မြန်မာနိုင်ငံဟာ ပြည်တွင်း၊ ပြည်ပကို ဆပ်ရမယ့် ကြွေးမြီ ကျပ်ဘီလီယံ ၇ သောင်းကျော် ရှိတယ်လို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ရဲ့ ငွေစာရင်းဆိုင်ရာအချက်အလက် ဖော်ပြချက်အရ သိရပါတယ်။
စုစုပေါင်း ကြွေးမြီ ကျပ် ဘီလီယံ ၇၀၄၃၄ ရှိနေတာဖြစ်ပြီး အဲဒီအထဲမှာ ပြည်တွင်းကြွေးမြီက ၄၉၀၇၇ ဘီလီယံဖြစ်ပြီး၊ ပြည်ပကြွေးမြီက ၂၁၃၅၇ ဘီလီယံရှိပါတယ်။
ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ပျမ်းမျှတွက်မယ်ဆိုရင် ပြည်သူတဦးချင်းရဲ့ ခေါင်းပေါ်မှာ ကျပ်၁၅ သိန်းခန့် အကြွေးတင်နေ သလိုဖြစ်နေပါတယ်။
#မြန်မာ #ဧရာဝတီ #ကြွေးမြီ #ပြည်တွင်းကြွေးမြီ #ပြည်ပကြွေးမြီ #ဘဏ္ဍာရေး #ဘီလီယံ #နိုင်ငံသား #၁၅သိန်း #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












