• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

by Marawaan Macan-Markar
2 August 2024
in ဆောင်းပါး
A A
မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

ဇွန်လအတွင်းက မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းတခုကို သိမ်းပိုက်အပြီး AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် / AA

6.4k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော အာရက္ခတပ်တော် (AA) သည် နိုင်ငံ၏ အနောက်ဘက် ကမ်းတလျှောက်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တည်ရှိသည့် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့်တင်ရန် တနိုင်ငံလုံးတွင် ရွာသွန်းနေသည့် မုတ်သုန်မိုးကို အခွင့်ကောင်းယူနေသည်။

တော်လှန်ရေးတပ်များ ထုံးစံအားဖြင့် နှစ်သက်သည့် ပြောက်ကျားနည်းဗျူဟာနှင့် သမားရိုးကျစစ်ဆင်ရေး နှစ်မျိုးလုံးသုံးသည့် စစ်ရေးစီမံချက်များဖြင့် AA သည် စစ်ကောင်စီက ၎င်းတို့အာဏာ ခိုင်မာစေရန်အတွက် ကာလကြာမြင့်စွာ ထိန်းချုပ်ထားသည့် စစ်စခန်းများ၊ နယ်စပ်စခန်းများနှင့် အကြီးအကျယ် အခိုင်အမာ တည်ဆောက်ထားသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေစဉ် AA က ၎င်းတို့၏ ချုပ်ကိုင်မှု ခိုင်မာလာခြင်းမှာ ရွံ့နွံထူပြီး ကြမ်းတမ်းသည့် ဒေသအခြေအနေကြောင့်ဖြစ်ကြောင်း ပြောသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
453
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k

“ကျနော်တို့က အဓိကအားဖြင့် ပြောက်ကျားနည်းဗျူဟာကို သမားရိုးကျ စစ်ရေးလက္ခဏာအချို့နဲ့ ပူးတွဲပြီး အသုံးပြုတယ်”

“ကျနော်တို့က အဓိကအားဖြင့် ပြောက်ကျားနည်းဗျူဟာကို သမားရိုးကျ စစ်ရေးလက္ခဏာအချို့နဲ့ ပူးတွဲပြီး အသုံးပြုတယ်” ဟု AA နှင့် နိုင်ငံရေးအဖွဲ့အစည်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ မီဒီယာအဖွဲ့က ၎င်းတို့ဌာနချုပ်မှတဆင့် Nikkei Asia နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။ ထိုသို့ တွေ့ဆုံမေးမြန်းရာတွင် ဖြေကြားသူအစား AA နှင့် ULA အမည် အတိုကောက်များကိုသာ အသုံးပြုရန် အထက်ပါ မီဒီယာအဖွဲ့က တောင်းဆိုထားသည်။

“မြို့တွေအနီးက ရန်သူ့စစ်စခန်းတွေကို ကျနော်တို့ ချဉ်းကပ်လာရင် သူတို့စခန်းတွေကို ဝိုင်းပတ်ပိတ်ဆို့ဖို့ အခြေစိုက်စခန်းလိုမျိုး စခန်းတွေ ထူထောင်ရတယ်” ဟု ထိုမီဒီယာအဖွဲ့က ပြောသည်။

သံတွဲပြည်သူ့ဆေးရုံကြီးရှေ့ရှိ သံတွဲ- ငပလီ လမ်းမကြီးတွင် AA စစ်သားများက ဒေသခံများကို ကူညီကယ်ဆယ်နေစဉ် / Arakan Bay News-ABN

ထိုနည်းဗျူဟာ၏ ထိရောက်မှုကို ငပလီကမ်းခြေနှင့် ပတ်ဝန်းကျင်ကို ထိန်းချုပ်ရန် လနှင့်ချီသည့် မကြာသေးမီက ထိုးစစ်အောင်မြင်မှုက ထင်ဟပ်နေသည်။ ရခိုင်ပြည်နယ်မှ ကျော်ကြားသော ငပလီကမ်းခြေတွင် စစ်တပ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏စီးပွားရေး ခရိုနီများသည် ဇိမ်ခံအိမ်ကြီးများနှင့် အပန်းဖြေစခန်းများ ပိုင်ဆိုင်ကြသည်။ AA သည် ခြေလျင်တပ်ရင်းတရင်း၏ ဌာနချုပ်ကိုလည်း သိမ်းပိုက်ခဲ့သည်။

၎င်းတို့တပ်များ ရခိုင်ပြည်ကို အပြည့်အဝ ထိန်းချုပ်မှုရရန် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများကို စစ်ရေးစီမံချက်များတွင် ထည့်သွင်းထားပြီး ညို့မှိုင်းသည့် မုတ်သုန်ကောင်းကင်အောက်တွင် ဖြစ်ပွားနေသော လက်ရှိစစ်ဆင်ရေး၏ ပြင်းထန်မှုကို ရှင်းပြသည်။ ယခု မုတ်သုန်ရာသီ တိုက်ပွဲများသည် စစ်ကောင်စီ အာဏာရစေသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မုတ်သုန်ရာသီနှစ်ခုမှ တိုက်ပွဲများနှင့် မတူညီသည့် အခြေအနေဖြစ်သည်။

“ကျနော်တို့က မိုးရာသီအတွင်း ပြောင်းလဲနေတဲ့ ရာသီဥတုကို ပိုမိုကောင်းမွန်စွာ အသုံးချဖို့ ပြင်ဆင်ထားတယ်” ဟု ULA/AA က ပြောသည်။ “ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း မိုးရာသီမှာ တပ်ဖြန့်ချရေး ပြဿနာတွေနဲ့ ရန်သူစခန်းတွေကို ဒရုန်းတိုက်ခိုက်မှုအတွက် စိန်ခေါ်မှု ရင်ဆိုင်ရနိုင်တယ်” ဟုလည်း ပြောသည်။

ယခုနှစ် မုတ်သုန်ရာသီအတွင်း တိုက်ပွဲများသည် ယခင်မိုးရာသီ နှစ်ခုမှ တိုက်ပွဲများထက် ပိုမိုပြင်းထန်ကြောင်း လွတ်လပ်သော သုတေသီ ဒေးဗစ်စကော့ မက်သီဆန် ကဲ့သို့သော ဝါရင့် မြန်မာ့အရေးလေ့လာသူများက ပြောသည်။ မြန်မာနိုင်ငံတွင် မိုးရာသီသည် ဇွန်လတွင် စတင်ပြီး စက်တင်ဘာလတွင် တဖြည်းဖြည်း လျော့ကျလာသည်။

“လွန်ခဲ့တဲ့ နိုဝင်ဘာလ ဆောင်းရာသီက စတင်တဲ့ ဒီတချီတိုက်ပွဲတွေဟာ နွေရာသီကိုဖြတ်ပြီး အခု မိုးရာသီကို ရောက်လာပြီ။ ဒါဟာ ရာသီစုံထိုးစစ်ဖြစ်တယ်”

“လွန်ခဲ့တဲ့ နိုဝင်ဘာလ ဆောင်းရာသီက စတင်တဲ့ ဒီတချီတိုက်ပွဲတွေဟာ နွေရာသီကိုဖြတ်ပြီး အခု မိုးရာသီကို ရောက်လာပြီ။ ဒါဟာ ရာသီစုံထိုးစစ်ဖြစ်တယ်” ဟုလည်း မက်သီဆန်က ပြောသည်။ သူသည် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြောင်း ဆောင်းပါးများစွာ ရေးသားခဲ့သူဖြစ်သည်။ “အခုတိုက်ပွဲတွေက AA ကို ထူထောင်ပြီးနောက် အပြင်းထန်ဆုံး တိုက်ပွဲတွေပဲ” ဟုလည်း ပြောသည်။

၂၀၀၉ ခုနှစ်တွင် ပေါ်ပေါက်လာသည့် AA သည် အရန်တပ်များ မပါဘဲ အမြဲတမ်းစစ်သား ၄၀,၀၀၀ ရှိသည်ဟု တရားဝင် ပြောကြားထားသည်။ ထိုအင်အားအရ AA သည် မြန်မာတွင် အကြီးမားဆုံး ပြည်နယ်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်ဟု AA/ULA က ပြောသည်။

မြန်မာပြည်တွင်းစစ်ကို စောင့်ကြည့်နေသည့် အရှေ့တောင်အာရှ စစ်ထောက်လှမ်းရေးအချို့က AA ၏ အင်အားတိကျမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ကြသော်လည်း AA ၏ ဘက်စုံသုံး တိုက်ခိုက်မှုများသည် မြန်မာစစ်တပ်ကို ချောင်ပိတ်မိစေကြောင်း ဝန်ခံကြသည်။ AA ၏ စစ်ရေးအောင်မြင်မှုမှာ ရခိုင်မှ စကခ သုံးခုအနက် နှစ်ခုကို ချေမှုန်းလိုက်ခြင်း ဖြစ်သည်။ ထိုစစ်ဆင်ရေးကွပ်ကဲမှုဌာနများသည် စစ်တပ်က လက်နက်ကောင်းစွာ တပ်ဆင်ထားသော တပ်မအရွယ် ဗျူဟာစခန်းများ ဖြစ်သည်။

“ကျနော်တို့တပ်တွေက ရခိုင်ပြည်နယ်က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှစ်ခုကို သိမ်းပိုက်ပြီး တတိယမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်တဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၅ နဲ့ ထိပ်တိုက်ရင်ဆိုင်နေတယ်” ဟု ULA/AA က ပြောသည်။ စစ်ဇုန်အများအပြားမှာ ခြေမြန်တပ်မ သုံးခုက တပ်တွေကိုလည်း ကျနော်တို့ ချေမှုန်းပြီးပြီ” ဟုလည်း ပြောသည်။

AA သည် သေနင်္ဂဗျူဟာနှင့် စံပြုနိုင်သည့် အောင်မြင်မှုရရန် ပိုမိုကျယ်ပြန့်သည့် စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ပစ်မှတ်ထားပြီး စစ်ရေးအရ အတော်အတန် ကောင်းမွန်ကြောင်း မစ္စတာ မက်သီဆန်က ပြောသည်။ “သူတို့ရဲ့ သေနင်္ဂဗျူဟာက ရခိုင်ပြည်နယ်က မြို့တွေအားလုံးကို သိမ်းယူဖို့ဖြစ်တယ်” ဟုလည်း ပြောသည်။

စီးပွားရေးအရ ချိုးနှိမ်ခံရပြီး ခေတ်နောက်ကျသည့် ပြည်နယ်တခုတွင် စစ်ကောင်စီ ချုပ်ကိုင်မှု အင်အားနည်းလာသည်ကို စောင့်ကြည့်နေသည့် အစီရင်ခံစာ အများအပြားကလည်း ရခိုင်ပြည်နယ်မြို့နယ်များ၏ ထက်ဝက်ကျော်သည် AA ထိန်းချုပ်မှုအောက် ကျရောက်သွားကြောင်း အတည်ပြုနေသည်။

ထိုပြည်နယ်မှ လက်ရှိပဋိပက္ခသည် ၂၀၁၇ ခုနှစ်က ကုလသမဂ္ဂ အရာရှိတဦးပြောသည့် “လူမျိုးစုသုတ်သင်မှုအတွက် နမူနာပေးရမည့် ဖတ်စာ” ၏ အတိတ်ဆိုးများကို ခံစားနေရသော မြန်မာနိုင်ငံထောင့်တနေရာမှ အခန်းကဏ္ဍသစ်ဖြစ်သည်။ ထိုစဉ်က မြန်မာစစ်တပ်သည် လက်နက်မဲ့ မွတ်ဆလင် ရိုဟင်ဂျာများကို တိုက်ခိုက်မှုများ ဆင့်ကဲ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ၈၆ ရာခိုင်နှုန်းရှိသည့် မြို့နယ်များနှင့် လူဦးရေ၏ ၆၇ ရာခိုင်နှုန်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများ၏ လွတ်လပ်သော အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ မေလ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ၈၆ ရာခိုင်နှုန်းရှိသည့် မြို့နယ်များနှင့် လူဦးရေ၏ ၆၇ ရာခိုင်နှုန်အပေါ် ထိန်းချုပ်မှု ဆုံးရှုံးနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများ၏ လွတ်လပ်သော အဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ မေလ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာမှ ပဋိပက္ခ၏ အလုံစုံလမ်းကြောင်းမှာ ခုခံတော်လှန်ရေးအင်အားစု ထိန်းချုပ်မှုကို တိုးချဲ့ခြင်းနှင့် အလားတူသော စစ်ကောင်စီ ဆုံးရှုံးမှုဖြစ်သည်ဟု အဆိုပါကောင်စီက ဖော်ပြသည်။ “ထိုလမ်းကြောင်းသည် တသမတ်တည်းရှိနေပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အလျင်အမြန် အရှိန်ရလာသည်” ဟုလည်း ဖော်ပြထားသည်။

သို့သော် ပြည်တွင်းစစ်သည် စစ်ကောင်စီတပ်များနှင့် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အမျိုးမျိုးကို ထိပ်တိုက်တွေ့စေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေး အတိုက်အခံများ၏ မြန်မာနိုင်ငံအလယ်ပိုင်းမှ အသစ်ဖွဲ့စည်းထားသည့် လက်နက်ကိုင် PDF တပ်များနှင့် တိုက်ပွဲများသည်လည်း ကြီးမားသော ထိခိုက်သေဆုံးမှုများ ဖြစ်စေသည်။

၂၀၂၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက် အရပ်သား စုစုပေါင်း ၅,၁၆၁ ဦးသတ်ဖြတ်ခံရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဖော်ပြသည်။ ကုလသမဂ္ဂကလည်း တုန်လှုပ်ခြောက်ခြားစွာ သတိပေးပြီး ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူ ၃ သန်းကျော်ရှိကြောင်း ပြောသည်။

စစ်ကောင်စီ ဗိုလ်ချုပ်များသည် ရခိုင်ပြည်နယ်မှ ဝိုင်းရံပိတ်ဆို့ခံ စစ်စခန်းများကို အင်အားဖြည့်တင်းရန် အတင်းအကျပ် စုဆောင်းထားသည် စစ်သားသစ်များအား စစ်သင်တန်း အလျင်အမြန်ပေးကာ ၎င်းတို့ကို ဖြန့်ကြက်နေသောကြောင့် စစ်ပွဲများ ရပ်ဆိုင်းသွားဖွယ် မရှိပေ။ ထိုအခြေအနေသည် AA ကို လေသံပြောင်းမသွားစေခဲ့ပေ။

စစ်ကောင်စီ ဗိုလ်ချုပ်များသည် ရခိုင်ပြည်နယ်မှ ဝိုင်းရံပိတ်ဆို့ခံ စစ်စခန်းများကို အင်အားဖြည့်တင်းရန် အတင်းအကျပ် စုဆောင်းထားသည် စစ်သားသစ်များအား စစ်သင်တန်း အလျင်အမြန်ပေးကာ ၎င်းတို့ကို ဖြန့်ကြက်နေသောကြောင့် စစ်ပွဲများ ရပ်ဆိုင်းသွားဖွယ် မရှိပေ။ ထိုအခြေအနေသည် AA ကို လေသံပြောင်းမသွားစေခဲ့ပေ။

“အခုရက်ပိုင်းမှာ စစ်ကောင်စီက နောက်ထပ်တပ်တွေ၊ ခဲယမ်းတွေနဲ့ အင်အားဖြည့်တင်းနေတာ၊ အထူးသဖြင့် စစ်တွေက စခန်းတွေမှာ အင်အားဖြည့်တင်းနေတာ မှန်တယ်” ဟု AA/ULA က ပြောသည်။ သို့သော် ၎င်းတို့၏ တိုးတက်မှုသည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များ အားလုံး ကင်းစင်ရေးဆိုသည့် စစ်ရေးရည်မှန်းချက်များနှင့် ကိုက်ညီကြောင်း AA/ULA က ပြောသည်။

(Nikkei Asia ပါ Marwaan Macan-Markar ၏ Arakan Army pushes Myanmar’s military to brink in monsoon war ကို ဘာသာပြန်သည်။)

You may also like these stories:

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

သံတွဲ ရေတပ်စခန်းကို AA ဝင်တိုက် (ရုပ်/သံ)

AA ထိုးစစ် မောင်တောမြို့တွင်း ဝင်ရောက်

ငပလီကမ်းခြေနဲ့ သံတွဲမြို့ကို AA စီးနင်းထား (ရုပ်/သံ)

Your Thoughts …
Tags: AANUGULAစစ်ကောင်စီစစ်ရေးစီမံချက်စစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပြည်တွင်းစစ်မုတ်သုန်ရာသီရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရာသီဥတုအာရက္ခတပ်တော်
Marawaan Macan-Markar

Marawaan Macan-Markar

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ခလရ ၅၈  စခန်းကို KIA သိမ်းပိုက်

မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ ခလရ ၅၈ စခန်းကို KIA သိမ်းပိုက်

လားရှိုးဆေးတပ် အလံဖြူထောင် (ရုပ်/သံ)

လားရှိုးဆေးတပ် အလံဖြူထောင် (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved