• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

by ဧရာဝတီ
21 October 2025
in သတင်း
A A
ထောက်ပံကြေး ကျပ် ၁ထောင်တိုးသော်လည်း အလုပ်သမားတို့ မလုံလောက်

၂၀၂၀ ဧပြီလက လှိုင်သာယာစက်မှုဇုန်တွင် အလုပ်ဆင်းနေသည့် အလုပ်သမားများ/ဧရာဝတီ

184
VIEWS
Share on FacebookShare on Twitter

စစ်ကော်မရှင်က ရွေးကောက်ပွဲနီးလာချိန် စည်းရုံးရေးအနေဖြင့် နေ့စားအလုပ်သမားများအား အပိုထောက်ပံ့ကြေး ကျပ် ၁ထောင်တိုးပေးသော်လည်း လက်ရှိကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဖူလုံမှုမရှိဟု အလုပ်သမားများက ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အောက်တိုဘာ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက် အရ လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ အပေါ် အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၁,၀၀၀ တိုးမြှင့်ပေးကြောင်း ဆိုထားပြီး ဤသည်မှာ တတိယအကြိမ်တိုးပေးခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး ၄နှစ်အတွင်း လုပ်ခလစာ ၃ကြိမ်တိုးသော်လည်း ငွေကြေးဖောင်းပွမှု၊ စစ်ကော်မရှင်က ပြည်ပမှ စားသောက်ကုန်၊ လူသုံးကုန် တင်သွင်းခြင်းကို တားမြစ်မှုတို့ကြောင့် ရှားပါးနေသည့် အခြေအနေတွင် မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် ကျပ်တထောင်မှာ ဖူလုံသည့် လုပ်ခလစာမဟုတ်ကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ များက ပြောသည်။

အထွေထွေအလုပ်သမားများ အဖွဲ့ချုပ် (FGWM) ၏ ပြောရေးဆိုခွင့်ရှိသူ မအိက “တကယ်တော့ စစ်ကော်မရှင်က တိုးပေး တာက အနိမ့်ဆုံး လုပ်ခလစာ မဟုတ်ဘူး။ အမှန်တကယ် အလုပ်သမားတွေပေါ် စေတနာ ရှိတယ်ဆိုရင် အနိမ့်ဆုံး လုပ်ခ လစာ ပြောင်းလဲ သတ်မှတ်ပေးရမှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ထောက်ပံ့ကြေးအနေနဲ့ ပေးနေတယ်။ တထောင်တိုးပေးလည်း အလုပ်သမားတွေအတွက် ဘာမှ ပြောင်းလဲသွားတဲ့ အခြေအနေ မရှိဘူး” ဧရာဝတီကို ပြောသည်။

ထိုသို့ တိုးပေးခြင်းမှာလည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်ရန်အတွက်ပေးခြင်းမျိုးဟု သုံးသပ်ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မအိက “လုပ်ခလစာ ပြောင်းလဲသတ်မှတ်တယ်ဆိုရင် အချိန်ပိုကြေး (အိုတီ)လည်း ပြောင်းလဲတွက်ချက်ပေးရတယ်၊ ဒါကို ပေးရမှာ စိုးတော့ အပိုထောက်ပံ့ကြေးဆိုပြီး ပေးတာ။ ဒီလို ထောက်ပံ့ကြေးက အလုပ်ရှင်က ပေးချင်လည်းပေးမယ် မပေးချင်လည်း မပေးဘူးဆိုတဲ့ ပုံစံမျိုးဖြစ်တာပေါ့” ဟု ဆိုသည်။

ပြည်တွင်း အထည်ချုပ်အလုပ်သမားများမှာ ယခုနှစ် မေလနောက်ပိုင်းမှစတင်၍ လုပ်အားခ တိုးတောင်းသည့် သပိတ်များ ဆက်တိုက်ပြုလုပ်ခဲ့ရာ စက်ရုံတချို့က ၁ ရက်လျှင် ကျပ် ၁သောင်းမှ ၁သောင်းကျော် တိုးပေးသည်များလည်းရှိနေသဖြင့် ယခုကြေညာချက်ကြောင့် အလုပ်ရှင်များက စစ်ကော်မရှင် သတ်မှတ်ချက်အတိုင်း ကျပ် ၇,၈၀၀ ပေးမည်ဟု ပြန်လည် ပြောင်းလဲလာနိုင်သဖြင့် အလုပ်သမားများ စိုးရိမ်မှုများ ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

“အခု သူတို့တိုးပေးတာက အလုပ်သမားတွေပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တယ်။ အခု ၁,၀၀၀ နဲ့အထက် ပေးထားတဲ့ စက်ရုံတွေဆိုရင် ဒါက ငါတို့ အစိုးရကို ကျော်လွန်ပြီး ပေးထားတာ ပြန်လျှော့မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားနိုင်တယ်။ ဒီပေါ်မှာ လည်း အလုပ်သမားတွေက မျက်ခုံးလှုပ်နေရတာပေါ့။ ကုန်ဈေးနှုန်း တက်တယ်။ ၄,၈၀၀ ကျပ်အပေါ် အခြေခံပြီးတော့ အိုတီကြေး ဆိုလည်း သွားနေရတဲ့အခြေအနေဖြစ်တော့ တလ နှစ်သိန်းခွဲ သုံးသိန်းလောက်နဲ့ ဘယ်လိုမှ ရပ်တည်လို့ မရဘူး။ အခန်း ကျဉ်း အိမ်လစာ တလစာတင် တသိန်းခွဲလောက် ဖြစ်နေပြီ။ ကြက်ဥ တလုံး ၅၀၀ ကနေ လုပ်ခလစာတွေ တိုးတောင်းတဲ့ အချိန်မှာ ၇၀၀ ကျပ်ဖြစ်တယ်။ အဲဒီတော့ အလုပ်သမားတွေက တိုးသာတောင်းနေရတယ်။ ကုန်ဈေးနှုန်းက သူတို့ တိုးတောင်းတာထက် ပိုမြင့်နေတယ်” ဟု လက်ရှိအခြေအနေကို မအိက ပြောဆိုသည်။

ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများအပြင် ရန်ကုန်မြို့ရှိ ရွှေ့ပြောင်းလုပ်သမားများ ရင်ဆိုင်နေရသည့် ပြဿာနာမှာ အဆောင်ခ၊ ရေခ၊ မီတာခ များပါ လိုက်ပါ တိုးမြင့်နေခြင်းကြောင့် လက်ရှိ အနိမ့်လုပ်အားခ ကျပ် ၁၀,၀၀၀ သတ်မှတ်လျှင်ပင် အလုပ် သမားများအတွက် ဖူလုံသည့်ပမာဏ မဟုတ်သေးကြောင်း သိရသည်။

အမှန်တကယ် အလုပ်သမားများအား အနိမ့်ဆုံးလုပ်အားခကို မြင့်တက်လာသည့် ကုန်ဈေးနှုန်း၊ ခေတ်ကာလနှင့် လျှော်ညီစွာ သတ်မှတ်ပေးမှသာ နောက်ဆက်တွဲ အချိန်ပိုကြေးများလည်း သတ်မှတ်ချက်အတိုင်း တိုးမြင့်လာနိုင်သဖြင့် အလုပ်သမား များအတွက် အနည်းငယ် အသက်ရူချောင်နိုင်မည့် အခြေအနေရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများကလည်း ဆိုကြသည်။

လက်ရှိ လပိုင်းအတွင်းမှာပင် ယခင်က မိသားစု သုံးဦး၊ လေးဦး နေထိုင်နိုင်သည့် အခန်းကျဉ်း တခန်းလျှင် ၇၅,၀၀၀ ကျပ်၊ ၈၀,၀၀၀ ကျပ်ရှိရာမှ ယခုအခါ ၈,၀၀၀၀ ကျပ်ကျော်၊ ၉,၀၀၀၀ ကျပ်အထိ ပေးရခြင်းများအထိ ရှိလာပြီး အခြေခံ သာမန် လူတန်းစားသည့် ဆန်ကြမ်း တပြည်မှာပင် ၆,၀၀၀ ကျပ်အထိ ရှိနေသဖြင့် စစ်ကော်မရှင် သတ်မှတ်ပေးသည့် လုပ်ခ ကျပ် ၇,၈၀၀ ကျပ်မှာ အဆင်ပြေနိုင်သည့် အနေအထား မဟုတ်ကြောင်း လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ် အလုပ်သမားတဦး က ပြောသည်။

၎င်းက “ပြည်တွင်းထဲက အလုပ်ရုံ၊ အထည်ချုပ်တွေက နေ့စဉ် ဒေးကြေး ၁၀,၀၀၀ ကျပ်၊ ၁၂,၀၀၀ ကျပ် တောင်းတယ်။ ဖြစ်ကုန်တာ ရှိတယ်။ ပြောမယ်ဆိုရင် အလုပ်သမားတယောက်အတွက် အခု သူတို့ တိုးပေးတယ်ဆိုတဲ့ ပမာဏက ကုန်ဈေးနှုန်းနဲ့ဆို ရင်မခုန်ဘူးပေါ့။ အပိုထောက်ပံ့ကြေးလို့ ပေးတဲ့ ကျပ် ၁,၀၀၀ က ဆေးလိပ် တလိပ်ဖိုးတောင် မရှိဘူး။ မနက်စာ အသုပ် တပွဲဖိုး မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ထောက်ပံ့ကြေး ၁ ထောင်တိုးပေးသည့် ကြေညာချက်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအား လက်ရှိထောက်ပံ့နေသည့် အပိုထောက်ပံ့ကြေး ကျပ်ခြောက်သောင်းအပြင် ထပ်မံ၍ ကျပ်သုံးသောင်းကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ် ခံစားခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စက်တင် ဘာ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကော်မရှင်လက်အောက်ရှိ ဝန်ထမ်းများအား ထိုထောက်ပံ့ကြေးကို ၂၀၂၃ အောက်တိုဘာတွင် ငွေကျပ် ၃ သောင်းအဖြစ် ပထမအကြိမ်၊ ၂၀၂၄ တွင် ၃ သောင်းနှုန်းဖြင့် ဒုတိယအကြိမ်၊ ၂၀၂၅ တွင် တတိယအကြိမ် ၃ သောင်းနှုန်းဖြင့် စုစုပေါင်း လစာ အပြင် ထောက်ပံ့ကြေး ၉ သောင်း ရရှိမည်ဖြစ်သည်။ သို့သော် နေ့စား အလုပ်သမားများမှာမူ ၃ နှစ်အတွင်း ၁ ထောင်ကျပ် နှုန်းဖြင့် စုစုပေါင်း ၃ ထောင် ထောက်ပံ့ကြေးဟုဆိုကာ တိုးပေးခဲ့ခြင်းဖြစ်သည်။

You may also like these stories:

သွင်းကုန်ပိတ်၍ ကျပ်ငွေတန်ဖိုး မာလာသော်လည်း ကုန်စျေးနှုန်းတက်

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
24
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
59

အထည်ချုပ် တိုးမြှင့်တင်ပို့ဖို့ စစ်ကော်မရှင် တိုက်တွန်းမှု ဖြစ်နိုင်မလား

စံချိန်တင်သည့် ရွှေဈေးသတင်း ထုတ်မပြောဖို့ စစ်ကော်မရှင် ပိတ်ပင်

Your Thoughts …
Tags: ကုန်ဈေးနှုန်းစစ်ကော်မရှင်ထောက်ပံ့ကြေးလုပ်ခလစာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

ကျနော်ကတော့ နေတိုးကို အံ့ဩတယ်

by ဧရာဝတီ
1 November 2025
19.6k

ပြည်တွင်းထဲမှာနေနေရလို့ စားဝတ်နေရေး၊ ရှင်သန်ရေးအတွက် အလုပ်တွေလုပ်ကြရတာပဲဆိုပြီး မလွန်ကျွံ နေသရွေ့ အားလုံးက နားလည်ပေးထားတာပဲ။ အဲဒါကိုမှ ကုလားအုပ်လို ခေါင်းလေးဝင်၊ ကိုယ်လုံးလေးဝင်နဲ့ တစထက် တစ စော်ကားလာကြတဲ့၊ အနေအထိုင်မတတ်ကြတဲ့သူတွေ ရွံစရာကောင်းလောက်အောင်ကို သိပ်မိုက်ရိုင်းလွန်းတယ်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

Next Post
မဟာချိုင်မှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတဲ့မြန်မာတွေ အခြေအနေ စိုးရိမ်ရ (ရုပ်/သံ)

မဟာချိုင်မှာ အစုလိုက်အပြုံလိုက် အဖမ်းခံရတဲ့မြန်မာတွေ အခြေအနေ စိုးရိမ်ရ (ရုပ်/သံ)

ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ

ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved