မြန်မာ့ပြည်တွင်းရေး ပဋိပက္ခ အဆုံးသတ်ရေး အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတရပ် ဖြစ်လာဖို့အတွက် မလေးရှား ဦးဆောင်တဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ အနေနဲ့ ဖိဖိစီးစီး တိုက်တွန်း လုပ်ဆောင်လာတာ တွေ့ရတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အရပ်ဘက် အဖွဲ့တွေက ဧရာဝတီကို ပြောပြကြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ ချင်းမိုင်မှာ စစ်ကောင်စီ၊ ပြည်တွင်းက နိုင်ငံရေး အင်အားစုတွေ၊အတိုက်အခံ အင်အားစုတွေနဲ့ ကြားခံအင်အားစုလို့ နားလည်လို့ ရတဲ့ နိုင်ငံရေးသုတေသီတွေရဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေလည်း ဒီဇွန်လထဲမှာ ခပ်စိပ်စိပ်ရှိနေတယ်လို့ ဒီဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့ကြသူတွေက ဆိုပါတယ်။
ဒါပေမယ့် အားလုံးပါဝင်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရွေးကောက်ပွဲ ကျင်းပဖို့ တိုက်တွန်းနေတဲ့ အာဆီယံရဲ့ သဘောထားကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်က ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကတော့ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့လည်း ထောက်ပြမှုတွေရှိနေကြပါတယ်။
ဒါပေမယ့်လည်း အာဆီယံရဲ့ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခကို ကိုင်တွယ်ဖို့ လုပ်ဆောင်နေတဲ့ ချဉ်းကပ်မှုတွေဟာ မြန်မာစစ်ကောင်စီကိုသာ ဦးတည်စဉ်းစားနေတာကြောင့် ရ အာဆီယံရဲ့ ကြိုးပမ်းနေမှုဟာ ရေရှည်တည်တံ့ပြီး မြန်မာပြည်သူတွေ ဆန္ဒရှိနေကြတဲ့ နိုင်ငံရေး ထွက်ပေါက် မဟုတ်နိုင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #အာဆီယံ #စစ်ကောင်စီ #ဆွေးနွေးပွဲ #နိုင်ငံရေး #ပြည်တွင်းရေး #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













