စစ်ခေါင်းဆောင် တပ်ချုပ်တယောက်သည် သူနှင့် သူ့ဇနီးအတွက် သီးသန့်ဓာတ်ပုံဆရာ ခန့်ထားသည့်သတင်းကိုကြားလျှင် စာဖတ်သူများ အံ့သြကြလိမ့်မည်။ မြန်မာစစ်တပ်သမိုင်းတွင် တပ်ချုပ်ဖြစ်ခဲ့သူများသည် သူတို့အတွက် သီးသန့်ဓာတ်ပုံဆရာ မခန့်ထားခဲ့ပေ။ ပြန်ကြားရေးဝန်ကြီးဌာန သို့မဟုတ် မြဝတီမီဒီယာမှ ဓာတ်ပုံဆရာများကသာ ရိုက်ပေးကြသည်။
အမေရိကန်စစ်တပ်တွင်လည်း စစ်တပ်အကြီးအကဲအတွက် သီးသန့်ဓာတ်ပုံဆရာ ခန့်ထားခြင်း မရှိပေ။ စစ်ရုံးချုပ်ရှိ ပြည်သူ့ဆက်ဆံရေးရုံး (Public Affairs Office) မှ ဓာတ်ပုံဆရာများက ရိုက်ကူးပေးကြသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအတွက် စိုင်းဘုန်းထူး ဓာတ်ပုံဆရာအဖွဲ့က ရိုက်ပေးသည်။ ခရိုနီသူဌေးများက ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် ဓာတ်ပုံရိုက်ကူးရန် စိုင်းဘုန်းထူး ဓာတ်ပုံဆရာအဖွဲ့အား စီစဉ်ပေးခြင်းသာဖြစ်သည်။
သို့သော် နိုင်ငံပိုင်သတင်းမီဒီယာများတွင် အသုံးပြုမည့် ဓာတ်ပုံ၊ ဗီဒီယိုများအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြဝတီမီဒီယာမှ ရိုက်ကူးပေးသည့် ဓာတ်ပုံများကိုသာ အသုံးပြုသည်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း အာဏာမသိမ်းခင်အထိ သူဓာတ်ပုံများအား မြဝတီမီဒီယာမှ ဓာတ်ပုံဆရာများက ရိုက်ပေးကြသည်။ မြဝတီမီဒီယာမှ ဓာတ်ပုံဆရာများရိုက်သော ဓာတ်ပုံများကို စစ်တပ်ပိုင် သတင်းမီဒီယာများတွင် ထည့်သွင်းအသုံးပြုခဲ့သည်။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် သူနှင့်သူ့ဇနီး ဒေါ်ကြူကြူလှအတွက် သီးသန့်ဓာတ်ပုံဆရာ ရှာကာ ခန့်ထားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် ဓာတ်ပုံဝါသနာပါသူဖြစ်ပြီး မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်းမှ ပို့ချသည့် ဓာတ်ပုံသင်တန်းကိုပင် တက်ရောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဖခင် မင်းအောင်လှိုင်အတွက် ဓာတ်ပုံဆရာကောင်းတယောက် ရှာရလွယ်ကူခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် ဓာတ်ပုံဝါသနာပါသူဖြစ်ပြီး မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်းမှ ပို့ချသည့် ဓာတ်ပုံသင်တန်းကိုပင် တက်ရောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း သူ့ဖခင် မင်းအောင်လှိုင်အတွက် ဓာတ်ပုံဆရာကောင်းတယောက် ရှာရလွယ်ကူခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့ဇနီးအတွက် သီးသန့်ဓာတ်ပုံရိုက်ပေးရသည့် ဓာတ်ပုံဆရာမှာ ပြည့်ဦးအောင် ဖြစ်သည်။ မြန်မာဓာတ်ပုံလောကတွင် Black Dream ဟူ၍ သိကြသည်။ ယခင်က Black Dream အမည်ဖြင့်ပင် Blogger အဖြစ်လည်း သိကြသည်။
ဓာတ်ပုံဆရာ ပြည့်ဦးအောင်သည် မြန်မာ့ဓာတ်ပုံဆရာလောကတွင် ရေအောက်ဓာတ်ပုံများ ရိုက်ကူးခြင်းဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေအောက်ဓာတ်ပုံများအား ပထမဆုံးရိုက်သည့် ဓာတ်ပုံဆရာဟုလည်း ဆိုနိုင်သည်။ ပြည့်ဦးအောင်သည် ရေအောက်ဓာတ်ပုံများ မရိုက်ခင်က ခရီးသွားဓာတ်ပုံများနှင့် သဘာဝအလှ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် မြိတ်ကျွန်းစုဘက်သွားကာ ရေအောက်ဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး နာမည်ကြီးလာသူ ဖြစ်သည်။
“Blogger တွေခေတ်မှာ သူက ရုရှားမှာ ရောက်နေတာ၊ Blog တွေ ခေတ်တုန်းကပေါ့။ ရုရှားကနေပြီးတော့မှ အပါချာ ၂၁ ဆိုပြီးတော့ ဓာတ်ပုံစရိုက်တာ။ နောက်ပိုင်းမှာတော့ Under Water ဘက်ကို ပြောင်းသွားတာ” ဟု နာမည်ကြီးဓာတ်ပုံဆရာတဦးက စစ်ခေါင်းဆောင်၏ ဓာတ်ပုံဆရာ ပြည့်ဦးအောင်နှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။
“အာဏာမသိမ်းခင်အထိတော့ လူကောင်းပါ။ တခြားလူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ အာဏာသိမ်းပြီးတော့ မင်းအောင်လှိုင်ရဲ့ အနီးကပ်လူဖြစ်သွားတာပေါ့”
“အာဏာမသိမ်းခင်အထိတော့ လူကောင်းပါ။ တခြားလူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိတယ်။ အာဏာသိမ်းပြီးတော့ မင်းအောင်လှိုင်ရဲ့ အနီးကပ်လူဖြစ်သွားတာပေါ့” ဟု ပြည့်ဦးအောင်နှင့် ပတ်သက်၍ သူနှင့်ရင်းနှီးခဲ့သူ နာမည်ကြီး ဓာတ်ပုံဆရာတဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏လက်စွဲ ဓာတ်ပုံဆရာဖြစ်လာသည့် ပြည့်ဦးအောင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၇ (DSA-47) ကျောင်းဆင်းတဦး ဖြစ်သည်။ စစ်တက္ကသိုလ်ပြီးနောက် ရုရှားနိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လာသူဖြစ်သည်။
ထို့နောက် သူသည် ပြင်ဦးလွင်ရှိ တပ်မတော်သိပ္ပံနှင့်နည်းပညာ သုတေသနဌာန (သသန) ဓာတ်ခွဲခန်းတွင် အလုပ်လုပ်ရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ ကျည်မထွက်ခြင်း၊ ကျည်ညပ်ခြင်း စသည့်ကိစ္စများကို စိစစ်ရခြင်း ဖြစ်သည်။
ဓာတ်ပုံရိုက် ဝါသနာပါသော ဗိုလ်မှူး ပြည့်ဦးအောင်သည် ခြေလျင်/ခြေမြန်တပ်ရင်း တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရခြင်း မရှိခဲ့ပေ။ ပြင်ဦးလွင်တွင်သာ ပတ်ခွေနေရသည့် အရာရှိတဦးဖြစ်သည်။
ဗိုလ်မှူး ပြည့်ဦးအောင်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သီးသန့်ဓာတ်ပုံဆရာ မဖြစ်ခင်က စစ်တပ်မှထွက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် ရုရှားတွင် ပညာသင်ကြားခဲ့သူဖြစ်သည့်အတွက် စစ်တပ်မှထွက်ရန် ပိုမိုခက်ခဲခဲ့သည်။
သို့သော် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့၏ သီးသန့်ဓာတ်ပုံဆရာ ဖြစ်လာသည့်အခါ စစ်တပ်မှ ထွက်ချင်သည့်အကြောင်း မပြောတော့ကြောင်း သူနှင့်ရင်းနှီးသူတဦးက ဆိုသည်။ တပ်ချုပ်၏ မြှောက်စားမှုကြောင့် ဗိုလ်မှူး ပြည့်ဦးအောင်သည်လည်း ကြွယ်ဝချမ်းသာခဲ့သည်။
အာဏာသိမ်းပြီးနောက် ပြည့်ဦးအောင်သည် စစ်ခေါင်းဆောင်၏ သီးသန့်ဓာတ်ပုံဆရာ ဖြစ်လာခဲ့သည့်အပြင် ဗိုလ်မှူး ပြည့်ဦးအောင်အား ရာထူးတိုးပေးပြီး ယခုအခါ နေပြည်တော် စစ်ရုံးချုပ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။
အာဏာသိမ်းပြီးနောက် ပြည့်ဦးအောင်သည် စစ်ခေါင်းဆောင်၏ သီးသန့်ဓာတ်ပုံဆရာ ဖြစ်လာခဲ့သည့်အပြင် ဗိုလ်မှူး ပြည့်ဦးအောင်အား ရာထူးတိုးပေးပြီး ယခုအခါ နေပြည်တော် စစ်ရုံးချုပ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခဲ့သည်။
ဗိုလ်မှူး ပြည့်ဦးအောင် ရွေးပေးသည့် စစ်ခေါင်းဆောင်နှင့်သူ၏ဇနီး ဓာတ်ပုံကိုသာ မြဝတီ၊ မြန်မာ့အသံ၊ မြန့်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ထည့်ရသည်။ စစ်ခေါင်းဆောင်၏ ဟန်ဆောင်လိမ်လည်ထားသော ရုပ်ပုံများ ပြည်သူလူထု မြင်တွေ့ခွင့်ရရန် ဗိုလ်မှူး ပြည့်ဦးအောင်က ကူညီပေးနေရခြင်း ဖြစ်သည်။
ဟန်ဆောင်ကောင်းသည့်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ‘ဓာတ်ပုံနိုင်ငံရေးသမား’ ဟု နေပြည်တော် အသိုင်းအဝိုင်းတွင် ပြောဆိုကြသည်။ ဓာတ်ပုံပေါ်တွင် မြင်ရသည့် သူ၏ ပုံသဏ္ဍန်၊ သူ၏စိတ်နေစိတ်ထားနှင့် လုပ်ဆောင်မှုမှာ တခြားစီဖြစ်နေခြင်းကြောင့် သူအား ဓာတ်ပုံနိုင်ငံရေးသမားဟု နေပြည်တော် နိုင်ငံရေးအသိုင်းအဝိုင်းက ခေါ်ဆိုကြခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် နာမည်ကြီး ဓာတ်ပုံဆရာတယောက်ခန့်၍ သူ၏ မူလရုပ်ပုံလွှာကို ဖုံးကွယ်ရန် ကြိုးစားသော်လည်း အောင်မြင်မှု မရပေ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက်စက်ယုတ်မာမူများကြောင့် ပြည်သူလူထုက ပိုမိုမုန်းတီးလာခဲ့သည်။ ပြည်သူလူထုသာမက သူ့လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော စစ်သားများကပင် တနေ့တခြား စစ်ခေါင်းဆောင်အား မုန်းတီးသူ ပိုများလာနေသည်။
You may also like these stories:
ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား
မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်
ငလျင်သေဆုံးမှု မြင့်မားသော်လည်း သင်္ကြန်ပွဲကျင်းပရန် စစ်ကောင်စီ ကြိုးစားနေ
သူမပါရင် မပြီး ပွဲမစည်ဘူးရယ်လို့
Facebookမှာ တပ်မတော် သရော်ပုံတင်မိတဲ့ ဓာတ်ပုံဆရာတဦး အဖမ်းခံရ














