ထိုင်း − မြန်မာနယ်စပ်က သေ့ဘောဘိုးစခန်း ကျမသွားရေး အတွက်စစ်ကူတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တခုလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမှုန်းလိုက်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေကပြောပါတယ်။
ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေအဆိုအရ ပူးပေါင်းတပ်တွေကစစ်ကောင်စီ စစ်ကြောင်းကို မေ ၂၇ ရက်နေ့ကတည်းကသောင်ရင်းမြစ်ဘေးမှာ ပိတ်ဆို့ထားပြီး ဒရုန်း၊ စနိုက်ပါ၊ ဗုံးပစ်လောင်ချာ၊စက်သေနတ်တွေနဲ့ ရိုင်ဖယ်တွေသုံးပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ လက်နက်ခဲယမ်းတွေသိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် သေဆုံးစာရင်းနဲ့ထွက်ပြေးသူ အရေအတွက်ကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။
#မြန်မာ #ဧရာဝတီ #KNLA #PDF #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












