မြန်မာပြည်သူတွေဟာ နိုင်ငံသားတယောက် ရရမယ့် အခြေခံ အခွင့်အရေးတွေကို ငွေပေးပြီး ပြန်ဝယ်နေကြရပါတယ်။
ပြည်ပထွက်ခွာမယ့် လူငယ်တွေဟာ လိုရာခရီးကို အနှောက်အယှက်ကင်းကင်း ရောက်ကြဖို့ အတွက် တရားဝင် ကျသင့်တဲ့ အခကြေးငွေထက် များစွာပေးနေရတဲ့ အခွင့်ထူးခံ VIP ဝန်ဆောင်မှုကိုအသုံးပြုနေကြရပါတယ်။
စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ပြဌာန်းပြီးတဲ့နောက် နိုင်ငံပြင်ပကို လူငယ်တွေအများအပြား ထွက်ခွာလာကြပါတယ်။ တချိန်တည်းမှာပဲ အခွင့်ထူးခံ VIP ဝန်ဆောင်မှုတွေ ခေါင်းထောင်လာတာ ဖြစ်ပါတယ်။
ဧရာဝတီက လေဆိပ် VIP Pass ရတဲ့ ကုမ္ပဏီ သုံးခုကို ဆက်သွယ်မေးမြန်းချက်အရ ဒီဝန်ဆောင်မှုကို ရယူဖို့ အနည်းဆုံး မြန်မာကျပ်ငွေ သိန်း ၃၀ ပေးရမှာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ပြည်သူ့စစ်မှုထမ်းဥပဒေ #စစ်တပ် #အာဏာသိမ်း #လေဆိပ် #VIP #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












