• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

by ဧရာဝတီ
25 September 2023
in သတင်း
A A
စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

၂၀၂၃ ဖဖော်ဝါရီလမှ စ၍ စစ်ကိုင်းတိုင်းရှိ ၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်

865
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များတွင် ၇လအတွင်း စစ်ခုံရုံးဖြင့် အမိန်ချခံရသူ ၂၅၃ ဦး ထိရှိပြီး သေဒဏ်ပေးခံရသူ ၄ ဦး၊ ထောင်ဒဏ်တသက် ချခံထားရသူ ၁၀၀ ကျော်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချခံရသူ ၈ ဦးထိ ပါဝင်နေကြာင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

၂၀၂၃ ဖေဖော်ဝါရီလက စစ်ကောင်စီမှ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ အရာတော် စသည့် ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့ပြီး မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး သို့မဟုတ် စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးနိုင်ကြောင်း ကြေညာထားသည်။

ဖမ်းဆီးခံရသူများကို အကြမ်းဖက်တိုက်ဖျက်ဥပဒေ ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ည)၊ ၅၀(ဈ)၊ ၅၁(ဂ)၊ ၅၂(က)၊ ၅၂(ခ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ ၅၀၅(ဂ)တို့အပြင် ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၁၆(ဂ)တို့ဖြင့်ပါ တရားစွဲဆိုထောင်ချလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရမှုများအနက် သားဖြစ်သူသည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွင်းသို့ ဝင်ရောက် သွား သည်ကို သိရှိလျက် သက်ဆိုင်ရာသို့ သတင်းပေးပို့အကြောင်းကြားခြင်းမရှိဘဲ PDF အဖွဲ့များအတွက် အလှူငွေများ ကောက်ခံ၍ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သည်ဟုဆိုကာ ဖခင်နှင့် မိခင်ဖြစ်သူတို့အား ဖမ်းဆီးပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရခြင်းများလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အခုနောက်ပိုင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖမ်းခံရရင် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူတွေ များလာတယ်၊ အခြားပြစ်မှုတွေဖြစ်တဲ့ လူသတ်မှုတို့အပြင် နိုင်ငံရေးပုဒ်မတွေ မဟုတ်တာတွေနဲ့လည်း တရားစွဲဆိုနေပါတယ်၊ ပြီးတော့ မူးယစ်မှုတွေနဲ့ တရားစွဲဆိုရင် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ဆိုတာမျိုးတွေထိ အမိန့်ချလာတာကို ကျနော်တို့ သတိထားမိတယ်”ဟု ဆိုသည်။

သေဒဏ်ပေးခံရမှုအနေဖြင့် အင်းတော်မြို့နယ်စစ်ခုံရုံးက ကိုအောင်ကျော်ကျော်မိုး(ခ)လားလား၊ ကိုဇော်မျိုးထွန်း (ခ)တိုနီ၊ ကိုကျော်စွာဝင်း (ခ) ကိုကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးတို့ကို သြဂုတ် ၁၈ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)(ခ)များဖြင့် သေဒဏ်ချမှတ်ထားသည်။

နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ခံရသူများမှာ ရွှေဘိုမြို့နယ်မှ မင်းသိန်းဟန်(ခ)ဟန်ကြီး၊ ကျော်ကျော်ဦး၊ မတင့်၊ စိုးဝင်း၊ တင်ဝင်းကြိုင်(ခ)အဲကြီး၊ ထွန်းထွန်းဦး(ခ)ထူးလင်း၊ မင်းခန့်ဇော်(ခ)ငတောက်၊ စည်သူဇော်ထွန်းတို့ဖြစ်ပြီး ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်သည်ဟု ဆိုကာ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုကာ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချမှတ်ခံထားရခြင်းဖြစ်ကြောင်းသိရသည်။

စစ်ခုံရုံးက အရေးယူဆောင်ရွက်နိုင်သော ဥပဒေပုဒ်မများတွင် နိုင်ငံတော် ပုန်ကန်မှု၊ အစိုးရကို အကြည်ညို ပျက်အောင် လုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ မတရားအသင်း အက်ဥပဒေ၊ တပ်မတော်နှင့် စစ်ကောင်စီခန့် အစိုးရဝန်ထမ်းများအား နှောင့်ယှက်ဟန့်တားမှု၊ ပြစ်မှုကျူးလွန်အောင် သွေးထိုး လှုံဆော်မှု၊ အဂတိလိုက်စားမှု၊ လက်နက်အက်ဥပဒေ၊ သတင်းမီဒီယာဥပဒေ စသည်တို့ပါဝင်သည်။

သေဒဏ်ချမှတ်ခံရသူများသည် လက်နက်နှင့် ခဲယမ်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ အကြမ်းဖက် အဖွဲ့အစည်း မှန်း သိလျက်နှင့် ကိုယ်တိုင်ဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများ ကျူးလွန်ခြင်း၊ အကြမ်းဖက်သမားများအတွက် လက်နက်နှင့်ခဲယမ်းများ အကြိမ်ကြိမ်သယ်ယူပို့ဆောင်လွှဲပြောင်းပေးခြင်း၊ အကြမ်းဖက်သမားမှန်း သိလျက်နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ လုံခြုံရေးအဖွဲ့များထံ သတင်းပို့ရန် ပျက်ကွက်ခြင်းများကြောင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁၉ (ဂ)၊ ၂၀၁၀ ခုနှစ် ပြည်ထောင်စုတရား စီရင်ရေးဥပဒေ ပုဒ်မ ၃(ဂ) များတွင် တရားစွဲခံရသူသည် ဥပဒေအရ အပြည့်အဝခုခံချေပခွင့်၊ အယူခံပိုင်ခွင့်ရှိရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိ စစ်ကောင်စီလက်အောက်တွင်မူ ဥပဒေပါအခွင့်အရေးများမရရှိဘဲ ဆုံးရှုံးနေကြရကြောင်းလည်း တရားလွှတ်တော် ရှေ့နေများက ဝေဖန်ထောက်ပြထားသည်။

မန္တလေးမြို့မှ နိုင်ငံရေးအမှုများ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတဦးက “ လူတယောက်ကို ဖမ်းမိပြီဆိုတာနဲ့ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲခံရပြီးသားပဲ၊ သူတို့ဘာလုပ်လဲ၊ ဘာကြောင့် ဖမ်းတာလဲ၊ အပြစ်ကဘာလဲ ဆိုတာ စုံစမ်းစစ်ဆေးတာမျိုးတွေ မလုပ်တော့ဘဲ အနည်းဆုံး ထောင် ၁၀ နှစ် လောက်ချလို့ရမယ့် ပုဒ်မတွေတပ် စစ်ဆေးရင်းနဲ့ ပြစ်မှုကျူးလွန်တာမှန်နေတယ်ဆိုရင် အမှုတွေ ထပ်ကပ်တယ်၊ ဒီလိုမျိုးတွေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်ခံနေရတာပဲ၊ နောက်တခုက ဒေသရဲ့ အခြေအနေပေါ်မူတည်ပြီး အနည်းဆုံးပြစ်ဒဏ် ဘယ်လောက်ထိ ချမှတ်ရမယ်ဆိုတာမျိုး ပေးထားတော့ အမှုက ထင်ရှားနေရင် တသက်တကျွန်းကနေ သေဒဏ်ထိ ပေးနေကြတာလို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။

တည်ဆဲဥပဒေများအရ တရားစွဲခံရသူသည် ခုခံချေပခွင့်ရရန် ရှေ့နေငှားခွင့်ရှိသလို ရှေ့နေမှလည်း ဥပဒေနှင့်အညီ ပြန်လှန် မေးခွန်းထုတ်နိုင်ကြောင်း၊ လူနှင့် ပစ္စည်းသက်သေကိုလည်း အရေအတွက် အကန့်အသတ်မရှိ တင်ပြခွင့်ရှိကြောင်း၊ စစ်ခုံရုံးများ၌မူ အဆိုပါအခွင့်အရေးများ လုံးဝမရရှိကြောင်းလည်း နိုင်/ကျဉ်းများအား အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ဖမ်းဆီးတရားစွဲ ထောင်ချခံနေရသူများမှာ လုံခြုံရေးအဖွဲ့များအား ရန်ပြုတိုက်ခိုက်ရန် ရည်ရွယ်၍ ကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF)များနှင့်အတူ ကင်းစောင့်ခြင်း၊ PDF များအတွက် ငွေကြေးနှင့် စားနပ် ရိက္ခာများထောက်ပံ့ခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာနေထိုင်မှုများအား သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဒဏ်ရာရ PDF လူနာများအား လက်ခံဆေးကုသပေးခြင်း၊ PDF များ နေထိုင်ရန် နေအိမ်ငှားရမ်းခြင်း၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းပေးခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို PDF အဖွဲ့များထံ ဆက်သွယ် သတင်းပေးပို့ခြင်းတို့ ပါဝင်သည်။

ထို့အပြင် NUG လက်အောက်ခံ ပညာရေးဝန်ကြီးဌာနမှ သင်ရိုးညွှန်းတမ်းများအား ပြန်လည် သင်ကြားပေးခြင်း၊ PDF ဖွဲ့သို့ ဝင်ရောက်ကာ စစ်သင်တန်းတက်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုများ၌ ပါဝင်လာစေရန်အတွက် စည်းရုံးသိမ်းသွင်းခြင်း၊ NUG၊ PDF အဖွဲ့များအား ထောက်ခံကြောင်း စာသားများ ရေးသားဖြန့်ဝေခြင်း စသည့် စွပ်စွဲချက်များဖြင့် အမှုဖွင့် တရားစွဲဆိုခံရပြီး အလုပ်နှင့် ထောင်ဒဏ် ၃ လ (ပုဒ်မ-၁၈၈၊ ညမထွက်ရအမိန့်) မှသည် ထောင်ဒဏ်တသက်၊ သေဒဏ်အထိ ပြစ်ဒဏ်များ ချမှတ်ခံနေရခြင်းဖြစ်သည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
51
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
22
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
60

စစ်ကိုင်းတိုင်းအတွင်း စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၁၇၃ ဦးထိ ရှိလာ

စစ်အုပ်ချုပ်ရေးအောက်မှာ လွတ်လပ်တဲ့ တရားစီရင်ရေး မရှိပါ

စစ်အုပ်ချုပ်ရေး မြို့နယ်များတွင် တရားရေး စီရင်နိုင်သည့် အချက်များ ထုတ်ပြန်

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ခုံရုံးတော်လှန်ရေးသေဒဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ

by ဝေမင်းထွန်း
16 August 2024
12.6k

ထို့ပြင် မင်းအောင်လှိုင်သည် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်သည့် အရည်အချင်း မရှိပေ။ သူ့အတွက် အသေထွက် ထွက်ဖို့သာရှိ၏။

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁

by အေးချမ်းဆု
28 May 2024
11.1k

စစ်ရေးအရ ရှုံးနိမ့်မှု အကျိုးဆက်အဖြစ် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ မြို့ပေါင်း ၆၀ ကျော်ခန့် လက်လွှတ်ခဲ့ရပြီဖြစ်၏။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

Next Post
တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved