ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲအကြား ဒေသခံတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာ ယမ်းချက်စက်ရုံကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လုံးခင်းကျေးရွာအတွင်း ဝင်ရောက် လာတာကြောင့် မေလ ၂၈ ရက်နေ့ မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။
အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံးခင်းကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်း ရိုက်နှက်မှုတွေနဲ့ လူသားဒိုင်း ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ပိတ်မိနေတဲ့နေရာကနေ ထွက်ခွာဖို့ ခက်ခဲနေတာလို့ ဆိုကြပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #ကချင် #လုံးခင်း #ဖားကန့် #စစ်ကြောင်း #စစ်ကောင်စီ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













