• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

အာဆီယံ ဥက္ကဋ္ဌ အန်နဝါ၏ သိက္ခာမဲ့ ကြားဝင်စေ့စပ်ရေး

by Igor Blazevic
1 June 2025
in Politics, သူ့အတွေး သူ့အမြင်
A A
အာဆီယံ ဥက္ကဋ္ဌ အန်နဝါ၏ သိက္ခာမဲ့ ကြားဝင်စေ့စပ်ရေး

၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသော ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပြီးနောက် ကျင်းပသော ဒုတိယအကြိမ်မြောက် အာဆီယံ-ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အစည်းအဝေးတွင် တွေ့ရသည့် မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် / AFP

2k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် ကျယ်ပြန့်ရှည်ကြာသည့် အပစ်အခတ်ရပ်စဲရေးအတွက် ဒေသဆိုင်ရာခေါင်းဆောင်များ မေလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် အနှစ်သာရကင်းမဲ့သော ကြေညာချက်နှင့် မအောင်မြင်သည့် မူဘောင် အများအပြား နောက်ကွယ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် စစ်ကောင်စီကို အကာအကွယ်နှင့် အပြစ်ကင်းလွတ်ခွင့် ဆက်လက် ပေးနေသည်။

မလေးရှားသည် တစုံတခုလုပ်မည်ဟု မည်သူမဆို ထင်သည်ဖြစ်စေ ယခုအခါ ထိုသို့ဖြစ်မည်မဟုတ်ဟု နောက်ဆုံးတွင် နားလည်သွားမည် ဖြစ်သည်။

မလေးရှား ဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင်နှင့် မလေးရှားသည် ယခင် မည်သည့် အာဆီယံ ဥက္ကဋ္ဌထက်မဆို ပိုမို ကောင်းမွန်အောင် လုပ်မည်မဟုတ်ပေ။

၎င်းတို့သည် ယခင်ကကလည်း ဘာမှ ဖြစ်မလာဘဲ ယခုလည်း မည်သို့မျှ ဖြစ်မလာသည့် စကားများကိုပင် ဆက်လက်ပြောပြီး ယခင် မေတ္တာရပ်ခံမှုများကိုပင် ဆက်လက် ပြုလုပ်မည်ဖြစ်သည်။

အာဆီယံသည် မြန်မာအကျပ်အတည်းကို ကူညီဖြေရှင်းပေးမည် မဟုတ်ပေ။ အာဆီယံသည် ထိုစစ်ကို တင်းမာမှု လျှော့ချမည် မဟုတ်သလို စစ်ကောင်စီက ပြည်သူများကို ပြုလုပ်သည့် အကြောက်တရား လှုံ့ဆော်သည့် စစ်ဆင်ရေးကိုလည်း ထိန်းချုပ်မည် မဟုတ်ပေ။

အာဆီယံသည် လူသားချင်းစာနာမှု အကျပ်အတည်းကို လျှော့ချနိုင်မည် မဟုတ်ပေ။ အာဆီယံသည် နိုင်ငံရေး ဖြေရှင်းမှု ဖြစ်စေနိုင်သည့် လမ်းကြောင်းဖြစ်စေရန် လက်တွေ့ကျသည့် မည်သည့်အရာကိုမှ လုပ်မည် မဟုတ်ပေ။

အာဆီယံသည် မြန်မာပြည်သူများက ထိုတရားမဝင်သည့် စစ်ဝတ်စုံဝတ် ရာဇဝတ်ဂိုဏ်းကို ၎င်းတို့ကိုယ်တိုင် ဖြုတ်ချသည့် အချိန်မတိုင်မီအထိ ပြည်သူများကို စစ်ကောင်စီက ဆက်လက် စစ်ပွဲဆင်ရန် အချိန်နှင့် လွတ်လပ်ခွင့် ဆက်လက်ပေးနေသလို ဖြစ်မည်ဖြစ်သည်။

အာဆီယံသည် မြန်မာပြည်သူများက ထိုတရားမဝင်သည့် စစ်ဝတ်စုံဝတ် ရာဇဝတ်ဂိုဏ်းကို ၎င်းတို့ကိုယ်တိုင် ဖြုတ်ချသည့် အချိန်မတိုင်မီအထိ ပြည်သူများကို စစ်ကောင်စီက ဆက်လက် စစ်ပွဲဆင်ရန် အချိန်နှင့် လွတ်လပ်ခွင့် ဆက်လက်ပေးနေသလို ဖြစ်မည်ဖြစ်သည်။

အာဆီယံသည် ၎င်း၏ ထုံစံအတိုင်း ဆက်လက်ပြီး သြဇာအာဏာမရှိ၊ မထိမရောက် ဖြစ်နေမည်ဖြစ်သည်။

အာဆီယံ၏ နောက်ဆုံးကြေညာချက်နှင့် ပတ်သက်ပြီး လတ်တလော မှတ်ချက်အချို့ ဖော်ပြခွင့်ပြုပါ။

ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသည့် “အလေးအနက် စိုးရိမ်ပူပန်မှု” ဆိုသည်မှာ အနှစ်သာရ မရှိသည့် စကားဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အဖြေရှာရေးအတွက် မြန်မာကို ကူညီရန် အာဆီယံက ဆုံးဖြတ်ထားခြင်း မရှိပေ။ လေးနှစ်ခွဲကျော် ကြာသည်အထိ စစ်ကောင်စီက မြန်မာပြည်သူများကို စစ်ဆင်တိုက်ခိုက်နေချိန်တွင် အာဆီယံသည် ဘေးမှ ရပ်ကြည့်နေပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုစွမ်းရည်ကို ထိန်းချုပ်ရန် မည်သို့မှ လုပ်ဆောင်ခြင်း မပြုပေ။ ပိုမိုဆိုးရွားသည်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားသည် စစ်ကောင်စီ ဆက်လက် အကြမ်းဖက်စေနိုင်မည့် ရင်းမြစ်များကို တက်ကြွစွာ ပံ့ပိုးနေကြသည်။

အာဆီယံသည် ၎င်း၏ တရားသေဆန်သည့် ဘုံသဘောတူညီချက် ၅ ချက် ကတိကဝတ်ကို ထပ်မံ ပြောကြားသည်။ ထိုဘုံသဘောတူညီချက် ၅ ချက်မှာ စစ်အာဏာသိမ်းပြီး အစောပိုင်းလများတွင် အာဆီယံ ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား သဘောတူညီချက် ဖြစ်သည်။

မြန်မာပြည်သူများနှင့် ၎င်းတို့၏ တရားဝင် ကိုယ်စားလှယ်များသည် ထိုသဘောတူညီချက်တွင် ပါဝင်ခြင်း မရှိပေ။ မြန်မာပြည်သူများ၏ သဘောထား သို့မဟုတ် ၎င်းတို့ ဘာလိုချင်သည်ကို မည်သည့်အခါကမှ မမေးခဲ့ပေ။

ထိုကတိများကို အခြေခံပြီး လက်ခံမှုပေးမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်များကို ပေးခဲ့သည့် အနှစ်သာရမရှိသော ကတိများသာ ဖြစ်သည်။ ထိုသဘောတူညီချက်၏ မည်သည့်အချက် တချက်ကိုမှ မင်းအောင်လှိုင် အကောင်အထည် မဖော်ခဲ့သလို အာဆီယံ ခေါင်းဆောင်များကလည်း ထိုကတိများကို ဖြည့်ဆည်းရန် စစ်ကောင်စီကို လက်တွေ့ကျသည့် မည်သည့် ဖိအားမှလည်း မပေးခဲ့ပေ။

ဘုံသဘောတူညီချက် ၅ ချက်သည် မြန်မာနိုင်ငံမှ ဖြစ်ရပ်များအပေါ် မည်သည့် သက်ရောက်မှုမှ မရှိဘဲ အသက်မဝင်သည့် အစီအစဉ်ကို လိုက်နာရန် အာဆီယံ၏ မဆုံးနိုင်သော အချည်းနှီး တောင်းဆိုမှုသည် အာဆီယံက ၎င်းတို့ အရေးပါသေးကြောင်း ပြသလိုသည့် ဟန်ပြလုပ်ရပ်သာဖြစ်သည်။

အာဆီယံသည် သက်ဆိုင်သူများအားလုံး အရပ်သားများကို အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေး တိုက်တွန်းသည်။ ထိုကိစ္စ အဓိပ္ပာယ်မှာ တခုတည်းသာဖြစ်သည်။ အာဆီယံသည် အရပ်သားပြည်သူများကို အလုံးအရင်းဖြင့် ခြိမ်းခြောက် စစ်ဆင်နေသည့် တခုတည်းသောအဖွဲ့ကို တိုက်တွန်းရန်၊ ဖိအားပေးရန် စိတ်ထက်သန်ခြင်း မရှိ၊ မတတ်နိုင်ဆိုသည့် အဓိပ္ပာယ်သာဖြစ်သည်။

သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုရပ်ရန် တောင်းဆိုခြင်းအားဖြင့် ထိုကိစ္စကို အာဆီယံ သို့မဟုတ် မည်သည့်နိုင်ငံကမှ ရပ်တန့်အောင် လုပ်ဆောင်မည် မဟုတ်သောကြောင့် စစ်ကောင်စီက ကျုးကျော်ဖျက်ဆီးပြီး စစ်ဆက်လက်တိုက်ရန် အာဆီယံက အရာမရောက်သည့် သတင်းစကား ပေးပို့လိုက်ခြင်းသာ ဖြစ်သည်။

သက်ဆိုင်သူအားလုံး အကြမ်းဖက်မှုရပ်ရန် တောင်းဆိုခြင်းအားဖြင့် ထိုကိစ္စကို အာဆီယံ သို့မဟုတ် မည်သည့်နိုင်ငံကမှ ရပ်တန့်အောင် လုပ်ဆောင်မည် မဟုတ်သောကြောင့် စစ်ကောင်စီက ကျုးကျော်ဖျက်ဆီးပြီး စစ်ဆက်လက်တိုက်ရန် အာဆီယံက အရာမရောက်သည့် သတင်းစကား ပေးပို့လိုက်ခြင်းသာ ဖြစ်သည်။

စစ်တပ် စစ်ဆင်ရေးများ၏ အဓိကအချက်သည် နိုင်ငံတော်ကို သိမ်းပိုက်ရန် ကြံစည်မှုအား ဆန့်ကျင်သည့် ပြည်သူများ၏ စိတ်ဓာတ်ကို ရိုက်ချိုးပြီး စစ်တပ်က အကြောက်တရား ဖန်တီးရန် အရပ်သားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စစ်ဘေးရှောင်စခန်းများ၊ မင်္ဂလာဆောင်များ၊ နာရေးအခမ်းအနားများကို ရည်ရွယ်ချက်ရှိရှိ သိမ်းကြုံးပစ်မှတ်ထား တိုက်ခိုက်သည်။ စစ်ကောင်စီသည် အဆုံးစွန်အထိ ချုပ်တည်းမှု မလုပ်နိုင်သလို အရပ်သားများကို အကာအကွယ်ပေးရေးနှင့် ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်ပေ။

မြန်မာတွင် အာဏာပိုင်များက သုံးကြိမ်ဆက်တိုက် အပစ်အခတ်ရပ်စဲသည့် ကြေညာချက်ကို အာဆီယံက အသိအမှတ်ပြုသည်ဆိုသည့် အချက်သည် ရယ်စရာကောင်းသည်။

စစ်ကောင်စီသည် “မြန်မာတွင် အာဏာပိုင်” မဟုတ်ပေ။ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံတော်ကို သိမ်းပိုက်ရန် ကြိုးစားပြီး ထိုအချိန်မှစတင်ကာ နိုင်ငံ၏ ထက်ဝက်ကျော်ကို ဆုံးဖြတ်ချက် ပြတ်သားသည့် နိုင်ငံတဝန်း ပုန်ကန်မှုသို့ ဆုံးရှုံးသွားသည့် ရာဇဝတ်အကြမ်းဖက်ဂိုဏ်း ဖြစ်သည်။

စစ်ကောင်စီအနေဖြင့် “အာဏာပိုင်” အဖြစ် ဆက်လက် ဟန်ဆောင်နေနိုင်သေးသည့် တခုတည်းသော အကြောင်းရင်းမှာ အာဆီယံနှင့် မြန်မာ၏ အိမ်နီးချင်းများက စစ်ကောင်စီကို ထိုသို့ ဆက်ဆံနေသောကြောင့်သာ ဖြစ်သည်။

“သုံးကြိမ်ဆက်တိုက် အပစ်အခတ်ရပ်စဲသည့် ကြေညာချက်” သည် သံတမန်ရေးနှင့် အများပြည်သူဆိုင်ရာ နယ်ပယ်များတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည့် သတင်းတု ဖြစ်သည်။

ငလျင်လှုပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီဘက်က မည်သည့် အပစ်အခတ်ရပ်စဲရေးမှ မရှိပေ။ လက်တွေ့တွင် စစ်ကောင်စီသည် ထိုအပစ်အခတ်ရပ်စဲရေး ကြေညာချက်နောက်ပိုင်း တနိုင်ငံလုံးတွင် အကြောက်တရားဖြစ်အောင် သိမ်းကြုံးဗုံးကြဲခြင်းများကို အရှိန်မြှင့်တင်သည်။

ဆုံးရှုံးသွားသော မြို့များကို ပြန်လည် သိမ်းယူရေး ကြိုးစားရန် ထိုးစစ်သစ်များ စတင်ရန်နှင့် ဟန်ပြ အောင်ပွဲများရရန် မင်းအောင်လှိုင်က သူ၏အကျင့်ပျက် စစ်တပ်ကို အမိန့်ပေးသည်။ လက်ရှိ အချိန်တွင် ချင်းပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကရင်နီပြည်နယ်တွင် ထိုထိုးစစ်များ ပြုလုပ်နေသည်။

“ယာယီ အပစ်အခတ်ရပ်စဲရေး” နှင့် ပတ်သက်ပြီး စစ်ကောင်စီက လှည့်စားသည့် သတင်းတုကို “အသိအမှတ်ပြုခြင်း” ဖြင့် အာဆီယံသည် အန္တရာယ်များသော သတင်းတုကို ဖြန့်ချိနေပြီး ပကတိ အခြေအနေကို ဖုံးကွယ်သည်။ ပကတိအခြေအနေမှာ စစ်ကောင်စီသည် စစ်ဆင်ရေးများနှင့် အကြောက်တရား ဖန်တီးသည့် ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်နေသည်။

“ဘေးကင်းလုံခြုံ အချိန်မီ ထိရောက်ပြီး ပွင့်လင်းမြင်သာသည့် အာဆီယံ လူသားချင်းစာနာမှု အကူအညီများ ခွဲခြားဆက်ဆံခြင်းမရှိ ပေးပို့နိုင်ရန်” အာဆီယံက “သက်ဆိုင်သူအားလုံး” ကို တိုက်တွန်းသည်။ တချိန်တည်းတွင် ထိုအကူအညီများကို ပိတ်ဆို့ရန်၊ အလွဲသုံးစားလုပ်ရန်နှင့် လမ်းကြောင်းလွှဲရန် အာဆီယံက စစ်ကောင်စီကို လမ်းဖွင့်ထားသည်။

“အားလုံးပါဝင်သည့် အမျိုးသားဆွေးနွေးပွဲ” ဟု အာဆီယံက ခေါ်သောအရာသည် လက်တွေ့တွင် ဗဟိုအစိုးရကို စစ်ကောင်စီက ဆက်လက် ထိန်းချုပ်ရန်၊ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးကို လွှမ်းမိုးရန်၊ တော်လှန်ရေး အင်အားစုများ အနေဖြင့် အညံ့ခံလက်နက်ချခြင်းကို လက်ခံရန် အားထုတ်မှုသာ ဖြစ်သည်။ ထိုသို့ လက်နက်ချ အညံ့ခံပါက လွတ်မြောက်ဒေသများတွင် အကန့်အသတ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး နိုင်ငံရေးတွင် အဖြည့်ခံအခန်းမှ ပါဝင်ခွင့်ပေးမည် ဖြစ်သည်။

ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအတွက် နိုင်ငံတကာ အသိုက်အဝန်းက ဆက်လက်ထောက်ခံမှုကို အာဆီယံက အသိအမှတ်ပြုသည်။ သို့သော် အာဆီယံက ထောက်ခံမှုဟု ဆိုသောအရာသည် လက်တွေ့တွင် မြန်မာ၏ ဗြဟ္မာကြီးဦးခေါင်း ပြဿနာကို အာဆီယံ၏ လက်တွင်သာထားပြီး ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားသည့် အခြားနိုင်ငံများ၏ ရည်ရွယ်ချက်ရှိရှိ အားထုတ်မှုသာ ဖြစ်သည်။

ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအတွက် နိုင်ငံတကာ အသိုက်အဝန်းက ဆက်လက်ထောက်ခံမှုကို အာဆီယံက အသိအမှတ်ပြုသည်။ သို့သော် အာဆီယံက ထောက်ခံမှုဟု ဆိုသောအရာသည် လက်တွေ့တွင် မြန်မာ၏ ဗြဟ္မာကြီးဦးခေါင်း ပြဿနာကို အာဆီယံ၏ လက်တွင်သာထားပြီး ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ရှားသည့် အခြားနိုင်ငံများ၏ ရည်ရွယ်ချက်ရှိရှိ အားထုတ်မှုသာ ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ဆိုရပါက စာရေးသူ ယခင်ပြောသည့်အတိုင်း အာဆီယံသည် မြန်မာအကျပ်အတည်းကို ကူညီဖြေရှင်းမည်မဟုတ်ပေ။ အာဆီယံသည် တရားမဝင် စစ်ဝတ်စုံဝတ် ရာဇဝတ်ဂိုဏ်းကို မြန်မာပြည်သူများက မဖြုတ်ချမချင်း စစ်ကောင်စီက ပြည်သူများကို စစ်ပွဲဆင်နွှဲရန် အချိန်နှင့် လွတ်လပ်ခွင့် ဆက်လက်ပေးမည် ဖြစ်သည်။

အာဆီယံသည် ယခင်အတိုင်း သြဇာအာဏမဲ့ပြီး ထိရောက်မှု ကင်းမဲ့နေမည် ဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသက်တမ်း မကုန်ဆုံးမီ မြန်မာတွင် ကြားဝင်ဆောင်ရွက်မှုများ အဆုံးမသတ်မီ မစ္စတာ အန်နဝါသည် မြန်မာမှ သက်ဆိုင်သူအားလုံး၏ ခေါင်းမာမှု၊ သူ၏ ရိုးဖြောင့်သော ငြိမ်းချမ်းရေး အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်မှုနှင့် လူသားချင်းစာနာမှု ရည်ရွယ်ချက်များကို လက်ခံရန် စိတ်အားထက်သန်မှု မရှိခြင်းကို ဆက်လက် အပြစ်တင်နေမည်သာ ဖြစ်သည်။

သူသည် ပကတိအခြေအနေကို ပြန်လည်သုံးသပ်မည် မဟုတ်ပေ။ သူနှင့် အာဆီယံ၏ အခြေခံအားဖြင့် အပြစ်အနာအဆာ မကင်းသည့် ချဉ်းကပ်ပုံနည်းလမ်းသည် မြန်မာမှ စစ်ကောင်စီ၏ စစ်ပွဲဆက်လက်ရန် ဖြစ်စေသည့် အဓိကအချက်ဖြစ်လာသည်ကို ပြန်လည် သုံးသပ်မည် မဟုတ်ပေ။ ထိုစစ်ပွဲသည် စစ်ကောင်စီ ရှုံးနိမ့်ရမည့် စစ်ပွဲသာ ဖြစ်သော်လည်း ပိုမိုများပြားသော ဖျက်ဆီးမှုများ ပြုလုပ်ပြီးမှသာ ရှုံးနိမ့်မည့်စစ်ပွဲ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ The Farce of Mediation: Anwar, ASEAN and Myanmar ကို ဘာသာပြန်သည်။ အီဂေါ ဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင်ဆရာအဖြစ် တာဝန်ယူခဲ့သည်။)

You may also like these stories:

NUG နှင့် စစ်ကောင်စီ အပစ်ရပ်သက်တမ်းတိုးရန် သဘောတူဟု အာဆီယံဥက္ကဋ္ဌပြော

အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေရှိဖို့လို (ရုပ်/သံ)

အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်

စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ

ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့

စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်

ဒီအတိုင်းဆိုရင် စစ်ကောင်စီကို အာဆီယံက ရွာအပြင်ထုတ်ထားဦးမှာပဲ (ရုပ်/သံ)

Your Thoughts …
Tags: Sliderငလျင်စစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတော်လှန်ရေး အင်အားစုဗုံးကြဲတိုက်ခိုက်မှုဘုံသဘောတူညီချက် ၅ ချက်မလေးရှားလူသားချင်းစာနာမှု အကျပ်အတည်းလေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်မှုအပစ်အခတ်ရပ်စဲရေးအရပ်သားပစ်မှတ်အာဆီယံ
Igor Blazevic

Igor Blazevic

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved