• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲ စောင့်ကြည့်သူ ASEAN စေလွှတ်မည် မဟုတ်

by ဧရာဝတီ
28 October 2025
in သတင်း
A A
ရွေးကောက်ပွဲ စောင့်ကြည့်သူ ASEAN စေလွှတ်မည် မဟုတ်

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည့် ရွေးကောက်ပွဲအတွက် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တခု/AFP

512
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) သည် ဒီဇင်ဘာလ မြန်မာရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်သူများ စေလွှတ်မည်မဟုတ်ကြောင်း သံတမန် သတင်းရင်းမြစ်များ တနင်္လာနေ့တွင် ပြောသောကြောင့် နိုင်ငံတကာ တရားဝင်မှုအတွက် စစ်ကောင်စီ၏ အားထုတ်မှုကို ထိခိုက်စေသည်။.

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည့် ရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ်က သူ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ပြည်တွင်းစစ်တွင် ပြန်လည်သင့်မြတ်ရေးတွက် ခြေလှမ်းတခုဖြစ်သည်ဟု ပြောသည်။

အပစ်အခတ်ချက်ခြင်းရပ်စဲရန် ASEAN ဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က တနင်္လာနေ့တွင် ထပ်မံ တောင်းဆိုသည်။

၁၁ နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် မလေးရှားတွင် တွေ့ဆုံပြီး ထိုပဋိပက္ခအတွက် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို သတိပေးပြီး ငြိမ်းချမ်းရေးဆီသို့ တိုးတက်မှု ကင်းမဲ့သည်ကို တနင်္ဂနွေနေ့ နှောင်းပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် သတိပေးသည်။

“အကြမ်းဖက်မှုရပ်စဲရေးနှင့် အားလုံးအကြုံးဝင်သော တွေ့ဆုံဆွေးနွေးပွဲများကို ရွေးကောက်ပွဲမတိုင်မီ လုပ်ရမည်ဖြစ်သည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားပြီး လေ့လာသူများစေလွှတ်ရန် စစ်အုပ်စုက ASEAN နိုင်ငံများကို ဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။

“ဆိုလိုတာကတော့ ASEAN လေ့လာစောင့်ကြည့်သူတွေ ရှိမှာ မဟုတ်ဘဲ ASEAN နိုင်ငံတွေအနေနဲ့ ၂ နိုင်ငံ ဆက်ဆံရေးအရ လေ့လာသူလွှတ်ချင်ရင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဟု အမည်မဖေါ်လိုသည့် သံတမန်တဦးက AFP သတင်းဌာနသို့ ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

ASEAN အလံအောက်တွင် လေ့လာရေးအဖွဲ့များ လွှတ်ရန် အဖွဲ့ဝင်များအကြား ဘုံသဘောတူညီချက် မရရှိကြောင်း ဒုတိယ သံတမန်တဦးက အတည်ပြုသည်။

ASEAN လေ့လာသူများ မစေလွှတ်ခြင်းသည် မြန်မာ၏ တရားဝင်ရေးရည်မှန်းချက်အတွက် ထိုးနှက်ချက်ဖြစ်သည်မှာ သေချာသည်ဟု စင်္ကာပူမှ အတိုင်ပင်ခံလုပ်ငန်း Solaris Strategies မှ နိုင်ငံတကာရေးရာ သုတေသီ မူစတာဖါ အစ်ဇာတ်ဒင် ပြောသည်။

“လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ယုံကြည်လောက်တဲ့ အထောက်အထားမရှိဘူး” ဟုလည်း သူပြောသည်။

ထိုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ရှုတ်ချပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဖိနှိပ်သည့် နည်းလမ်းများသုံးခြင်း၊ ရွေးကောက်ပွဲကို ဝေဖန်သော မည်သူမဆို ဖမ်းဆီးခံရသည်ဟု စစ်ကောင်စီကို စွပ်စွဲသည်။

ရွေးကောက်ပွဲသည် စစ်အုပ်စုကို တိုက်ခိုက်နေသည့် ဒီမိုကရေစီလိုလားသော ပြောက်ကျားများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည့် နိုင်ငံအစိတ်အပိုင်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဥရောပသမဂ္ဂ ကော်မရှင်နာ ကက်စာ အိုလွန်ဂရန်ကလည်း လေ့လာသူများစေလွှတ်ရေးကို ပယ်ချပြီး ထိုစီစဉ်ထားသည့် ရွေးကောက်ပွဲသည် မလွတ်လပ် မမျှတဟု ပြောသည်။

“ဒီစံနှုန်းတွေကို အခြေခံရရင် ကျမတို့က ကျမတို့က ရွေးကောက်ပွဲလို့ အသိအမှတ်မပြုတဲ့ ကိစ္စအတွက် လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူး” ဟု အိုလွန်ဂရန်က ပြောသည်။

မြန်မာသည် ASEAN အဖွဲ့ဝင်အဖြစ် ဆက်လက်ဖြစ်နေသော်လည်း အာဏာသိမ်းပြီးနောက်တွင် အဖွဲ့အစည်းအဝေးများတွင် စစ်ခေါင်းဆောင်များကို တားမြစ်ပိတ်ပင်ထားသည်။

အခြားအဖွဲ့ဝင်များမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် တနင်္ဂနွေနေ့တွင် အဖွဲ့ဝင်သစ်ဖြစ်လာသည့် အရှေ့တီမောတို့ဖြစ်သည်။

လေ့လာစောင့်ကြည့်သူများ စေလွှတ်ခြင်းဖြင့် စစ်ကောင်စီ၏ လုပ်ဇာတ်ကို တရားဝင်မှုမပေးရန် ASEAN ကို ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ် အင်ဒရူးက အစောပိုင်းတွင် တိုက်တွန်းပြီး လိမ်လည်သော ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းသည် မြန်မာကို နောက်ပြန်ဆွဲသူများအား ကာကွယ်ပေးရာရောက်သည်ဟု သတိပေးသည်။

ကိုးကား။ ။ AFP သတင်း ASEAN Not Sending Monitors to Myanmar Junta’s Election: Sources

You may also like these stories:

တရုတ်လုပ် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး

စစ်အုပ်စု ရွေးကောက်ပွဲကြောင့် အာဆီယံ သံတမန်ရေး အကျပ်အတည်း ရင်ဆိုင်ရ

သမ္မတ ထရမ့် ကြားဝင်စေ့စပ်တော့ ကမ္ဘောဒီးယားနှင့် ထိုင်း ပဋိပက္ခ ဘာထူးသွားလဲ

အာဆီယံကိုလာမယ့် သမ္မတ ဒေါ်နယ် ထရမ့်ဆီက ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲ

ဂုဏ်ယူစရာမရှိသော NCA ဆယ်နှစ်ပြည့်

Your Thoughts …
Tags: Aseanစစ်ခေါင်းဆောင် မင်းအောင်လှိုင်မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ရွေးကောက်ပွဲ စောင့်ကြည့်သူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် အမိန့်မနာခံမှုဖြင့် ဖမ်းခံရ

by ဧရာဝတီ
27 July 2024
33k

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အမိန့်အား မနာခံပဲ ထွက်စာတင်သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး အရေးယူရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

by ဧရာဝတီ
1 February 2024
18.4k

အာဏာသိမ်းရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဓိကထား တိုင်ပင်ခဲ့သူနှစ်ဦးမှာ ထိုအချိန်က ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအဖွဲ့မှူး ( ကစထ-၆ ) တာဝန်ယူထားသူ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ပြည်ထဲရေး ဝန်ကြီးတာဝန်ယူ ထားသူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ ဖြစ်သည်။

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

by ဧရာဝတီ
31 July 2023
16.3k

မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

တရားခံရှာ အပြစ်တင်သော်လည်း စစ်ခေါင်းဆောင် ချောင်ပိတ်မိနေ

by ဧရာဝတီ
5 September 2023
15.6k

မင်းအောင်လှိုင်သည် သူ့ဝန်ကြီးအဖွဲအစည်းအဝေးတွင် မြန်မာပြည်သူအများစုသည် လူတစု၏ မိုက်မဲမှုကြောင့် ဒုက္ခရောက်နေသည်ဟု ပြောသည်

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

အရေးမပါသည့် စစ်ခေါင်းဆောင် BRI ထိပ်သီးဆွေးနွေးပွဲ အိမ်က မျှော်ငေးရုံ

by ဧရာဝတီ
18 October 2023
5.7k

စစ်အာဏာသိမ်းပြီးနောက်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာစင်မြင့်တွင် စစ်ကောင်စီကို ထောက်ခံနေသော်လည်း မင်းအောင်လှိုင်၏ ဘေ့ဂျင်းသို့ ဖိတ်ခေါ်ရေး တောင်းဆိုမှုကို ဆက်လက်ပယ်ချနေသည်။

Next Post
ဇရပ်ကွင်းရွှေတောအထိ စစ်တပ်ထိုးစစ်ရောက်လာ

ဇရပ်ကွင်းရွှေတောအထိ စစ်တပ်ထိုးစစ်ရောက်လာ

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

ကိုယ့်ဆုံးဖြတ်ချက်က ကိုယ့်အနာဂတ်ပဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved