• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

by ဧရာဝတီ
5 June 2025
in သတင်း
A A
စစ်ကောင်စီကို ဝေဖန်၍ အဖမ်းခံရသည့် တပ်ထောက်ခံသူ များလာ

ပြီးခဲ့သည့်လက ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်း အဖမ်းခံရပြီးနောက် ယခု ဇွန်လ ၂ရက် တွင် ဇော်ဘုန်းဟိန်းအဖမ်းခံရသည် (ဧရာဝတီ)

7.9k
VIEWS
Share on FacebookShare on Twitter

စစ်တပ်အာဏာသိမ်းပြီး ၄နှစ်ကျော်လာချိန် နယ်မြေနှင့် စစ်စခန်းများ ဆုံးရှုံးမှုများလာသည်နှင့်အမျှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှုများအပေါ် တပ်ထောက်ခံသူတို့ ပြင်းပြင်းထန်ထန်ဝေဖန်ကြသဖြင့် မကြာခဏ ဖမ်းဆီးသည့် သတင်းများ ထွက်ပေါ်နေရာ ဇွန် ၂ ရက်က ဇော်ဘုန်းဟိန်းဆိုသူ ဖမ်းခံရပြန်သည်။

ဇော်ဘုန်းဟိန်းသည် စစ်တပ်ထောက်ခံသူအဖြစ် လူသိများပြီး လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျပါက မိမိကိုယ် မိမိပင် မီးရှို့ကာ သတ်သေမည်ဟု ကြုံးဝါးဖူးသူဖြစ်သည်၊ ယခုအခါ ပြင်ဦးလွင်မြို့နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာချုပ်၏ မန္တလေးနန်းတွင်းစစ်ကြောရေးကို ခေါ်ဆောင်ကာ စစ်ဆေး မေးမြန်းနေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ခံတဦးက “လက်ရှိ သူ့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ရန်ကုန်မှာ အမှုဖွင့်ခံထားရတာတော့ရှိတယ်။ အခုက ဘာကြောင့်ဖမ်းတယ်၊ ဘာပုဒ်မတွေ တပ်မယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ နောက်ပိုင်း ခံဝန်နဲ့ ပြန်လွှတ်ပေးရင်တော့ မပြောတတ်ဘူး။ အခုထိတော့ ပြန်မလွှတ်သေးတာ သေချာတယ်” ဟု ဧရာဝတီကို ပြောသည်။

ဇော်ဘုန်းဟိန်းကို ဆက်သွယ်ရေးဥပဒေ၊ သစ်မှောင်ခိုမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင်ရန် လုပ်ဆောင်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တခုဖြစ်သည့် ဟန်ငြိမ်းဦးအကောင့်၌ ရေးသားထားသလို ဖမ်းဆီးခံရမှုအပေါ် ကန့်ကွက်နေသူများသည် စစ်တပ်ကို တော်လှန်ပုန်ကန်ဖြုတ်ချရန် ကြံစည်နေသော ပူးသတ်သူလျှိုများဖြစ်၍ ၎င်းဘက်တော်သား မှန်သမျှကိုလည်း ဖမ်းဆီးရမည်ဟု လှုံ့ဆော်ထားသည်။

လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆိုလေ့ရှိသည့် ဇော်ဘုန်းဟိန်း ဖမ်းဆီးခံရရေး စစ်လော်ဘီဟန်ငြိမ်းဦးက အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် တပ်မတော်ကို ချစ်မြတ်နိုးသူဖြစ်၍ ခံဝန်ဖြင့် ပြန်လွှတ်ပေးရန် စသည်ဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး (မဘသ) ဦးဆောင်သူတချို့နှင့် စစ်တပ်ထောက်ခံသူများက ရေးသားထားကြသည်။

“ဇော်ဘုန်းဟိန်းက စစ်လော်ဘီ ဘောမဖြစ်နေလို့ မကြိုက်ဘူး။ ဒါပေမယ့် စစ်တပ်ထဲမှာဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ ကို ဖော်ထုတ်ပြောဆိုနေတာမျိုးတော့ သဘောကျတယ်။ အခုဖြစ်စဉ်ကတော့ သူတို့ ဘောမအချင်းချင်း ငြိကြပြီး ဖြစ်ကြ တာ။ ဟန်ငြိမ်းဦးဆိုတာ ဘယ်သူမှန်းမသိပေမယ့် သူ့အကောင့်ကတင်တာနဲ့ အဖမ်းခံရတာတော့ ထူးခြားတယ်။ ရှေ့မှာ လည်း ငါးမင်းဆွေတို့၊ ဦးကျော်ဇေယျတို့လည်း ဟန်ငြိမ်းဦးအကောင့်က တင်ပြီးမကြာဘူး အဖမ်းခံခဲ့ကြရတာပဲလေ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်ဆိုသူကလည်း ဇော်ဘုန်းဟိန်းသည် စစ်ခေါင်းဆောင် အပါအဝင် စစ်တပ် အရာရှိကြီးများကို ဆဲဆိုခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင် ပုဒ်မ ၆၆(ဃ) ဖြင့် ၂၀၂၅ မေ ၅ ရက်၌ အမှုဖွင့်ထားကြောင်း သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
102
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

စစ်တပ်ထောက်ခံသူတဦးက “သူတို့ကောင်းကြောင်း၊ တော်ကြောင်းတွေကိုပဲ ကောင်းကောင်းမွန်မွန် ထောက်ခံပြောဆိုရင် ဘာမှမဖြစ်ဘူး။ အဲဒီလိုမဟုတ်ဘဲ အမှားတွေကို ထောက်ပြပြောဆိုဝေဖန်ရင် အကုန်အဖမ်းခံရမယ်ဆိုတာ သတိပေးလိုက် တာပဲလို့ မြင်တယ်” ဟု ဆိုသည်။

ဇော်ဘုန်းဟိန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ၎င်းသည် ဖမ်းဆီးမခံရမီ အချိန်က စစ်လော်ဘီများဖြစ်ကြသည့် ကျော်စိုးဦး၊ သဇင်ဦးတို့နှင့်အတူ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(နမခ) အပါအဝင် စစ်ကိုင်းနှင့် မန္တလေးမြို့များသို့ သွားရောက်ခဲ့သေးသည်။

ထိုသို့သော အခြေအနေများကြောင့် စစ်တပ်ထောက်ခံသူများကြား အုပ်စုကွဲမှုများဖြစ်ပေါ်နေပြီး စစ်ကောင်စီကလည်း ၎င်းတို့အား ဝေဖန်သည့် တပ်ထောက်ခံသူများအား ဖမ်းဆီး၍ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချ သည့် ပုဒ်မများဖြစ်သော နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ ၁၂၄ ဥပဒေများဖြင့်ပါ အရေးယူထောင်ချလျက်ရှိသည်။

အဆိုပါဖြစ်စဉ်များအနက် မိတ္ထီလာမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦးနှင့် အချေအတင် စကားများခဲ့သည့် ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကိုလည်း မေ ၂၇ ရက်၌ တရားရုံထုတ်ပြီး ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ)တို့ဖြင့် တရားစွဲဆို ကာ မိတ္ထီလာအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

မေလက အဖမ်းခံရသည့် မိထ္တီလာပျူစောထီးခေါင်းဆောင် ဇော်ယုထွန်း

ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းသည် အငြိမ်းစား အုပ်ခွဲတပ်ကြပ်ကြီးတဦးဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် သတင်းပေးခြင်း၊ လုံခြုံရေးယူပေးခြင်းများ ပြုလုပ်ပေးနေရာမှ ပြည်သူ့စစ်သင်တန်း တက်ရောက်၍ မိတ္ထီလာမြို့ ပျူစောထီးခေါင်းဆောင်တဦးဖြစ်လာကာ စစ်ဆေးရေးဂိတ်များတွင် တာဝန်ပေးခံထားရသူ ဖြစ်သည်။

မိတ္ထီလာမြို့နယ်အတွင်း စစ်မှုထမ်းအတွက် လူစားထိုးငွေကြေးကောက်နေမှု၊ လူစားထိုးရန် ငွေကျပ်သိန်းဆယ်ချီ ပေးနေရမှု နှင့် ပေါ်တာဆွဲ ဖမ်းဆီးနေမှုများကြောင့် လူငယ်များ အပြင်မထွက်ရဲကြတော့ကြောင်း ရေးသားခဲ့၍ နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ မေ ၁၅ ရက်တွင် ၎င်းအား ဖမ်းဆီးခဲ့ ရာ စစ်တပ်ထောက်ခံသူများကြား အမြင်ကွဲလွဲခဲ့သလို မိတ္ထီလာပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးကျော် နုတ်ထွက်ခဲ့ကြသည်။

ထို့အတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ရွာ ဗိုလ်ချုပ်လမ်းနေ စစ်တပ်ထောက်ခံသူတဦးဖြစ်သည့် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကိုလည်း စစ်ခေါင်းဆောင်အား လူမှုကွန်ရက်ပေါ်၌ ဝေဖန်သရော်သည်ဆိုကာ ၂၀၂၄ နိုဝင်ဘာ ၉ ရက်တွင် ဖမ်းဆီး ခဲ့ပြီးနောက် ၂၀၂၅ မတ် ၂၅ ရက်၌ အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

၂၀၂၄ နိုဝင်ဘာက စစ်ခေါင်းဆောင်ကို သရော်၍ အဖမ်းခံရသည့် ငါးမင်းဆွေ

ငါးမင်းဆွေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ကလည်း လူမှုကွန်ရက်စာမျက်နှာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရေးသားပုတ်ခတ်ခဲ့ခြင်းကြောင့် နိုင်ငံတော် အကြည်ညို ပျက်စေ မှုဖြင့် ဖမ်းဆီးခံခဲ့ရသေးသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် အနားယူခဲ့သည့် ဦးကျော်ဇေ ယျကိုလည်း လူမှုကွန်ရက်ပေါ်တွင် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် စစ်ခေါင်းဆောင်၏ လုပ်ဆောင်ပြောဆိုချက်များအား သရော်ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ တရားဝင်ဖြစ်ရေးနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)မှ နုတ်ထွက်ရ သည့်အကြောင်းများ ရေးသားခဲ့သဖြင့် ဧပြီလကုန်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ဦးကျော်ဇေယျအပြင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်သည့် အငြိမ်းစားတပ်အရာရှိများဖြစ်သော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဖြစ်သူ စစ်ဆေးတပ်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဒေါက်တာနေစိုးမောင်၊ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး မြင့်လှိုင်တို့လည်း ဖမ်းဆီးထောင်ချခံထားရသည်။

ငလျင်အပြီး စစ်ခေါင်းဆောင်၏ လုပ်ဆောင်ပြောဆိုချက်များအား သရော်၍ အဖမ်းခံရသည့် ဒု ဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျ

စစ်တပ်ထောက်ခံသူ သတင်းထောက်တဦးဖြစ်သည့် ကျော်စိုးဦးသည်လည်း ၂၀၂၄ ခုနှစ် မတ် ၈ ရက် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲအုပ်နေလင်းဟိန်း၏ နာရေးအိမ်သို့ ရဲအရာရှိများ ရောက်မလာခဲ့မှုအပေါ် ဝေဖန်ခဲ့ သဖြင့် ရဲတပ်ဖွဲ့က ၅၀၅(က)ဖြင့် အမှုဖွင့်လှစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သလို ၂၀၂၅ ဇန်နဝါရီလအတွင်းမှာ စစ်တပ်နှင့် စစ်ခေါင်းဆောင်အား ပြစ်တင်ဝေဖန်ခဲ့မှုကြောင့် ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ထို့အတူ မဘသအဖွဲ့ဝင် စစ်တပ်လော်ဘီတဦးဖြစ်သူ မပုတု(မဟာသွေး)သည်လည်း ၂၀၂၄ ခုနှစ်အတွင်းက စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခံခဲ့ရသလို မဘသဒုတိယမျိုးဆက်အဖြစ် ပြောဆိုလေ့ရှိသည့် ပြည်သူ့စစ်အမည်ခံ ပျူစောထီး ခေါင်းဆောင် မဘသဘုန်းကြီး ပေါက်ကိုယ်တော်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် စစ်ခေါင်းဆောင်အား ရာထူးစွန့်လွှတ်ရန် ပြောဆိုခဲ့သဖြင့် စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခံခဲ့ရသေးသည်။

You may also like these stories:

ဘောလခဲနှင့် လွိုင်ကော်တိုက်ပွဲ စစ်တပ် အကျအဆုံးများ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်စွဲ ဓာတ်ပုံဆရာ

ထောင်မှ ထွက်ပြီး စစ်မှုထမ်းသော စစ်သားဟောင်းများ ပြန်ထွက်မရ

Your Thoughts …
Tags: စစ်ခေါင်းဆောင်စစ်တပ်ထောက်ခံသူထောင်ချဖမ်းဆီးဝေဖန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

Next Post
အာဆီယံ၏ သိက္ခာမဲ့ ကြားဝင်စေ့စပ်ရေး (ရုပ်/သံ)

အာဆီယံ၏ သိက္ခာမဲ့ ကြားဝင်စေ့စပ်ရေး (ရုပ်/သံ)

ရုရှားလေယာဉ်များအား ဖျက်ဆီးခဲ့သော ယူကရိန်း၏ ပင့်ကူအိမ် စစ်ဆင်ရေး

ရုရှားလေယာဉ်များအား ဖျက်ဆီးခဲ့သော ယူကရိန်း၏ ပင့်ကူအိမ် စစ်ဆင်ရေး

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved