• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ

by စွယ်တော်
28 May 2025
in ဆောင်းပါး
A A
ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ

၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းအဖွဲ့နှင့် တွေ့ဆုံစဉ် / MOI

2k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်စစ်မှုထမ်းဥပဒေများ အသက်ဝင်ကြောင်း မကြေညာမီ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် စစ်ကောင်စီက စစ်အင်အားရရှိရန်အတွက် ဥပဒေနှင့်မညီသည့်ကိစ္စကို အကြီးအကျယ် ဆောင်ရွက်ခဲ့သည်။

ထိုကိစ္စမှာ အရပ်ဘက် အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် စစ်သားဟောင်းများကို စစ်မှုပြန်ထမ်းခိုင်းခြင်း ဖြစ်သည်။ လက်ရှိ ကျခံနေရသည့်ပြစ်ဒဏ်ကို ကင်းလွတ်ခွင့်ပေးမည်ဟု စည်းရုံးပြီး စစ်မှုထမ်းအဖြစ် ရှေ့တန်းစစ်ဆင်ရေးနေရာများတွင် တာဝန်ထမ်းဆောင်ရန်ဖြစ်သည်။ ထိုကာလသည် စစ်ကောင်စီအနေဖြင့် စစ်ရေးရှုံးနိမ့်မှုဒဏ်ကို မရှုမလှ ခံစားနေရသည့်ကာလလည်း ဖြစ်သည်။

ကြံရာမရဖြစ်နေသည့် စစ်ကောင်စီသည် ခွင့်မဲ့နှင့် စစ်ပြေးများသာမက စစ်မှုထမ်းဟောင်းများပါ တာဝန်ပြန်ထမ်းဆောင်ရန် တောင်းဆိုမှုများရှိခဲ့ခြင်းကြောင့် နီးစပ်ရာတပ်များတွင် စစ်မှုပြန်ထမ်းခြင်းကို လက်ခံမည်ဟု ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် အမျိုးသားနေ့တွင် အကျဉ်းထောင် အသီးသီး၌ စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ ထောင်ဒဏ် ငါးနှစ်အောက် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် အမျိုးသားနေ့တွင် အကျဉ်းထောင် အသီးသီး၌ စစ်ပြေးမှု၊ စစ်စည်းကမ်း ဖောက်ဖျက်မှုတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက်မှ ထောင်ဒဏ် ငါးနှစ်အောက် ပြစ်ဒဏ်ချမှတ်ခံထားရသူများကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပေးရာတွင် ပြစ်ဒဏ်ကျခံလျက်ရှိနေသည့် စစ်မှုထမ်းဟောင်းအရာရှိနှင့် အခြားအဆင့် စစ်သည်များအနက်မှ အခြားအဆင့်စစ်သည်များကိုသာ လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အများစုမှာ စစ်ကောင်စီ၏ စည်းရုံးမှုကို လက်ခံပြီး လွတ်ငြိမ်းခွင့်ရယူကာ တနှစ် စစ်မှုပြန်ထမ်းရန် သဘောတူခဲ့ကြကြောင်း မှတ်တမ်းများအရ တွေ့ရသည်။

သတင်းများအရ ပဲခူးတိုင်း၊ တောင်ငူ အကျဉ်းထောင်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်တွင် လွှတ်ပေးလိုက်သည့် စစ်ပြေးမှုဖြင့် ပြစ်ဒဏ်ကျ အကျဉ်းသား ၆၃ ဦးကို စစ်ကောင်စီတပ်က ထောင်ထွက်လက်မှတ်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အုတ်တွင်းမြို့အခြေစိုက် အမှတ် (၆) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက – ၆) သို့ ပို့ဆောင်ခဲ့ကြောင်းတွေ့ရသည်။

အလားတူ ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်၊ ရခိုင်ပြည်နယ်၊ စစ်တွေထောင်နှင့် မုံရွာ အကျဉ်းထောင်တို့မှ စစ်ပြေးနှင့် ရဲပြေးမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကိုလည်း လွတ်ငြိမ်းခွင့်ပေး၍ အပြင်သို့ ခေါ်ထုတ်သွားခဲ့ကြောင်း တွေ့ရသည်။

အများအားဖြင့် နယ်ဘက်အကျဉ်းထောင်များတွင် အခြားအဆင့်စစ်သည်မှ အကျဉ်သားအဖြစ် ပြစ်ဒဏ်ကျခံနေရသူများမှာ တပ်မတော် အက်ဥပဒေပုဒ်မ ၃၇ အရ စစ်ပြေးမှု ကျူးလွန်သူများဖြစ်သည်။ ပြစ်ဒဏ်ကျခံနေကြရသူများဖြစ်သဖြင့် စစ်တပ်က အငြိမ်းစား နုတ်ထွက်ခွင့်ရသည့်သူများကဲ့သို့ခံစားခွင့်များ မရကြဘဲ စစ်တပ်က ထွက်ခဲ့ရသူများ ဖြစ်သည်။

သူတို့အတွက် ရစရာရှိနိုင်သည်မှာ ပြစ်ဒဏ်ကျခံပြီးကြောင်း သက်သေပြနိုင်သည့် ထောင်ထွက်လက်မှတ် စာရွက်သာရှိသည်။ ထို့ကြောင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး တနှစ် စစ်မှုထမ်းလျှင် ထောင်ကျ၍ မရခဲ့သည့် ခံစားခွင့်များ ပြန်ရနိုင်သည်ဟု မျှော်လင့်ပြီး စစ်ကောင်စီ၏ စည်းရုံးမှုကို အများစုက လက်ခံခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဌာနချုပ်များ၏ အဝင်ဂိတ်နေရာများတွင် ‘ထောင်ကျ၊ ထုတ်ပယ်၊ စစ်ပြေးများ တပ်တွင်း မဝင်ရ’ ဆိုသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲသတိပေးထားလေ့ရှိသည်။ ထိုသို့ စည်းကမ်းသတ်မှတ်ပြီး ထောင်ကျဖူးသူများကို တပ်ဌာနချုပ်အတွင်းသို့ပင် ပေးမဝင်သော စစ်တပ်သည် ထောင်ကျနေသည့် အခြားအဆင့်များကို ပြန်တာဝန်ပေးခြင်းသည် ထွေးပြီးသား တံတွေးကို ပြန်၍မြိုသည့်အလား အရှက်မဲ့လှသည်။

စစ်ကောင်စီတပ်ဌာနချုပ်များ၏ အဝင်ဂိတ်နေရာများတွင် ‘ထောင်ကျ၊ ထုတ်ပယ်၊ စစ်ပြေးများ တပ်တွင်း မဝင်ရ’ ဆိုသည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲသတိပေးထားလေ့ရှိသည်။ ထိုသို့ စည်းကမ်းသတ်မှတ်ပြီး ထောင်ကျဖူးသူများကို တပ်ဌာနချုပ်အတွင်းသို့ပင် ပေးမဝင်သော စစ်တပ်သည် ထောင်ကျနေသည့် အခြားအဆင့်များကို ပြန်တာဝန်ပေးခြင်းသည် ထွေးပြီးသား တံတွေးကို ပြန်၍မြိုသည့်အလား အရှက်မဲ့လှသည်။

ထောင်မှ ခေါ်ယူထားသည့် စစ်သည်များအတွက် တနှစ်ပြည့်ပြီးဖြစ်၍ နုတ်ထွက်ခွင့်ပေးရန်ကိစ္စကို နမခ မှတ်တမ်းဌာနစုက အကြောင်းကြားစာ

ပြစ်ဒဏ်ကျ အခြားအဆင့် စစ်သည်များအား ပြန်လည် တာဝန်ပေးသည့် သတင်းများ ထွက်ပေါ်ချိန်တွင် တာဝန်ထမ်းဆောင်ဆဲ အရာရှိ၊ စစ်သည်များအကြား ဝေဖန်မှု ပြင်းထန်ခဲ့သည်။ တချို့က သူတို့သည် မည်သည့်ရည်ရွယ်ချက်နှင့် ပြန်လာကြောင်း မသိ၍ အတူတွဲပြီး စစ်မတိုက်ရဲကြောင်း၊ လက်နက်ယူပြီး ထွက်ပြေးပါက တာဝန်ရှိသူများ အရေးယူခံရနိုင်ကြောင်းများကို ထောက်ပြပြောဆိုခဲ့ကြသည်။

သတင်းဆက်အရ ထိုကဲ့သို့ လွတ်ငြိမ်းခွင့်ရခဲ့သည့် အကျဉ်းသားများအနက်က အဖွဲ့တချို့ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နယ်မြေ၊ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း (တကရ – ၆၀၀၆) တွင် ထောင်အသီးသီးမှ လွတ်ငြိမ်းပေး၍ ခေါ်ထုတ်ခဲ့သည့် စစ်သားဟောင်းများကို အဓိက စုစည်းပြီး တပ်ရင်းအဆင့် ဖွဲ့စည်းပေးခဲ့ကြောင်း တွေ့ရသည်။

ထိုတပ်ရင်းအဆင့် စုဖွဲ့မှုတွင် အမှတ် ၃၀၆ ခြေလျင်တပ်ရင်း (ခလရ ၃၀၆) နှင့် အမှတ် ၃၀၇ ခြေလျင်တပ်ရင်း (ခလရ ၃၀၇) တို့အဖြစ် စုဖွဲ့ခဲ့ကြောင်းလည်း တွေ့သည်။ ထိုတပ်ရင်းနှစ်ခုတွင် လွတ်ငြိမ်းခွင့်ရ ပြစ်ဒဏ်ကျ အခြားအဆင့် စစ်သည်များ ၁၃၃ ဦးအထိ ပါရှိပြီး ကွပ်ကဲရန်အတွက် အရာရှိ၊ အကြပ်ကြီးနှင့် အကြပ်အဆင့် စစ်သည်များကို အခြားတပ်များက လူဟောင်းများနှင့် တွဲဖက်ကာ တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းခွင့်ရ စစ်သားဟောင်းများနှင့် ဖွဲ့စည်းထားသည့် တပ်ရင်း နှစ်ရင်းသည် နမခ၏ ကွပ်ကဲမှုနယ်မြေအတွင်းရှိ စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့များတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ခဲ့ကြရသည်။ လတ်တလောအထိ တပ်မ ၇၇ ၏ နည်းဗျူဟာ ၇၇၂ ကွပ်ကဲမှုအောက်တွင် ထားရှိကြောင်း သိရသည်။

စစ်တပ်တွင် မနေချင်၍ စစ်ပြေးမှု ကျုးလွန်ထားကြသော်လည်း တနှစ် စစ်မှုထမ်းရုံနှင့် လက်ကျန်ပြစ်ဒဏ် လွတ်ငြိမ်းရမည်ဆိုသည့်အတွက် စစ်မှုပြန်ထမ်းခဲ့ကြသည့် စစ်မှုထမ်းများသည် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အရေးနိမ့်နေသည့် နေရာများသို့ ပို့ဆောင်ခြင်း ခံခဲ့ကြရသည်။

တကရ ၆၀၀၆ တွင် စုဖွဲ့ခဲ့သည့် ခလရ ၃၀၆ နှင့် ခလရ ၃၀၇ တပ်ရင်းများသည် စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားချိန် ပြန်တိုက်ရသည့် တိုက်ပွဲများတွင် ပါဝင်ခဲ့ရသည်။

ထိခိုက်သေဆုံးမှုလည်း များခဲ့ပြီး တရက်တည်း၌ပင် ၁၂ ယောက်အထိ သေဆုံးခဲ့ကြောင်းကို ထိုတိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် လွတ်ငြိမ်းခွင့်ရ စစ်သည်တဦးက ပြောသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကောလင်းကို စစ်ကောင်စီဘက်က ပြန်လည် ထိန်းချုပ်ပြီးချိန်တွင် ခလရ ၃၀၆ နှင့် ခလရ ၃၀၇ တို့ကို တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့သို့ စစ်ကူစေလွှတ်ခဲ့ပြန်သည်။

ထီးချိုင့်က တိုက်ပွဲများတွင်လည်း တကျော့ပြန် စစ်သည်များ ထိခိုက်သေဆုံးမှု များခဲ့ပြန်ကြောင်း သိရသည်။ ယခုအခါ တနှစ် စစ်မှုထမ်းရမည်ဆိုသည့် လွတ်ငြိမ်းခွင့်ရ တကျော့ပြန် စစ်သည်များသည် ပြန်လည် စစ်မှုထမ်းဆောင်သည့် ကာလ တနှစ်နှင့် ငါးလကျော်အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုစစ်သည်များအတွက် တနှစ်ပြည့်ပြီးဖြစ်၍ နုတ်ထွက်ခွင့်ပေးရန်ကိစ္စကို နမခ မှတ်တမ်းဌာနစုက ၂၆-၁၁-၂၀၂၄ ရက်စွဲပါစာဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး (ကကတမ်း) သို့ တင်ပြထားပြီးဖြစ်ကြောင်း တွေ့ရသည်။

တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး (ကကတမ်း) က နုတ်ထွက်ခွင့် ကိစ္စရပ်များအား ဆိုင်းငံ့ထားရန် စာဖြင့် ညွှန်ကြားချက်

ကကတမ်းမှ စစ်ရေးချုပ်ရုံး၏ အမိန့်အာဏာအရ ခွင့်ပြုသဖြင့် ၂၄-၁၂-၂၀၂၄ ရက်စွဲပါစာဖြင့် အခြားအဆင့်စစ်သည် ၁၃၃ ဦး၏ နုတ်ထွက်ခွင့်ကိစ္စရပ်များအား ခွင့်ပြုပါသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် အကြောင်းကြားခဲ့ကြောင်း တွေ့ရသည်။

သို့သော် သတ်မှတ်ကာလ တနှစ်ကျော်လွန်ပြီး သုံးလခန့်အကြာ ၂၀၂၅ ခုနှစ်၊ မတ်လတွင် ကကတမ်းက နုတ်ထွက်ခွင့် ကိစ္စရပ်များအား ဆိုင်းငံ့ထားရန် စာဖြင့် ညွှန်ကြားပြီး ဆိုင်းငံ့စေပြန်သည်။

စာတွင် လွတ်ငြိမ်းခွင့်ရ စစ်သည်များ တာဝန်ထမ်းဆောင်သည့်ကာလ တနှစ်ပြည့်မြောက်၍ နုတ်ထွက်ခွင့်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်သော်လည်း အများစုမှာ စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး တာဝန်များ ထမ်းဆောင်နေရသဖြင့် နုတ်ထွက်ခွင့်ကိစ္စရပ်များ လတ်တလော ဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် စစ်သည်များ၏ နုတ်ထွက်ခွင့်အား ခေတ္တဆိုင်းငံ့သွားရန်ဟု ပါရှိသည်ကို တွေ့ရသည်။

လက်ကျန် ထောင်ဒဏ် လျှော့ရန်အတွက် စစ်မှု တနှစ် ပြန်ထမ်းဆောင်သော်လည်း ထောင်သက်ထက် စစ်သက်ကပိုရှည်မည့်သဘောကြောင့် လွတ်ငြိမ်းခွင့်ရ တကျော့ပြန် စစ်သည်များ ပေါက်ကွဲ နေကြသည်ဟု ကြားသိရသည်။

လက်ကျန် ထောင်ဒဏ် လျှော့ရန်အတွက် စစ်မှု တနှစ် ပြန်ထမ်းဆောင်သော်လည်း ထောင်သက်ထက် စစ်သက်ကပိုရှည်မည့်သဘောကြောင့် လွတ်ငြိမ်းခွင့်ရ တကျော့ပြန် စစ်သည်များ ပေါက်ကွဲ နေကြသည်ဟု ကြားသိရသည်။

တနှစ်ပြည့်မည့်ရက်ကို လက်ချိုးရေပြီး ပြန်ထွက်ခွင့်ရရန် အန္တရာယ်များကြားက စောင့်နေသည့် တကျော့ပြန် စစ်မှုထမ်းများသည် ကတိမတည်သည့် စစ်တပ်ခေါင်းဆောင်များကို ရွံရှာမုန်းတီးနေကြကြောင်းလည်း ကြားသိရသည်။

နုတ်ထွက်ခွင့်ပေးရန် အခက်အခဲအဖြစ် သူတို့အကြောင်းပြသည့် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး တာဝန်များသည် ပြန်လည် စစ်မှုထမ်းကာလ တနှစ်အတွက် ဆောင်ရွက်ပေးနေကြခြင်း ဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

ထိုအကြောင်းအရာကို နားလှည့်ပါးရိုက်ပြီး စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး တာဝန်များကို မအားလပ်အောင် ပြုလုပ်နေရသည့် အရေးအသားမျိုးဖြင့် နုတ်ထွက်ခွင့်ကို ဆိုင်းငံ့ထားလေသည်။

တကျော့ပြန် စစ်မှုထမ်းဟောင်းတဦးက “တပ်မတော်မှာ မနေချင်လို့ ထောင်ကျခံပြီး ထွက်ခဲ့တာ၊ ထောင်ကထုတ်ပြီး စစ်သားပြန်လုပ်ခိုင်းပါတယ်။ ဒီလိုမှန်းသိရင် လွတ်ငြိမ်း မယူဘဲ ထောင်ထဲမှာပဲ အချိန်ကုန်ခံခဲ့ပါတယ်ဗျာ။ အခုတော့ အသက်ကို ဖက်နဲ့ထုတ်ပြီး နုတ်ထွက်ခွင့်ရမယ့်နေ့ကို စောင့်နေရတယ်” ဟု ညည်းတွားပြောဆိုလေသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုမထမ်းလို (ရုပ်/သံ)

AA အနေဖြင့် စစ်မှုထမ်းဟောင်းများကို သတ်ဖြတ်မှု ဆက်မလုပ်ရန် ထုတ်ပြန်

ပွဲကြိုက်မောင်နဲ့ လူမလေး ခွေးမခန့် စစ်တပ် (ရုပ်/သံ)

ပြည်သူ့လုံခြုံရေး သင်တန်းပေးထားတဲ့ သက်ကြီးပိုင်းတွေကို စတင်အသုံးပြု (ရုပ်/သံ)

တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ

အင်အားပြုန်းတီးနေသော စစ်တပ်က အငြိမ်းစားစစ်သားများကို ရှေ့တန်းပြန်ပို့မည်

Your Thoughts …
Tags: စစ်ကောင်စီစစ်မှုထမ်းဟောင်းစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုတပ်ပြေး
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘက်လိုက်မှုနှင့် ဆင်ဆာကြောင့် အစ္စရေးများ ဂါဇာအငတ်ဘေးအပေါ်  အမြင်လွဲ

ဘက်လိုက်မှုနှင့် ဆင်ဆာကြောင့် အစ္စရေးများ ဂါဇာအငတ်ဘေးအပေါ် အမြင်လွဲ

ငလျင်ပြန်လည်ထူထောင်ရေး ဘိလပ်မြေရှားပါးမှုကြောင့် အခက်တွေ့

ငလျင်ပြန်လည်ထူထောင်ရေး ဘိလပ်မြေရှားပါးမှုကြောင့် အခက်တွေ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved