ကျားဖြန့်အပါအဝင် ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ KK Park မြို့သစ်စီမံကိန်းကို ဝင်ရောက် စီးနင်းခဲ့ကြောင်း အာဏာသိမ်း စစ်တပ်က အောက်တိုဘာ၁၉ ရက်နေ့မှာ ဓာတ်ပုံ မှတ်တမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။
KK Park မှာဟာလက်ရှိအထိ လုပ်ငန်းတွေပုံမှန် လည်ပတ်နေပြီး တဦးတယောက်မှ ဖမ်းဆီးခံရတာ မရှိခဲ့သလို KK Park စီမံကိန်းကို စစ်တပ်စီးနင်းတယ်ဆိုတဲ့ ဖြစ်ရပ်ဟာ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး အဖမ်းပြခဲ့တာလို့ KK Park ဧရိယာအတွင်းမှာ လုပ်ကိုင်နေသူတွေနဲ့ ဒီအခြေအနေကို သိရှိသူတွေက ဧရာဝတီကို ပြောပါတယ်။
အဆောက်အအုံပေါင်း ရာနဲ့ချီရှိတဲ့ စီမံကိန်းကြီးကို တပ်ဖွဲ့ဝင် ဆယ်ဂဏန်းနဲ့ ဝင်ရောက် ရှင်းလင်းတာ၊ ကျားဖြန့်လုပ်ငန်းတွေကို မဖမ်းဘဲ ကွန်ပြူတာမော်နီတာတွေကိုပဲ မီးရှို့ပြတာ၊ KK Park စီမံကိန်းထဲ BGF နဲ့အတူ ပုံမှန်ဝင်ထွက်နေတဲ့ စစ်တပ်က အခုမှ အဖမ်းပြတာစသဖြင့် မေးခွန်းထုတ် ဝေဖန်နေကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












