေါ်၌ လျှပ်စစ်မီးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး တိုက်ပွဲအတွင်း အမှတ် ၁၊ ၂၊ ၄၊ ၅၊ ၇ ၊ ၈၊ ၉၊ ၁၀၊ ၁၁ ၊ ၁၂ ရပ်ကွက်များတွင် ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦ ပျက်စီးမှု အများဆုံး ဖြစ်သည်ဟု သိရသည်။

တလရှိပြီဖြစ်သည့် MNDAAနှင့် ပူးပေါင်းတပ်တို့၏ ထိုးစစ်၌ ရမခတိုင်း၏ ခလရ ၆၈၊ ခလရ ၄၁၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅)သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနှင့် စစ်တပ်ဂေါက်ကွင်းတပ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။

တိုင်းစစ်ဌာနချုပ် မကျစေရေး စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်းမှ စစ်ကူများ ဆက်လွှတ်နေပြီး စစ်ကြောင်း တချို့ လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြောင်း မြို့ခံတဦးက ပြောဆိုသော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးနှင့် မိုင်းကိုင်မြို့မှ လားရှိုးမြို့သို့ဦးတည်လာသည့် စစ်အင်အားသုံးရာကျော်နှင့် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် ကားရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းများကို လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာကြားတွင် MNDAA နှင့် ပူးပေါင်းတပ်က ဇူလိုင် ၃၀ ရက်နေ့တွင် ကြားဖြတ် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တလကျော်အတွင်း အရပ်သား ၁၃၃ ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

You may also like these stories:

လားရှိုးတိုက်ပွဲ တလအတွင်း အရပ်သား ၁၀၀ ခန့် ထိခိုက်သေဆုံး

လားရှိုးအုပ်ချုပ်ရေး ကိုးကန့်ကြေညာ လက်ကျန်စခန်းများ ဆက်တိုက်

တော်လှန်ရေးအဖွဲ့တို့၏ ထိုးစစ်များ အချိတ်အဆက်မိဖို့ လိုနေ

Your Thoughts …
Tags: MNDAAလားရှိုးစစ်ဆေးရုံအရှေ့မြောက်တိုင်းစစ်ဌာနချုပ်
မိုင်းခြိူဝ်းဇာရ်

မိုင်းခြိူဝ်းဇာရ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အာဏာရှင်လုပ်မယ့် သမဝါယမစနစ်က ကျရှုံးမှာပဲ (ရုပ်/သံ)

အာဏာရှင်လုပ်မယ့် သမဝါယမစနစ်က ကျရှုံးမှာပဲ (ရုပ်/သံ)

အာဏာရှင်လုပ်မယ့် သမဝါယမစနစ်က ကျရှုံးမှာပဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် အာဏာတည်မြဲရေး စိုးရိမ်နေပြီလား (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved