ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့မြို့ပေါ်မှာရှိတဲ့ ကုတင် ၁၀၀ စစ်ဆေးရုံကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်အောက်ခံတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ဆေးတပ်ဖွဲ့ဝင်တွေ၊ ဆေးကုသမှုခံယူနေတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေက အလံဖြူထောင်ပြီး ထိန်းသိမ်းခံခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဧရာဝတီကို ပြောပါတယ်။
MNDAA တပ်တွေဟာ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်ရင်း စစ်ဆေးရုံကိုပါ စီးနင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အလံဖြူထောင်မှုကြောင့် လွတ်မြောက်လာသူ စုစုပေါင်း ၂၀၀ ကျော်ရှိပြီး စစ်သည် အရေအတွက် စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရမခ ဌာနချုပ်ကိုတော့ MNDAA က အပြင်းအထန်ထိုးစစ်ဆင်နေသလို ရမခ ဘက်ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #ရမခ #MNDAA #စစ်ဆေးရုံ #ရှမ်းပြည်နယ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR