အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအပေါ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။
အောက်တိုဘာ ဒုတိယပတ်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေချက်ချင်းရပ်ပြီး လူသားချင်း စာနာမှု အကူအညီတွေပေးနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။
အာဆီယံ အနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ လူသားချင်းစာနာမှုတွေ ပေးနိုင်ဖို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးကတည်းက ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဟာ ဂရုမစိုက်တဲ့ အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ပြည်သူတွေကို သတ်ဖြတ်ထားပြီး လူ့အခွင့်ရေးချိုးဖောက်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖိအားပေးပိတ်ဆို့ရမယ့် အစား အာဆီယံက အသိအမှတ်ပြု ဆက်ဆံတာတွေလည်း ရှိနေတဲ့ အတွက် ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။
#မြန်မာ #ဧရာဝတီ #အာဆီယံ #ဆွေးနွေးပွဲ #အာဏာသိမ်းစစ်တပ် #ငြိမ်းချမ်းရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR