နယ်မြေအငြင်းပွားမှုကနေ စတင်ခဲ့တဲ့ ထိုင်း – ကမ္ဘောဒီးယားနယ်စပ် ပဋိပက္ခဟာ လတ်တလောမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားကြပေမယ့် နှစ်နိုင်ငံ လူထုအကြားမှာ လူမျိုးရေး တင်းမာမှု၊ မကျေနပ်ချက်တွေ ဆက်လက်ရှိနေကြပါတယ်။ သူတို့တွေရဲ့ မကျေနပ်မှုတွေကို သေနတ်၊ ဟောင်ဝစ်ဇာ အမြှောက်တွေ၊ လေယာဉ်တွေ မပါဝင်တဲ့ အခုလို ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ကျိန်စာ၊ ယတြာနဲ့ ဂါထာ၊ မန္တာန်တွေ၊ အင်းတွေဖြစ်တဲ့ လောကီအစီအရင်တွေနဲ့ အပြန်အလှန် တိုက်နေကြတာပါ။
နှစ်နိုင်ငံလုံးက နာမည်ကျော်ကြားတဲ့ ပရောဂ ဆရာတွေ၊ နတ်ဆရာတွေနဲ့ ဘုန်းကြီးတွေဖြစ်ကြပြီး သူတို့ကို ထောက်ခံ အားပေးတဲ့ ပြည်သူတွေ ပါဝင်နေကြတာပါ။ ထိုင်းနိုင်ငံဘက်က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို ဓာတ်ရိုက်၊ ဓာတ်ဆင်နဲ့ ကျိန်စာတိုက်၊ အစီအရင်တွေ ပြုလုပ်နေကြသလို တဖက်က ကမ္ဘောဒီးယားတွေလည်း ထိုင်းတော်ဝင် တပ်မတော်က စစ်ဗိုလ်ချုပ်ကြီးတွေကို ကျိန်စာတိုက်ပြီး ဂါထာမန္တာန်တွေ၊ အင်းတွေနဲ့ အစီအရင်တွေ ပြုလုပ်နေကြတာပါ။
ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြတဲ့ နှစ်နိုင်ငံလုံးဟာ လောကီအစီအရင်တွေကို မိရိုးဖလာ အဆင့်ဆင့် လက်ဆင့်ကမ်း အသုံးပြုလာကြပြီး ဒီအစီအရင်တွေရဲ့ အစွမ်းတွေ ထိရောက်မှုတွေကိုလည်း သက်ဝင် ယုံကြည်မှု ရှိကြပါတယ်။
#မြန်မာ #ဧရာဝတီ #ထိုင်း #ကမ္ဘောဒီးယား #ဓာတ်ရိုက်ဓာတ်ဆင် #လောကီအစီအရင် #ကျိန်စာ #ဂါထာမန္တာန်
#WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













