• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဖမ်းဆီးကုန်စည်များ အမြန်ရောင်း၍ ဘဏ္ဍာငွေဖြည့်ရန် ဒုစစ်ခေါင်းဆောင်ပြော

by ဧရာဝတီ
28 May 2025
in စီးပွားရေး
A A
ဖမ်းဆီးကုန်စည်များ အမြန်ရောင်း၍ ဘဏ္ဍာငွေဖြည့်ရန် ဒုစစ်ခေါင်းဆောင်ပြော

မြဝတီမှ ဆင်းလာသော ကုန်တင်ကားများကို စစ်ကောင်စီက ဘားအံတွင် ပိတ်၍ ဖမ်းဆီးနေပုံ/ CJ

1.3k
VIEWS
Share on FacebookShare on Twitter

တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးထိန်းသိမ်းထားသော ကုန်ပစ္စည်းများကို အလေအလွင့်အဆုံးအရှုံး အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းပြီး ဥပဒေပိုင်းမှ အလျင်အမြန်စစ်ဆေးကာ အမြန်ဆုံးထုခွဲရောင်းချ၍ ဘဏ္ဍာငွေ လိုအပ်ချက်ဖြည့်တင်းရန် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌ ဒုစစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

မေလ ၂၆ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ပြုလုပ်သော တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ထိုသို့ ပြောခြင်းဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုများသည် ရာဇဝတ်ကျူးလွန်မှု၊ အကြမ်းဖက်အဖွဲ့အစည်းများပေါ် ငွေကြေးထောက်ပံ့မှုအပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးထိခိုက်စေသည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ပြတ်ပြတ်သားသား တိုက်ဖျက်ရန် ဒု စစ်ခေါင်းဆောင်က ညွှန်ကြားထားသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီဖွဲ့စည်းခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၃ နှစ်နှင့် လေးလအတွင်း ဖမ်းဆီးရမိသည်များတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ် အများဆုံးဖြစ်သလို ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော သွင်းကုန်ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ အိုင်ဖုန်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အခြား လူသုံးကုန်ပစ္စည်းများပါဝင်ကာ အမြန်ဆုံးထုခွဲရောင်းချ၍ ဘဏ္ဍာငွေဖြည့်ရန် စစ်ကောင်စီ ပြင်ဆင်နေခြင်းဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သည်ကြီးတဦးက “ဟိုတလောကဆိုရင် ဖမ်းတာ ၃၆၂ စီး တရက်ထဲနဲ့ ဖမ်းလိုက်တာ။ အခုချိန်မှာ လိုင်စင်က အခက်အခဲရှိတော့ လိုသလောက်လည်း မရတော့ တရားဝင်ရော တရားမဝင်ရော ရှိတာပဲ။ ကုန်သည်ကတော့ လိုင်စင်နဲ့သွားချင်ပေမယ့် အခုက အခွန်ဆောင်ပြီးပဲ သွားသွား မဆောင်ဘဲသွားသွား လမ်းမှာရှိတဲ့ ဂိတ်တွေက မသက်သာ ဘူး။ အခွန်ပေးတာပဲ အဖတ်တင်သွားတာ။ အပေါ်မှာ ဘယ်လို ညွှန်ကြား ညွှန်ကြားအောက်ခြေမှာမှ မလုပ်တာ တရားမဝင် ကုန်သွယ်မှုဆိုတာ မပေးလို့ပဲ ဖြစ်ပဲဖြစ်ဖြစ် ပေးတာနည်းလို့ပဲဖြစ်ဖြစ် အဖမ်းခံရတယ်။ ပြန် မရွေးနိုင်တဲ့သူတွေ အကပ်မရှိ တဲ့သူတွေကတော့ ပစ္စည်းတွေ အသိမ်းခံရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ တရားမဝင်ကုန်ပစ္စည်းများကို စစ်ကောင်စီက ဖမ်းဆီးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရဲ အစရှိသည့်အဖွဲ့စုံဖြင့် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရပါက ၁၂ ဘီး ကားတစီးလျှင် ကျပ်သိန်းထောင်ချီပေး၍ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်တွင် ဒဏ်ငွေဆောင်ကာ ပြန်ရွေးရခြင်း ဖြစ်သည်။

ဘားအံမြို့၌ စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားသော ကုန်ကားများအား တွေ့ရပုံ/ CJ

ကော့သောင်းရနောင်း ကုန်သည်ကြီးတဦးက “ကျနော်တို့ဆီမှာတော့ သူတို့ရဲ့ လျာထားချက်မီအောင် တလကို ၅ ခါလောက် ဖမ်းတယ်။ စကစရဲ့ အကောက်ခွန်ဌာနမှာ ဘယ်လောက် ဖမ်းပေးရမယ်ဆိုတဲ့စာရင်းရှိတော့ အဲဒါပြည့်အောင် လုပ်ရတယ်။ ဖမ်းမိတဲ့ ပစ္စည်းတွေက စားသောက်ကုန်တွေ ဘာတွေဖြစ်ရင် FDA လက်မှတ်ရှိရင် ပြန်ရွေးလို့ရတယ်။ မရှိရင် မရဘူး။ ဒဏ်ရိုက်ပြီး ပြန်ရွေးရတာပေါ့။ ကန့်သတ်ကုန်ဖြစ်တဲ့ ဓာတုပစ္စည်းတွေ ရွေးမရဘူး။ အခု သူတို့ပြောတဲ့ ဖမ်းထားတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချဖို့က ကားတွေပေါ့။ ပြန်မရွေးနိုင်တော့ဘူး ဆိပ်ကမ်းမှာ ကြာနေပြီဆို ဒါတွေကို လေလံပစ် နိုင်ငံတော် ဘတ်ဂျက်ထဲ ထည့်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ကြောင့် ကော့သောင်း- ရနောင်း နယ်စပ်ကုန်သွယ်ရေးမှဆိုလျှင် တလလျှင် စစ်ကောင်စီက ငွေတန်ဖိုးအားဖြင့် အနည်းဆုံး ကျပ်သိန်း ၃၀၀၀ မှ ၁၀၀၀၀ အထိ တရားမဝင်ကုန်စည် ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီ စတင်ဖွဲ့စည်းသည့် ၂၀၂၂ ခုနှစ်မှ ယခုအချိန်ထိ ဖမ်းဆီးမှု အမှုတွဲပေါင်း ၂၂၁၉၈ မှုနှင့် တန်ဖိုးငွေ ကျပ် ၅၇၆ ဒသမ ၅၄၁ ဘီလီယံ ရှိပြီး လအလိုက် ဖမ်းဆီးရမိများထဲတွင် ၂၀၂၅ ခုနှစ် မတ်လက အများဆုံးဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။

လက်ရှိ၌ နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်နေချိန်ဖြစ်သောကြောင့် တရားမဝင်လမ်းကြောင်းမှ တင်ပို့မှုနှင့်တင်သွင်းမှုများ လာသဖြင့် လုံခြုံရေးနှင့်စစ်ဆေးရေးအဖွဲ့များ စနစ်တကျစစ်ဆေးဆောင်ရွက်မည်ဆိုပါက ယခုထက်ပို၍ ဖမ်းဆီး ဆောင် ရွက်နိုင်မည်ဟုလည်း ဒုစစ်ခေါင်းဆောင်က ပြောဆိုသည်။

This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

You may also like these stories:

ဒု စစ်ခေါင်းဆောင်အမိန့်ကြောင့် ထိုင်းတရုတ်ကုန်များ အဖမ်းအဆီးကြမ်း

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
146
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
480
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

ဘားအံ၌ ကုန်ကားများသာမက ဂိုဒေါင်များကိုပါ ရှာဖွေ

ရုရှားအတွက် ထားဝယ်အား အသင့်ပြင်ထားရန် ဒု စစ်ခေါင်းဆောင် ညွှန်ကြား

Your Thoughts …
Tags: တရားမဝင်ကုန်သွယ်မှုဒုစစ်ခေါင်းဆောင်နယ်စပ်ကုန်သွယ်ရေးပို့ကုန်/သွင်းကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

Next Post
စစ်ကူလာတဲ့ စစ်ကြောင်းတခုလုံး ချေမှုန်းခံရ (ရုပ်/သံ)

စစ်ကူလာတဲ့ စစ်ကြောင်းတခုလုံး ချေမှုန်းခံရ (ရုပ်/သံ)

လုံးခင်းမှာ တိုက်ပွဲကြား ဒေသခံတွေ ပိတ်မိနေ (ရုပ်/သံ)

လုံးခင်းမှာ တိုက်ပွဲကြား ဒေသခံတွေ ပိတ်မိနေ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved