• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

by ဧရာဝတီ
31 January 2024
in သတင်း
A A
၈၈ မျိုးဆက်ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရန်ကုန်တွင် ပြည်သူ့ပါတီရုံးဖွင့်

၈၈ မျိုးဆက် ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး / ကိုကိုကြီး Facebook

3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲစကားများ အရှိန်မြှင့်လာချိန်တွင် ၈၈ မျိုးဆက် ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးသည် သူ၏ပါတီ ရုံးချုပ်သစ်ကို ရန်ကုန်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ဖွင့်လှစ်လိုက်သည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ဦးကိုကိုကြီးသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဖြစ်သည်။ ထိုအရေးတော်ပုံကြောင့် သူ့ကို ယခင်စစ်အုပ်စုက ဆယ်စုနှစ် နှစ်ခုနီးပါး ထောင်ချခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်စာရင်းတွင် မပါဝင်သောကြောင့် မြန်မာပြည်သူများအကျိုး ထမ်းဆောင်ရန်အတွက်ဟုဆိုကာ ယခုအခါ ဖြုတ်ချခံလိုက်ရသည့် NLD အစိုးရအောက် ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီ (PP) ကို တည်ထောင်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းမဖက်သော နည်းလမ်းဖြင့် နိုင်ငံရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲမည်ဟု ဦးကိုကိုကြီးက ပြောသည်။ စစ်ကောင်စီလိုလားသော နိုင်ငံရေးပါတီ အမျိုးမျိုးနှင့်အတူ စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ၎င်းကထောက်ခံသည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရသူထံ အာဏာလွှဲမည်ဟု မကြာခဏ ပြောသော်လည်း ရွေးကောက်ပွဲရက်စွဲ မကြေညာရသေးပေ။

အမေရိကန် ပြည်ထောင်စုနှင့် အခြားဒီမိုကရေစီ နိုင်ငံများ အပါအဝင် ပြည်တွင်းပြည်ပမှ အတိုက်အခံများက ထိုရွေးကောက်ပွဲ အစီအစဉ်သည် စစ်တပ်၏ အာဏာချုပ်ကိုင်မှု ခိုင်မာအောင် လုပ်ရန် ရည်ရွယ်သည့် အတုအယောင်အဖြစ် ရှုတ်ချသည်။

ပိုမိုကျယ်ပြန့်လာသည့် နယ်မြေများသည် ခုခံတော်လှန်ရေး အင်အားစုလက်သို့ ကျရောက်နေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲမည်သို့ ကျင်းပမည်နည်းဆိုသည့်အပေါ် သံသယလည်း ရှိကြသည်။

ရှမ်း၊ ရခိုင်၊ ကရင်နီ (ကယား) နှင့် ချင်းပြည်နယ်များတွင် ပြင်းထန်သော တိုက်ပွဲများအကြား စစ်ကောင်စီသည် နယ်မြေများကို ဆုံးရှုံးနေချိန်တွင် ဦးကိုကိုကြီးက မိသားစုဝင်များ ‘ရန်ဖြစ်သည်မှာ ပြဿနာ မဟုတ်သော်လည်း အိမ်ကိုတော့ မီးမရှို့ရန်’ ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပသည့် အခမ်းအနားတွင် ပြောသည်။

ထိုအခမ်းအနားကို တက်ရောက်သူများတွင် ထုတ်ပယ်ခံ NLD ကော်မတီဝင် ဒေါ်စန္ဒာမင်း၊ ရခိုင့်ရှေ့ဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နှင့် ရန်ကုန်တိုင်းလွှတ်တော် အမတ်ဟောင်း ဒေါ်ညိုညိုသင်းတို့ ပါဝင်သည်။

ဒေါ်စန္ဒာမင်းသည် စစ်ကောင်စီနှင့် ပူးပေါင်းသည်ဟုဆိုကာ NLD က သူ့ကို လွန်ခဲ့သောနှစ် မတ်လက ထုတ်ပယ်လိုက်သည်။ သူနှင့် ဒေါက်တာအေးမောင်တို့က စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲသည် နိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ဖြစ်ကြောင်း ဝါဒဖြန့်ရန် ဂျပန်သို့ ယမန်နှစ် အောက်တိုဘာလတွင် သွားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် နေရာပေါင်း ၁၄၃ နေရာ ယှဉ်ပြိုင်သော်လည်း တနေရာမှ အနိုင်မရပေ။ ဦးကိုကိုကြီးသည် သူ၏ပါတီကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တွင် လွန်ခဲ့သောနှစ်က ပြန်လည်မှတ်ပုံတင်သည်။ UEC သည် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ အပါအဝင် အဓိကကျသည့် ဒီမိုကရေစီလိုလားသည့် ပါတီများကို ဖျက်သိမ်းခဲ့သည်။

ပြည်သူ့ပါတီကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တရားဝင် မှတ်ပုံတင်သည်။ နောက်တပတ်ကြာသောအခါ ဦးကိုကိုကြီးသည် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက တည်ခင်းသည့် ညစာစားပွဲ တက်သည်။

ထိုညစာစားပွဲတွင် သူသည် စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်သည်။ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်တွင် သူ၏ ၈၈ မျိုးဆက် လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူ ကိုဂျင်မီကို အခြား ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ သုံးဦးနှင့်အတူ ကွပ်မျက်ရန် အမိန့်ပေးသူဖြစ်သည်။ ထို့နောက် ဦးကိုကိုကြီးသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ တက်ရောက်သည်။

ထိုမတိုင်မီကလည်း သူသည် မင်းအောင်လှိုင်ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနား တက်ရောက်သည်။ ထိုအခမ်းအနားကို မြန်မာပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေသည့်တိုင် ထိုအခမ်းအနားသို့ သူတက်ရောက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေသစ်အရ ပြည်သူ့ပါတီသည် ခြောက်လအတွင်း နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် အနည်းဆုံး ထက်ဝက်တွင် ရုံးခန်းများ ဖွင့်ရမည်ဖြစ်ပြီး သုံးလအတွင်း ပါတီဝင်အင်အား ၁၀၀,၀၀၀ ရှိအောင် စည်းရုံးရမည် ဖြစ်သည်။

UEC ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်က ပြည်သူ့ပါတီတွင် ပါတီဝင် ၃,၂၉၄ ဦးနှင့် ရုံးခန်း ရှစ်ခုသာရှိသည်။ ယခုအခါ ပြည်သူ့ပါတီသည် ဧပြီလမတိုင်မီ ပါတီဝင်သစ် ၉၇၀,၀၀၀ ဦး စည်းရုံးကာ ယခုနှစ် ပထမနှစ်ဝက်အတွင်း မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် ရုံးခန်းများဖွင့်ရမည့် အခက်အခဲကို ရင်ဆိုင်နေရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Former Myanmar 88 Gen Leader Opens People’s Party Office in Yangon ကို ဘာသာပြန်သည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အိမ် ခြံအမှတ်-၅၄ ကို လေလံတင်ရောင်းချရန် တရားရုံးဆုံးဖြတ်

ရုရှား၏ “ကမ္ဘာ့တရားမျှတမှု” စကားဝိုင်းတွင် ဦးခင်ရီလည်း ဝင်ဆွေးနွေး

စစ်အာဏာသိမ်း ၃ နှစ်ပြည့် NUG သို့ အိတ်ဖွင့်ပေးစာ

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၁)

စစ်အာဏာသိမ်း သုံးနှစ်ပြည့် ရီဗျူး (၂)

Your Thoughts …
Tags: ၈၈ မျိုးဆက်NCAPPUECကိုဂျင်မီခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုပြည်သူ့ပါတီရွေးကောက်ပွဲရွေးကောက်ပွဲကော်မရှင်အပစ်အခတ် ရပ်စဲ‌ရေးဦးကိုကိုကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

၁၀၂၇ စစ်ဆင်ရေး ၃ လအတွင်း စစ်ကောင်စီ အရှက်တကွဲ ဆုံးရှုံးရမှုများ

ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

ကောလင်းကို တိုက်ရန် စစ်ကောင်စီ အင်အားဖြည့်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved