• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ

by ဧရာဝတီ
17 August 2024
in Politics, ဆောင်းပါး
A A

ဗုဒ္ဓဟူးနေ့တွင် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆက်ထာ ထာဝီဆင်အား ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချလိုက်သည်

2.2k
VIEWS
Share on FacebookShare on Twitter

အာဏာရလာပြီးနောက် ၁၂ လ မပြည့်မီ ထိုင်းဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်ခြင်းသည် အချက်တချက်ကို ရှင်းလင်းစွာ ဖေါ်ပြနေသည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ရှည်လျားသော စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို ဖေါ်ဆောင်ခဲ့သည့် တော်ဝင်ဝါဒီအသိုက်အဝန်းသည် အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် ဆက်ထာ ထာဝီဆင်သည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဖြုတ်ချလိုက်သည့် စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်လာပြီး ထိုဝန်ကြီးချုပ်များအားလုံးသည် ၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ခေါင်းဆောင်ဟောင်း သက်ဆင်၏ မဟာမိတ်များ ဖြစ်သည်။ သို့သော် ယခုအကြိမ်တွင် ကွဲပြားခြားနားသည့်အချက်မှာ သက်ဆင်သည် ကွန်ဆာဗေးတစ် ရန်သူဟောင်းများနှင့် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်သည်။ ထိုသို့ မဟာမိတ်ဖွဲ့ခြင်းသည် စစ်တပ်အကြီးအကဲ တဦး၏ အုပ်ချုပ်ရေးကို အဆုံးသတ်စေသည့် ရွေးကောက်ပွဲအပြီး လွန်ခဲ့သောနှစ်က သဘောတူညီချက် တခု၏ အစိတ်အပိုင်းဖြစ်သည်။

သောကြာနေ့တွင် ထိုင်းလွှတ်တော်ကိုယ်စားလှယ်များ ဝန်ကြီးချုပ်သစ် ရွေးချယ်သောအခါ ထိန်းချုပ်ရန် ခက်ခဲသည့် ထိုမဟာမိတ်အဖွဲ့ဆက်လက် ညီညွတ်နေပြီး ထိုင်း ပါလီမန်တွင် ဒုတိယအင်အားအကြီးဆုံး သက်ဆင်ကျောထောက်နောက်ခံပြု ဖွေထိုင်းပါတီခေါင်းဆောင်လည်း ဖြစ်၊ သက်ဆင်၏ သမီးလည်းဖြစ်သူ မစ္စပေတောင်တန် ရှင်နာဝပ်ထရာအား အရှေ့တောင်အာရှတွင် ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်သော ထိုင်းနိုင်ငံကို ဦးစီးရန် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် သမီးဖြစ်သူ ပေတောင်တန်သည် အဒေါ်ဖြစ်သူ ယင်လပ် ပြီးနောက် ထိုင်းနိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သည်။

တော်ဝင်ဝါဒီ ကွန်ဆာဗေးတစ်များနှင့် စည်းလုံးညီညွတ်ရန် သက်ဆင်၏ပါတီတွင် အကြောင်းရင်း များစွာရှိသည်။

အကြောင်းရင်းတခုမှာ သက်ဆင်သည် အဂတိလိုက်စားမှု စွဲချက်များကို ရင်ဆိုင်ရပြီး ပြည်ပတွင် ဆယ်စုနှစ် တခုကျော် သွားရောက်နေထိုင်ပြီးနောက် လွန်ခဲ့သောနှစ်က ထိုင်းနိုင်ငံသို့ ပြန်လာရန် သဘောတူညီချက် တခုပြုလုပ်ခဲ့ကာ ယခုလကုန်တွင် လုံးဝလွတ်လပ်သောသူ ဖြစ်လာတော့မည်ဖြစ်သည်။ ဒုတိယ အချက်မှာ သူသည် ဘုရင် မဟာဝိဇီယလောင်ကွန်နှင့် တော်ဝင်မိသားစု ထိပ်တန်းလူများကို ဝေဖန်ခြင်းမှ ကာကွယ်ပေးသည့် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေစွဲချက်သစ် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူသည် ထိုဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသည့် အတိုက်အခံပြည်သူ့ပါတီနှင့် ပူးပေါင်းလိုက်ပါက သူ့ကိုထောင်ပြန်ချနိုင်သည့် စွဲချက်ဖြစ်သည်။

သောကြာနေ့က ထိုင်းပါလီမန်က သက်ဆင်၏ သမီး ပေတောင်တန်ကို ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သည်

လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် နေရာအများဆုံးကို အံ့သြစရာ ရရှိခဲ့သည့် လက်ရှိစနစ်ကို ပြုပြင်ပြောင်းလဲမည့် ပါတီဖြစ်သည့် ရှေ့သို့ချီ Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရာရုံးက ဖျက်သိမ်းပြီးနောက် လွန်ခဲ့သောအပတ်တွင် ပြည်သူ့ပါတီကို ဖွဲ့စည်းခဲ့သည်။ အသက် ၃၇ နှစ်အရွယ် နည်းပညာ လုပ်ငန်းရှင် ဦးဆောင်သော ပြန်ဖွဲ့သည့် ထိုပါတီသည် ထိုင်းတော်ဝင်ဝါဒီများနှင့် ထိုင်းစီးပွားရေးတွင် ကျယ်ပြန့်နက်ရှိုင်းစွာ ထိန်းချုပ်ထားသည့် အင်အားကြီးမားသော စီးပွားရေး အကျိုးစီးပွားများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။

အခိုင်အမာ အမြစ်တွယ်နေသော အင်စတီကျူးရှင်းများ

“ထိုင်းနိုင်ငံမှာ ရွေးကောက်ခံအင်အားစုတွေရဲ့ အာဏာကို ဆက်လက်တားဆီးနေတဲ့ အခိုင်အမာ အမြစ်တွယ်နေတဲ့ အင်စတီကျူးရှင်းတွေ ရှိနေကြောင်း ဒီတရားရုံးစီရင်ချက်က ကျနော်တို့ကို သတိပေးလိုက်တယ်” ဟု စင်္ကာပူရှိ ISEAS-Yusof Ishak Institute မှ ဧည့် သုတေသီ နာပွန် ဂျတူဆရီပီတက် ပြောသည်။ “သူတို့ရဲ့ အာဏာအလွန်ကြီးမားမှုနဲ့ ပတ်သက်ပြီး သဘောတူညီချက်တခုမရမခြင်း ထိုင်းနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အမြစ်မတွယ်နိုင်ဘူး” ဟု သူပြောသည်။

ထိုအခြေအနေများအားလုံးသည် စီးပွားရေးအတွက် မကောင်းပေ။ ထိုင်းနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပျမ်းမျှ စီးပွားရေးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းအောက်သာရှိပြီး စစ်တပ်က နိုင်ငံရေးတွင် ဝင်ရောက်ပတ်သက်နေသောကြောင့် အဓိကအားဖြင့် ထိုသို့ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ စံ စတော့ရှယ်ယာအညွန်းကိန်းသည် ယခုနှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးများတွင် ပါဝင်ပြီး ကြာသပတေးနေ့တွင် ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဆုံးရှုံးမှုကို ဝ.၄ ရာခိုင်နှုန်းအောက် ဖြတ်တောက်ပြီး ဈေးပိတ်သွားသည်။ ထိုစီရင်ချက်အပြီးတွင် ဘတ်ငွေတန်ဖိုးတက်လာသော်လည်း အမေရိကန် ဒေါ်လာထက် ဝ.၆ ရာခိုင်နှုန်းမြင့်ပြီး ဈေးပိတ်သွားသည်။

“မရေရာမှုတွေ ဆက်လက်အခိုင်အမာရှိနေပြီး စီးပွားရေး လူများကြိုက်ဝါဒက အခြေအနေဆိုးလာဖို့ရှိပြီး ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုနဲ့ နိုင်ငံရဲ့ ရေရှည်အလားအလာကို ဆန့်ကျင်ဘက် ရိုက်ခတ်မှုတွေ ဖြစ်စေတယ်” ဟု Capital Economics မှ ဝါရင့် စီးပွားရေး ပညာရှင် ဂျရတ် လယ်သာ ပြောသည်။

မသိနိုင်သေးသည့် အချက်တခုမှာ သက်ဆင်၏ သမီးသည် ဝန်ကြီးချုပ်ရာထူးကို မည်မျှကြာကြာ ဆက်လက် ရယူထားနိုင်မည်နည်းဆိုသည့် ကိစ္စဖြစ်သည်။

ထိပ်တန်း ကွန်ဆာဗေးတစ်

ဩဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက အတိုက်အခံ ရှေ့သို့ချီပါတီကို ဖျက်သိမ်းလိုက်ပြီး ပါတီခေါင်းဆောင်များ နိုင်ငံရေးရာထူးယူခွင့် ပိတ်ပင်လိုက်သည်

လူပြောများသော သီဝရီတခုအရ စောင့်ဆိုင်းနေသော အခြား ဝန်ကြီးချုပ်လောင်းတဦးမှာ အနုတင် ချန်ဗီရာကူးဖြစ်ပြီး သူ၏ ဘုမ်ဂျိုင်ထိုင်းပါတီသည် မဟာမိတ်အဖွဲ့အတွင်း ဒုတိယ အင်အားအကြီးမားဆုံးဖြစ်သည်။ ဆေးခြောက် တရားဝင်ဖြစ်ရေးကို ထောက်ခံသူဖြစ်ပြီး ဘန်ကောက်နှင့် အခြားခရီးသွားလုပ်ငန်းနေရာများတွင် ဆေးခြောက်ရောင်းသည့် ဆိုင်များကို ပုံစံအမျိုးမျိုးဖြင့် ပျံ့နှံ့စေသည့် အနုတင်သည် အမာခံတော်ဝင်ဝါဒီဖြစ်သည်။

ဘန်ကောက်မှ ပရာဂျာဒီပေါ့ဘုရင့် တက္ကသိုလ် ဒီမိုကရေစီ တီထွင်ဆန်းသစ်ရေးရုံး ဒါရိုက်တာ စတီသွန် သန်နာနီသီချော့က “ဘုမ်ဂျိုင်ထိုင်းက ထိပ်တန်းကွန်ဆာဗေးတစ်ပါတီ ဖြစ်လာလိမ့်မယ်” ဟု ပြောသည်။

တော်ဝင်ဝါဒီများ သက်ဆင်ရှင်နာဝပ်၏ ပါတီကို ဝါးမြိုပြီး ဘုမ်ဂျိုင်ထိုင်းကို ဝန်းရံအောင် လုပ်နိုင်လျှင် မေးစရာမှာ ၎င်းတို့သည် ရွေးကောက်ပွဲကို တကယ်နိုင်အောင် လုပ်နိုင် မလုပ်နိုင် ဆိုသည့်မေးခွန်းပင်ဖြစ်သည်။ ထိုပါတီသည် ယခုရာစုနှစ်အတွင်း နိုင်ငံလုံး အတိုင်းအတာ ရွေးကောက်ပွဲ မနိုင်သေးပေ။

လွန်ခဲ့သောနှစ်က ရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမို ဒီမိုကရေစီဆန်စေလိုပြီး ဘုရင်ကို ဝေဖန်မှု ပိတ်ပင်သည့် ဥပဒေကို ပြင်ဆင်လိုသည့် ပြည်သူ့ပါတီ၏ ရှေ့တော်ပြေး Move Forward ပါတီသည် သက်ဆင်ကျောထောက်နောက်ခံပြု ဖွေထိုင်းပါတီထက် ပထမဆုံးအကြိမ်အဖြစ် ပါလီမန်နေရာ ပိုမိုများပြားစွာ အနိုင်ရသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
412
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.6k

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်

ရှေ့သို့ချီပါတီမှ ပါလီမန်အမတ်များ ပြည်သူ့ပါတီကို အသစ်ထပ်မံဖွဲ့စည်းလိုက်သည်

ဝန်ကြီးချုပ်တဦးကို ဖြုတ်ချနိုင်သည့် တရားရုံး၏ အာဏာကို ပြည်သူ့ပါတီက မူအားဖြင့် သဘောမတူကြောင်း ပါတီမှ ပါလီမန်အမတ် ပါရစ် ဝါချာရာဆင်ဒုက ပြောကြားပြီ ကျင့်ဝတ် ချိုးဖေါက်ခြင်း ကဲ့သို့သော ပြဿနာမျိုးကို ပြည်သူကသာ အဆုံးအဖြတ်ပေးသင့်သည်ဟု သူပြောသည်။

“ယနေ့အခြေအနေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တခု ရေးဆွဲဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးနဲ့ လွတ်လပ်အမှီအခိုကင်းတဲ့ အေဂျင်စီတွေရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည်သုံးသပ်ဖို့ အရေးပေါ် လိုအပ်တယ်လို့ ဘက်အားလုံး ပါတီအားလုံးက မြင်လာစေလိမ့်မယ်” ဟု ကြာသပတေးနေ့တွင် သတင်းထောက်များကို သူပြောသည်။

သို့သော် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲနိုင်ခြင်းသည် အရာမရောက်ကြောင်း ဗုဒ္ဓဟူးနေ့ဖြစ်ရပ်များက ပြသနေသည်။ တော်ဝင်ဝါဒီ တရားသူကြီးများနှင့် ဗိုလ်ချုပ်များသည် ရွေးကောက်ခံနိုင်ငံရေးသမားများကို ဖြုတ်ချရန် အာဏာကြီးမားစွာ ရှိနေပြီး နိုင်ငံရေးစနစ်တွင် အခြေခံကျသည့် အပြောင်းအလဲမရှိပါက မပြောင်းလဲနိုင်သည့် ပကတိအခြေအနေပင်ဖြစ်သည်။

ကိုးကား။ ။ Bloomberg သတင်း Thai political upheaval shows royalists still firmly in charge

You may also like these stories:

ရှေ့သို့ချီပါတီ၏ ပြုပြင်ပြောင်းလဲရေး ထိုင်းစိတ်ဓာတ် ဆက်လက်ရှင်သန်မည်

ထိုင်းတွင် တည်ထောင်စ ပြည်သူ့ပါတီကို ထောက်ခံမှု မြင့်မား

ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

Your Thoughts …
Tags: Move Forwardဆက်ထာ ထာဝီဆင်တော်ဝင်ဝါဒီများထိုင်းနိုင်ငံရေးထိုင်းဝန်ကြီးချုပ်ပေတောင်တန်ပြည်သူ့ပါတီဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသက်ဆင်၏ သမီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၂)

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ (၂)

by အောင်ဇော်
22 July 2023
4.6k

၁၉၉၂ ရွေးကောက်ပွဲ အပြီး ထိုင်းနိုင်ငံ ပုံရိပ် ပြန်ကောင်းလာရန် ကြိုးပမ်းရာတွင် ဆူရင် ပစ်ဆူဝမ်က အရေးပါသည်ဟု သုံးသပ်၍ ရသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်း ဆူရင် ပစ်ဆူဝမ် / PBS

ဘန်ကောက် အတက်အကျ၊ ဆူရင် ပစ်ဆူဝမ် နှင့် မြန်မာ

by အောင်ဇော်
15 July 2023
7.3k

အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံသည် ဒီမိုကရေစီ ရေသောက်မြစ် တွယ်ပြီး အားကောင်းလာအောင် လုပ်နိုင်သည်ဟု သူယုံကြည်ပုံရသည်။

ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

by ဧရာဝတီ
2 August 2023
3.8k

Move Forward ပါတီ မပါဝင်သည့် ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းမည်ဟု ဖွေ့ထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

by ဧရာဝတီ
7 March 2024
3.2k

"အာဏာသိမ်းပြီး ၃ နှစ်အကြာ" လို့ ခေါင်းစဥ်တပ်ထားတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

by ဧရာဝတီ
31 January 2024
3k

UEC ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်က ပြည်သူ့ပါတီတွင် ပါတီဝင် ၃,၂၉၄ ဦးနှင့် ရုံးခန်း ရှစ်ခုသာရှိသည်။

နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခံရပြီးနောက် ဟားဗတ်သို့  ဖိထာ ပြန်သွားမည်

နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခံရပြီးနောက် ဟားဗတ်သို့ ဖိထာ ပြန်သွားမည်

by ဧရာဝတီ
21 August 2024
2.9k

သုတေသီရာထူးကာလအတွင်း ဖိထာသည် ဘော့စတွန်နှင့် ဘန်ကောက်တွင် ခွဲနေရန် စီစဉ်ထားပြီး သူ၏ သမီးသည် ဘန်ကောက်တွင် ကျောင်းတက်နေဆဲဖြစ်သည်။

Next Post
မန္တလေးနန်းမြို့ရိုးပေါ် ခံတပ်လုပ်မှု ရှေးသုပညာရှင်တို့ ဝေဖန်

မန္တလေးနန်းမြို့ရိုးပေါ် ခံတပ်လုပ်မှု ရှေးသုပညာရှင်တို့ ဝေဖန်

မလုပ်ရဲတာ ဘာမှမရှိဘူး

မလုပ်ရဲတာ ဘာမှမရှိဘူး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved