• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

by ဧရာဝတီ
4 June 2025
in သတင်း
A A
လိုင်စင်မဲ့ယာဉ် အဖမ်းအဆီးကြမ်း၊ မန္တလေး၌ ထောင်ချမှုများပင်ရှိ

၂၀၂၅ ဇွန် ၃ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှု ပြုလုပ်နေစဉ် (MOI)

2.8k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုင်စင်မဲ့ယာဉ်များ စီးနင်းနေမှုများအား ဖော်ထုတ်အရေးယူရန် ညွှန်ကြားခဲ့ပြီးနောက် ဇွန် ၁ ရက်မှစ၍ နိုင်ငံတဝန်း စီမံချက်ဖြင့် အဖမ်းအဆီးကြမ်းလာသလို ထောင်ဒဏ်ချမှတ်ခံ မှုများပါရှိကြောင်း သိရသည်။

ဇွန် ၁ ရက်မှ ၃ ရက်ထိ မန္တလေးတွင် ဆိုင်ကယ်အစီးရေ ၁ သောင်းကျော်နှင့် လိုင်စင်မဲ့စီးနင်းသူ ၁၀၀ ကျော် ဖမ်းဆီးခံ ခဲ့ရပြီး ဖမ်းဆီးခံခဲ့ရ သူများအား ဇွန် ၃ ရက်၌ တရားရုံးတင်ပြီး ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်တွင် နေထိုင်သူတဦးက “ကျမတို့ ရပ်ကွက်ထဲက အလုပ်သမားတွေ အလုပ်သွားတဲ့အချိန် ဆိုင်ကယ်စစ်တဲ့အဖွဲ့နဲ့တွေ့ပြီး ဆိုင်ကယ်ရော၊ လူရော အဖမ်းခံလိုက်ရတာ။ အချို့ဆိုင်ကယ် တွေက လိုင်စင်သက်တမ်းမတိုးဘဲ ဒီအတိုင်း စီးနေကြတာမျိုး။ လိုင်စင်မဲ့ဘီးတွေလည်း ပါတာပေါ့။ ဖမ်းခံရတဲ့ ၄ ယောက် မနေ့က ထောင် ၁ လစီ ချခံလိုက်ရတယ်” ဟု ပြောသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ စီမံချက်ဖြင့် ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲ၊ ရဲနှင့် အဖွဲ့အစုံက လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်များကို အဓိကစစ်ဆေးပြီး ယာဉ်/ အမောင်း လိုင်စင်သက်တမ်းကုန်နှင့် မပါရှိခြင်း၊ ဦးထုပ်မဆောင်း၊ လူနှစ်ယောက်ထက် ပိုစီးနင်းမှုများအတွက် ဒဏ်ကြေးပေးဆောင်ခိုင်းကြောင်း၊ လိုင်စင်မဲ့ဆိုင်ကယ် အချို့အား ရဲနှင့်စစ်တပ်က တန်ဖိုးဖြတ်၍ ဈေးနှုန်းသတ်မှတ်ချက်တခုဖြင့် ပြန်လည် ရွေးယူခွင့်ပြုခြင်းများ လည်းရှိ ကြောင်း သိရသည်။

မော်တော်ယာဉ်ဥပဒေအရ ပုဒ်မ ၄၅(က)တွင် မော်တော်ယာဉ်ကို မှတ်ပုံတင်ထားမှု မရှိခြင်းကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်မှုထင်ရှားပါက တလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ သောင်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည်။

ထိုသို့ဖမ်းဆီးရာတွင် လိုင်စင်မရှိသည့် ပရဟိတလူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များလည်း စစ်ဆေး ဖမ်းဆီးခံရမှုများရှိကြောင်း၊ လက်ရှိ တိုင်းစီမံချက်ဖြင့် တင်းကျပ်နေခြင်းဖြစ်ရာ အသင်းတော်တော်များများ ရပ်နားထားကြကြောင်း ချမ်းမြသာစည်မြို့နယ်မှ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးကလည်း “လိုင်စင်မရှိဘဲ ကူညီရတဲ့ လူနာတင် ယာဉ်တွေလိုင်စင်မဲ့ဆိုတဲ့ အချက်တခုထဲနဲ့ ရပ်နားထားလိုက်ရပါပြီ။ လိုင်စင်ပါ လူနာတင်ယာဉ်အတွက် ပြည့်မီအောင် အလှူငွေမရကြတော့ ရတဲ့နည်းလမ်းတွေနဲ့ပဲဝယ်ပြီး လှုပ်ရှားနေကြရတာ။ အခုအချိန်ကအခက်အခဲတွေ အများကြီးနဲ့ ဆိုတော့ အခက်ကြုံရတာတွေကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပြန်ပြီးကြည့်ရှုစေချင်တယ်။ ကျနော်တို့အသင်းတွေက အခမဲ့မို့ အခက်ကြုံရတာတွေကိုလည်းလူနာရှင်တွေအနေနဲ့ နားလည်ပေးကြပါ” ဟု ပြောသည်။

မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းဝင်ကားများ / ဧရာဝတီ

ထို့အတူ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ရန်ကုန်မြို့တွင်လည်း လျှပ်စစ်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ် ဘေးတွဲ များ စီးနင်းခွင့် မရှိကြောင်း အုပ်ချုပ်ရေးမှူးများက လိုက်လံအသိပေးနေသလို စီးနင်းမှုများ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီး အရေးယူနေကြောင်းမြို့ခံတချို့က ဆိုသည်။

သန်လျင်တွင် နေထိုင်သူတဦးက “ဇွန် ၁ ရက်ကစပြီး စီးမရတော့ဘူးဆိုပြီး လော်စပီကာနဲ့ ရပ်ကွက်ထဲတွေ လိုက်အော်နေတာပဲ။ဆိုင်ကယ်ဘေးတွဲတွေ၊ Ebike တွေလည်း စီးလို့မရတော့ဘူး။ ဟိုနားဒီနားသွားရတာတွေ၊ ကလေးတွေ ကျောင်းဖွင့်ရာသီဆိုတော့ဆိုင်ကယ်စီးမရရင် ဒုက္ခများတာပေါ့” ဟု ပြောသည်။

မေ ၂၀ ရက် နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များ စီးနင်းနေမှုကို ဖော်ထုတ်သွားရန်၊ နံပါတ်ပြားအတုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းတို့ တွေ့ရှိရပြီး တာဝန်ရှိသူများမှ ပါဝင်ပတ်သက်သူအား လုံးကို ဖော်ထုတ်အရေးယူသွားရန်နှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းမှုသည် နိုင်ငံတော်အနေဖြင့် အခွန်အခ နစ် နာမှုရှိသည့်အပြင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၌လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု စစ်ခေါင်းဆောင်က ပြော ကြားခဲ့သည်။

စစ်ခေါင်းဆောင်၏ ညွှန်ကြားချက်တွင် တင်သွင်းသည့်သူများကိုပါ ဖမ်းဆီးအရေးယူရန် ပါရှိသဖြင့် သတိထားလုပ် ဆောင်နေရသည်ဟု ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သည်အချို့က ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကရင်ပြည်နယ်အတွင်း ပြည်သူများအများစု အသုံးပြုနေသော ကားနှင့် ဆိုင်ကယ်များမှာ လိုင်စင်ပြုလုပ်ထားခြင်းမရှိသလို ယခုလို ဖမ်းဆီးမည့်သတင်းကြောင့် လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များအား နေရာရွှေ့ ထားခြင်း၊ လမ်းကြောင်းပြောင်း သယ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်း မေ ၃၀ ရက်နောက်ပိုင်းမှ စတင်ကာ လိုင်စင်မဲ့ကားများ ဖမ်းဆီးနေသည်မှာ အစီးရေ ၁၀၀ နီးပါးခန့် ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
46
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
158
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.7k

You may also like these stories:

ဖမ်းဆီးကုန်စည်များ အမြန်ရောင်း၍ ဘဏ္ဍာငွေဖြည့်ရန် ဒုစစ်ခေါင်းဆောင်ပြော

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

Your Thoughts …
Tags: စစ်ခေါင်းဆောင်စီမံချက်ထောင်ဒဏ်မန္တလေးလိုင်စင်မဲ့ယာဉ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

Next Post
ပြည်ပထွက်မယ့်သူတွေ ရင်ဆိုင်နေရတဲ့ အခွင့်ထူးခံ VIP စနစ် (ရုပ်/သံ)

ပြည်ပထွက်မယ့်သူတွေ ရင်ဆိုင်နေရတဲ့ အခွင့်ထူးခံ VIP စနစ် (ရုပ်/သံ)

အမျိုးသမီးတွေ ဓမ္မတာလာချိန် အလုပ်နားခွင့်ပေးမလား (ရုပ်/သံ)

အမျိုးသမီးတွေ ဓမ္မတာလာချိန် အလုပ်နားခွင့်ပေးမလား (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved