အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏ အဓိပ္ပာယ်ကင်းမဲ့သော မှတ်ချက်များ၊ အနှစ်သာရမရှိသော ကြေညာချက်များနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ပြီးခဲ့သည့်အပတ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပသည့် နောက်ဆုံး ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာပြည်သူများအပေါ် ထပ်မံ ပျက်ကွက်သည်။
ထိုထိပ်သီးဆွေးနွေးပွဲနှင့် ပတ်သက်သည့် အာဆီယံ ဥက္ကဋ္ဌ၏ ကြေညာချက်သည် ၂၀၂၁ ခုနှစ်မှ စတင်ပြီး စစ်အာဏာရှင်စနစ်ကြောင့် ဒုက္ခရောက်နေသည့် မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် ချဉ်းကပ်ပုံနည်းလမ်းသစ် မပါပေ။ ထိုသို့ မပါသည့်အပြင် အာဆီယံသည် ၎င်း၏ သြဇာသက်ရောက်မှု မရှိသည့် ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာ့ပြဿနာများ ဖြေရှင်းရေးအတွက် လမ်းပြမြေပုံအဖြစ် ဆက်လက် အသုံးပြုသည်။
ဒေသဆိုင်ရာအဖွဲ့အစည်း အာဆီယံ၏ မအောင်မြင်သော ငြိမ်းချမ်ရေးစီမံချက်ကို ဖက်တွယ်ထားမှုသည် မြန်မာပြည်သူများအတွက် စိတ်ပျက်စရာသာ မကတော့ပေ။ မည်သို့မှ ဖြစ်မလာနိုင်သော ထိုဘုံသဘောတူညီချက်နှင့် ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အဘယ့်ကြောင့် ဆက်လက် ထင်ယောင်ထင်မှား ဖြစ်နေသည်ကို မြန်မာပြည်သူများ မေးခွန်းထုတ်နေကြသည်။
ဒေသဆိုင်ရာအဖွဲ့အစည်း အာဆီယံ၏ မအောင်မြင်သော ငြိမ်းချမ်ရေးစီမံချက်ကို ဖက်တွယ်ထားမှုသည် မြန်မာပြည်သူများအတွက် စိတ်ပျက်စရာသာ မကတော့ပေ။ မည်သို့မှ ဖြစ်မလာနိုင်သော ထိုဘုံသဘောတူညီချက်နှင့် ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အဘယ့်ကြောင့် ဆက်လက် ထင်ယောင်ထင်မှား ဖြစ်နေသည်ကို မြန်မာပြည်သူများ မေးခွန်းထုတ်နေကြသည်။
၂၀၂၁ ခုနှစ်တွင် အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ချမှတ်ပြီးချိန်မှ စတင်ပြီး စစ်ကောင်စီသည် ထိုသဘောတူညီချက်ကို လေးစားလိုက်နာခြင်း မရှိပေ။ ပထမဆုံးအချက်မှာ ထိုဘုံသဘောတူညီချက်က မြန်မာတွင် အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေးကို တောင်းဆိုသည်။ ထိုခြေလှမ်းကို စစ်ကောင်စီက မည်သည့်အခါကမှ မလှမ်းပေ။
ထိုသို့ မလုပ်သည့်အပြင် ထိုအချိန်မှ စတင်ပြီး စစ်ကောင်စီသည် နိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ငြင်းဆန်သည့် ပြည်သူများကို ဗုံးမိုးရွာသည်။ မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ စသည့် အခြား ရက်စက်ကြမ်းကြုတ်မှုများကို ထည့်မပြောလိုသေးပေ။
လွန်ခဲ့သော လေးနှစ်အတွင်း ကလေးငယ်များ အပါအဝင် အရပ်သား အနည်းဆုံး ၆,၂၃၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်း မကြုံဖူးသည့်အဆင့်ရောက်အောင် အရပ်သားများကို အကြမ်းဖက်လာသည်ဟု ကုလသမဂ္ဂက ယခုနှစ် အစောပိုင်းတွင် ကြေညာရသည်။
၎င်း၏ စီမံချက်ကို စစ်ကောင်စီက လုံးဝ ဂရုမစိုက်ခြင်းကို ဗြောင်ကျသည့် စော်ကားမှုဟု မသတ်မှတ်ဘဲ အာဆီယံ ခေါင်းဆောင်များသည် ဘုံသဘောတူညီချက် ၅ ချက်ကို “မြန်မာမှ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရန် အဓိက ကိုးကားစရာအဖြစ်” ခေါင်းမာစွာ ဖက်တွယ်ထားသည်။
စစ်ကောင်စီ၏ အကြိမ်ကြိမ်ခေါင်းမာမှုကို ရင်ဆိုင်ရသော်လည်း အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ယုံကြည်နေခြင်းကို နားမလည်နိုင်ပေ။ မြန်မာပြည်သူများသည် အာဆီယံ၏ “တစိုက်မတ်မတ်ရှိမှု” ကို ချီးကျူးရမည်လား သို့မဟုတ် ကမ္ဘာတွင် အရက်စက်ဆုံး စစ်ကောင်စီနှင့် ဆက်ဆံရာတွင် တုံးအမှုအတွက် ဝမ်းနည်းရမည်လား မဝေခွဲနိုင်ပေ။
စစ်ကောင်စီ၏ အကြိမ်ကြိမ်ခေါင်းမာမှုကို ရင်ဆိုင်ရသော်လည်း အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ယုံကြည်နေခြင်းကို နားမလည်နိုင်ပေ။ မြန်မာပြည်သူများသည် အာဆီယံ၏ “တစိုက်မတ်မတ်ရှိမှု” ကို ချီးကျူးရမည်လား သို့မဟုတ် ကမ္ဘာတွင် အရက်စက်ဆုံး စစ်ကောင်စီနှင့် ဆက်ဆံရာတွင် တုံးအမှုအတွက် ဝမ်းနည်းရမည်လား မဝေခွဲနိုင်ပေ။
အထက်ပါ ကြေညာချက်အပြင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင်၏ မှတ်ချက်များသည် မြန်မာပြည်သူများနှင့် လုံးဝ ပတ်သက်ဆက်နွယ်မှု မရှိပေ။
ဧပြီလတွင် မစ္စတာ အန်နဝါသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် မြန်မာ၏ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗီဒီယိုမှ ဆွေးနွေးသည်။
အထက်ပါ ထိပ်သီး ဆွေးနွေးပွဲတွင် ပြောဆိုမှုများသည် “အရေးပါကြောင်း” ဖော်ပြပြီး နှစ်ဖက်လုံးသည် ထိတွေ့ဆက်ဆံရန် တံခါးဖွင့်ထားကြောင်းပြောကာ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး အားထုတ်မှုတွင် ပါဝင်ရန် စိတ်အားထက်သန်မှုဟု ယူဆရသည့် ကိစ္စကို မီးမောင်းထိုးပြသည်။ သို့သော် မင်းအောင်လှိုင်က NUG ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တံဆိပ်ကပ်ထားသည်။
ထိုဆွေးနွေးမှုများသည် အရေးကြီးပါသလား။ မလေးရှားဝန်ကြီးချုပ်အနေဖြင့် မင်းအောင်လှိုင်သည် စကားကတိတည်သူဆိုသည့် မည်သည့် ထင်ယောင်ထင်မှားဖြစ်မှုမှ မရှိသင့်ပေ။
ဧပြီလက အစည်းအဝေးတွင် မြန်မာတွင် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန် သူတောင်းဆိုသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူခြင်းက လိမ်ညာမှုသာ ဖြစ်ကြောင်း မစ္စတာ အန်နဝါ သိသင့်သည်။
ဧပြီလက အစည်းအဝေးတွင် မြန်မာတွင် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန် သူတောင်းဆိုသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူခြင်းက လိမ်ညာမှုသာ ဖြစ်ကြောင်း မစ္စတာ အန်နဝါ သိသင့်သည်။
ထိုသို့ ကတိရှိသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေ့စဉ် ဆက်လက်ဗုံးကြဲရန် သူ၏ လေတပ်ကို အမိန့်ဆက်ပေးထားသည်။ ထိုအမြင်အရ ကြည့်ပါက မြန်မာပြည်သူများအတွက် အထက်ပါ “အရေးပါသည်” ဆိုသည့် မှတ်ချက်သည် စစ်ကောင်စီက ၎င်းတို့ကို “လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်သည်” ဟု အဓိပ္ပာယ် သက်ရောက်သည်။
ကွာလာလမ်ပူတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် မစ္စတာ အန်နဝါက အာဆီယံသည် မြန်မာအကျပ်အတည်းအတွက် နောက်ဆုံးအဖြေရရန် အားထုတ်မှုတွင် “သိသာသော တိုးတက်မှု ရသည်” ဟုပြောပြီး ထိုခြေလှမ်းများသည် သေးငယ်သော ခြေလှမ်းများဖြစ်ပြီး “ထိုပေါင်းကူးတံတားသည် ပျက်စီးလွယ်သော်လည်း သဘောထားကွဲလွဲမှု ကျယ်ပြန့်လာခြင်းထက် ပိုမိုကောင်းမွန်သည်” ဟု ၎င်းကပြောသည်။
မစ္စတာ အန်နဝါအနေဖြင့် စိတ်ကူးမယဉ်သင့်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောသည်ကို ယုံကြည်မှု ရပ်သင့်သည်။ သူ၏ မရိုးသား မဖြောင့်မတ်မှုကြောင့် ထို “ထိခိုက်လွယ်သော ပေါင်းကူးတံတား” ဆိုသည်ပင် မရှိပေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ရန် သူ၏ စိတ်အားထက်သန်မှု ဆိုသည်မှာ စစ်မှန်သောအရာ မဟုတ်ဘဲ လုံးဝ အနှစ်သာရကင်းမဲ့သည့် ကတိဖြစ်သည်။
သမိုင်းအရ မြန်မာဗိုလ်ချုပ်များသည် ငြိမ်းချမ်းရေး အားထုတ်မှုများတွင် စစ်မှန်စွာ ပါဝင်ခြင်း မည်သည့်အခါကမှ မရှိသလို ရိုးသားသော နိုင်ငံရေးတွင်လည်း ပါဝင်ခြင်း မရှိပေ။ ၎င်းတို့သည် ပြင်ပဖိအား သက်သာစေရေး အတွက်သာ ဆွေးနွေးပွဲများတွင် ပါဝင်ကြပြီး ထိုကဲ့သို့သော ဆွေးနွေးပွဲများသည်လည်း မည်သည့် အကျိုးကျေးဇူးမှ ဖြစ်မလာပေ။
မြန်မာမှ မည်သည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းကိုမဆို သို့မဟုတ် မည်သည့် အတိုက်အခံ နိုင်ငံရေးသမားကိုမဆို မေးကြည့်ပါ။ ယခင် ဗိုလ်ချုပ်များနှင့် ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်အထိ သမိုင်းအရ မည်သို့မျှ မယုံရသည်ကို ၎င်းတို့ ပြောပြကြမည် ဖြစ်သည်။
“မြန်မာတွင် ရေရှည်တည်တံ့ တိုးချဲ့ပြီး တနိုင်ငံလုံး ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး” ကို ထိုခေါင်းဆောင်များ တောင်းဆိုသော်လည်း ပကတိ အမှန်တရားမှာ စစ်ကောင်စီသည် စတင် ကြေညာကတည်းက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသောကြောင့် မြေပြင်တွင် မည်သည့် အပစ်အခတ်ရပ်စဲမှုမှ မရှိခြင်းဖြစ်သည်။
ထို့ပြင် မြန်မာတွင် သက်တမ်းတိုးပြီး ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် ဒေသတွင်း ခေါင်းဆောင်များ၏ ကြေညာချက်သည် အံ့သြတုန်လှုပ်စရာသာ ဖြစ်သည်။ “မြန်မာတွင် ရေရှည်တည်တံ့ တိုးချဲ့ပြီး တနိုင်ငံလုံး ကျယ်ပြန့်သော အပစ်အခတ်ရပ်စဲရေး” ကို ထိုခေါင်းဆောင်များ တောင်းဆိုသော်လည်း ပကတိ အမှန်တရားမှာ စစ်ကောင်စီသည် စတင် ကြေညာကတည်းက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေသောကြောင့် မြေပြင်တွင် မည်သည့် အပစ်အခတ်ရပ်စဲမှုမှ မရှိခြင်းဖြစ်သည်။
လက်တွေ့မကျသည့် မှတ်ချက်များနှင့် ကြေညာချက်များ အကြိမ်ကြိမ် ထုတ်နေမည့်အစား အာဆီယံသည် ဘုံသဘောတူညီချက် ၅ ချက်ကို ကျော်ပြီး စစ်ကောင်စီကို အလေးအနက် အရေးယူမှုအချို့လုပ်လျှင် မြန်မာပြည်သူများအတွက် အထောက်အကူဖြစ်မည်။
ဥပမာအားဖြင့် အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအချို့က ပါဝင်ပတ်သက်နေသော စစ်ကောင်စီသို့ လေယာဉ်ဆီ ပေးပို့သည့် ဖြန့်ချိရေးကွင်းဆက်ကို မည်သည့်အတွက် မဖြိုခွဲသနည်း။ လေယာဉ်ဆီ မရှိပါက စစ်ကောင်စီ တိုက်လေယာဉ်များ မြေပြင်တွင် ရပ်ထားရပြီး အရပ်သားမျာကို လေကြောင်းမှ စီးနင်းတိုက်ခိုက်မှု လုပ်နိုင်မည် မဟုတ်ပေ။
စစ်ကောင်စီနှင့် ကုန်သွယ်သောဒေသတွင် ကုမ္ပဏီများကို အာဆီယံက မည်သည့်အတွက် မပိတ်ပင်သနည်း။ ၎င်း၏ ဝင်ငွေအတွက် အဓိကကျသည့် ရင်းမြစ်များကို ဖြတ်တောက်ခြင်းဖြင့် စစ်ကောင်စီကို ထိရောက်စွာ အင်အားချိနဲ့သွားစေနိုင်သည်။
ထိုသို့သော လုပ်ဆောင်မှုသည် စစ်ကောင်စီ ဆက်လက် ရပ်တည်ရေးအတွက် ခက်ခဲအောင် ဖိအားပေးရုံသာမက လက်ရှိ ရပ်တန့်နေသည့် မြန်မာ့အကျပ်အတည်း တိုးတက်ရေးအတွက် ဖြေရှင်းမှု ယန္တရားကိုလည်း လှုပ်ရှားလားစေမည် ဖြစ်သည်။ ထိုသို့ဖြစ်ရန်အတွက် အာဆီယံအနေဖြင့် ၎င်း၏ အနှစ်သာရမဲ့သည့် စကားများကို စွန့်ပစ်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အရေးယူဆောင်ရွက်မှု လုပ်ရမည် ဖြစ်သည်။
သတ္တိရှိပါ အာဆီယံ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘုန်းမြတ်၏ ASEAN Misses Another Opportunity for Meaningful Action on Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
အာဆီယံ ဥက္ကဋ္ဌ အန်နဝါ၏ သိက္ခာမဲ့ ကြားဝင်စေ့စပ်ရေး
NUG နှင့် စစ်ကောင်စီ အပစ်ရပ်သက်တမ်းတိုးရန် သဘောတူဟု အာဆီယံဥက္ကဋ္ဌပြော
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ
အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေရှိဖို့လို (ရုပ်/သံ)
စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ
စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်














