• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်

by ဧရာဝတီ
25 July 2024
in သတင်း
A A
အာဆီယံတွင် ပုံမှန်အဆင့်အတန်း ပြန်ရရန် စစ်ကောင်စီ မျှော်လင့်

စစ်ကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးကို ကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ပထမဆုံးအကြိမ် စေလွှတ်ခဲ့သည်။ / ST

2.5k
VIEWS
Share on FacebookShare on Twitter

မြန်မာသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တွင် အခြားအဖွဲ့ဝင်များနှင့်အတူ ပုံမှန် အဆင့်အတန်း ပြန်လည်ရမည်ဟု မျှော်လင့်ကြောင်း စစ်ကောင်စီလက်အောက်တွင် လုပ်နေသည့် အဆင့်မြင့်အရာရှိတဦးက လာအိုတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ သီးခြားဆွေးနွေးပွဲတွင် ပြောပြီး နားလည်မှုနှင့် ထောက်ခံမှုကို တောင်းဆိုသည်။

“ကျမတို့ အရမ်းမျှော်လင့်တယ်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်သီတာအေးက လာအိုတွင် ပြောသည်။ “ကျမတို့ဘက်က ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကို စဉ်းစားရင် ပုံမှန်အခြေအနေကို မကြာမီ ပြန်ရသင့်တယ်” ဟု ၎င်းက ပြောသည်။

အာဆီယံ ထိပ်တန်း သံတမန်များနှင့် မိတ်ဖက်များအကြား အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာဖိုရမ်နှင့် အခြား ဆက်စပ်အစည်းအဝေးများကို ဇူလိုင်လ ၂၄ ရက်နေ့က ဗီယန်ကျင်းတွင် စတင်ပြီး ဇူလိုင်လ ၂၇ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

မြန်မာနိုင်ငံအတွက် စစ်ကောင်စီထိန်းချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး ကိုယ်စားပြု တက်ရောက်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်တွင် ပေါ်ပေါက်လာသည့် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် သီးခြား နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ရှိသည်။

မြန်မာနိုင်ငံအခြေအနေ တစတစ ပိုမိုဆိုးရွားလာသောကြောင့် အာဆီယံသည် အဆင့်မြင့် အစည်းအဝေးများတွင် မြန်မာမှ နိုင်ငံရေးရာထူးရှိသူများကို ပိတ်ပင်ထားပြီး နိုင်ငံရေးရာထူး မရှိသူကိုသာလျှင် ဖိတ်ခေါ်သည်။ ထို့ကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဖြစ်စေ၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဖြစ်စေ အာဆီယံ အစည်းအဝေးများသို့ မတက်ရောက်နိုင်ပေ။

ယခင် အာဆီယံ အစည်းအဝေးများသို့ မတက်ရောက်ဘဲ စစ်ကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတဦးကို ကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလက ပထမဆုံးအကြိမ် စေလွှတ်ခဲ့သည်။

ထိုကြောင့် ဦးအောင်ကျော်မိုးသည် ဇူလိုင်လ ၂၄ ရက်နေ့တွင် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် ကော်မရှင်အစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံ အစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေးများသို့ တက်ရောက်သည်။ သူသည် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကောက်ကင်ဟွန်နှင့် နှစ်ဖက်အစည်းအဝေးတွင်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည်။

စစ်ကောင်စီ၏ အဓိက ဦးတည်ချက်မှာ မြန်မာတွင် ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးဖြစ်ကြောင်း ဒေါက်တာ ခင်သီတာအေးက ဗီယန်ကျင်းရှိ အမျိုးသား ညီလာခံတွင် သတင်းထောက်များကို ပြောသည်။

“နိုင်ငံတကာ အသိုက်အဝန်းရဲ့ ထောက်ခံမှုကို ကျမတို့ အရမ်းလိုအပ်တယ်။ နားလည်ထောက်ခံမှုကို လိုအပ်ပြီး ဝေဖန်မှုနဲ့ ဖိအားကို မလိုဘူး” ဟု ၎င်းက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.5k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
50

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ရွေးကောက်ပွဲသစ် ကျင်းပရန် ကတိပြုသော်လည်း စစ်ကောင်စီသည် အာဏာသိမ်းပြီး တလျှောက်လုံးတွင် မြန်မာကို အရေးပေါ်အခြေအနေဖြင့် အုပ်ချုပ်သည်။

စစ်ကောင်စီသည် နိုင်ငံ၏ နယ်စပ်ဒေသများကို အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် တပ်များ၊ အသစ်ပေါ်ပေါက်လာသည့် စစ်ကောင်စီဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အပြိုင် ထိန်းချုပ်ရန် ကြိုးစားနေရသောကြောင့် အကြမ်းဖက်မှု ပြင်းထန်လာသည်။

လူ ၃ သန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရပြီး ဆင်းရဲနွမ်းပါမှုကို လူဦးရေ ထက်ဝက်ကျော် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံက တင်းမာမှုလျှော့ချရန် ၎င်း၏နယ်စပ်အနီးမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးသော်လည်း အဖြေရှာရန်အတွက် အာဆီယံ၏ သုံးနှစ်ကြာ ဘုံသဘောတူညီချက် ၅ ချက် လမ်းပြမြေပုံံသည် တိုးတက်မှု အနည်းငယ်သာ ရှိသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် ယခင်၊ ယခုနှင့် နောက်လာမည့် အာဆီယံ ဥက္ကဋ္ဌများဖြစ်သော လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာပြဿနာကို အလွတ်သဘော ဆွေးနွေးကြသည်။

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မည်သည့် အပြောင်းအလဲကို အဆိုပြုမည်၊ မပြုမည်ကို ရှင်းလင်းစွာ မသိရပေ။

မြန်မာပြဿနာအပြင် အရေးပါသော ရေကြောင်းလမ်းဖြစ်သည့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေ အပြိုင်တောင်းဆိုကြသည့် နိုင်ငံများအကြား ပိုမိုကြီးမားသည့် ပဋိပက္ခဖြစ်စေမည့် ပိုမိုကြမ်းတမ်းလာသော ထိပ်တိုက်တွေ့မှုများကိုလည်း ထိုအစည်းအဝေးတွင် ဆွေးနွေးဖွယ်ရှိသည်။

ကိုးကား ။ ။ Straits Times သတင်း Myanmar junta official ‘hopeful’ for Myanmar to regain normal status in Asean

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် အခြေအနေနဲ့ အာဆီယံ ချဉ်းကပ်မှု (ရုပ်/သံ)

မြန်မာ တနိုင်ငံတည်းကသာ လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းထားဟု အာဆီယံ ပါလီမန်ကွန်ရက် ပြော

စစ်ကောင်စီကို တရားဝင်မှုပေးသောကြောင့် အာဆီယံ ထပ်ဝေဖန်ခံရ

အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေး စစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ် တက်

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု

Your Thoughts …
Tags: NUGPDFစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘုံသဘောတူညီချက် ၅ ချက်ရွေးကောက်ပွဲအမျိုးသားညီညွတ်ရေးအစိုးရအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လားရှိုး ရမခကို မဟာမိတ်တပ်တွေ ဝင်တိုက် (ရုပ်/သံ)

လားရှိုး ရမခကို မဟာမိတ်တပ်တွေ ဝင်တိုက် (ရုပ်/သံ)

လားရှိုးအုပ်ချုပ်ရေး ကိုးကန့်ကြေညာ လက်ကျန်စခန်းများ ဆက်တိုက်

လားရှိုးအုပ်ချုပ်ရေး ကိုးကန့်ကြေညာ လက်ကျန်စခန်းများ ဆက်တိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

2 hours ago
1.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved