• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အုပ်စု ရွေးကောက်ပွဲကြောင့် အာဆီယံ သံတမန်ရေး အကျပ်အတည်း ရင်ဆိုင်ရ

by ဧရာဝတီ
21 October 2025
in ဆောင်းပါး
A A
စစ်အုပ်စု ရွေးကောက်ပွဲကြောင့် အာဆီယံ သံတမန်ရေး အကျပ်အတည်း ရင်ဆိုင်ရ

အာဆီယံထိပ်သီးအစည်းအဝေးတိုင်း မြန်မာခုံက လစ်လပ်နေသည်/Reuters

1.2k
VIEWS
Share on FacebookShare on Twitter

ပို့ကုန်ကျဆင်းခြင်းနှင့် ပျံ့နှံ့နေသော ငွေလိမ်ဂိုဏ်းများမှသည် အဖွဲ့ဝင်အချင်းချင်း နယ်နိမိတ် အငြင်းပွားမှုအထိ အရှေ့တောင်အာရှသည် အကျပ်အတည်းအထပ်ထပ် လေပြင်းထန်ချိန်ကို ရင်ဆိုင်နေရသည်။

သို့သော် ထိုရှည်လျားသောပြဿနာစာရင်းတွင် အရှေ့တောင်အာရှ ခေါင်းဆောင်များသည် ခေါင်းအခဲဆုံး ပြဿနာများအနက် တခုဖြစ်သော မြန်မာမှ သင်းကွဲစစ်အုပ်စုအား မည်သို့ ကိုင်တွယ်မည်ကို လာမည့်အပတ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ဆွေးနွေးရမည်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည်။ ထိုမတိုင်မီ လအနည်းငယ်က ကျင်းပသည့် ရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီများ အားသာပြီးနောက် ထိုသို့အာဏာသိမ်းခြင်း ဖြစ်သည်။

ထိုအချိန်မှစတင်ပြီး မြန်မာသည် ပြည်တွင်းစစ်အတွင်းကျဆင်းကာ လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် စစ်တပ်ကို ဒီမိုကရေစီလိုလားသော တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ပြီး လူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရသည်။

ထိုစစ်ပွဲနှင့် အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးနှေးကွေးမှု ဖြစ်စေသည်။ အာဏာမသိမ်းမီက ရုန်းကန်နေရသော မြန်မာနိုင်ငံသားများအတွက် ပိုမို အဆင်ပြေမည့် အနာဂတ် မျှော်လင့်နိုင်မည့် ကာလက ရရှိထားသော တိုးတက်မှုများကိုလည်း ဆုံးရှုံးစေကာ လူ ၃.၅ သန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာရသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က အစည်းအဝေးများတွင် မြန်မာစစ်ခေါင်းဆောင်များကို ပိတ်ပင်ထားသောကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေး သဘောတူညီချက်ရှိသည့် အဖွဲ့အတွင်း ထူးခြားသော ပြစ်တင်ရှုတ်ချမှုဖြစ်သည်။

ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံမှ စစ်အုပ်စုထိန်းချုပ်ထားသည့် ဒေသများတွင် ရွေးကောက်ပွဲများကို ယခုနှစ်ကုန်တွင် ကျင်းပရန် စီစဉ်ပြီး အရှိန်မြှင့်တင်လာသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
11
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
445
သဇင်ပန်း

သဇင်ပန်း

10 January 2026
61

ပြည်သူကို အကြမ်းဖက်မှုရပ်ရန် သဘောတူချက်ကို အာခံသည့် အကြမ်းဖက်အဖွဲ့ကို မတုံ့ပြန်ပါက အာဆီယံသည် အခြေအနေနှင့် မကိုက်ညီသည့် အဖွဲ့အစည်းဖြစ်မည့်အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးသည်။

လာမည့် ရက်သတ္တပတ်ကုန်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် မည်သည့်အစိုးရကိုမဆို ပယ်ချသည့် ကြေညာချက်ထုတ်ရန် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားအပေါ် ဖိအားမြင့်မားနေသည်။

လာမည့် ရက်သတ္တပတ်ကုန်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ့ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် မည်သည့်အစိုးရကိုမဆို ပယ်ချသည့် ကြေညာချက်ထုတ်ရန် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားအပေါ် ဖိအားမြင့်မားနေသည်။

“ဇူလိုင်လက ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံက စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ သဘောထားကို ခိုင်မာအောင်လုပ်ပြီး အဲဒီရွေးကောက်ပွဲဟာ မသွားအပ်တဲ့နေရာလို့” ရှေ့ပြေးအသံ မြန်မာလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

ဇန်နဝါရီလက မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်းတွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး / EPA-EFE

“အဲဒီ ဆုံးဖြတ်ချက် ဆက်လက်ရှိနေတာကို ကျမတို့ လိုလားပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆက်လက် ကန့်ကွက်ရုံသာမက စစ်အုပ်စု ရွေးကောက်ပွဲအလွန်ကာလမှာ အာဆီယံတခုလုံးအနေနဲ့ ရင်ဆိုင်ရမယ့်ကိစ္စကို မျှော်တွေးပြီး နောက်ထပ် ခြေလှမ်းတခု လှမ်းစေချင်တာ” ဟု သူက ပြောသည်။

စစ်အုပ်စုသည် နယ်မြေထိန်းချုပ်မှု ကင်းမဲ့ပြီး သန်းနှင့်ချီသော ပြည်သူများကို မဲပုံးမှ ဖယ်ထုတ်ထားသောကြောင့် စစ်အုပ်စုရွေးကောက်ပွဲသည် အတုအယောင်ဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။

စစ်တပ်သည် အရပ်သားဒေသများကို ဆက်လက် ဗုံးကြဲနေပြီး တော်လှန်ရေးအင်အားစုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အပေးအယူရှာရန် မည်သည့် မြင်သာသော အားထုတ်မှုမှ မလုပ်ပေ။

ထိုရွေးကောက်ပွဲများသည် စစ်ကောင်စီထိန်းချုပ် ဒေသများတွင်သာ ကန့်သတ်ပြုလုပ်မည်ဖြစ်ပြီး သစ္စာခံမှု၊ အကြောက်တရားနှင့် အောင်မြင်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း လေ့လာသူများက အကဲဖြတ်သည်။

စစ်အုပ်စုသည် အကြီးအကျယ် ရှုံးနိမ့်ခြင်းနှင့်အတူ ရွေးကောက်ပွဲသည် တရားဝင်မှုအတုကို ဖော်ဆောင်ရန်နှင့် တရုတ်နှင့် ရုရှားအပါအဝင် လက်ကျန် မဟာမိတ် အနည်းငယ်ကို နှစ်သိမ့်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

ရွေးကောက်ပွဲနယ်ပယ်သည် အကန့်အသတ်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်ကပင် ယခုအပတ်အတွင်း ဝန်ခံသည်။ ခိုင်မာပြီး ယှဉ်ပြိုင်မှုမြင့်မားရန် ရည်ရွယ်သည့် ရွေးကောက်ပွဲများကို အချို့မြို့နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ရာနှုန်းပြည့် ကျင်းပနိုင်မည် မဟုတ်ကြောင်း စစ်အုပ်စုအာဘော် မြန်မာ့အလင်းသတင်းစာတွင် သူက ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဥရောပသမဂ္ဂသည် ဒီဇင်ဘာလမှစတင်ပြီး အပိုင်းလိုက် ကျင်းပမည့် ရွေးကောက်ပွဲကို ရှုတ်ချသည့် နိုင်ငံတကာလှုပ်ရှားမှုတွင် ပါဝင်လာသည်။

“စစ်အုပ်စု ကမကထပြုတဲ့ ရွေးကောက်ပွဲတွေလို့ပဲ ပြောရမယ်။ စစ်အုပ်စုက ကမကထပြုရင် အဲဒီ ရွေးကောက်ပွဲတွေဟာ ရလဒ် တခုပဲဖြစ်လာမယ်” ဟု ဥရောပသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ကက်ဂျ်ဆာ အိုလွန်ဂရန်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ သွာရောက်စဉ် သတင်းထောက်များကို ပြောသည်။

“စစ်အုပ်စု ကမကထပြုတဲ့ ရွေးကောက်ပွဲတွေလို့ပဲ ပြောရမယ်။ စစ်အုပ်စုက ကမကထပြုရင် အဲဒီ ရွေးကောက်ပွဲတွေဟာ ရလဒ် တခုပဲဖြစ်လာမယ်” ဟု ဥရောပသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ကက်ဂျ်ဆာ အိုလွန်ဂရန်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူသို့ သွာရောက်စဉ် သတင်းထောက်များကို ပြောသည်။

“တွေ့ဆုံဆွေးနွေးမှု မရှိဘူး။ ပါဝင်ဖို့ ဖြစ်နိုင်ခြေမရှိဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲတွေရလဒ်က အယုံအကြည်ရှိတဲ့ အုပ်ချုပ်ရေး ဖြစ်လာမှာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲအစား ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာက လိုက်နာစေရန် အာဆီယံကို သူက တိုက်တွန်းသည်။ ထိုသဘောတူညီချက်သည် ဒီမိုကရေစီအရေး ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှု အဆုံးသတ်ရန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး မကြာမီ စစ်အုပ်စုနှင့် သဘောတူထားသည့် အချက်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် / AFP

ပြည်တွင်းစစ်၊ ငွေလိမ်လုပ်ငန်းများ၊ မြင့်မားလာသော မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ငတ်မွတ်နေသော ရိုဟင်ဂျာများ အပါအဝင် လူသန်းပေါင်းများစွာကို ပြည်ပသို့ မောင်းထုတ်နေသည့် လူသားများ၏ ကံကြမ္မာဆိုးစသော ပြင်းထန်သည့် ဖရိုဖရဲ အခြေအနေများသည် ပြင်းထန်လာရုံသာရှိပြီး အာဆီယံ လုံခြုံရေးတွင် အန္တရာယ်သစ်များဖြစ်စေမည်ဟု အာဏာသိမ်းပြီးနောက် လေးနှစ်ခွဲအကြာတွင် ကျွမ်းကျင်သူများက သတိပေးသည်။

“အာဆီယံက တည်ငြိမ်ရေးကိုပဲ ပိုမိုစိတ်ဝင်စားပြီး စစ်အုပ်စုဆီကနေ တည်ငြိမ်မှုဖြစ်လာမယ်လို့ ဆက်လက် မှားယွင်းယူဆနေတယ်” ဟု မလေးရှား၊ စင်ကာပူ၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံရေးအထူးပြုသည့် မလေးရှားနိုင်ငံ နော်တင်ဟမ် တက္ကသိုလ် ဂုဏ်ထူးဆောင်သုတေသီ ဘရစ်ဂက် ဝက်ရှ်က This Week in Asia ကဏ္ဍသို့ ပြောသည်။

ယခုအချိန်သည် အာဆီယံအနေဖြင့် ညှိုးနွမ်းလာသည့် လက္ခဏာမပြသော ဒီမိုကရေစီလှုပ်ရှားမှုကို ပြတ်ပြတ်သားသား ထောက်ခံသင့်သည့် အချိန်ရောက်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

“ငွေလိမ်စီးပွားရေး ပေါ်ပေါက်လာခြင်းရဲ့ ပေးဆပ်ရတဲ့တန်ဖိုးနဲ့ အတုအယောင် ရွေးကောက်ပွဲက ပဋိပက္ခကို ဘယ်လို ပိုမိုဆိုးရွားစေမယ်ဆိုတာကို အာဆီယံဒေသက အပြည့်အဝ နားမလည်သေးဘူး။ မြန်မာက တော်လှန်ရေးအင်အားစုတွေ အခြေအနေဟာ အခြေခံအားဖြင့် ကွဲပြားခြားနားတယ်ဆိုတာထက် အတိတ်ကအတိုင်း ပြန်ဖြစ်မယ်လို့ သူတို့ထင်နေကြတယ်” ဟု သုတေသီ ဘရစ်ဂက် ဝက်ရှ်က ပြောသည်။

(South China Morning Post ပါ Iman Muttaqin Yusof နှင့် Aidan Jones တို့၏ Asean faces diplomatic dilemma over Myanmar junta’s ‘sham’ election ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး ဦးဆောင်ဖြေရှင်းခွင့် အာဆီယံ လက်လွတ်ပြန်

မြန်မာ့ငြိမ်းချမ်းရေး အာဆီယံဦးဆောင် ကုလသမဂ္ဂတပ်ဖြင့် ထိန်းရမည်

မြန်မာလုပ်ရပ်ကြောင့် အာဆီယံ ထိခိုက်ဟု စင်ကာပူ ကာကွယ်ရေးဝန်ကြီးပြော

မြန်မာ စစ်ပွဲနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံ အကျပ်ရိုက်

Your Thoughts …
Tags: စစ်ကော်မရှင်စစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုပြည်တွင်းစစ်ဘုံသဘောတူညီချက် ငါးချက်ရွေးကောက်ပွဲအာဆီယံဥရောပသမဂ္ဂ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
လုံခြုံရေးအကြောင်းပြ စီတန်းလှည့်လည်မဲဆွယ်ခွင့် UEC ပိတ်

လုံခြုံရေးအကြောင်းပြ စီတန်းလှည့်လည်မဲဆွယ်ခွင့် UEC ပိတ်

ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved