• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

by ဧရာဝတီ
1 June 2025
in သတင်း
A A
တောင်သာက တရုတ်ပိုက်လိုင်း ကာကွယ်ဖို့ စစ်တပ်အင်အားဖြည့်

၉/ အညာမြေစစ်ဆင်ရေးအတွင်း တရုတ်ဂက်စ်ပိုက်လိုင်းမှ အစောင့်စခန်းကို တိုက်ခိုက်အပြီး တွေ့ရသည့် နွားထိုးကြီးမြို့နယ်မှ ပကဖများ (နွားထိုးကြီးမြို့နယ် ပကဖ)

1.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း တရုတ်ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းသည့်နေရာများအား ပြန်လည် ထိန်ချုပ်နိုင်ရေး စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ် များထံမှ သိရသည်။

မေ ၂၉ ရက်တွင် တောင်သာမြို့ပေါ် အထကကျောင်းအတွင်းသို့ ၁၂ ဘီးကား နှစ်စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ခန့် အင်အားဖြည့် ဝင်ရောက်ခဲ့ပြီးနောက် မေ ၃၀ ရက်၌ မြို့ပေါ်မှတဆင့် တရုတ်ပိုက်လိုင်းအနီး ကျေးရွာများဖြစ်သည့် နကူး၊ အလယ်ချိုင့်(တ)ရွာ၊ ကျောက်ချောရွာလယ် ရွှေဘုံသာဘုရားများတွင် ဖြန့်ခွဲနေရာယူထားကြောင်း စစ်ရေးသတင်းရင်းမြစ် များက ဆိုသည်။

ထို့ပြင် ယမန်နေ့ကလည်း မြင်းခြံမြို့ပေါ် သံမဏိစက်ရုံရှိ စစ်တပ်အထိုင်စခန်းမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် တောင်သာမြို့နယ်ဘက် လာရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတဦးက “မနေ့က မြင်းခြံသံမဏိစက်ရုံကနေ အင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်း တောင်သာနယ်ဘက်ကအဖွဲ့တွေနဲ့ လာပေါင်းတာရှိတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ဖြန့်ခွဲ ပြီးထိုးဖို့ ပြင်ဆင်နေတာမျိုးလို့ သိရတယ်။ ဂတ်စ်ပိုက်လိုင်းဘက်ကို စစ်ကြောင်းထိုးတဲ့အခါ နောက်ကနေကာဖို့ အုပ်ချုပ် ထောက်ပံ့လမ်းကြောင်းတွေ ကြိုတင်ပြင်ဆင်နေမျိုးပဲ။ စစ်ရေးအရ နှစ်ဖက်စလုံး တင်းမာနေဆဲပဲ” ဟု ဧရာဝတီကို ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ တောင်သာ၊ နွားထိုးကြီး အပါအဝင် မြင်းခြံ၊ ငါန်းဇွန်မြို့နယ် များမှ စစ်ကောင်စီတပ်စခန်း ၁၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်းတိုက်ခိုက်ပြီး ၉/အညာမြေစစ်ဆင်ရေး အဖြစ် မေ ၁၅ ရက်၌ စတင်ဖော်ဆောင်ခဲ့သည်။

အဆိုပါစစ်ဆင်ရေးအတွင်း နွားထိုးကြီးမြို့အနီးရှိ ဂတ်စ်ပိုက်လိုင်းတွင် တပ်စွဲထားသည့် အထိုင်ချစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စိုးမိုးထားဆဲဖြစ်ကြောင်း သိရသည်။

“၉/အညာမြေ စစ်ဆင်ရေးအနေနဲ့ စစ်တပ်အထိုင်တွေကို တိုက်နေကြတာမျိုးရှိတယ်။ အဓိက ဂတ်စ်ပိုက်လိုင်း အစောင့် စခန်းတွေ။ ကျနော်တို့အဖွဲ့တွေ စိုးမိုးထားနိုင်ဆဲလို့ ပြောလို့ရတယ်။ ဒါကြောင့် တောင်သာဘက်မှာ ဂတ်စ်ပိုက်လိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတာရှိတယ်။ တရုတ်ကြီးက ဖိအားပေးလို့ထင်တယ်၊ ပိုက်လိုင်းတလျောက် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာမျိုးတွေ လုပ်နေကြတယ်” ဟု တောင်သာမြို့နယ် ပကဖအဖွဲ့ဝင်တဦးက ပြောသည်။

မေ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်၌ တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ဦးစီးဌာန၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ် ရေးမှူးနေအိမ် စသည့် နေရာများကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ)က ထုတ်ပြန်ထားသည်။

၉/ အညာမြေစစ်ဆင်ရေးအတွင်း တရုတ်ဂက်စ်ပိုက်လိုင်းမှ အစောင့်စခန်းကို တိုက်ခိုက်အပြီး တွေ့ရသည့် နွားထိုးကြီးမြို့နယ်မှ ပကဖများ (နွားထိုးကြီးမြို့နယ် ပကဖ)

အဆိုပါတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း အထက်ပါနေရာများအား အကြမ်းဖက်အုပ်စုများမှ ဝင်ရောက်တိုက်ခိုက်ရာ မြို့လယ်နာရီစင်နားအထိ ရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ မြေစာ ရင်းရုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ရေးသားထားကြသည်။

မေ ၂၇ ရက် ညပိုင်း၌ တောင်သာမြို့နယ် ဝဲလောင်ရွာ(အရှေ့ဘက်)ရှိ ဆီမီးကန်တံတားတွင် တပ်စွဲထားသည့် စခန်း၊ မေ ၂၂ ရက်တွင် အင်အားပြန်လည် ဖြည့်တင်းလာသည့် တောင်သာ-ကျောက်ပန်းတောင်းလမ်းပေါ်ရှိ တောင်သာမြို့ မင်္ဂလာဦးရပ်ကွက် စစ်ဆေးရေးဂိတ်နှင့် ဘူတာကုန်းရပ်ဝန်ထမ်း အိမ်ရာများ၊ တောင်သာမြို့အနီးရှိ Off-Take Gus Station အစောင့်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထို့ပြင် မေ ၁၉ ရက်၌ မင်္ဂလာဦးရပ်ကွက် စစ်ဆေးရေးဂိတ်နှင့် အမှတ် ၅ ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများ စီးနင်းတိုက်ခိုက်မှု တွင် ပညာရေးနှင့် မြေစာရင်းဌာနမှ Non CDM အမျိုးသား ၅ ဦး၊ အမျိုးသမီးတဦးနှင့် မိသားစုဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရခြင်း ကြောင့် Non CDM ဝန်ထမ်းများ တောင်သာမြို့ပေါ်မှ တိမ်းရှောင်လာကြသလို တိုက်ပွဲဖြစ်ရာအနီးမှ မြို့ခံအချို့လည်း ဘေးလွတ်ရာသို့ ထွက်ခွာခြင်းများ ရှိနေကြောင်း သိရသည်။

တောင်သာမြို့ခံတဦးက “ဝန်ထမ်းတွေကို PDF တွေက ဖမ်းဆီးတာမျိုးရှိလာတော့ မြို့ပေါ်က အစိုးရဝန်ထမ်းတွေ ထွက်ပြေး တာမျိုးရှိတယ်။ မြို့ခံတွေကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေလောက်ပဲ ရှောင်တိမ်းကြတယ်။ တနေ့က မြို့ပေါ် တိုက်ပွဲတွေ ဖြစ်ပြီးတော့ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ရောက်လာကြတယ်။ မြို့ပေါ်တိုက်ပွဲမှာတော့ နှစ်ဖက်လုံး အထိနာကြ တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်တွေမှာ မီးလောင်တာမျိုးတွေလည်း ရှိတယ်။ ဒီနေ့တော့ မြို့ပေါ်မှာ စစ်ကားတွေ အဝင်အထွက် များနေတယ်။ နေရာတိုင်းလိုလို သူတို့တွေချည်းပဲ” ဟု ပြောသည်။

ထို့ပြင် မေ ၂၆ ရက်ကလည်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စစ်သင်္ဘောနှစ်စီးနှင့် ပခုက္ကူမြို့မှ စစ်သင်္ဘောနှစ်စီး မြင်းခြံ မြို့နယ်၊ ဆီမီးခုံဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ လူအင်အား ၂၀၀ ခန့်နှင့်အတူ လက်နက်၊ ရိက္ခာများ ဖြည့်တင်းခဲ့သေးသည်။

၉/ အညာမြေစစ်ဆင်ရေးကို မြင်းခြံခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်ပြီး မြင်းခြံ ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂ ခု တပြိုင်တည်းတိုက်ခိုက်ခဲ့မှုတွင် စစ်တပ်၊ ရဲ၊ ပျူစောထီး ၅၀ ဦးနှင့်အထက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ၊ ဆိုင်ကယ် ၁၅ စီး၊ ငွေကျပ် ၉၆ သိန်း၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း 9/A Nyar Myae Operation အဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိ မြင်းခြံခရိုင်အတွင်း တိုက်ပွဲများ ပြင်းထန်ခြင်းနှင့်အတူ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ များအနေဖြင့် အသက်အန္တရာယ်ကင်းစေရေး ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားကြရန် တော်လှန်ရေးအင်အားစုများ က အသိပေးတိုက်တွန်းထားသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

မြင်းခြံခရိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းရာ ဒေသတခုဖြစ်ပြီး မိတ္ထီလာလေတပ်နှင့် တံတားဦးလေတပ် ကြားရှိ ခရိုင်တခုဖြစ်ကာ အရှေ့မြောက်ဘက်၌ မန္တလေးမြို့၊ အရှေ့ဘက်၌ တံတားဦး၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မလှိုင်၊ မိတ္ထီလာမြို့နယ်၊ မြောက်ဘက်၌ စစ်ကိုင်းတိုင်း စစ်ကိုင်း၊ မြင်းမူမြို့ နယ်၊ အနောက်ဘက်၌ ညောင်ဦးမြို့နယ်၊ မကွေး တိုင်း ရေစကြို၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ တောင်ဘက်၌ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

You may also like these stories:

၉ / အညာမြေ စစ်ဆင်ရေးကြောင့် မြင်းခြံသို့ သင်္ဘော ၄စီးဖြင့် စစ်ကူပို့

ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ

ဖားကန့်လုံးခင်းတိုက်ပွဲ အရပ်သားတချို့ ဖမ်းခံရ

Your Thoughts …
Tags: ၉/အညာမြေစစ်ဆင်ရေးစစ်တပ်တရုတ်ဂတ်စ်ပိုက်လိုင်းတောင်သာမြင်းခြံခရိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

အမေဖြစ်စေချင်တာကို လုပ်ပေးဖို့ ကြိုးစားရုံပါပဲ (ရုပ်/သံ)

အမေဖြစ်စေချင်တာကို လုပ်ပေးဖို့ ကြိုးစားရုံပါပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved