စစ်တပ် ပြန်ပြီး အာဏာသိမ်းမှာကို လိုလားတဲ့ စီးပွားရေးသမား ခရိုနီကြီးတွေလည်း ရှိခဲ့ပါတယ်။ အရပ်သား အစိုးရရဲ့ စီးပွားရေးရာ ပေါ်လစီတွေကို ခရိုနီကြီးတွေ မကြိုက်ခဲ့ပါဘူး။
သူတို့ဟာ စီးပွားရေး လုပ်ငန်းကြီးတွေကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်တော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်မှာ တည်ဆောက်ခဲ့သူတွေဖြစ်ပြီး ချမ်းသာ ကြွယ်ဝ လာသူတွေ ဖြစ်ပါတယ်။
စစ်တပ်ရှိမှ ခရိုနီ သူဌေးကြီးတွေ ဆက်လက် ရပ်တည်နိုင်မှာ၊ ချမ်းသာ ကြွယ်ဝကြမှာ ဖြစ်သလို ခရိုနီကြီးတွေ ရှိမှ စစ်တပ်လည်း ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။အကျိုးတူ စီးပွားဖက်တွေ ဖြစ်ပါတယ်။
စီးပွားရေးပညာရှင် ပရော်ဖက်ဆာ ရှောင်တာနယ်လ် (Sean Turnel) က The Diplomat နဲ့ အင်တာဗျူး တခုမှာ -“ခရိုနီ လုပ်ငန်းစုအမာခံ အုပ်စု တခုက မြန်မာက စီးပွားရေး၊ နိုင်ငံရေး၊ ပြုပြင် ပြောင်းလဲမှုတွေကို ဆန့်ကျင်ရာမှာ အခိုင်အမာ ရှိကြပြီး စစ်တပ်နဲ့ နီးကပ်စွာ မဟာမိတ် ဖွဲ့တယ်။ အဲဒီ အုပ်စုတွေဟာ စစ်အာဏာ သိမ်းမှုတွေမှာ ကြံရာပါတွေ ဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်” လို့ ပြောခဲ့ပါတယ်။
#မြန်မာ #ဧရာဝတီ #ခရိုနီ #နဝတ #နအဖ
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













