သမိုင်းအရကြည့်ပါက သမ္မတ ဒေါ်နယ် ထရမ့်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို စိတ်ဝင်စားမှု မပြသလောက်ပင်ဖြစ်သည်။ သို့သော် သူ့အစိုးရ၏ ထိပ်တန်းအရာရှိများသည် ဒေသတွင်းမှ တရုတ်သြဇာကို တိုက်ဖျက်ရန် ကြိုးစားနေချိန်တွင် သမ္မတ ထရမ့်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပသည့် အာဆီယံ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲသို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင်တက်ရောက်သည်။
သို့သော် သမ္မတ ထရမ့်၏ စစ်မှန်သော ရည်မှန်းချက်သည် သူ စိတ်မဝင်စားသည့် နိုင်ငံစုံ သံတမန်ရေး အတတ်ပညာနှင့်မဆိုင်ဘဲ နောက်ထပ် ငြိမ်းချမ်းရေးသဘောတူစာချုပ်အတွက် ဂုဏ်ယူရန် တက်ရောက်ခြင်းဖြစ်သည်။ လက်တွေ့တွင် “ကွာလာလမ်ပူ သဘောတူစာချုပ်” ဟု ခေါ်သည့်ကိစ္စသည် သမ္မတ ထရမ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခြင်း၏ တခုတည်းသော အကြောင်းရင်းဖြစ်ကြောင်း Politico က ယခုလ အစောပိုင်းတွင် ဖော်ပြသည်။
သမ္မတထရမ့်သည် မေလက ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားအကြား ပဋိပက္ခကို ကမ္ဘာတဝန်းမှ သူအဆုံးသတ်ခဲ့သော စစ်ပွဲများစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်သည်။ ထိုပဋိပက္ခသည် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခနှင့် အမေရိကန် ပြည်ထောင်စုက ဇူလိုင်လတွင် ကုန်သွယ်ရေးဆက်ဆံမှုကို အသုံးချပြီး အပစ်အခတ်ရပ်စဲရေးကို ကြားဝင်သည်။
သမ္မတထရမ့်သည် မေလက ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားအကြား ပဋိပက္ခကို ကမ္ဘာတဝန်းမှ သူအဆုံးသတ်ခဲ့သော စစ်ပွဲများစာရင်းတွင် ထည့်သွင်းထားပြီးဖြစ်သည်။ ထိုပဋိပက္ခသည် အိမ်နီးချင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခနှင့် အမေရိကန် ပြည်ထောင်စုက ဇူလိုင်လတွင် ကုန်သွယ်ရေးဆက်ဆံမှုကို အသုံးချပြီး အပစ်အခတ်ရပ်စဲရေးကို ကြားဝင်သည်။
ထိုစာရင်းတွင် အစ္စရေးနှင့် ဟားမတ်စ်အကြား၊ အစ္စရေးနှင့် အီရန်အကြား၊ ပါကစ္စတန်နှင့် အိန္ဒိယအကြား၊ ရဝမ်ဒါနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအကြား၊ အာမေးနီးယားနှင့် အဇာဘိုင်ဂျန်အကြား၊ သူ၏ ပထမ ရာထူးသက်တမ်းတွင်းက အီဂျစ်နှင့် အီသီယိုပီးယားအကြားနှင့် ဆာဗီးယားနှင့် ကိုဆိုဗိုအကြား ပဋိပက္ခများ ပါဝင်သည်။
ထိုပဋိပက္ခများအနက် အချို့သာ ငြိမ်းချမ်းရေး သဘောတူစာချုပ်များ ပေါ်ပေါက်စေသော်လည်း သမ္မတ ထရမ့်က ထိုစာရင်းကိုးကားပြောဆိုသည်။ စစ်မှန်သည့် အောင်မြင်မှုများသာမက သူ့ကို “ငြိမ်းချမ်းရေးသမ္မတ” ဆိုသည့် ဂုဏ်ပြုမှုကို အမွှန်းတင်ရန် ချဲ့ကားပြောဆိုမှုများလည်း ပါဝင်သည်။
သမ္မတ ထရမ့်သည် နိုဘယ်ဆုအတွက် ကြိုးစားခဲ့သော်လည်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ရရှိခဲ့သည်။
သို့သော် ကမ္ဘောဒီးယားနှင့် ထိုင်းအကြား ပဋိပက္ခ အပါအဝင် ထိုပဋိပက္ခများအနက် အချို့သည် ဆက်လက် ဖြစ်ပွားနေပြီး တင်းမာမှုများကို မဖြေရှင်းနိုင်ဘဲ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားနေသည်။ သူသည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အကြီးအကျယ်မဲဆွယ်ပြီး ကမ္ဘောဒီးယား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် အများအပြားသည် “မြှောက်ပင့်သော သံတမန်ရေး” သေနင်္ဂဗျူဟာ အစိတ်အပိုင်းအဖြစ် လာမည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် သမ္မတ ထရမ့်ကို အဆိုပြုပြီး သူ့အလို လိုက်ကြသည်။
သို့တိုင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ငြိမ်းချမ်းရေးသည် စစ်မှန်သော အောင်မြင်မှု သို့မဟုတ် ချဲ့ကားပြောဆိုမှု ဖြစ်သည်ဆိုသည့်ကိစ္စသည် မရေရာသေးကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ထို့ပြင် သမ္မတ ထရမ့်က ဓာတ်ပုံအရိုက်ခံသည့် အခမ်းအနားအပြီး ထိုသဘောတူစာချုပ်အပေါ် ၎င်း၏ ကတိကဝတ်နှင့် ပတ်သက်သည့် မွေးခွန်းများ ဆက်လက်ရှိနေသည်။
“ဒီကိစ္စက ရေရှည်နိုင်ငံရေးဖိအား လိုတယ်” ဟု ဂျပန်နိုင်ငံ၊ အိုဆာကာမှ ကန်ဆိုင်း ဂိုင်းဒိုင်းတက္ကသိုလ်မှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး တွဲဖက်ပါမောက္ခ မာ့ခ် အက်စ် ကိုဂန်က Time မဂ္ဂဇင်းသို့ ပြောသည်။
“အမေရိကန် ပြည်ထောင်စုက အာရုံမစိုက်တော့ဘဲ နေမှာလား။ ဒီသဘောတူညီချက်ကို ထရမ့်က ကြီးကြပ်ပြီးနောက်ပိုင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ ဆက်ဖြစ်နေတာတွေကို ဆက်လက် စိတ်ဝင်စားမှာလား။ တခြားတခုခုကြောင့် အာရုံပြောင်းသွားမှာလား”
“အမေရိကန် ပြည်ထောင်စုက အာရုံမစိုက်တော့ဘဲ နေမှာလား။ ဒီသဘောတူညီချက်ကို ထရမ့်က ကြီးကြပ်ပြီးနောက်ပိုင်း ထိုင်းနဲ့ ကမ္ဘောဒီးယားမှာ ဆက်ဖြစ်နေတာတွေကို ဆက်လက် စိတ်ဝင်စားမှာလား။ တခြားတခုခုကြောင့် အာရုံပြောင်းသွားမှာလား” ဟု သူက မေးခွန်း ထုတ်သည်။
“ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားအကြား မဖြေရှင်းနိုင်သေးဘဲ အရေးမပါတဲ့ အငြင်းပွားမှုကို အမေရိကန် ပြည်ထောင်စုက အလေးအနက် ဂရုစိုက်မယ်လို့ ထင်သလား။ ဒီပဋိပက္ခက တခြား ပဋိပက္ခတွေ အတိုင်းအတာအထိ ရောက်နေလား။ လုံးဝ မရောက်ဘူး။ ဒီပြဿနာက နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ပြင်းထန်သလား။ မှန်တယ်။ အမေရိကန် ပြည်ထောင်စုကို အမှန်တကယ် ထိခိုက်စေတဲ့ အတိုင်းအတာ ရှိသလား။ သိပ်မရှိဘူး” ဟု တွဲဖက်ပါမောက္ခ ကိုဂန်က ပြောသည်။
“အဲဒီကိစ္စကနေ ထရမ့် ဘာရမှာလဲ” ဟုလည်း သူက မေးခွန်းထုတ်သည်။
ထိုသဘောတူညီချက် အောင်မြင်မှုသည် နှစ်ဖက်လုံးက စာချုပ်လိုက်နာရန် ကြီးကြပ်ပေးသည့် တတိယအုပ်စုအပေါ် မူတည်သည်ဟု တွဲဖက်ပါမောက္ခ ကိုဂန်က ပြောသည်။ ထို့ပြင် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှု အပြန်အလှန် စွပ်စွဲသည့် နှစ်ဖက်အတွက် စစ်ဆေးမှုရှိမည်မှာ သေချာသည်။

လိုက်နာမှုကို အကောင်အထည်ဖော်ခြင်းသည် သဘောတရားအရ အမေရိကန်တွင် စွမ်းရည်နှင့် ယုံကြည်ခံရသည့် ကိစ္စဖြစ်သည်ဟု တွဲဖက်ပါမောက္ခ ကိုဂန်က ပြောသည်။ ထိုသို့ သံသယဖြစ်သည်မှာ သူတယောက်တည်း မဟုတ်ပေ။
ဒေသတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် သမ္မတ ထရမ့် ပါဝင်ပတ်သက်မှုသည် အပေးအယူလုပ်သည့်ကိစ္စ ဖြစ်ပုံရကြောင်း ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာန ပါမောက္ခ ထိုင်းပညာရှင် ပါဗင် ချာချာဗယ်ပေါင်ပွန်က Time သို့ ပြောသည်။
“လိုက်နာစေဖို့ လိုအပ်တဲ့ ရေရှည်ပြင်ပဖိအားက လက်မှတ်ထိုး အခမ်းအနားကျင်းပပြီးတာနဲ့ ပျောက်ကွယ် သွားနိုင်တယ်” ဟု ၎င်းကပြောသည်။
ထိုသဘောတူစာချုပ်သည် မရေမရာဖြစ်နေဆဲဖြစ်သည်။ ယခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင်က သဘောတူညီချက်၏ အသေးစိတ်များကို ဆက်လက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောသည်။
သမ္မတ ထရမ့်ကို အောင်ပွဲပေးရန် စိတ်အားထက်သန်သည့် ကမ္ဘောဒီးယားမှ အာဏာရပါတီ ပြောခွင့်ရသူတဦးက အောက်တိုဘာလ ၁၅ ရက်နေ့တွင် “မိမိတို့ဘက်က သဘောတူညီချက်ကို အချိန်မရွေး အသင့်ရှိသည်” ဟု ပြောသည်။
သို့သော် ယခင်အစိုးရဖြုတ်ချခံရပြီး မကြာသေးမီက အာဏာရလာသည့် ထိုင်းအစိုးရသည် ထိုလုပ်ငန်းစဉ်တွင် အတင်းအကျပ် အလုပ်ခံရမည်ကို ပိုမိုစိုးရိမ်ပြီး တည်ငြိမ်မှုကို ကြိုဆိုသော်လည်း သမ္မတ ထရမ့်က ကမ္ဘောဒီးယားဘက်ကို မျက်နှာသာပေးမည်ကို စိုးရိမ်နေသည်ဟု ပါမောက္ခ ပါဗင်က ပြောသည်။
“ကျနော်တို့ အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် တခြားဘယ်နိုင်ငံကမှ အသုံးချတာကို ခံမှာမဟုတ်ဘူး။ ကျနော်တို့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင်ဆုံး ကာကွယ်ဖို့တာဝန် ကျနော်တို့မှာရှိတယ်” ဟု ဝန်ကြီးချုပ်သစ်ဖြစ်သော မစ္စတာ အနုတင် ချန်ဝီရာကူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြောသည်။
“ကျနော်တို့ အစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေ ဒါမှမဟုတ် တခြားဘယ်နိုင်ငံကမှ အသုံးချတာကို ခံမှာမဟုတ်ဘူး။ ကျနော်တို့ အမျိုးသားအကျိုးစီးပွားကို အတတ်နိုင်ဆုံး ကာကွယ်ဖို့တာဝန် ကျနော်တို့မှာရှိတယ်” ဟု ဝန်ကြီးချုပ်သစ်ဖြစ်သော မစ္စတာ အနုတင် ချန်ဝီရာကူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြောသည်။
ထိုသဘောတူညီချက် နောက်ဆုံးအဆင့်ရောက်အောင် လိုအပ်သည့်သြဇာကို သမ္မတ ထရမ့်က ပေးကောင်းပေးနိုင်သည်ဟု ပါမောက္ခ ပါဗင်က ပြောသည်။ သို့သော် ထိုသဘောတူညီချက်သည် ရေတို တည်ငြိမ်ရေး အစီအမံကိုသာ အောင်မြင်နိုင်ပြီး ထာဝရ ငြိမ်းချမ်းရေးဖြစ်ရန် ပင်ကိုယ်ကပင် ထိခိုက်လွယ်ကြောင်း ပါမောက္ခ ပါဗင်က ပြောသည်။
သဘောတူညီချက်တခု ရယူလိုသော ကမ္ဘောဒီးယားနိုင်ငံသည်ပင် ၎င်းတို့ မည်သည့်အချက်များကို သဘောတူမည်နှင့် ပတ်သက်သည့် အကန့်အသတ်များရှိသည်။ ထိုသဘောတူစာချုပ်သည် ပဋိပက္ခအဆုံးသတ်ရန်နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သင့်တော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည့် စည်းကမ်းများနှင့် ကျင့်ဝတ်များ ချမှတ်သည့် စာချုပ်သာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်မနက်က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေးသားသည်။
သို့သော် ဝန်ကြီးချုပ် မစ္စတာ ဟွန်မနက်က ဇူလိုင်လ ကနဦး အပစ်အခတ်ရပ်စဲရေးနှင့် လာမည့်သဘောတူညီချက်သည် တဖက်ဖက်က အချုပ်အခြာအာဏာအောက်မှ နယ်မြေထိန်းချုပ်မှု တရားဝင်အခွင့်အရေးကို စွန့်လွှတ်ရန် မည်သည့်ဘက်ကမျှ သဘောတူသည်ဟု မဆိုလိုကြောင်း ပြောသည်။
“ဒီသဘောတူစာချုပ်ဟာ ပိုင်နက်နဲ့ သမိုင်းဆိုင်ရာမြေပုံတွေနဲ့ ပတ်သက်တဲ့ အဓိကနယ်စပ် အငြင်းပွားမှုကို မဖြေရှင်းနိုင်ဘဲ ပဋိပက္ခကို ရွှေ့ဆိုင်းထားလို့ သက်တမ်းရှည်ဖို့ဆိုတာ သံသယဖြစ်စရာကောင်းတယ်” ဟု ပါမောက္ခ ပါဗင်က ပြောသည်။
(Time ပါ Chad de Guzman ၏ What to Know About the Next Peace Deal Trump Wants to Broker ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲပြီးဆုံးရန် အလှမ်းဝေးနေဆဲ
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲအပေါ် မြန်မာစစ်သည်တဦး၏ အမြင်
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ရဲ့ လောကီအစီအရင် တိုက်ပွဲ (ရုပ်/သံ)
ဒေါ်နယ်ထရမ့် ကြားဝင်ပေမယ့် ထိုင်းနဲ့ ကမ္ဘောဒီးယား ပစ်ခတ်မှု ဆက်ဖြစ်နေ (ရုပ်/သံ)
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်














