• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ

by ဧရာဝတီ
7 March 2024
in သတင်း
A A
စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်တွင် ကျင်းပသည့် အရှေ့ဖျား စီးပွားရေးဖိုရမ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံစဉ်

4.1k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က မြန်မာစစ်ကောင်စီကို ရုရှားနှင့် အာဆီယံအကြား ညှိနှိုင်းသူ ခန့်အပ်ခြင်းသည် စစ်ကောင်စီ၏ လူသတ်ရက်စက် ကြမ်းကြုတ်မှုများကို တရားဝင် အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု Justice for Myanmar က ပြောသည်။

“အာဆီယံ၏ ထိုလုပ်ရပ်သည် စစ်ကောင်စီကို မြန်မာအစိုးရသဖွယ် အသိအမှတ်ပြုရာရောက်ပြီး စစ်ကောင်စီနှင့် စစ်ကောင်စီကို အဓိက လက်နက်ရောင်းသည့် ရုရှားအကြား ဆက်ဆံရေး နက်ရှိုင်းလာခြင်းကို ထောက်ခံအားပေးရာ ရောက်သည်” ဟု အထက်ပါ သုတေသနနှင့် လူ့အခွင့်အရေးအဖွဲ့၏ မကြာသေးမီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အရပ်သားအစိုးရထံမှ အာဏာလုယူထားသည့် စစ်တပ်က အုပ်ချုပ်နေသော မြန်မာကို အာဆီယံနှင့် ရုရှားအကြား ဆက်ဆံရေး စီမံရန် ခန့်အပ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို အထက်ပါအဖွဲ့က ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသည့် ထိုလုပ်ဆောင်ခွင့်အရ မြန်မာစစ်ကောင်စီသည် အာဆီယံနှင့် ဆွေးနွေးဘက် ရုရှား ဆက်ဆံရေးကို စီမံမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အစည်းအဝေးများကို ပူးတွဲသဘာပတိအဖြစ် လုပ်ကိုင်ခြင်း၊ ဆက်ဆံရေး မြှင့်တင်ခြင်း၊ ညှိနှိုင်းဆွေးနွေးရာတွင် အာဆီယံကို ကိုယ်စားပြုခြင်းနှင့် အဖွဲ့၏ အကျိုးစီးပွားများကို နိုင်ငံတကာတွင် မြှင့်တင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ မေလ ကုလသမဂ္ဂ အစီရင်ခံစာတစောင်အရ ရုရှားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၄၀၆ သန်းဖိုး လက်နက်နှင့် လက်နက်ဆက်စပ် ပစ္စည်းများကို စစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ရူဒန်ကိုတို့သည် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် အပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေးဆွေးနွေးရန် လွန်ခဲ့သောလက နေပြည်တော်တွင် တွေ့ဆုံကြသည်။

၎င်းတို့ ဆွေးနွေးသော စီမံချက်များတွင် စစ်ကောင်စီထံ နျူကလီးယားနည်းပညာ လွှဲပြောင်းပေးရေးလည်း ပါဝင်သည်။ ထိုနည်းပညာသည် ငြိမ်းချမ်းသောကိစ္စများအတွက် ဖြစ်သည်ဟု ရုရှားက ပြောသည်။

စစ်ကောင်စီကို ဒေသတွင်း အခန်းကဏ္ဍတွင် နေရာပေးခြင်းဖြင့် အာဆီယံသည် စစ်ကောင်စီနှင့် ရုရှားအကြား ပိုမို ကြီးမားသည့် နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့် စစ်ရေးအထောက်အပံ့ ဖြစ်စေသည်ဟု Justice for Myanmar က ဖော်ပြသည်။

ရုရှားနှင့်မြန်မာ နှစ်နိုင်ငံစလုံးသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ရှိနေသည်။ ထိုအမှုများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းနှင့် အမြောက်များဖြင့် သိမ်းကြုံးတိုက်ခိုက်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ အငြင်းပွားဖွယ် ဖမ်းဆီးမှုများနှင့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာစေမှုများ ပါဝင်သည်။

“ရုရှားဆက်ဆံရေးကို စီမံရန် မြန်မာစစ်ကောင်စီကို အခွင့်အာဏာပေးအပ်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ကာ စစ်ကောင်စီကို ရဲရင့်စွာဆန့်ကျင်ပြီး စစ်အာဏာသိမ်းရန် အားထုတ်မှု မအောင်မြင်စေရန် သုံးနှစ်ကြာ ကြိုးစားခဲ့သည့် မြန်မာပြည်သူများ၏ဆန္ဒကို လျစ်လျူရှုရာရောက်သည်” ဟု Justice for Myanmar က ဖော်ပြသည်။

ထိုသို့ ခန့်အပ်ခြင်းသည် အာဆီယံ၏ မြန်မာအကျပ်အတည်း ဖြေရှင်းရန် ဆုံးဖြတ်ချက်ကိုလည်း ထိခိုက်စေပြီး ဘုံသဘောတူညီချက် ၅ ချက်ကို ကျဆုံးမှုဖြစ်စေမည့် အာဆီယံ၏ ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းများ၊ အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် စစ်ကောင်စီကို ပါဝင်ခွင့်ပြုခြင်း ဖြစ်သည်ဟုလည်း Justice for Myanmar က ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဥရောပသမဂ္ဂသည် စစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ် မပြုသောကြောင့် ၎င်းနှင့် အာဆီယံအကြား ဆက်ဆံရေးအတွက် စေ့စပ်ညှိနှိုင်းသည့် နိုင်ငံအဖြစ် မြန်မာကို လက်မခံခဲ့ပေ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
377
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
52

၂၀၂၁ ခုနှစ်မှစတင်ပြီး စစ်ကောင်စီသည် အာဆီယံနှင့် တရုတ်အကြား စေ့စပ်ညှိနှိုင်းသည့် တာဝန်ယူထားသည်မှာ သုံးနှစ်ကြာပြီ ဖြစ်သည်။ တရုတ်သည် မြန်မာစစ်ကောင်စီကို လက်နက် ဒုတိယအများဆုံး ရောင်းချသည့်နိုင်ငံ ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရုရှားတို့သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို နှောင့်နှေးစေရန်၊ ဗီတိုအာဏာဖြင့်ပယ်ချရန် လုပ်ဆောင်နိုင်ကြသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများက စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုကို အရေးယူရန် လုံခြုံရေးကောင်စီကို တောင်းဆိုနေသည်။

အာဆီယံ၏ ပြဿနာမှာ သြဇာကင်းမဲ့ခြင်း၊ မထိရောက်ခြင်း မဟုတ်ဘဲ အကြမ်းဖက်မှုတွင် ကြံရာပါလုပ်ခြင်း ဖြစ်သည်ဟု Justice for Myanmar က ဖော်ပြသည်။

“အာဆီယံသည် မြန်မာအကျပ်အတည်းကို တုံ့ပြန်ရာတွင် မထိရောက်၊ အသုံးမဝင်သည် မဟုတ်ပေ။ အာဆီယံသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို တိုက်ရိုက်နှင့် သွယ်ဝိုက် ထောက်ခံခြင်းဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါ ဖြစ်နေသောကြောင့် ထိုထက်ပိုမို ဆိုးရွားသည်” ဟု Justice for Myanmar ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ASEAN Blasted For Legitimizing Myanmar’s Junta, Again ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီပါမည့် ရုရှား- အာဆီယံစစ်ရေးလေ့ကျင့်မှု JFM ရှုတ်ချ

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

ရုရှား၏ “ကမ္ဘာ့တရားမျှတမှု” စကားဝိုင်းတွင် ဦးခင်ရီလည်း ဝင်ဆွေးနွေး

လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

တရုတ်၊ အိန္ဒိယနှင့် ရုရှား အားကိုးဖြင့် အာဆီယံကို မြန်မာ အာခံ

Your Thoughts …
Tags: Justice for Myanmarကုလသမဂ္ဂနျူကလီးယားရုရှားအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
စစ်ကောင်စီ တပ်စခန်းတွေကို KIA တပြိုင်တည်း ထိုးစစ်ဆင် (ရုပ်/သံ)

စစ်ကောင်စီ တပ်စခန်းတွေကို KIA တပြိုင်တည်း ထိုးစစ်ဆင် (ရုပ်/သံ)

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved