• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုတ်သုံအစ မိုးများ၍ အညာတောင်သူတို့ သီးနှံစိုက်ခင်းများ ပျက်စီး

by ဧရာဝတီ
4 June 2025
in သတင်း
A A
မုတ်သုံအစ မိုးများ၍ အညာတောင်သူတို့ သီးနှံစိုက်ခင်းများ ပျက်စီး

ရာသီဥတုဖောက်ပြန်မှုက မုတ်သုံအဝင် မိုးဦးအစမှာပင် အဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ကိုင်း၊ မကွေးစသည့် အညာဒေသများမှ ပဲ၊ နှမ်းစိုက်ခင်းများ ပျက်စီးကာ ဆုံးရှုံးကြရပြီဖြစ်သည် (ဧရာဝတီ)

862
VIEWS
Share on FacebookShare on Twitter

ရာသီဥတုဖောက်ပြန်မှုက မုတ်သုံအဝင် မိုးဦးအစမှာပင် အဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ကိုင်း၊ မကွေးစသည့် အညာ ဒေသများမှ ပဲ၊ နှမ်းစိုက်ခင်းများ ပျက်စီးကာ ဆုံးရှုံးခြင်း၊ ဈေးကောင်းမရခြင်းတို့နှင့် တောင်သူများ စတင်ရင်ဆိုင်နေရ ပြီ ဖြစ်သည်။

မေ ၂၇ရက်က အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပင်လယ်အော်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်သည့် မုန်တိုင်းငယ် အရှိန်သည် ချင်းနှင့် ရခိုင်ပြည်နယ်၌ ဒေသအလိုက်၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းများနှင့် ကချင်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးခဲ့သည်။

အဆိုပါ မိုးကြီးမှုက မြန်မာပြည်အထက်ပိုင်း အညာဒေသရှိ တောင်သူများ၏ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ခင်းများသာမက ဆွတ်ခူးရန် အချိန်ကျနေသည့် သီးနှံများကိုပါ ထိခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ တောင်သူတဦးက “မိုးရွာတာကတော့ တလပြည့်တော့မယ်။ မိုးကျနေတော့ ပဲတီစိမ်းတွေ၊ မတ်ပဲတွေ ရိတ်သိမ်းရတာ တအား အခက်အခဲဖြစ်တယ် မိုးကြောင့်လည်း ပျက်စီးတယ်။ ပဲတီစိမ်းဆိုရင် ပိဿာ ၂၀ ကို ကျပ် ၁၅၀,၀၀၀ ရောင်းရမှာ ၈၀၀၀၀ လောက်ပဲ ရတယ်။ ရေမြုပ်သွားတာတွေလည်း ရှိတယ်။ ဒီနေ့ဆို ပဲကောက်တယ်။ ဒါပေမယ့် မိုးက ရွာလိုက်ရပ်လိုက်ဆိုတော့ ပဲက မလှတော့ဘူးပေါ့။ ပဲဆံတွေ ပြန်လှမ်းရတော့ ကုန်ကျစရိတ်တွေ ပိုကုန် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

မိုးအဆက်မပြတ်ရွာနေ၍ ပဲတီစိမ်း၊ မတ်ပဲ သိမ်းရမည့်အချိန် မရိတ်သိမ်းနိုင်ခြင်း၊ နေမရသဖြင့် ပဲများမှိုစွဲခြင်း၊ အစိုပြန်ခြင်း၊ အညှောင့်ထွက်ခြင်း၊ ရောင်းတန်းမလှခြင်း စကြောင့် ပဲတီစိမ်းဈေးမှာ ပိဿာ ၂၀ တအိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ မတ်ပဲမှာ ၁၃၀၀၀၀ ကျပ် ရှိသော်လည်း ယခုအခါ တအိတ်လျှင် ၈၀၀၀၀ ကျပ်၊ ၉၀၀၀၀ ကျပ်သာ ရသဖြင့် တအိတ်လျှင် ၆၀၀၀၀ မှ ၇၀၀၀၀၀ ကျပ်အထိ ဆုံးရှုံးခဲ့ရသည်။

ထိုသို့ ရာသီဥတုကြောင့် သီးနှံများရောင်းတန်းမဝင်သည့် အခြေအနေတွင် စိုက်ပျိုးစရိတ်မှာ ပဲတဧက ဓာတ်မြေဩဇာ အပါအဝင် ၆သိန်းမှ ၇ သိန်း ကျပ်အထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ကျန်တောင်သူတဦးက “အခုက ပထမဆုံးဆွတ်ရမယ့် ခေါင်သီးမှာ ဖြစ်တော့ ဆုံးရှုံးတာပေါ့၊ ဒီမှာက စက်သုံးဆီကလည်း တလီတာ ၅၀၀၀ ကျပ်ရှိတယ်။ ဆေးဖိုးတွေရောဆိုတော့ ခေါင်သီးမှာက အများကြီး ခူးရတာလေ။ တဧက ၁၅ တင်း၊ တင်း ၂၀ ထွက်တာ။ နောက်အသုတ်တွေ ကျ အဲဒီလောက် မထွက်တော့ဘူး။ သူ့တဝက်ပဲ ထွက်မှာဆိုတော့ အခုလိုဖြစ်တော့ ဆုံးရှုံးတာပေါ့”ဟု ရှင်းပြသည်။

မကွေးတိုင်း မင်းဘူးခရိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှမ်းခင်း ဧက ၇၀၀ ကျော် ရေနစ်မြုပ်စဉ်/ MOI

အလားတူ မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စေတုတ္တရာတို့တွင်လည်း ပြီးခဲ့သည့် ရက်က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေ၍ မိုးဦး နှမ်းစိုက်ခင်းဧက တထောင်ကျော်၊ နှစ်ထောင်နီးပါး ရေကြီး နစ်မြုပ်ပျက်စီးခဲ့ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မြေဆီဖိုးအပါ တဧကလျင် ကျပ် ၁၀ သိန်း ခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

မင်းဘူးဒေသခံတဦးက “အခုချိန်က မိုးကောင်းနှမ်းလို့ခေါ်တဲ့ မိုးဦးနှမ်းစိုက်ပျိုးတာ၊ တရုတ်နဲ့ ဂျပန်က ဝယ်တဲ့ စမုံနက်နှမ်း (ဂျပန်ဖြူ)တွေက မိုးများပြီး ပျက်တယ်၊ စမုံနက်က ရာသီဥတုဒဏ်ကို အတော်အသင့်မိုးလောက်ဆို ခံနိုင်ပေမယ့် အခု မေလထဲက စရွာတာ ဆိုတော့ ၁၀ ရက်ကျော်လောက် မိုးများတော့ ဒဏ်မခံနိုင်ဘဲ ပျက်စီးဆုံးရှုံးကုန်တာ။ ရနိုးရနိုးနဲ့ တချို့တွေက ရေဝပ်တဲ့ နေရာတွေကို စက်နဲ့ မောင်းစုပ် ထုတ်တာဆိုတော့ အဲ့ဒီ ရေစုပ်ထုတ်တဲ့ စရိတ်ပါဆုံးတာ”ဟု ဧရာဝတီသို့ ပြောသည်။

စမုံနက်နှမ်း (မျိုး) တပြည်မှာ ယနေ့ပေါက်ဈေး ၂၀၀၀၀ ကျပ် အထိ ရှိသဖြင် ပြန်စိုက်ရန် ငွေကြေးအခက်အခဲရှိကြောင်း သိရသည်။
ယနေ့ထုတ် စစ်ကောင်စီ၏ သတင်းစာတွင်မူ ပွင့်ဖြူမြို့နယ်၌ ယခုမိုးရာသီ ဆီထွက်သီးနှံစုံ ၂၉၃၈၅ ဧက စိုက်မည်ဟု ဆို ထားပြီး ထိုထက်ပိုမိုတိုးချဲ့ရန်လည်း ရှိကြောင်း ပြည်တွင်းပိုလျှံပါက ပြည်ပပို့မည်ဟုပါ ဆိုသော်လည်း မိုးများ၍ သီးနှံပျက် စီးမှုကို ဖော်ပြခြင်းမရှိပါ။

စိုက်ပျိုးရေးပညာရှင်တဦးက “မိုးအစမှာတင် နှမ်းတွေ ရေမြုပ်သွားတာတော့ မကွေးတိုင်းထဲမှာ တော်တော်ပျက်စီးတယ်။ နှမ်းက ရေမြုပ်မခံနိုင်ဘူး။ ရေကြာကြာ အထားမခံဘူး” ဟု ပြောသည်။

ယခု မုတ်သုံအဝင်မှာပင် ရေကြီးရသည့် ဖြစ်ရပ်မှာ အထက်မြန်မာပြည် မြစ်ကြီးနား မြစ်ဆုံမှ မြစ်ဝကျွန်းပေါ် အထိ ရေနုတ် မြောင်းသဖွယ် စွမ်းဆောင် ပေးနေသော ဧရာဝတီမြစ်က ရေကို မထိန်းနိုင်တော့သောကြောင့် ဖြစ်ကြောင်း ၎င်းက ဆို သည်။

“ရေနုတ်မြောင်းသဖွယ် ပင်လယ်ထဲရောက်အောင် ဆောင်ရွက်ပေးရတဲ့ ဧရာဝတီမြစ်က ပျောက်ဆုံးသွားပြီ အခုက အဲဒီ စွမ်းရည် မရှိတော့ဘူး။ မြစ်လက်တက်တွေလည်း အဲဒီလိုတွေ ဖြစ်ကုန်တယ်။ ဒါက ရေအရင်းမြစ်၊ မြေအရင်း မြစ် အသုံးချ မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ နှစ်ပေါင်းများစွာ လွဲမှားတဲ့ အလေ့အကျင့်တွေ လုပ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်ပဲ ဖြစ်တယ်”ဟု ဧရာဝတီသို့ သုံးသပ်ပြောသည်။

လတ်တလော သီးနှံစိုက်ခင်းများ၏ ထိခိုက်မှုပမာဏ၊ စိုက်ပျိုးတောင်သူ စာရင်းကို တာဝန်ရှိ သူများက အမြန်ဆုံး ကောက် ယူကာ ကုစားနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည်ဖြစ်ကြောင်း၊ ဥပမာ ရာသီဒဏ်ခံ မျိုးစေ့ များ၊ နည်းလမ်းများ ပံ့ပိုး ပေးခြင်း၊ တောင်သူများကို ချေးငွေများ ထုတ်ချေးခြင်း၊ မျိုးစေ့၊ မျိုးပင်များ ပံ့ပိုးပေးခြင်း လုပ်ဆောင် သင့်ကြောင်း၊ တောင်သူများကလည်း ရေမြုပ်သည့် နေရာများကို မှတ်သား၍ စိုက်ပျိုးသီးနှံများကို အရံမျိုး သီးသန့်ထား ရှိခြင်းစသည်တို့ကို လုပ်ရမည်ဟု ၎င်းက ထောက်ပြသည်။

“တိုင်းပြည်ရဲ့ ပေါ်လစီက အတော့်ကို ဆိုးရွားနေတဲ့ အခြေအနေဖြစ်တာ အခု အုပ်စိုးနေတဲ့သူတွေရဲ့ တိုင်းပြည်အပေါ် ထား တဲ့ စေတနာပေါ့၊ သူ့တိုကတော့ မကွေးလိုနေရာမျိုးဖြစ်လည်း ဘယ်လောက်ဖြစ်ဖြစ် ပစ်ထားမယ့်သူတွေလေ၊ သူတို့ နယ်မြေ မစိုးမိုးတဲ့ နေရာဆို ပစ်ထားမယ့်သူတွေ၊ ဒီခေတ်ကြီးမှာ ကျနော်ဒါကို မပြောချင်ဘူး”ဟု ၎င်းက ဆိုသည်။

မေလ ၃၀ ရက်က ရေမြုပ်နှမ်းခင်းများကို မင်းဘူးခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် သွားရောက်စစ်ဆေးစဉ်/ MOI

အလားတူ မကွေးတိုင်း မင်းဘူးခရိုင် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စေတုတ္တရာတို့တွင်လည်း ပြီးခဲ့သည့် ရက်က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေ၍ မိုးဦး နှမ်းစိုက်ခင်းဧက တထောင်ကျော်၊ နှစ်ထောင်နီးပါး ရေကြီး နစ်မြုပ်ပျက်စီးခဲ့ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် ဓာတ်မြေသြဇာ (မြေဆီ)ဖိုးအပါ တဧကလျှင် ကျပ် ၁၀ သိန်း ခန့်ရှိကြောင်း ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲနှစ် ဇွန်လကုန်၊ ဇူလိုင်လဆန်းပိုင်းမှာ အထက်ပိုင်းမှာ မိုးများတယ်။ ဧရာဝတီမြစ်ရိုးတလျှောက်မှာ ရေကြီးတာဖြစ် သွားတယ်။ ဒီနှစ်တော့ အဲဒီလို အောက်ရေ များများရွာပြီးတော့ ဆောင့်မယ့်အနေအထားမျိုးတော့မရှိဘူး။ အခုမြန်မာပြည် အလယ်ပိုင်း မိုးများတယ်ဆိုတာက မုတ်သုံ အားကောင်းတယ်၊ မုတ်သုံစောပြီးတော့လည်း ဝင်လိုက်တယ်။ အဲဒီမှာ မိုးများ တယ်။ ပြီးတော့ မုန်တိုင်းဖြစ်မယ့် လေဖိအားနည်းရပ်ဝန်းကလည်း ကမ်းရိုးတန်းနားမှာ စပြီးတော့ အစပျိုးတဲ့အတွက် သူရဲ့ အရှိန်သက်ရောက်မှုတွေနဲ့ မိုးများတာ”ဟု ၎င်းက ရှင်းပြသည်။

မိုးကြီးနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး မိုးလေဝသသတင်းများကို ထုတ်ပြန်ပေးနေသော်လည်း တချို့မှာ၂ရက်ခန့် စော၍ စပါးပျိုးကြဲသည့်အတွက် မိုးသည်းထန်သည့်အချိန် ပျိုးခင်း ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဇွန် ၄ ရက်ဆို နေပြန်သာပြီးတော့ မိုးလည်း ပြန်ပြီးတော့ လျော့သွားနိုင်တယ်။ မုတ်သုံအားကောင်းရင်တော့ မိုးကွက်ကြား ပြန်များနိုင်တဲ့ နေရာတွေတော့ရှိတယ်။ ဒါပေမယ့် မြစ်ရိုးတလျှောက်လုံးတော့ မဖြစ်ဘူး။ အောက်ဘက်မှာ ရေထောင့်နေ တာလည်း မရှိတော့ စိုးရိမ်ရေမှတ်ကလည်း ကွာနေတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလို ရေကြီးရေလျှံတာမျိုးတော့ မဖြစ်ဘူး။ ရုတ်တရက်မိုးများလိုက်လို့ ချောင်းလေးတွေ မြစ်လေးတွေ ဥပမာ ဧရာဝတီ မြစ်ရိုးတလျှောက်က မုန်းချောင်း၊ မန်းချောင်း၊ စလင်းချောင်း စတဲ့ ဒီချောင်းတွေကရေတွေက လျှံပြီးတော့ စိုက်ခင်းတွေကို တက်သွားတဲ့ အနေအထားမျိုး ဖြစ်နိုင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်လောက်တော့ မများဘူးလို့ ခန့်မှန်းထားတယ်”ဟု ၎င်းက သုံးသပ်ပြောသည်။

ထို့ကြောင့် တောင်သူများအနေဖြင့် လေးရက်ကြိုတင်၍ မိုးလေဝသအခြေအနေများကို ကြည့်ရှုလေ့လာပြီးမှသာ စိုက်ပျိုးရေးဆောင်သင့်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ် ရာဂီမုန်တိုင်းအရှိန်ကြောင့်လည်း နိုင်ငံတဝန်း ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး သီးနှံစိုက်ဧက ခုနှစ်သိန်းခြောက်သောင်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ကာ ကျွဲ၊ နွား အပါအဝင် တိရစာ္ဆန် အကောင်ရေ တသိန်းကျော် သေဆုံးခဲ့ရကြောင်း စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

This story was produced with support of the Internews Earth Journalism Network.

You may also like these stories:

အိန္ဒိယနယ်စပ်မှ မြန်မာစစ်ရှောင်များ ရေကြီး၍ အရေးပေါ် အကူအညီလို

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
181
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
35
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
72

အင်းလေးဒေသရှိ စိုက်ခင်းနှင့် ရက်ကန်းရုံတို့ ရေနစ်မြုပ်ပျက်စီး

စစ်ကိုင်းတွင် မုန်တိုင်းကြောင့် စစ်ရှောင် ယာယီတဲများနှင့် စိုက်ခင်းများ ပျက်စီး

မကွေးနှင့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်ရွာအချို့ သောက်သုံးရေ ရှားပါးနေ

Your Thoughts …
Tags: မုတ်သုံ၊ မကွေး၊ စစ်ကိုင်း၊ ပဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

No Content Available
Next Post
လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

ပြည်ပထွက်မယ့်သူတွေ ရင်ဆိုင်နေရတဲ့ အခွင့်ထူးခံ VIP စနစ် (ရုပ်/သံ)

ပြည်ပထွက်မယ့်သူတွေ ရင်ဆိုင်နေရတဲ့ အခွင့်ထူးခံ VIP စနစ် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved