• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထရမ့်နဲ့ ရူးပတ်မားဒေါ့ ပြိုင် ဘယ်သူနိုင်မလဲ

by Andrew Dodd နှင့် Matthew Ricketson
7 August 2025
in ဆောင်းပါး
A A
ထရမ့်နဲ့ ရူးပတ်မားဒေါ့ ပြိုင် ဘယ်သူနိုင်မလဲ

သမ္မတ ဒေါ်နယ် ထရမ့်နှင့် မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ / The Conversation

2.7k
VIEWS
Share on FacebookShare on Twitter

မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့သည် အလွန်အနိုင်ကျင့်သော အမေရိကန်သမ္မတကို ရင်ဆိုင်သည့် ကယ်တင်ရှင်ဖြစ်လာပါက ကမ္ဘာသည် ဇောက်ထိုးမိုးမျှော်ဖြစ်သွားမည်။

မည်သို့ဆိုစေ ထိုမီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ပိုင် Fox ရုပ်သံသတင်းဌာနသည် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ရလဒ်တွင် ဒေါ်နယ်ထရမ့်ကို တက်ကြွစွာ ထောက်ခံပြီး ထိုသို့ ထောက်ခံခြင်းကြောင့် အမေရိကန်ဒေါ်လာ ၇၈၇ သန်း ပေးရသည်။

Fox သတင်းဌာန အစီအစဉ်တင်ဆက်သူဟောင်းဖြစ်ပြီး ယခု အငြင်းပွားဖွယ် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ် အပါအဝင် ထရမ့်၏ အတွင်းစည်းမှ လူအများအပြားကို ထောက်ပံ့ခဲ့သော သတင်းဌာနလည်း ဖြစ်သည်။

သို့သော် မစ္စတာ မားဒေါ့၏ စီးပွားရေးသတင်းစာ Wall Street Journal က လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းထံ ၂၀၀၃ ခုနှစ်က ပေးပို့သည်ဆိုသည့် ထရမ့်လက်ရေးဖြင့် ရေးသားထားသော မွေးနေ့ကတ်အကြောင်း ဆောင်းပါးကို ဖော်ပြပြီးနောက် ထိုအခြေအနေသည် ပြောင်းသွားပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ထရမ့်က တားမြစ်အမိန့် လျှောက်ထားသည်။

သို့သော် မစ္စတာ မားဒေါ့၏ စီးပွားရေးသတင်းစာ Wall Street Journal က လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်းထံ ၂၀၀၃ ခုနှစ်က ပေးပို့သည်ဆိုသည့် ထရမ့်လက်ရေးဖြင့် ရေးသားထားသော မွေးနေ့ကတ်အကြောင်း ဆောင်းပါးကို ဖော်ပြပြီးနောက် ထိုအခြေအနေသည် ပြောင်းသွားပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ထရမ့်က တားမြစ်အမိန့် လျှောက်ထားသည်။ ထိုသတင်းစာက အောက်ပါအတိုင်းဖော်ပြသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
83
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.1k

“စက်ဝန်းပုံ နှစ်ခုသည် အမျိုးသမီးရင်သားကို ဖော်ပြပြီး ခါးနေရာအောက်တွင် အနာဂတ်သမ္မတက “ဒေါ်နယ်” ဟု တွန့်လိမ်နေသော လက်ရေးဖြင့် လက်မှတ်ရေးထိုးကာ အမွေးအမှင်များသဖွယ် လှောင်ပြောင်ထားသည်။”

ထိုကတ်ကိုတွေ့ခဲ့ကြောင်း Wall Street Journal က ပြောသော်လည်း သေချာ ဖော်ပြခြင်း မရှိပေ။ ထိုစာတွင် အောက်ပါအတိုင်း နိဂုံးချုပ်ထားသည်ဟု ဆိုသည်။

“ပျော်ရွှင်ဖွယ်မွေးနေ့ပါ- နေ့စဉ်နေ့တိုင်း နောက်ထပ် အံ့သြစရာ လျှို့ဝှက်ချက်ဖြစ်ပါစေဟု ရေးသားထားသည်။”

ထိုကတ်သည် အက်ပ်စတိန်းနှင့် အတူနေထိုင်သူ ဂီစလိန်း မက်စ်ဝဲလ်က ပြုလုပ်ပေးသည့် မွေးနေ့အယ်လ်ဘမ်အတွက် ထရမ့်က ပေးပို့ကြောင်း ထင်ရှားသည်။ ဂီစလိန်း မက်စ်ဝဲလ်သည် လိင်ကုန်ကူးမှုအတွက် အပြစ်ရှိသောကြောင့် ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ချခံထားရသည်။

သမ္မတ ထရမ့် ဒေါသထွက်သွားသည်။ ထိုစာသည် အတုဖြစ်ကြောင်း မားဒေါ့ကို သတိပေးထားသည်ဟု သူ၏ Truth လူမှုကွန်ရက် ပရိသတ်ကို ပြောသည်။ “မစ္စတာ မားဒေါ့ အဲဒီကိစ္စကို ထိန်းသိမ်းထားမယ်လို့ ပြောပေမဲ့ အဲဒီလို လုပ်ပိုင်ခွင့် မရှိဘူး” ဟု ထရမ့်က ရေးသားပြီး မားဒေါ့က သူ၏ News Corporation ၏ ခေါင်းဆောင်မှုကို အကြီးဆုံးသား လက်ချ်လန်သို့ ၂၀၂၃ ခုနှစ်က လွှဲပြောင်းပေးခဲ့သည်ကို ကိုးကားဖော်ပြသည်။

သမ္မတ ထရမ့်သည် အကျပ်ကိုင်ခံနေရသည်။ တဖက်တွင် Wall Street သည် ထရမ့်၏ အစွန်းရောက်သော အခွန်များကို အလေးအနက် သံသယရှိသည့် စာတတ်ပေတတ် ချမ်းသာသော အမေရိကန်များအတွက် လေးစားစရာ သတင်းစာဖြစ်သည်။ ထိုအခွန်များသည် သမိုင်းတွင် အမိုက်မဲဆုံး အကောက်ခွန်များဖြစ်သည်ဟု ထိုသတင်းစာ၏ အယ်ဒီတာ့အာဘော်က ဖော်ပြသည်။

အခြားတဖက်တွင် အက်ပ်စတိန်း ၂၀၁၉ ခုနှစ်က သူ့ကိုယ်သူ သတ်သေခြင်းနှင့် ပတ်သက်ပြီး နောက်ကွယ်မှ ကြိုးကိုင်သည့် ဒီမိုကရက်တစ်အထက်လွှာများနှင့် ကလင်တန်မိသားစု ပါဝင်သည့် အကြီးအကျယ် ပူးပေါင်းကြံစည်မှုရှိသည်ဟု နှစ်ပေါင်းများစွာ ပြောကြားခံခဲ့ရသော ထိုကိစ္စကို ဖော်ထုတ်လိုသည့် အမေရိက ပြန်လည်ကြီးမြတ်ရေးအဖွဲ့ (MAGA) ရှိသည်။

ကြေးစားနပန်းနှင့် ၎င်း၏ခမ်းနားမှုကို နှစ်သက်သော ထရမ့်က မားဒေါ့ကို တရားစွဲဆိုသည့် သူ၏ အမှုကို ၁၉၈၀ ပြည့်နှစ်များက ဟတ်ဟော်ဂန်နှင့် အင်ဒရေတို့၏ နပန်းပွဲသဖွယ် သရုပ်ဖော်မည်ဖြစ်သည်။

နပန်းစကားဖြင့်ပြောရပါက ထိုကိစ္စသည် လူဆိုးကြီး နှစ်ဦးအကြား ရှားရှားပါးပါး တိုက်ပွဲဖြစ်သည်။

နပန်းစကားဖြင့်ပြောရပါက ထိုကိစ္စသည် လူဆိုးကြီး နှစ်ဦးအကြား ရှားရှားပါးပါး တိုက်ပွဲဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက ဘဲဥပုံရုံးခန်းတွင် တွေ့ရသော သမ္မတ ဒေါ်နယ် ထရမ့်နှင့် မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ / Getty Images

သြဇာကြီးမားသည့် အကျိုးစီးပွားဆက်နွယ်မှု

မားဒေါ့နှင့် ထရမ့်၏ ဆက်ဆံရေးသည် ကာလကြာမြင့်ပြီဖြစ်သော်လည်း နားလည်ရခက်သည်။ ထိုဆက်ဆံရေးကို နားလည်ရန် သော့ချက်မှာ သူတို့နှစ်ဦးလုံးသည် အလွန် အပေးအယူဆန်လွန်းသူများ ဖြစ်သည်။

မားဒေါ့ပိုင် New York Post သတင်းစာတွင် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များက ရေးသားမှုများသည် ထရမ့်၏ ဂုဏ်သတင်းကို တည်ဆောက်ရာ၌ အရေးပါသည်။

မားဒေါ့သည် ထရမ့်ကို သိပ်သဘောကျလှသည် မဟုတ်ပေ။ ထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မားဒေါ့ တက်ရောက်ခဲ့သည်မှာ မှန်ကန်သော်လည်း အသစ်စက်စက် မျက်နှာသာပေးခံရသည့် အဆင့်မြင့်နည်းပညာ မီဒီယာလုပ်ငန်းရှင်များ၏ နောက်တန်းမှသာ တက်ရောက်ရသည်။ နောက် ရက်အနည်းငယ်အကြာတွင် သူ့ကို ဘဲဥပုံရုံးခန်းတွင် သက်သောင့်သက်သာပုံစံဖြင့် တွေ့ရသည်။

သို့သော် ထိုကိစ္စသည် အာဏာပြသည့် နိုင်ငံရေးသက်သက်သာဖြစ်ပြီး မိတ်ဆွေတဦး၏ အပြုအမူ မဟုတ်ပေ။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ထရမ့်စဉ်းစားနေသည်ကို ကြားသိရသောအခါ မားဒေါ့၏ လှောင်ပြောင်မှုနှင့် ထရမ့်၏ ဒုတိယ ရာထူးသက်တမ်း မတိုင်မီ သမ္မတလောင်း ရွေးကောက်ပွဲတွင် ရွန်ဒီဆန်းတစ်ကို ထောက်ခံအားပေးကြောင်း သတိရပါ။ မားဒေါ့၏ နိုင်ငံရေး သူရဲကောင်းမှာ ရော်နယ်ရေဂင်သာ အမြဲတမ်းဖြစ်ခဲ့သည်။ ထရမ့်သည် ရော်နယ်ရီဂင်၏ ရီပတ်ဘလစ်ကန်ပါတီကို လုံးဝ အလဲထိုးခဲ့ပြီးဖြစ်သည်။

မားဒေါ့သည် ဆင်ခြင်တုံတရားရှိသော အမေရိကန်မှ လူများ သိသကဲ့သို့ သိသည်။ ထရမ့်သည် အန္တရာယ်မရှိလျှင်ပင် လုံးဝ နားလည်ရခက်သည်။ ထိုကိစ္စကြောင့်ပင် မားဒေါ့သည် ထရမ့်အာဏာရရေးနှင့် Fox News က ထရမ့်ကို ဆက်လက် အားပေးစေသည်။

မားဒေါ့သည် ဆင်ခြင်တုံတရားရှိသော အမေရိကန်မှ လူများ သိသကဲ့သို့ သိသည်။ ထရမ့်သည် အန္တရာယ်မရှိလျှင်ပင် လုံးဝ နားလည်ရခက်သည်။ ထိုကိစ္စကြောင့်ပင် မားဒေါ့သည် ထရမ့်အာဏာရရေးနှင့် Fox News က ထရမ့်ကို ဆက်လက် အားပေးစေသည်။

ထရမ့်၏ ဘဝလမ်းကြောင်းတလျှောက် အာဏာကြောင့် သူ့မဟာမိတ်များနှင့် ခွါပြဲတတ်သည်။ ယခုအခါ ထရမ့် ခံရမည့် အလှည့်ရောက်လာသည်။ မားဒေါ့၏ လက်ထောက်ဟောင်းတဦးက The Financial Times သို့ ဇူလိုင်လကုန်က အောက်ပါအတိုင်း ပြောသည်။

“သူ သွေးတိုးစမ်းနေတယ်။ သမ္မတ ထရမ့် ထောက်ခံမှု ဆုံးရှုံးနေပြီလား။ အဲဒီထောက်ခံမှု ဗဟိုချက်မှာ ကျနော် ဘယ်နေရာမှာ နေဖို့လိုနေလဲ။”

အောက်တွင် မားဒေါ့၏ အဓိကအားသာချက်နှင့် သူ၏ မကြာမီဖြစ်လာတော့မည့် ခြိမ်းခြောက်မှုကို ဖော်ပြလိုက်သည်။

အသွား နှစ်ဖက်ပါသောဓား

ထိုအားသာချက်သည် မားဒေါ့၏ မီဒီယာအင်ပါယာနှင့် သက်ဆိုင်သည်။ ထိုမီဒီယာအင်ပါယာသည် သီးခြားဈေးကွက်နှင့် ရည်မှန်းချက် အမျိုးမျိုးရှိသည့် မတူညီသော သတင်းဌာနများက အဖွဲ့ချုပ်ကဲ့သို့ လုပ်ကိုင်သည်။

Fox News သည် MAGA အခြေခံအင်အားစုကို နှစ်သိမ့်သော်လည်း New York Post သည် နယူးယောက် စာဖတ်ပရိသတ်များကို အားပေးသည်။ Wall Street Journal က စီးပွားရေးလုပ်ငန်းများနှင့် ပြောဆိုဆက်ဆံကာ စီးပွားရေးလုပ်ငန်းများက ပြောသည်ကို နားထောင်သည်။

Fox News သည် MAGA အခြေခံအင်အားစုကို နှစ်သိမ့်သော်လည်း New York Post သည် နယူးယောက် စာဖတ်ပရိသတ်များကို အားပေးသည်။ Wall Street Journal က စီးပွားရေးလုပ်ငန်းများနှင့် ပြောဆိုဆက်ဆံကာ စီးပွားရေးလုပ်ငန်းများက ပြောသည်ကို နားထောင်သည်။

ပရိသတ်တမျိုးစီတွင် မတူညီသော လိုလားချက်များရှိပြီး ထိုသတင်းဌာနများသည် သတင်းတပုဒ်တည်းကိုပင် အလွန်ကွဲပြားခြားနားသည့် နည်းလမ်းများဖြင့် တင်ပြခြင်း သို့မဟုတ် လုံးဝကွဲပြားခြားနားသော သတင်းကို ဖော်ပြကြသည်။

အဖွဲ့ချုပ်တခုကဲ့သို့ပင် News Corp သည် ၎င်း၏ ဈေးကွက်များ အားလုံးကို သက်ရောက်စေမည့် အပြောင်းအလဲပုံစံများကို တွန်းအားပေးရန် သတင်းလုပ်ငန်း အမျိုးမျိုးကို အသုံးချသည်။

ထိုကိစ္စသည် အောက်ပါအတိုင်း အလုပ်ဖြစ်နိုင်သည်။

Wall Street Journal သတင်းတပုဒ်တွင် MAGA က ထရမ့်အပေါ် စုံမှိတ်သစ္စာခံမှုကို စတင် မေးခွန်းထုတ်ရန် လုပ်ဆောင်လိုကြောင်း အံအားသင့်စေမည့် သတင်းကို ရေးသားသည်။ ထိုသတင်းကို ကျန်မီဒီယာများကလည်း စိတ်အားထက်သန်စွာ ဝိုင်းရေးကြသည်။ ထိုသို့ ကြီးထွားလာသည့် အများပြည်သူထင်မြင်ချက်က နောက်ဆုံးတွင် Fox News နှင့် New York Post က ၎င်းတို့ ပရိသတ်များအား ထရမ့်ကို မေးခွန်းထုတ်ရန်နှင့် ဝေဖန်ရန် လုပ်ဆောင်စေသည်။

ခြိမ်းခြောက်မှုမှာ အများပြည်သူ ထင်မြင်ချက် မတည်ဆောက်နိုင်မီ မားဒေါ့သည် ဩဇာလွှမ်းမိုးနေဆဲဖြစ်သည့် ထရမ့်ထံမှ ဝေဖန်မှုများအတွက် အလွန် အားပျော့နေခြင်းဖြစ်သည်။ ထရမ့်သည် လူမှုကွန်ရက်ပို့စ်တခုဖြင့်ပင် ပူးပေါင်းကြံစည်မှုကို အယုံလွယ်သည့် ပရိသတ်များအား Fox News နှင့် လမ်းခွဲစေနိုင်သည်။ ထရမ့်သည် ထိုသို့ အပြင်းအထန်လုပ်နေပြီး မားဒေါ့ကို အပ်စတိန်းအမှုတွင် ဘက်ပြောင်းအောင် လုပ်နေသည်။

ထရမ့်ကို ဝေဖန်မှုနောက်ကွယ်တွင် မားဒေါ့ရှိသည်ဟု Fox ပရိသတ်က ဆုံးဖြတ်လျှင် Fox ကို သပိတ်မှောက်ရန် ဆုံးဖြတ်နိုင်သည်။

ပရိသတ်၏ ဆန့်ကျင်မှုကို မားဒေါ့ စိုးရိမ်မှုသည် ၂၀၂၀ ပြည့်နှစ်က ထရမ့် ရှုံးနိမ့်မှုပြီးနောက် အကြီးအကျယ် လိမ်ညာမှုကို Fox က ဖြန့်ချိရာတွင် အဓိကကျသည့် အချက်တခုဖြစ်သည်။ ၎င်းတို့၏ ပရိသတ်များ Newsmax သို့မဟုတ် အခြား လက်ယာ မီဒီယာသတင်းဌာနတခုခုသို့ ပြောင်းသွားနိုင်သည်ဆိုသည့် စိုးရိမ်မှုသည် ယနေ့တွင် အမှန်တကယ် ဖြစ်လာနိုင်သည်။

ပရိသတ်၏ ဆန့်ကျင်မှုကို မားဒေါ့ စိုးရိမ်မှုသည် ၂၀၂၀ ပြည့်နှစ်က ထရမ့် ရှုံးနိမ့်မှုပြီးနောက် အကြီးအကျယ် လိမ်ညာမှုကို Fox က ဖြန့်ချိရာတွင် အဓိကကျသည့် အချက်တခုဖြစ်သည်။ ၎င်းတို့၏ ပရိသတ်များ Newsmax သို့မဟုတ် အခြား လက်ယာ မီဒီယာသတင်းဌာနတခုခုသို့ ပြောင်းသွားနိုင်သည်ဆိုသည့် စိုးရိမ်မှုသည် ယနေ့တွင် အမှန်တကယ် ဖြစ်လာနိုင်သည်။

Fox News သတင်းပရိသတ် / The Conversation

အတုအပလုပ်မှုများဖြင့် ပြည့်နေသည့်နောက်ကြောင်း

ထရမ့်ပြောသည်မှာ အမှန်ဖြစ်နိုင်သည်ကိုလည်း မိမိတို့ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ထိုစာသည် အတုဖြစ်လျှင် မည်သို့ဖြစ်မည်နည်း။

စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ကြောင်း ပေါ်ပေါက်လာမှုနှင့် ပတ်သက်လျှင် မားဒေါ့တွင် အစဉ်အလာရှိသည်။ ၁၉၈၃ ခုနှစ်က ဟစ်တလာ၏ နေ့စဉ်မှတ်တမ်းများကို မည်သူမေ့နိုင်မည်နည်း။ ထိုနေ့စဉ်မှတ်တမ်းများသည် အတုများဖြစ်ကြောင်း မဖော်ပြမီကတည်းက မားဒေါ့ သိထားသည်ဟု ယခုအခါ မိမိတို့ သိရသည်။

ဩစတြေးလျ လွှတ်တော်အမတ် ပေါ်လင်း ဟန်ဆန် အတွင်းခံဝတ်ဆင်ပြီး အရိုက်ခံသည်ဆိုသည့် ဓာတ်ပုံများအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ ထိုဓာတ်ပုံများကို မားဒေါ့၏ သြစတြေလျ သတင်းစာက ၂၀၀၉ ခုနှစ်တွင် ဖော်ပြပြီးနောက် အတုများဖြစ်ကြောင်း မကြာခင် သိကြရသည်။

The Sun က ၁၉၈၇ ခုနှစ်တွင် အဆိုတော်၊ သီချင်းရေးဆရာ၊ စန္ဒယားပညာရှင် အီလ်တန် ဂျွန်ကို စက်ဆုပ်စရာကောင်းသည့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလည်း ရှိသည်။

မားဒေါ့၏ News Corp သည် ရှုပ်ထွေးအောင် လုပ်ပြီး အတုလုပ်သည့် သမိုင်းရှိသော်လည်း Wall Street Journal သည် ကွန်ဆာဗေးတစ်အမြင်ဖြင့် ရိုးရိုးဖြောင့်ဖြောင့် သတင်းတင်ဆက်သည့် ဂုဏ်သတင်းရှိသည်။ မားဒေါ့က ထိုဂျာနယ်ကို ၂၀၀၇ ခုနှစ်တွင် ဝယ်ယူပြီးနောက် ထိုဂျာနယ်တွင် အယ်ဒီတာ့အာဘော် စံနှုန်းများ အချေအတင်ဖြစ်နေသည်။

မားဒေါ့၏ News Corp သည် ရှုပ်ထွေးအောင် လုပ်ပြီး အတုလုပ်သည့် သမိုင်းရှိသော်လည်း Wall Street Journal သည် ကွန်ဆာဗေးတစ်အမြင်ဖြင့် ရိုးရိုးဖြောင့်ဖြောင့် သတင်းတင်ဆက်သည့် ဂုဏ်သတင်းရှိသည်။ မားဒေါ့က ထိုဂျာနယ်ကို ၂၀၀၇ ခုနှစ်တွင် ဝယ်ယူပြီးနောက် ထိုဂျာနယ်တွင် အယ်ဒီတာ့အာဘော် စံနှုန်းများ အချေအတင်ဖြစ်နေသည်။

မီဒီယာ ရှုံးနိမ့်မှု

မားဒေါ့ထံမှ ထရမ့် မရနိုင်သည့်အရာမှာ အမေရိကမှ ABC နှင့် CBS ကွန်ရက်များထံမှ ရခဲ့သည့် လိုက်လျောမှုမျိုး ဖြစ်သည်။ ထိုသတင်းဌာန နှစ်ခု၏ သတင်းဖော်ပြမှုနောက်ပိုင်းတွင် အသရေဖျက်မှု ပြန်လည် ကျေအေးပေးရန်အတွက် ဒေါ်လာ သန်း ဆယ်ဂဏန်းချီ ထရမ့်ကို ပေးရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ABC ပိုင်ရှင် ဒစ္စနေသည် ထိုအမှုကို ဖြေရှင်းရန်အတွက် ထရမ့်၏ သမ္မတ စာကြည့်တိုက်သို့ အမေရိကန်ဒေါ်လာ ၁၅ သန်း ပေးရန် သဘောတူရသည်။ ထရမ့်သည် အီ ဂျင်းကာရိုးကို အဓမ္မကျင့်သည့် အပြစ်ရှိသည်ဟု အစီအစဉ်တင်ဆက်သူတဦးက ပြောပြီးနောက် သမ္မတက တရားစွဲခြင်း ဖြစ်သည်။

တရားမအမှုတခုတွင် ကာရိုးကို ထရမ့်က လိင်အခွင့်အရေးချိုးဖောက်ပြီး အသရေဖျက်မှုများအတွက် အပြစ်ရှိသည်ဟု ဂျူရီတဦးက အမှန်တကယ် တွေ့ရှိပြီး ကာရိုးကို အမေရိကန်ဒေါ်လာ ၅ သန်းပေးရန် အမိန့်ချခဲ့သည်။

CBS ၏ မိခင်ကုမ္ပဏီ ပါရာမောင့်သည်လည်း သမ္မတ၏ တရားစွဲမှုခံရပြီးနောက် အမှုဖြေရှင်းရန်အတွက် ထရမ့်၏ စာကြည့်တိုက်သို့ ဒေါ်လာ ၁၆ သန်းပေးရန် သဘောတူရသည်။

ဥပဒေ အသေးစိတ်ကို သတိထားရန် လို

ထရမ့်၏ အမြင်မှကြည့်ပါက ထိုထင်ရှားသည့် မီဒီယာကုမ္ပဏီကြီး နှစ်ခုကို ချိုးနှိမ်လိုက်ခြင်းဖြစ်သည်။ သို့သော် ဝေဖန်သော မီဒီယာများကို သူ၏ တိုက်ခိုက်မှုသည် ထိုမျှဖြင့် ရပ်တန့်ခြင်းမရှိပေ။

နိုင်ငံမှ အများပြည်သူဝန်ဆောင်မှုမီဒီယာ နှစ်ခုဖြစ်သည့် Public Broadcasting Service (PBS) နှင့် National Public Radio (NPR) တို့အတွက် ဖက်ဒရယ်ရန်ပုံငွေ ဖျက်သိမ်းသည့် ဥပဒေတခုက ဇူလိုင်လ မကုန်ခင်က အတည်ပြုသည်။

CBS က စတီဖင် ကိုးလ်ဘတ်၏ ဟာသလုပ် ဝေဖန်သည့် ရုပ်သံအစီအစဉ်ကို ဖျက်သိမ်းကြောင်း ဇူလိုင်လ မကုန်ခင်တွင် ကြေညာသည်။ ထိုသို့ ဖျက်သိမ်းခြင်းသည် ကုန်ကျစရိတ် လျှော့ချရန်ဖြစ်ကြောင်းနှင့် သမ္မတအိမ်ဖြူတော်မှ ဖိအားကြောင့် မဟုတ်ဟု CBS က ပြောသည်။

အထက်တွင် ဆိုခဲ့သည့် မွေးနေ့ကတ်သည် အစစ်အမှန်ဖြစ်သည်ဟု ယူဆလျှင် မားဒေါ့သည် အလွယ်တကူ အလျှော့ပေးမည် မဟုတ်ပေ။ ထိုအခါ အာရုံစိုက်ရန် အရေးပါလာမည်ဖြစ်သည်။ တချိန်ချိန်တွင် ထရမ့်၏ ရှေ့နေများက သက်သေဖော်ထုတ်ခြင်းနှင့် ဖော်ထုတ်ခြင်း၏ အန္တရာယ်များကို သတိပေးမည်ဖြစ်သည်။ ထိုဥပဒေလုပ်ငန်းစဉ်သည် အငြင်းပွားမှုနှင့် ပတ်သက်သူများကို ၎င်းတို့တွင်ရှိသော အရာများနှင့် သိထားသည်များ ဖော်ထုတ်ရန် အတင်းအကျပ်လုပ်မည်ဖြစ်သည်။

အထက်တွင် ဆိုခဲ့သည့် မွေးနေ့ကတ်သည် အစစ်အမှန်ဖြစ်သည်ဟု ယူဆလျှင် မားဒေါ့သည် အလွယ်တကူ အလျှော့ပေးမည် မဟုတ်ပေ။ ထိုအခါ အာရုံစိုက်ရန် အရေးပါလာမည်ဖြစ်သည်။ တချိန်ချိန်တွင် ထရမ့်၏ ရှေ့နေများက သက်သေဖော်ထုတ်ခြင်းနှင့် ဖော်ထုတ်ခြင်း၏ အန္တရာယ်များကို သတိပေးမည်ဖြစ်သည်။ ထိုဥပဒေလုပ်ငန်းစဉ်သည် အငြင်းပွားမှုနှင့် ပတ်သက်သူများကို ၎င်းတို့တွင်ရှိသော အရာများနှင့် သိထားသည်များ ဖော်ထုတ်ရန် အတင်းအကျပ်လုပ်မည်ဖြစ်သည်။

အက်ပ်စတိန်း အမှုတွဲများက ထရမ့်ကို ရာဇဝတ်မှုမြောက်ကြောင်းတွေ့ရှိပါက သူ့ကို ဆန့်ကျင်သည့် မီဒီယာလှုပ်ရှားမှုသည် ပို၍သာ ပြင်းထန်လာမည်ဖြစ်သည်။

ယခုလောလောဆယ် မကျေမနပ်ဖြစ်နေသည့် အခြားလုပ်ငန်းရှင် အီလွန်မတ်စ်နှင့် ထရမ့်၏ တိုက်ပွဲတွင် မားဒေါ့က ဝင်ပါမည့် အန္တရာယ်ရှိသည်။ ထိုသူများသည် ထရမ့် သမ္မတဖြစ်စေရန် ကူညီခဲ့သူများဖြစ်သည်။ ထရမ့်အတွက် ဦးနှောက်ခြောက်စရာပင်။

ကမ္ဘာ့ အနိုင်ကျင့် အကျပ်ကိုင်သူများအဖြစ် ၎င်းတို့ သုံးဦးသည် တဦးနှင့်တဦး ထိပ်တိုက်တွေ့ရန် ထိုက်တန်သည်။ သို့သော် မိမိတို့ ပြည်သူများသည် ၎င်းတို့အနက် မည်သူထက်မဆို ပိုမိုကောင်းမွန်သည်ကို ထိုက်တန်သည်မှာ သေချာသည်။

(The Conversation ပါ Andrew Dodd နှင့် Matthew Ricketson တို့၏ Could Rupert Murdoch bring down Donald Trump? ကို ဘာသာပြန်သည်။ အင်ဒရူး ဒေါ့သည် မဲလ်ဘုန်းတက္ကသိုလ်၊ အထူးပြု သတင်းစာပညာဌာန ဒါရိုက်တာနှင့် သတင်းစာပညာ ပါမောက္ခဖြစ်ပြီး မက်သရူး ရစ်ကက်ဆန်က ဒီကင်တက္ကသိုလ် လူထုဆက်ဆံရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခဖြစ်သည်။)

You may also like these stories:

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

ဒီမိုကရက် အုပ်ချုပ်သောမြို့များတွင် ပြည်နှင်ဒဏ်ပေးခြင်း တိုးချဲ့ရန် ထရမ့် ညွှန်ကြား

ထရမ့်နဲ့ အီလွန်မတ် ဇာတ်ခေါင်းကွဲပြီ (ရုပ်/သံ)

ထရမ့်နှင့် ဟားဗတ် ရန်ပွဲက အမေရိကန် ဂုဏ်သတင်းကို ထိခိုက်စေသည်

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

Your Thoughts …
Tags: MAGAဒေါ်နယ် ထရမ့်မီဒီယာရူးပတ် မားဒေါ့ရွေးကောက်ပွဲအမေရိကန်
Andrew Dodd နှင့် Matthew Ricketson

Andrew Dodd နှင့် Matthew Ricketson

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

Next Post
အာဏာသိမ်းစစ်တပ်၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

အာဏာသိမ်းစစ်တပ်၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

ငသိုင်းချောင်း အမြောက်တပ်အနီး တိုက်ပွဲပြန်ဖြစ်

ငသိုင်းချောင်း အမြောက်တပ်အနီး တိုက်ပွဲပြန်ဖြစ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved