• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ

by ဧရာဝတီ
21 October 2025
in သတင်း
A A
ခိုးမှုစွပ်စွဲပြီး မိခင်နှင့်ကလေးအား လက်ရောက်ကျူးလွန်သည့်ဆိုင်ရှင် အဖမ်းခံရ
2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် စတိုးဆိုင်တခုအတွင်း ပစ္စည်းခိုးယူသည်ဟုစွပ်စွဲကာ ကလေးနှင့်မိခင်ဖြစ်သူတို့အား ဓာတ်တိုင်၌ ကြိုးဖြင့်ချည်ခဲ့သည့် ဆိုင်ရှင်အမျိုးသမီးကို လှိုင်သာယာမြို့မရဲစခန်းတွင် ယနေ့နေ့လယ်ပိုင်း၌ ဖမ်းဆီး ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူတဦးက ဧရာဝတီကို ပြောသည်။

လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ် ဖွင့်ထားသည့် စတိုးဆိုင်ပိုင်ရှင်က ၎င်းဆိုင်အတွင်းသို့ ပစ္စည်းဝင်ခိုး သည်ဆိုကာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှင့် အသက် ၃ နှစ်ခန့်ရှိ ကလေးငယ်တို့ကို ဖမ်းဆီးရိုက်နှက်ခြင်း၊ လမ်း ဘေးဓာတ်တိုင်၌ ကြိုးတုပ်ခြင်းများပြုလုပ်ပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့ရာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဆိုင်ရှင်ကို တရားစွဲရန် ကြိုးပမ်းနေသူ အမျိုးသားတဦးက “လက်ရှိမှာ နှစ်ယောက်စလုံးကို လှိုင်သာယာမြို့မစခန်းမှာ ထိန်းသိမ်းထားတယ်။ ဒီနေ့လယ်တနာရီကျော်လောက်က ဖမ်းမိတာပါ။ ရဲက အမှုမစစ်ရသေးတော့ လောလောဆယ် ပြောခွင့်မရသေးဘူး။ မနက်ဖြန်ကျရင်တော့ ဆိုင်ရှင်ကို တရားစွဲဆိုသွားမှာပေါ့။ ကလေးအမေ အမျိုးသမီးကလည်း ခိုးတဲ့အမှုမြောက်နေတာဆိုတော့ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရမှာပေါ့။ တဖက်မှာလည်း ကိုယ်ထိလက်ရောက် ကျူးလွန်တာ အတွက်လည်း လုပ်သွားမှာပါ” ဟု ပြောသည်။

ဆိုင်ရှင်အမျိုးသမီးအား ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဆဲရေးပြောဆိုမှုနှင့် အွန်လိုင်းပေါ် ဗီဒီယိုဖိုင် ဖြန့်ဝေမှုများ အတွက် အမှုဖွင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
111
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
24
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
59

“ဒီကိစ္စကို တရားမျှတမှုမရှိဘူး ခံစားရတာရယ်၊ ပိုက်ဆံရှိ ပါဝါရှိတယ်ဆိုပြီး ကြီးနိုင်ငယ်ညှဥ်းလုပ်တဲ့သူတွေ မလုပ်ရဲ အောင်ရယ် အဲဒီစိတ်နဲ့ အကူအညီတောင်းပြီး လုပ်ဖြစ်လိုက်တာပါ။ ကလေးနဲ့ပတ်သက်ပြီးတော့က တခြားကူညီတဲ့သူ တွေ လုပ်ပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။

အမျိုးသမီးနှင့် ကလေးသူငယ်အရေး ကူညီဆောင်ရွက်ပေးနေသည့် ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေတဦးက လည်း “ကိုယ်ထိလက်ရောက် ကျူးလွန်တာဖြစ်တဲ့အတွက် ၃၂၃၊ ဆဲဆိုတာပါတဲ့အတွက် ၂၉၄၊ အွန်လိုင်းပေါ်တင်တာ ဖြစ်တဲ့အတွက် ၆၆(ဃ)နဲ့ စွဲလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အဆိုပါဖြစ်စဥ်တွင် အမျိုးသမီးနှင့်အတူ ပါလာသည့် ကလေးငယ်အား လူမှုကူညီရေးအဖွဲ့များက ကူညီဆောင်ရွက် ပေးရန် လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက “လူကြီးတွေရဲ့ အပြုအမူက ဘယ်လိုပဲရှိကြပါစေ ငယ်ရွယ်ပြီး မသိနားမလည်သေးတဲ့ကလေးကိုပါပူးတွဲပြီး ဒီလိုမျိုးလုပ်တယ်ဆိုတာ ကလေးသူငယ်အခွင့်အရေးအရရော မလုပ်သင့် ဘူး။ ကလေးမှာ စိတ်ဒဏ်ရာလည်းရနိုင်တယ်။ ကလေးအမေက ပစ္စည်းခိုးမိတာမှန်တယ်ဆိုရင်တောင် ကလေးကို ဖယ်ဖို့လိုတယ်။ သက်ဆိုင်ရာကို အပ်ပေးဖို့လိုတာပေါ့။ အခုလို အရွယ်မရောက်သေးတဲ့ ကလေးကိုပါ နေပူထဲမှာရောပြီး အပြစ်ပေးတာတော့ လက်ခံနိုင်စရာမရှိပါဘူး။ ကလေးကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အကြမ်းဖက်မှု မြောက်ပါတယ်” ဟု ပြောသည်။

ကလေးငယ်အား လိုက်လံရှာဖွေနေသည့် လူမှုကူညီရေးအဖွဲ့ ၁၀ ခုထက်မနည်းရှိနေပြီး ကလေးအတွက် လိုအပ်မည့် အရာများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ယခုလိုကူညီခြင်းသည် ခိုးယူမှုကို အားပေးခြင်းမဟုတ်ဘဲ ကလေးဘက်မှ ရပ်တည်ခြင်းသာဖြစ်ကြောင်း၊ ကလေး၏ အမှန်တကယ်လိုအပ်ချက်များအား ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါဖြစ်စဥ်အတွင်း ခိုးယူသည်ဟု စွပ်စွဲခံရသည့် အမျိုးသမီးနှင့် ကလေးငယ်ကိုတွဲ၍ ဓာတ်တိုင်တွင် ကြိုးတုပ်သည် အထိ ဖြစ်ခဲ့ပြီး ကလေးငယ်ကို ရေနွေးပူဖြင့်လောင်းမည်ဟု ဆိုင်ရှင်၏ အပြောအဆိုကြောင့်လည်း ဝေဖန်မှုများပြင်း ထန်ခဲ့ကာ ဖမ်းဆီးအရေးယူရန် တောင်းဆိုမှုများရှိနေသည်။

ထိုသို့ ကလေးငယ်အား နှိပ်စက်ညှဥ်းပမ်းမှုအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ အရ ပြစ်မှု မြောက်ပြီး ထောင်ဒဏ် ၂ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ၊ သို့မဟုတ် နှစ်မျိုးလုံး ချမှတ်နိုင်ကြောင်း၊ ကလေးငယ်၏ ဂုဏ်သိ က္ခာကို ထိခိုက်စေသည့် အပြုအမူများကြောင့် နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးသဘောတူညီချက် (UNCRC) ကိုလည်း ဖောက်ဖျက်နေကြောင်း ထောက်ပြမှုများလည်းရှိသည်။

You may also like these stories:

စတားလင့်ခ်ဖြင့် မြန်မာငွေလိမ်လုပ်ငန်းများ ဆက်လက် ထွန်းကားနေ

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

အကျပ်အတည်းတွေကြား တိုးလာတဲ့ အဆုံးစီရင်မှုများ

Your Thoughts …
Tags: ကလေးသူငယ်အခွင့်အရေးခိုးမှုဆိုင်ပိုင်ရှင်ညှဥ်းပန်းနှိပ်စက်ဖမ်းဆီးလှိုင်သာယာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

by ဧရာဝတီ
11 July 2024
9.9k

ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းအား မကြာမီ တရားစွဲမည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

by ဧရာဝတီ
5 June 2025
7.9k

နိုင်ငံတဝန်း နယ်မြေနှင့်စစ်စခန်းများ လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ၊ စစ်ခေါင်းဆောင်၏ အားနည်းချက်များအပေါ် ဝေဖန်ပြစ်တင်သည့် စစ်တပ်ထောက်ခံသူများ ဖမ်းဆီးခံရလျက်ရှိရာ ဇွန် ၂ ရက်တွင် ဇော်ဘုန်းဟိန်းဆိုသူ ဖမ်းခံရပြန်သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး သမ္မတထရမ့်ကို တောင်းဆိုမယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး သမ္မတထရမ့်ကို တောင်းဆိုမယ် (ရုပ်/သံ)

မေးခွန်းထုတ်ခံနေရတဲ့ စစ်တပ်ရဲ့ KK Park ဟန်ပြစီးနင်းမှု (ရုပ်/သံ)

မေးခွန်းထုတ်ခံနေရတဲ့ စစ်တပ်ရဲ့ KK Park ဟန်ပြစီးနင်းမှု (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved